Accessibility links

Breaking News

အင္ဒုိနီးရွားမွာ ဘာသာေရးလြတ္လပ္ခြင့္ရွိေရး ကန္ ေဆာင္ရြက္ေပးေန


႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ရဲ႕ အင္ဒိုနီးရွားခရီးစဥ္
႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ရဲ႕ အင္ဒိုနီးရွားခရီးစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ျပည္ေထာင္စုဟာ လူသားအားလံုးရဲ႕ ေမြးရာပါအေျခခံလူ႔အခြင့္အေရးအတြက္ သႏၷိ႒ာန္ခ်မွတ္ၿပီး ထူေထာင္ထားတဲ့ ပထမဆံုးႏိုင္ငံျဖစ္ပါတယ္။ ေမြးရာပါအေျခခံအက်ဆံုး အခြင့္အေရးေတြထဲမွာဘာသာေရးလြတ္လပ္ခြင့္အပါအဝင္၊ လြတ္လပ္စြာေတြးေခၚပိုင္ခြင့္ေတြလည္း ပါဝင္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အင္ဒိုနီးရွားႏိုင္ငံမွာ ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ေျပာဆိုလိုက္ပါတယ္။ အေမရိကန္က ဘုရားသခင္ ေကာင္းခ်ီးေပးထားတဲ့ အခြင့္အေရးကို ေလးစားလိုက္နာတယ္ဆိုတာဟာ က်ေနာ္တို႔ရဲ႕ အမ်ိဳးသားစိတ္ဓါတ္ကို အဓိပၸါယ္ ဖြင့္ေပးလိုက္တာပါဘဲလို႔ ဝန္ႀကီး Pompeo ကအခုလိုေျပာပါတယ္။

“ဒါ့ေၾကာင့္မို႔လည္း အင္ဒိုနီးရွားႏိုင္ငံ ကိုလိုနီလက္ေအာက္ခံက လြတ္ေျမာက္ေရးအတြက္ ေထာက္ခံပံ့ပိုးေပးခဲ့တဲ့ အေနာက္ႏိုင္ငံေတြထဲမွာ အေမရိကန္ဟာ ေရွ႔ကေန မားမားမတ္မတ္ အရပ္တည္ႏိုင္ဆံုးျဖစ္ခဲ့တာပါ။လြန္ခဲ့တဲ့ အႏွစ္ ၂၀ အတြင္း အင္ဒိုနီးရွားႏိုင္ငံ အသြင္ကူးေျပာင္းေရးမွာ အားအထားရဆံုးအျဖစ္ ရပ္တည္ေနပါတယ္။ က်ေနာ္တို႔ျပည္သူေတြ အထူး တန္ဖိုးထားတဲ့၊ လြတ္လပ္မႈကို ပိုက္ေထြးၿပီး၊ အျပန္အလွန္နားလည္သီးခံၾကတယ္ဆိုတဲ့ အခ်က္ေၾကာင့္ပါဘဲလို႔ ေျပာသြားတာပါ။”

အင္ဒိုနီးရွားႏိုင္ငံရဲ႕ တက္ၾကြတဲ့ ဒီမိုကေရစီေရးမွာ ဘာသာအားလံုး သဟဇာတ အတူယွဥ္တြဲေနထိုင္ၾကတာကို ျမင္ခ်င္ၾကတဲ့ လူထုဆႏၵက အျမစ္တြယ္ၿပီးသားျဖစ္ပါတယ္။ က်ား၊ မ မေရြး ဘယ္သူမဆို ယံုၾကည္ရာကို လြတ္လပ္စြာကိုးကြယ္ခြင့္ရွိေၾကာင္း ရွင္းလင္းစြာ ေဖၚျပထားတဲ့ ႏိုင္ငံရဲ႕ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ထင္ဟပ္တာျဖစ္ပါတယ္။ အစၥလာမ္ဘာသာအေနနဲ႕ ခရစ္ယာန္ သို႔မဟုတ္ ဗုဒၶဘာသာနဲ႔ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ဖို႔ မျဖစ္ႏိုင္စရာ အေၾကာင္းမရွိပါဘူးလို႔ ဝန္ႀကီး Pompeo ကဆိုပါတယ္။ အင္ဒိုနီးရွားႏိုင္ငံရဲ႕ အစဥ္အလာအရ၊ အျပန္အလွန္သီးခံျခင္းနဲ႔ အမ်ားစုစည္းေနထိုင္ျခင္းဆိုတဲ့ စိတ္ဓါတ္ကို ေမြးျမဴ ေျမေထာင္ေျမွာက္ေပးဖို႔ ဒီအခ်ိန္မွာ ပိုလိုအပ္လာၿပီလို႔ ဝန္ႀကီး Pompeo ကဆိုပါတယ္။

“ဘာသာတရားကိုေစာ္ကားတယ္လို႔ စြပ္စြဲမႈေတြေၾကာင့္ အသက္ဆုံးရႈံးရတဲ့အျဖစ္ေတြဟာ ပံုမွန္သေဘာ ပိုျဖစ္လာတာေတြ႔ရပါတယ္။ တရားဝင္မဟုတ္တဲ့ ဘာသာကိုးကြယ္သူေတြကို ဒုတိယတန္းစားႏိုင္ငံသားအျဖစ္ ခြဲျခားဆက္ဆံၿပီး ႏွိပ္ကြပ္တာေတြနဲ႔ နစ္နာေအာင္ လုပ္ေနတာေတြရွိပါတယ္” လို႔ေျပာသြားတာပါ။

ဘာသာအသီးသီးကို ကိုးကြယ္ၾကသူအားလံုးအတြက္ သူတို႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရသလားဆိုတာနဲ႔ ပတ္သက္လို႔ သူတို႔ကိုယ္စား ဘာသာေရးေခါင္းေဆာင္ေတြက ပိုၿပီးေျပာဆိုေပးၾကပါလို႔ ဝန္ႀကီး Pompeo က တိုက္တြန္းပါတယ္။

ျမန္မာႏိုင္ငံမွာလည္း တခ်ိဳ႔ေဒသေတြမွာ စစ္တပ္က ရိုဟင္ဂ်ာနဲ႔ တျခားလူနည္းစုေတြကို အၾကမ္းဖက္နွိပ္ကြပ္ခဲ့ပါတယ္။အင္ဒိုနီးရွားႏိုင္ငံက အာဆီယံအသင္းႀကီးအေနနဲ႕ လူလူခ်င္းစာနာမႈ စံျပျဖစ္ေအာင္ တြန္းအားေပးေနေပမဲ့၊ တရားမွ်တေရး ေဆာင္က်ဥ္းေပးဖို႔ ေႏွာင့္ေႏွးေနဆဲပါဘဲလို႔ ဝန္ႀကီး Pompeo ကေျပာပါတယ္။

ဘာသာေရးလြတ္လပ္ခြင့္ရဲ႕ အနာဂတ္ကို ထဲထဲဝင္ဝင္ ၿခိမ္းေျခာက္ေနတာကေတာ့ တရုတ္ကြန္ျမဴနစ္ပါတီျဖစ္ၿပီး၊ မူဆလင္၊ ဗုဒၶဘာသာ၊ ခရစ္ယာန္နဲ႔ Falun Gong ကိုးကြယ္သူေတြစတဲ့ ျပည္သူေတြကို ရန္ျပဳေနတယ္လို႔ ဝန္ႀကီး Pompeo က သတိေပးလိုက္ပါတယ္။

ဘုရားသခင္ ေကာင္းခ်ီးေပးထားတဲ့ ခြဲျခားလို႔မရတဲ့၊ ေမြးရာပါအခြင့္အေရးဟာ လူတိုင္းအတြက္ျဖစ္ၿပီး၊ လြတ္လပ္တဲ့ႏိုင္ငံေတြက လြတ္လပ္တဲ့ျပည္သူေတြအေနနဲ႕ ဒီအခြင့္အေရးေတြကို မျဖစ္မေန ခုခံကာကြယ္ၾကရမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာဆိုလိုက္ေၾကာင္းပါ။

..............

အင်ဒိုနီးရှားမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိရေး ကန် ဆောင်ရွက်ပေးနေ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုဟာ လူသားအားလုံးရဲ့ မွေးရာပါအခြေခံလူ့အခွင့်အရေးအတွက် သန္နိဋ္ဌာန်ချမှတ်ပြီး ထူထောင်ထားတဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ မွေးရာပါအခြေခံအကျဆုံး အခွင့်အရေးတွေထဲမှာဘာသာရေးလွတ်လပ်ခွင့်အပါအဝင်၊ လွတ်လပ်စွာတွေးခေါ်ပိုင်ခွင့်တွေလည်း ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အင်ဒိုနီးရှားနိုင်ငံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်က ဘုရားသခင် ကောင်းချီးပေးထားတဲ့ အခွင့်အရေးကို လေးစားလိုက်နာတယ်ဆိုတာဟာ ကျနော်တို့ရဲ့ အမျိုးသားစိတ်ဓါတ်ကို အဓိပ္ပါယ် ဖွင့်ပေးလိုက်တာပါဘဲလို့ ဝန်ကြီး Pompeo ကအခုလိုပြောပါတယ်။

“ဒါ့ကြောင့်မို့လည်း အင်ဒိုနီးရှားနိုင်ငံ ကိုလိုနီလက်အောက်ခံက လွတ်မြောက်ရေးအတွက် ထောက်ခံပံ့ပိုးပေးခဲ့တဲ့ အနောက်နိုင်ငံတွေထဲမှာ အမေရိကန်ဟာ ရှေ့ကနေ မားမားမတ်မတ် အရပ်တည်နိုင်ဆုံးဖြစ်ခဲ့တာပါ။လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အင်ဒိုနီးရှားနိုင်ငံ အသွင်ကူးပြောင်းရေးမှာ အားအထားရဆုံးအဖြစ် ရပ်တည်နေပါတယ်။ ကျနော်တို့ပြည်သူတွေ အထူး တန်ဖိုးထားတဲ့၊ လွတ်လပ်မှုကို ပိုက်ထွေးပြီး၊ အပြန်အလှန်နားလည်သီးခံကြတယ်ဆိုတဲ့ အချက်ကြောင့်ပါဘဲလို့ ပြောသွားတာပါ။”

အင်ဒိုနီးရှားနိုင်ငံရဲ့ တက်ကြွတဲ့ ဒီမိုကရေစီရေးမှာ ဘာသာအားလုံး သဟဇာတ အတူယှဉ်တွဲနေထိုင်ကြတာကို မြင်ချင်ကြတဲ့ လူထုဆန္ဒက အမြစ်တွယ်ပြီးသားဖြစ်ပါတယ်။ ကျား၊ မ မရွေး ဘယ်သူမဆို ယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်း ရှင်းလင်းစွာ ဖေါ်ပြထားတဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထင်ဟပ်တာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာအနေနဲ့ ခရစ်ယာန် သို့မဟုတ် ဗုဒ္ဓဘာသာနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူးလို့ ဝန်ကြီး Pompeo ကဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ အစဉ်အလာအရ၊ အပြန်အလှန်သီးခံခြင်းနဲ့ အများစုစည်းနေထိုင်ခြင်းဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူ မြေထောင်မြှောက်ပေးဖို့ ဒီအချိန်မှာ ပိုလိုအပ်လာပြီလို့ ဝန်ကြီး Pompeo ကဆိုပါတယ်။

“ဘာသာတရားကိုစော်ကားတယ်လို့ စွပ်စွဲမှုတွေကြောင့် အသက်ဆုံးရှုံးရတဲ့အဖြစ်တွေဟာ ပုံမှန်သဘော ပိုဖြစ်လာတာတွေ့ရပါတယ်။ တရားဝင်မဟုတ်တဲ့ ဘာသာကိုးကွယ်သူတွေကို ဒုတိယတန်းစားနိုင်ငံသားအဖြစ် ခွဲခြားဆက်ဆံပြီး နှိပ်ကွပ်တာတွေနဲ့ နစ်နာအောင် လုပ်နေတာတွေရှိပါတယ်” လို့ပြောသွားတာပါ။

ဘာသာအသီးသီးကို ကိုးကွယ်ကြသူအားလုံးအတွက် သူတို့အခွင့်အရေး ချိုးဖောက်ခံနေရသလားဆိုတာနဲ့ ပတ်သက်လို့ သူတို့ကိုယ်စား ဘာသာရေးခေါင်းဆောင်တွေက ပိုပြီးပြောဆိုပေးကြပါလို့ ဝန်ကြီး Pompeo က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာလည်း တချို့ဒေသတွေမှာ စစ်တပ်က ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေကို အကြမ်းဖက်နှိပ်ကွပ်ခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံက အာဆီယံအသင်းကြီးအနေနဲ့ လူလူချင်းစာနာမှု စံပြဖြစ်အောင် တွန်းအားပေးနေပေမဲ့၊ တရားမျှတရေး ဆောင်ကျဉ်းပေးဖို့ နှောင့်နှေးနေဆဲပါဘဲလို့ ဝန်ကြီး Pompeo ကပြောပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်ရဲ့ အနာဂတ်ကို ထဲထဲဝင်ဝင် ခြိမ်းခြောက်နေတာကတော့ တရုတ်ကွန်မြူနစ်ပါတီဖြစ်ပြီး၊ မူဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ Falun Gong ကိုးကွယ်သူတွေစတဲ့ ပြည်သူတွေကို ရန်ပြုနေတယ်လို့ ဝန်ကြီး Pompeo က သတိပေးလိုက်ပါတယ်။

ဘုရားသခင် ကောင်းချီးပေးထားတဲ့ ခွဲခြားလို့မရတဲ့၊ မွေးရာပါအခွင့်အရေးဟာ လူတိုင်းအတွက်ဖြစ်ပြီး၊ လွတ်လပ်တဲ့နိုင်ငံတွေက လွတ်လပ်တဲ့ပြည်သူတွေအနေနဲ့ ဒီအခွင့်အရေးတွေကို မဖြစ်မနေ ခုခံကာကွယ်ကြရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG