(Zawgyi/Unicode)
အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။
မ်ိဳးဆက္တိုင္းလိုလိုဟာ ျပည္ပက ၿခိမ္းေျခာက္ေနတဲ့ အႏၱရာယ္နဲ႔ ရင္ဆိုင္ေနၾကရပါတယ္။သမၼတ Ronald Reagan လက္ထက္က အေမရိကန္ျပည္ေထာင္စုနဲ႔၊ သူ႔ရဲ႕ မဟာမိတ္ေတြပါ ဆိုဗီယက္ျပည္ေထာင္စုက ျပန္႔ပြားလာတဲ့ ကြန္ျမဴနစ္အႏၱရာယ္နဲ႔ ရင္ဆိုင္ခဲ့ၾကရပါတယ္။ ဒီေန႔ သမၼတ Donald Trump လက္ထက္ အေမရိကန္ျပည္ေထာင္စုဟာ တရုတ္ျပည္သူ႔သမၼတႏိုင္ငံနဲ႔ အီရန္ႏိုင္ငံက အၾကမ္းဖက္အစိုးရတို႔ရဲ႕ စိန္ေခၚေနတဲ့ ျပႆနာေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ ေနရတာျဖစ္ပါတယ္။
ကမၻာ့နံပတ္တစ္ ၿခိမ္းေျခာက္မႈျဖစ္မႈတဲ့၊ လြတ္ေျမာက္မႈကို ထိပါးေအာင္လုပ္ေနတဲ့တရုတ္ကြန္ျမဴ နစ္ပါတီ အေပၚထားရွိတဲ့ အေမရိကန္ရဲ႕ မူဝါဒဟာ ခြန္အားေတြနဲ႔ အမွန္တရားဆိုတဲ့ မ႑ိဳင္ေတြကို အေျခခံထားတာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေျပာဆိုလိုက္ပါတယ္။ Ronald Reagan Institute မွာ ႏိုဝင္ဘာလ ၁၀ ရက္ေန႔က ဝန္ႀကီး Pompeo ေျပာၾကားတဲ့ မိန္႔ခြန္းမွာ အခုလိုေျပာဆိုခဲ့တာပါ။
“အေမရိကန္နဲ႔ တရုတ္ျပည္သူ႔သမၼတႏိုင္ငံ ဆက္ဆံေရးဟာ ကြန္ျမဴ နစ္ပါတီရဲ႕ အမိန္႔နဲ႔ ပံုစံသြင္းထားတဲ့အတိုင္း ဆက္ဆံမွာမဟုတ္ဘူးဆိုတာကို က်ေနာ္တို႔ ျပတ္ျပတ္သားသားနဲ႔ အစဥ္တစိုက္ ေျပာထားၿပီးသားျဖစ္ပါတယ္။ ကမၻာ့စင္ျမင့္မွာ၊ ဘယ္ႏိုင္ငံကမဆို၊ အားက်အတုယူရမယ့္ အခန္းက႑ကေန ပါဝင္ႏိုင္ဖို႔၊ ရိုးရွင္းစြာ၊ အင္အားအျပည့္ရွိတဲ့ စံႏႈန္းနဲ႔ ဆက္ဆံၾကဖို႔ ျဖစ္ပါတယ္။အဓိပၸါယ္ကေတာ့ တရုတ္ဘက္က တာဝန္ခံမႈ၊ ပြင့္လင္းျမင္သာမႈနဲ႔ အျပန္အလွန္ဆက္ဆံၾကဖို႔ ျဖစ္တယ္ဆိုတာကို တရုတ္ေခါင္းေဆာင္ပိုင္းကို က်ေနာ္တို႔ေျပာထားၿပီးသားပါလို႔ ေျပာဆိုလိုက္တာပါ။ ”
ေတာင္တရုတ္ပင္လယ္မွာ တရားမဝင္ေတာင္းဆိုတာေတြ ထပ္မလုပ္ဖို႔၊ အေမရိကန္စီးပြားေရးလုပ္ငန္းေတြကို ၿခိမ္းေျခာက္အက်ပ္ကိုင္တာေတြ မလုပ္ဖို႔၊ ေကာင္စစ္ဝန္ရံုးေတြကို အသံုးခ်ၿပီး၊ လွ်ိဳ႕ဝွက္ေထာက္လွမ္းတာ၊ ဉာဏပစၥည္းခိုးယူတာေတြနဲ႔ အေျခခံအခြင့္အေရးခ်ိဳးေဖါက္တာေတြ ထပ္မလို႔ဖို႔ ဝန္ႀကီး Pompeo က သတိေပးရင္း၊ ကြန္ျမဴ နစ္ပါတီက ရွင္ဂ်န္း၊ တိဗက္နဲ႔ တျခားေဒသေတြမွာ ရက္စက္စြာနွိပ္ကြပ္ေနတာေတြကို အေမရိကန္က သည္းခံမွာမဟုတ္ဘူးလို႔ လည္းေျပာဆိုလိုက္ပါတယ္။
အီရန္ႏိုင္ငံနဲ႔ ပတ္သက္လို႔ကေတာ့ အီရန္အစိုးရနဲ႔ သူ႔ရဲ႕ အၾကမ္းဖက္ဘက္ေတာ္သားေတြရဲ႕ ဘ႑ာေငြေၾကး ေဒၚလာဘီလီယံေပါင္းမ်ားစြာကို ပိတ္ဆို႔ၿပီး အေမရိကန္က အစြမ္းကုန္ ဖိအားေပးေနပါတယ္။ သမၼတထရမ့့္ေခါင္းေဆာင္မႈေအာက္မွာ ေအာင္ျမင္မႈေတြ အမ်ားႀကီးရရွိေနပါတယ္။
အေရွ႔အလယ္ပိုင္းေဒသမွာ ေနာက္က်က်န္ေနခဲ့တဲ့ အေမရိကန္ရဲ႕ ဦးေဆာင္မႈစြမ္းရည္ကို ျပန္လည္အစားထိုးႏိုင္ခဲ့ေၾကာင္း၊ ISIS အစြန္းေရာက္အၾကမ္းဖက္သမားေတြကို ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း၊ Baghdadi နဲ႔ Soleimani ကို သုတ္သင္ႏိုင္ခဲ့ၿပီး၊ စစ္မက္ျဖစ္ပြားမႈကို သိသိသာသာ ထိန္းခ်ဳပ္ ႏိုင္ခဲ့ေၾကာင္း၊ ဝန္ႀကီး Pompeo ကရွင္းျပပါတယ္။
အဲဒီေဒသတြင္း တျခားေနရာေတြမွာလည္း အေမရိကန္ရဲ႕ ဦးစားေပးရမယ့္ ႏိုင္ငံျခားေရးမူဝါဒကို အေကာင္အထည္ေဖၚႏိုင္ခဲ့ပါတယ္။ Jerusalem ၿမိဳ႕ကို အစၥေရးႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္အျဖစ္နဲ႔၊ ဂိုလန္ကုန္းျမင့္ေဒသဟာ အစၥေရးႏိုင္ငံရဲ႕ တစိတ္တေဒသအျဖစ္ အသိအမွတ္ျပဳႏိုင္ခဲ့ၿပီး၊ ေဒသရဲ႕ အနာဂတ္မွာ အခ်က္အျခာက်တဲ့၊ ဂ်ဳးႏိုင္ငံအျဖစ္ရပ္တည္ေရး စိတ္ခ်ရေအာင္၊ အေမရိကန္က ကူညီခဲ့တယ္လို႔ ဝန္ႀကီး Pompeo ကေျပာပါတယ္။
လူတိုင္းဟာ လြတ္ေျမာက္တဲ့ဘဝမွာ ေနလိုတဲ့ ဆႏၵ အေမြ ပါလာၿပီးသား ျဖစ္ပါတယ္။ဗင္နီဇြဲလားျပည္သူေတြက Nicolas Maduro ရဲ႕ ဖ်က္လိုဖ်က္စီးအစိုးရကို စိတ္ပ်က္လက္ပ်က္ျဖစ္ေနၾကတာ က်ေနာ္တို႔ ေတြ႔ေနရပါတယ္။ နီကာရာဂြာ၊ အီရန္နဲ႔ ဘယ္လရုစ္က ျပည္သူေတြအားလံုး လြတ္ေျမာက္မႈကို ေတာင့္တေနၾကတာ က်ေနာ္တို႔ ့ျမင္ေနရပါတယ္။
အေမရိကန္ရဲ႕ ကတိကို နက္နက္နဲနဲ ယံုၾကည္တဲ့အတိုင္း၊ က်ေနာ္တို႔ႏိုင္ငံရဲ႕ ရည္ရြယ္ရင္း၊ က်ေနာ္တို႔တန္ဖိုးထားတဲ့အရာေတြ၊ က်ေနာ္တို႔ရဲ႕ ဘဝေနနည္းေတြကို အကာအကြယ္ေပးဖို႔ စိတ္ပိုင္းျဖတ္ခ်က္နဲ႔ အေမရိကန္ျပည္ေထာင္စုက ကမၻာတဝန္း လူသားေတြ ပိုမို လြတ္ေျမာက္ေရးအတြက္ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္က်ဥ္းသြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အေလးအနက္ေျပာဆိုလိုက္ေၾကာင္းပါ။
.........
ခြိမ်းခြောက်မှုများကို အမေရိကန်ပြည်ထောင်စု ရင်ဆိုင်မည်
(Unicode)
အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။
မျိုးဆက်တိုင်းလိုလိုဟာ ပြည်ပက ခြိမ်းခြောက်နေတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။သမ္မတ Ronald Reagan လက်ထက်က အမေရိကန်ပြည်ထောင်စုနဲ့၊ သူ့ရဲ့ မဟာမိတ်တွေပါ ဆိုဗီယက်ပြည်ထောင်စုက ပြန့်ပွားလာတဲ့ ကွန်မြူနစ်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ဒီနေ့ သမ္မတ Donald Trump လက်ထက် အမေရိကန်ပြည်ထောင်စုဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အီရန်နိုင်ငံက အကြမ်းဖက်အစိုးရတို့ရဲ့ စိန်ခေါ်နေတဲ့ ပြဿနာတွေနဲ့ ထိပ်တိုက်ရင်ဆိုင် နေရတာဖြစ်ပါတယ်။
ကမ္ဘာ့နံပတ်တစ် ခြိမ်းခြောက်မှုဖြစ်မှုတဲ့၊ လွတ်မြောက်မှုကို ထိပါးအောင်လုပ်နေတဲ့တရုတ်ကွန်မြူ နစ်ပါတီ အပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒဟာ ခွန်အားတွေနဲ့ အမှန်တရားဆိုတဲ့ မဏ္ဍိုင်တွေကို အခြေခံထားတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောဆိုလိုက်ပါတယ်။ Ronald Reagan Institute မှာ နိုဝင်ဘာလ ၁၀ ရက်နေ့က ဝန်ကြီး Pompeo ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလိုပြောဆိုခဲ့တာပါ။
“အမေရိကန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆက်ဆံရေးဟာ ကွန်မြူ နစ်ပါတီရဲ့ အမိန့်နဲ့ ပုံစံသွင်းထားတဲ့အတိုင်း ဆက်ဆံမှာမဟုတ်ဘူးဆိုတာကို ကျနော်တို့ ပြတ်ပြတ်သားသားနဲ့ အစဉ်တစိုက် ပြောထားပြီးသားဖြစ်ပါတယ်။ ကမ္ဘာ့စင်မြင့်မှာ၊ ဘယ်နိုင်ငံကမဆို၊ အားကျအတုယူရမယ့် အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့၊ ရိုးရှင်းစွာ၊ အင်အားအပြည့်ရှိတဲ့ စံနှုန်းနဲ့ ဆက်ဆံကြဖို့ ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ တရုတ်ဘက်က တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ အပြန်အလှန်ဆက်ဆံကြဖို့ ဖြစ်တယ်ဆိုတာကို တရုတ်ခေါင်းဆောင်ပိုင်းကို ကျနော်တို့ပြောထားပြီးသားပါလို့ ပြောဆိုလိုက်တာပါ။ ”
တောင်တရုတ်ပင်လယ်မှာ တရားမဝင်တောင်းဆိုတာတွေ ထပ်မလုပ်ဖို့၊ အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေ မလုပ်ဖို့၊ ကောင်စစ်ဝန်ရုံးတွေကို အသုံးချပြီး၊ လျှို့ဝှက်ထောက်လှမ်းတာ၊ ဉာဏပစ္စည်းခိုးယူတာတွေနဲ့ အခြေခံအခွင့်အရေးချိုးဖေါက်တာတွေ ထပ်မလို့ဖို့ ဝန်ကြီး Pompeo က သတိပေးရင်း၊ ကွန်မြူ နစ်ပါတီက ရှင်ဂျန်း၊ တိဗက်နဲ့ တခြားဒေသတွေမှာ ရက်စက်စွာနှိပ်ကွပ်နေတာတွေကို အမေရိကန်က သည်းခံမှာမဟုတ်ဘူးလို့ လည်းပြောဆိုလိုက်ပါတယ်။
အီရန်နိုင်ငံနဲ့ ပတ်သက်လို့ကတော့ အီရန်အစိုးရနဲ့ သူ့ရဲ့ အကြမ်းဖက်ဘက်တော်သားတွေရဲ့ ဘဏ္ဍာငွေကြေး ဒေါ်လာဘီလီယံပေါင်းများစွာကို ပိတ်ဆို့ပြီး အမေရိကန်က အစွမ်းကုန် ဖိအားပေးနေပါတယ်။ သမ္မတထရမ့်ခေါင်းဆောင်မှုအောက်မှာ အောင်မြင်မှုတွေ အများကြီးရရှိနေပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ နောက်ကျကျန်နေခဲ့တဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုစွမ်းရည်ကို ပြန်လည်အစားထိုးနိုင်ခဲ့ကြောင်း၊ ISIS အစွန်းရောက်အကြမ်းဖက်သမားတွေကို ချေမှုန်းနိုင်ခဲ့ကြောင်း၊ Baghdadi နဲ့ Soleimani ကို သုတ်သင်နိုင်ခဲ့ပြီး၊ စစ်မက်ဖြစ်ပွားမှုကို သိသိသာသာ ထိန်းချုပ် နိုင်ခဲ့ကြောင်း၊ ဝန်ကြီး Pompeo ကရှင်းပြပါတယ်။
အဲဒီဒေသတွင်း တခြားနေရာတွေမှာလည်း အမေရိကန်ရဲ့ ဦးစားပေးရမယ့် နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖေါ်နိုင်ခဲ့ပါတယ်။ Jerusalem မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ်နဲ့၊ ဂိုလန်ကုန်းမြင့်ဒေသဟာ အစ္စရေးနိုင်ငံရဲ့ တစိတ်တဒေသအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီး၊ ဒေသရဲ့ အနာဂတ်မှာ အချက်အခြာကျတဲ့၊ ဂျုးနိုင်ငံအဖြစ်ရပ်တည်ရေး စိတ်ချရအောင်၊ အမေရိကန်က ကူညီခဲ့တယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။
လူတိုင်းဟာ လွတ်မြောက်တဲ့ဘဝမှာ နေလိုတဲ့ ဆန္ဒ အမွေ ပါလာပြီးသား ဖြစ်ပါတယ်။ဗင်နီဇွဲလားပြည်သူတွေက Nicolas Maduro ရဲ့ ဖျက်လိုဖျက်စီးအစိုးရကို စိတ်ပျက်လက်ပျက်ဖြစ်နေကြတာ ကျနော်တို့ တွေ့နေရပါတယ်။ နီကာရာဂွာ၊ အီရန်နဲ့ ဘယ်လရုစ်က ပြည်သူတွေအားလုံး လွတ်မြောက်မှုကို တောင့်တနေကြတာ ကျနော်တို့မြင်နေရပါတယ်။
အမေရိကန်ရဲ့ ကတိကို နက်နက်နဲနဲ ယုံကြည်တဲ့အတိုင်း၊ ကျနော်တို့နိုင်ငံရဲ့ ရည်ရွယ်ရင်း၊ ကျနော်တို့တန်ဖိုးထားတဲ့အရာတွေ၊ ကျနော်တို့ရဲ့ ဘဝနေနည်းတွေကို အကာအကွယ်ပေးဖို့ စိတ်ပိုင်းဖြတ်ချက်နဲ့ အမေရိကန်ပြည်ထောင်စုက ကမ္ဘာတဝန်း လူသားတွေ ပိုမို လွတ်မြောက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ကျဉ်းသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အလေးအနက်ပြောဆိုလိုက်ကြောင်းပါ။