Accessibility links

Breaking News

Belarus က ႀကီးမားတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကုိ ေဖာ္ထုတ္ျခင္း 


ႏို၀င္ဘာ ၁၅ ရက္ေန႔တုန္းက Belarusမွာ ဆႏၵျပသူေတြကို ရဲက ႏွိမ္နင္းေနစဥ္
ႏို၀င္ဘာ ၁၅ ရက္ေန႔တုန္းက Belarusမွာ ဆႏၵျပသူေတြကို ရဲက ႏွိမ္နင္းေနစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ဘယ္လာရုစ္ႏိုင္ငံမွာ ၾသဂုတ္လ ၉ ရက္ေန႔ကက်င္းပခဲ့တဲ့ေရြးေကာက္ပြဲအတြင္း မဲမသမာမႈေတြရွိခဲ့သလို၊ ေရြးေကာက္ပြဲအၿပီးမွာလည္း Aleksandr Lukashenko အစိုးရရဲ႕ အကြက္ခ် ႏွိပ္ကြပ္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြလည္း အႀကီးအက်ယ္ရွိခဲ့တယ္လို႔ OSCE ေခၚဥေရာပလံုၿခံဳေရးနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ အဖြဲ႔ႀကီးရဲ႕ အစီရင္ခံစာမွာ ေဖၚျပလိုက္ပါတယ္။

သမၼတ Lukashenka ရဲ႕ ႏွိပ္ကြပ္မႈဟာ၊ ဆႏၵထုတ္ေဖၚသူေတြကို ဒဏ္ခတ္ေရးနဲ႔ ကန္႔ကြက္ဆႏၵျပဖို႔ စိုင္းျပင္းေနသူေတြကို ၿခိမ္းေျခာက္ဖို႔ အတြက္၊ အဓိကရည္ရြယ္တာ ျဖစ္တယ္လို႔ OSCE ရဲ႔ အစီရင္ခံစာမွာ ေထာက္ျပထားပါတယ္။

ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြ၊ အတိုက္အခံလႈပ္ရွားသူေတြနဲ႔ သတင္းေထာက္ေတြကို ႏွိပ္စက္တာ၊ ဥပေဒမဲ့ ထိန္းသိမ္းတာေတြအျပင္၊ လြတ္လပ္စြာထုတ္ေဖၚေျပာဆိုခြင့္၊ အသင္းအပင္းဖြဲ႔စည္းခြင့္နဲ႔ ၿငိမ္းခ်မ္းစြာစုေဝးခြင့္ေတြကိုပါ ပိတ္ပင္ခဲ့ပါတယ္။

လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက ႏိုင္ငံေရးအတိုက္အခံေတြကို ရက္ရက္စက္စက္ႏွိပ္စက္မႈေတြကို ေသေသခ်ာခ်ာ မွတ္တမ္းတင္ႏိုင္ေပမဲ့၊ တစံုတေယာက္ကမွ၊ တာဝန္ခံေျဖရွင္းတာမရွိတဲ့အတြက္ အထူး စိုးရိမ္ပါေၾကာင္း၊ ဒါဟာ စြပ္စြဲခ်က္ေတြကို အတည္ျပဳၿပီး၊ က်ဴးလြန္သူေတြကို ဒီအတိုင္းကင္းလြတ္ခြင့္ေပးတဲ့သေဘာ သက္ေရာက္ၿပီး၊ ႏိုင္ငံေရးအမႈေတြကို တရားမွ်တစြာစစ္ေဆးဖို႔ ပ်က္ကြက္တာျဖစ္တယ္လို႔ OSCE အစီရင္ခံစာကို ဦးေဆာင္ျပဳစုသူ ႏိုင္ငံတကာဥပေဒပါေမာကၡ Wolfgang Benedek က ေျပာဆိုလိုက္ပါတယ္။

ႏိုင္ငံကို ၂၆ ႏွစ္ၾကာအုပ္ခ်ဳပ္ေနၿပီး၊ ေရြးေကာက္ပြဲတရားမွ်တမႈ မရွိတာကို အသိအမွတ္ျပဳဖို႔ ျငင္းဆန္ေနတဲ့ သမၼတ Lukashenka ကို ဖိအားတိုးေပးတဲ့အေနနဲ႕ ေရြးေကာက္ပြဲၿပီးကတည္းက ဘယ္လာရုစ္ႏိုင္ငံတဝန္း ဆက္လက္ကန္႔ကြက္ဆႏၵျပေနၾကဆဲျဖစ္ပါတယ္။

သမၼတ Lukashenka က အာဏာကို ပိုၿပီးတင္းၾကပ္စြာဆုတ္ကိုင္တဲ့အေနနဲ႔ အေနာက္ဘက္နယ္စပ္မွာ တခ်ိဳ႕ေဒသေတြကို ပိတ္ပစ္လိုက္ၿပီး၊ ျပည္ထဲေရးဝန္ႀကီးကို လူစားထိုးၿပီး လံုၿခံဳေရးအရာရွိေတြအေနနဲ႔ ဆႏၵျပသူေတြကို ဒီ့ထက္မက တိုးၿပီး ႏွိမ္နင္းဖို႔ တိုက္တြန္းေနတယ္လို႔ သတင္းမီဒိယာေတြက ေဖၚျပၾကပါတယ္။

အေမရိကန္ျပည္ေထာင္စုက ဘယ္လာရုစ္ျပည္သူေတြရဲ႕ ဂုဏ္သိကၡာနဲ႔ ႀကံ့ႀကံ့ခံႏိုင္စြမ္းကို ခ်ီးက်ဴးအားက်ေနဆဲ ပါဘဲလို႔ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ ဘယ္လာရုစ္အာဏာပိုင္ေတြအေနနဲ႕ သူတု႔ိႏွိမ္နင္းေနတာေတြကို ရပ္တန္႔ၿပီး၊ ဘယ္လာရုစ္ျပည္သူေတြေတာင္းဆိုေနတဲ့ သီးျခား လြတ္လပ္တဲ့ ေရြးေကာက္ပြဲ အကဲခတ္ေတြ ေလ့လာႏိုင္မယ့္၊ လြတ္လပ္ၿပီး တရားမွ်တတဲ့ေရြးေကာက္ပြဲက်င္းပေပးဖို႔ အေမရိကန္ျပည္ေထာင္စုက ေဆာ္ၾသလိုက္ပါတယ္။

OSCE ရဲ႕ အစီရင္ခံစာမွာ ဘယ္လာရုစ္ အာဏာပိုင္ေတြအတြက္ အၾကပ္အတည္းအဆံုးသတ္ေရး နည္းလမ္းေတြနဲ႔ ေထာက္ခံ အႀကံျပဳခ်က္ေတြ ပါဝင္ပါတယ္။ OSCE အကဲခတ္ေလ့လာေရး အဖြဲ႔ ေစလႊတ္ေရး၊ ဘယ္လာရုစ္ျပည္သူေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းတာေတြ အဆံုးသတ္ေရး၊မတရားႏွိပ္ကြပ္မႈေတြအတြက္ တာဝန္ရွိသူေတြကို အေရးယူေရး စတဲ့ အႀကံျပဳခ်က္ေတြပါဝင္ပါတယ္။ဒါေတြတင္မကပါဘူး။ မတရား ထိန္းသိမ္းထားသူေတြကို မျဖစ္မေန လႊတ္ေပးရမွာျဖစ္ၿပီး၊ ႏိုင္ငံေရး အတိုက္အခံေတြနဲ႕ အရပ္ဘက္အဖြဲ႔အစည္းေတြရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ အႏွစ္သာရရွိတဲ့ အမ်ိဳးသားေဆြးေႏြးပြဲ က်င္းပဖို႔လည္း တိုက္တြန္းထားပါတယ္။

တရားမွ်တမႈေဆာင္က်ဥ္းႏိုင္ေရးနဲ႔၊ လြတ္လပ္ၿပီး တရားမွ်တတဲ့ေရြးေကာက္ပြဲက်င္းပေပးဖို႔၊ ေတာင္းဆိုေနၾကတဲ့ ဘယ္လာရုစ္ျပည္သူေတြနဲ႔အတူ အေမရိကန္ျပည္ေထာင္စုက ရပ္တည္ေနေၾကာင္းပါ။

..............

Belarus က ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ခြင်း

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဘယ်လာရုစ်နိုင်ငံမှာ သြဂုတ်လ ၉ ရက်နေ့ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေရှိခဲ့သလို၊ ရွေးကောက်ပွဲအပြီးမှာလည်း Aleksandr Lukashenko အစိုးရရဲ့ အကွက်ချ နှိပ်ကွပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း အကြီးအကျယ်ရှိခဲ့တယ်လို့ OSCE ခေါ်ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။

သမ္မတ Lukashenka ရဲ့ နှိပ်ကွပ်မှုဟာ၊ ဆန္ဒထုတ်ဖေါ်သူတွေကို ဒဏ်ခတ်ရေးနဲ့ ကန့်ကွက်ဆန္ဒပြဖို့ စိုင်းပြင်းနေသူတွေကို ခြိမ်းခြောက်ဖို့ အတွက်၊ အဓိကရည်ရွယ်တာ ဖြစ်တယ်လို့ OSCE ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေ၊ အတိုက်အခံလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေကို နှိပ်စက်တာ၊ ဥပဒေမဲ့ ထိန်းသိမ်းတာတွေအပြင်၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်တွေကိုပါ ပိတ်ပင်ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုင်ငံရေးအတိုက်အခံတွေကို ရက်ရက်စက်စက်နှိပ်စက်မှုတွေကို သေသေချာချာ မှတ်တမ်းတင်နိုင်ပေမဲ့၊ တစုံတယောက်ကမှ၊ တာဝန်ခံဖြေရှင်းတာမရှိတဲ့အတွက် အထူး စိုးရိမ်ပါကြောင်း၊ ဒါဟာ စွပ်စွဲချက်တွေကို အတည်ပြုပြီး၊ ကျူးလွန်သူတွေကို ဒီအတိုင်းကင်းလွတ်ခွင့်ပေးတဲ့သဘော သက်ရောက်ပြီး၊ နိုင်ငံရေးအမှုတွေကို တရားမျှတစွာစစ်ဆေးဖို့ ပျက်ကွက်တာဖြစ်တယ်လို့ OSCE အစီရင်ခံစာကို ဦးဆောင်ပြုစုသူ နိုင်ငံတကာဥပဒေပါမောက္ခ Wolfgang Benedek က ပြောဆိုလိုက်ပါတယ်။

နိုင်ငံကို ၂၆ နှစ်ကြာအုပ်ချုပ်နေပြီး၊ ရွေးကောက်ပွဲတရားမျှတမှု မရှိတာကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေတဲ့ သမ္မတ Lukashenka ကို ဖိအားတိုးပေးတဲ့အနေနဲ့ ရွေးကောက်ပွဲပြီးကတည်းက ဘယ်လာရုစ်နိုင်ငံတဝန်း ဆက်လက်ကန့်ကွက်ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။

သမ္မတ Lukashenka က အာဏာကို ပိုပြီးတင်းကြပ်စွာဆုတ်ကိုင်တဲ့အနေနဲ့ အနောက်ဘက်နယ်စပ်မှာ တချို့ဒေသတွေကို ပိတ်ပစ်လိုက်ပြီး၊ ပြည်ထဲရေးဝန်ကြီးကို လူစားထိုးပြီး လုံခြုံရေးအရာရှိတွေအနေနဲ့ ဆန္ဒပြသူတွေကို ဒီ့ထက်မက တိုးပြီး နှိမ်နင်းဖို့ တိုက်တွန်းနေတယ်လို့ သတင်းမီဒိယာတွေက ဖေါ်ပြကြပါတယ်။

အမေရိကန်ပြည်ထောင်စုက ဘယ်လာရုစ်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ချီးကျူးအားကျနေဆဲ ပါဘဲလို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဘယ်လာရုစ်အာဏာပိုင်တွေအနေနဲ့ သူတု့ိနှိမ်နင်းနေတာတွေကို ရပ်တန့်ပြီး၊ ဘယ်လာရုစ်ပြည်သူတွေတောင်းဆိုနေတဲ့ သီးခြား လွတ်လပ်တဲ့ ရွေးကောက်ပွဲ အကဲခတ်တွေ လေ့လာနိုင်မယ့်၊ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးဖို့ အမေရိကန်ပြည်ထောင်စုက ဆော်သြလိုက်ပါတယ်။

OSCE ရဲ့ အစီရင်ခံစာမှာ ဘယ်လာရုစ် အာဏာပိုင်တွေအတွက် အကြပ်အတည်းအဆုံးသတ်ရေး နည်းလမ်းတွေနဲ့ ထောက်ခံ အကြံပြုချက်တွေ ပါဝင်ပါတယ်။ OSCE အကဲခတ်လေ့လာရေး အဖွဲ့ စေလွှတ်ရေး၊ ဘယ်လာရုစ်ပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းတာတွေ အဆုံးသတ်ရေး၊မတရားနှိပ်ကွပ်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူရေး စတဲ့ အကြံပြုချက်တွေပါဝင်ပါတယ်။ဒါတွေတင်မကပါဘူး။ မတရား ထိန်းသိမ်းထားသူတွေကို မဖြစ်မနေ လွှတ်ပေးရမှာဖြစ်ပြီး၊ နိုင်ငံရေး အတိုက်အခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ အနှစ်သာရရှိတဲ့ အမျိုးသားဆွေးနွေးပွဲ ကျင်းပဖို့လည်း တိုက်တွန်းထားပါတယ်။

တရားမျှတမှုဆောင်ကျဉ်းနိုင်ရေးနဲ့၊ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးဖို့၊ တောင်းဆိုနေကြတဲ့ ဘယ်လာရုစ်ပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်နေကြောင်းပါ။

XS
SM
MD
LG