Accessibility links

Breaking News

တရုတ္ကြန္ျမဴနစ္ပါတီ လူ႔အခြင္႔အေရး ခ်ိဳးေဖာက္ႏွိပ္ကြပ္မႈ ရပ္ဆိုင္းဖို႔ အေမရိကန္တိုက္တြန္း


မွတ္တမ္းဓါတ္ပံု- ၂၀၁၈ စက္တင္ဘာ ၄ ရက္ေန႕ တရုတ္ ႏိုင္ငံ Xinjiang ေျမာက္ပိုင္းက စိတ္ဓါတ္မြမ္းမံေရးစခန္းတခု
မွတ္တမ္းဓါတ္ပံု- ၂၀၁၈ စက္တင္ဘာ ၄ ရက္ေန႕ တရုတ္ ႏိုင္ငံ Xinjiang ေျမာက္ပိုင္းက စိတ္ဓါတ္မြမ္းမံေရးစခန္းတခု

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

CCP တရုတ္ကြန္ျမဴ နစ္ပါတီဟာ တရုတ္ျပည္တြင္း လြတ္လပ္စြာထုတ္ေဖၚေျပာဆိုခြင့္၊ ဘာသာေရးလြတ္လပ္ခြင့္၊ သင္းပင္းဖြဲ႔စည္းခြင့္နဲ႔ လြတ္လပ္စြာစုေဝးခြင့္ကို တင္းၾကပ္စြာ ကန္႔သတ္ပိတ္ပင္ထားပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႕ ဒီလို လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္၊ အားေပးအားေျမွာက္လုပ္ေနတဲ့သူေတြကို ျပည္ဝင္ခြင့္၊ လက္မခံေၾကာင္း ျပတ္သားစြာ ေျပာထားျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာပါတယ္။

ဘာသာတရား ယံုၾကည္ကိုးကြယ္သူေတြနဲ႔ ရိုးရာဓေလ့ က်င့္ႀကံအားထုတ္သူေတြ၊ တိုင္းရင္းသား လူနည္းစုေတြ၊ အတိုက္အခံေတြ၊ လူ႔အခြင့္အေရး ခုခံကာကြယ္သူေတြ၊ သတင္းသမားေတြ၊ အလုပ္သမားအဖြဲ႔အစည္းေတြ၊ လူထုအေျချပဳအဖြဲ႔အစည္းေတြနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖၚသူေတြကို ႏွိပ္ကြပ္ဖို႔ ရည္ရြယ္တဲ့ မူဝါဒေတြခ်မွတ္ရာမွာ၊ ဒါမွမဟုတ္ ပူးေပါင္းႀကံစည္သူလို႔ ယုံၾကည္ရသူ တရုတ္တာဝန္ရွိသူေတြကို အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ႏိုင္ငံသားအက္ဥပေဒအရ ျပည္ဝင္ခြင့္ဗီဇာပိတ္ပင္မႈနဲ႔ ထပ္ေလာင္း အေရးယူလိုက္ပါတယ္။

အဲဒီတာဝန္ရွိပုဂၢိဳလ္ေတြရဲ႕ မိသားစုဝင္ေတြလည္း ဒီကန္႔သတ္ခ်က္နဲ႔ အက်ံဳးဝင္ပါတယ္။ ဘယ္ေနရာမွာဘဲျဖစ္ျဖစ္၊ ႏွိပ္ကြပ္တဲ့ မူဝါဒ ဒါမွမဟုတ္လုပ္ရပ္ေတြနဲ႔ ဒီအဖြဲ႔အစည္း၊ လူပုဂၢိဳလ္ေတြအေပၚ အေရးယူတဲ့ တရုတ္တာဝန္ရွိသူအားလံုးအတြက္ ဒီကန္႔သတ္ခ်က္အသစ္က အက်ဳံးဝင္ပါတယ္။

ရွင္က်န္းျပည္နယ္တြင္း ရက္စက္တဲ့လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြ၊ အေမရိကန္သံတမန္ေတြကို တိဗက္ျပည္သြားခြင့္ ပိတ္ပင္ကန္႔သတ္တာေတြ၊ တရုတ္နဲ႔ ၿဗိတိန္ပူးတြဲေၾကညာခ်က္ကို ဂရုမစိုက္ဘဲ၊ ေဟာင္ေကာင္ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကေနေသြဖီေအာင္ တြန္းပို႔ေနတာေတြအတြက္ တာဝန္ရွိတဲ့ CCP တရုတ္ကြန္ျမဴ နစ္ပါတီဝင္ေတြကို ၂၀၂၀ ျပည့္ႏွစ္အတြင္း အေမရိကန္က ဘ႑ာေရးနဲ႔ ျပည္ဝင္ခြင့္ဗီဇာ ပိတ္ပင္လိုက္တာျဖစ္ပါတယ္။

တရုတ္ျပည္သူေတြကို ဖိႏွိပ္မႈေတြတိုးလုပ္ေနတဲ့ တရုတ္ကြန္ျမဴ နစ္ပါတီဝင္ေတြ၊ တာဝန္ခံမႈရွိေစဖို႔ အေမရိကန္အစိုးရရဲ႕ ခိုင္မာတဲ့ ရပ္တည္ခ်က္ကို ဒီလိုပိတ္ဆို႔မႈ ေတြနဲ႔ လက္ေတြ႔ျပလိုက္တာျဖစ္ပါတယ္။ ကိုယ္ပိုင္အေျခခံအခြင့္အေရးအရ၊ ျပဳမူေဆာင္ရြက္မႈေတြေၾကာင့္ တရုတ္ကြန္ျမဴ နစ္ပါတီရဲ႕ အေရးယူခံရသူေတြနဲ႔ အတူ အေမရိကန္ျပည္ေထာင္စုက မားမားမတ္မတ္ ရပ္တည္ေနပါတယ္။

အေရးယူခံရသူအမ်ားႀကီးရွိတဲ့အနက္၊ ေရွ႔ေန Xu Zhiyong၊ ခရိယာန္တရားေဟာဆရာ Wang Yi၊ ဝီဂါ အသိပညာရွင္ Ilham Tohti၊ ေဟာင္ေကာင္ဒီမိုကေရစီေရးလႈပ္ရွားသူ Jimmy Lai၊ တိဗက္ဘာသာေဗဒကၽြမ္းက်င္သူနဲ႔ စီးပြားေရးလုပ္ငန္းရွင္ Tashi Wangchuk တို႔ ပါဝင္ၾကပါတယ္။

ကုလသမဂၢလူ႔အခြင့္အေရးေၾကညာစာတမ္းအရ၊ တရုတ္ျပည္သူေတြနဲ႔ ထိုက္တန္တဲ့ လူ႔အခြင့္အေရးနဲ႔ အေျခခံလြတ္လပ္ခြင့္ေတြကို CCP တရုတ္ကြန္ျမဴ နစ္ပါတီက ေလးစားလိုက္နာဖို႔ တိုက္တြန္းရင္း၊ ဖမ္းဆီးထားသူေတြကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ေတာင္းဆိုလိုက္ေၾကာင္းပါ။

...............

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

CCP တရုတ်ကွန်မြူ နစ်ပါတီဟာ တရုတ်ပြည်တွင်း လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နဲ့ လွတ်လပ်စွာစုဝေးခွင့်ကို တင်းကြပ်စွာ ကန့်သတ်ပိတ်ပင်ထားပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်၊ အားပေးအားမြှောက်လုပ်နေတဲ့သူတွေကို ပြည်ဝင်ခွင့်၊ လက်မခံကြောင်း ပြတ်သားစွာ ပြောထားဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောပါတယ်။

ဘာသာတရား ယုံကြည်ကိုးကွယ်သူတွေနဲ့ ရိုးရာဓလေ့ ကျင့်ကြံအားထုတ်သူတွေ၊ တိုင်းရင်းသား လူနည်းစုတွေ၊ အတိုက်အခံတွေ၊ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေ၊ သတင်းသမားတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူတွေကို နှိပ်ကွပ်ဖို့ ရည်ရွယ်တဲ့ မူဝါဒတွေချမှတ်ရာမှာ၊ ဒါမှမဟုတ် ပူးပေါင်းကြံစည်သူလို့ ယုံကြည်ရသူ တရုတ်တာဝန်ရှိသူတွေကို အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားအက်ဥပဒေအရ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှုနဲ့ ထပ်လောင်း အရေးယူလိုက်ပါတယ်။

အဲဒီတာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ မိသားစုဝင်တွေလည်း ဒီကန့်သတ်ချက်နဲ့ အကျုံးဝင်ပါတယ်။ ဘယ်နေရာမှာဘဲဖြစ်ဖြစ်၊ နှိပ်ကွပ်တဲ့ မူဝါဒ ဒါမှမဟုတ်လုပ်ရပ်တွေနဲ့ ဒီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေအပေါ် အရေးယူတဲ့ တရုတ်တာဝန်ရှိသူအားလုံးအတွက် ဒီကန့်သတ်ချက်အသစ်က အကျုံးဝင်ပါတယ်။

ရှင်ကျန်းပြည်နယ်တွင်း ရက်စက်တဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ အမေရိကန်သံတမန်တွေကို တိဗက်ပြည်သွားခွင့် ပိတ်ပင်ကန့်သတ်တာတွေ၊ တရုတ်နဲ့ ဗြိတိန်ပူးတွဲကြေညာချက်ကို ဂရုမစိုက်ဘဲ၊ ဟောင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကနေသွေဖီအောင် တွန်းပို့နေတာတွေအတွက် တာဝန်ရှိတဲ့ CCP တရုတ်ကွန်မြူ နစ်ပါတီဝင်တွေကို ၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်က ဘဏ္ဍာရေးနဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

တရုတ်ပြည်သူတွေကို ဖိနှိပ်မှုတွေတိုးလုပ်နေတဲ့ တရုတ်ကွန်မြူ နစ်ပါတီဝင်တွေ၊ တာဝန်ခံမှုရှိစေဖို့ အမေရိကန်အစိုးရရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို ဒီလိုပိတ်ဆို့မှု တွေနဲ့ လက်တွေ့ပြလိုက်တာဖြစ်ပါတယ်။ ကိုယ်ပိုင်အခြေခံအခွင့်အရေးအရ၊ ပြုမူဆောင်ရွက်မှုတွေကြောင့် တရုတ်ကွန်မြူ နစ်ပါတီရဲ့ အရေးယူခံရသူတွေနဲ့ အတူ အမေရိကန်ပြည်ထောင်စုက မားမားမတ်မတ် ရပ်တည်နေပါတယ်။

အရေးယူခံရသူအများကြီးရှိတဲ့အနက်၊ ရှေ့နေ Xu Zhiyong၊ ခရိယာန်တရားဟောဆရာ Wang Yi၊ ဝီဂါ အသိပညာရှင် Ilham Tohti၊ ဟောင်ကောင်ဒီမိုကရေစီရေးလှုပ်ရှားသူ Jimmy Lai၊ တိဗက်ဘာသာဗေဒကျွမ်းကျင်သူနဲ့ စီးပွားရေးလုပ်ငန်းရှင် Tashi Wangchuk တို့ ပါဝင်ကြပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းအရ၊ တရုတ်ပြည်သူတွေနဲ့ ထိုက်တန်တဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို CCP တရုတ်ကွန်မြူ နစ်ပါတီက လေးစားလိုက်နာဖို့ တိုက်တွန်းရင်း၊ ဖမ်းဆီးထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တောင်းဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG