Accessibility links

Breaking News

ေဟာင္ေကာင္လြတ္လပ္ခြင့္ တ႐ုတ္ခ်ဳပ္ခ်ယ္မႈ အေမရိကန္ ျပစ္တင္႐ႈတ္ခ်


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံက ေဟာင္ေကာင္ရဲ႕ လြတ္ေျမာက္မႈနဲ႔ လြတ္လပ္ေရးကို ဖ်က္လိုဖ်က္စီး ဆက္လက္လုပ္ေဆာင္ေနပါတယ္။ အမ်ိဳးသားျပည္သူ႔ကြန္ကရက္ကေန ႏိုဝင္ဘာလ ၁၁ ရက္ေန႔က အတည္ျပဳလိုက္တဲ့ မ်ိဳးခ်စ္ဆုံးျဖတ္ခ်က္ ဥပေဒအရ ေဟာင္ေကာင္ဥပေဒျပဳလႊတ္ေတာ္ေကာင္စီဝင္ ၄ ေယာက္ကို အရည္အခ်င္းမျပည့္မွီဘူးဆိုၿပီး၊ ထုတ္ပယ္လိုက္တာနဲ႔ ပတ္သက္လို႔၊ အေမရိကန္ျပည္ေထာင္စုက ျပင္းထန္စြာ အျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

ဒီဆုံးျဖတ္ခ်က္ရဲ႕ လုပ္ပိုင္ခြင့္အရ၊ ေဟာင္ေကာင္အုပ္ခ်ဳပ္မႈအာဏာပိုင္ေတြက၊ လြတ္လပ္ေရး ပညာေပးလႈပ္ရွားတဲ့ ဥပေဒျပဳလႊတ္ေတာ္အမတ္ေတြကို ႏိုင္ငံျခားတပ္ဖြဲ႕ေတြနဲ႔ လွ်ိဳ႕ဝွက္ပူးေပါင္းႀကံစည္တာ သို႔မဟုတ္ အမ်ိဳးသားလုံၿခဳံေရးကို အႏၲရာယ္ျပဳၿခိမ္းေျခာက္တာစသျဖင့္ စြပ္စြဲၿပီး တရား႐ုံးတင္စစ္ေဆးျခင္းမရွိဘဲ၊ ထုတ္ပယ္ခဲ့တယ္လို႔ သတင္းမီဒီယာေတြက ေဖၚျပၾကပါတယ္။

ဒီလိုလုပ္လိုက္တာဟာ၊ တ႐ုတ္နဲ႔ ၿဗိတိန္ပူးတြဲေၾကညာခ်က္အရ၊ ႏိုင္ငံတကာအသိအမွတ္ျပဳ လိုက္နာရမယ့္အခ်က္ေတြကို တ႐ုတ္ႏိုင္ငံက ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖါက္တာ ပိုၿပီးေပၚလြင္လာသလို၊ အေျခခံဥပေဒအရ အာမခံခ်က္ေပးထားတဲ့ ျပည္သူေတြကို ကိုယ္စားျပဳမယ့္ ကိုယ္စားလွယ္ေ႐ြးခ်ယ္ပိုင္ခြင့္ကိုလည္း ေသေသခ်ာခ်ာ ဖိႏွိပ္လိုက္တာျဖစ္ပါတယ္။

CCP တ႐ုတ္ကြန္ျမဴနစ္ပါတီဟာ ႏိုင္ငံတကာလိုက္နာရမယ့္ ဝတၱရားေတြကို လွစ္လ်ဴရႈ ခ်ိဳးေဖါက္ေနတာေၾကာင့္၊ ေဟာင္ေကာင္ရဲ႕ လြတ္ေျမာက္ေရး ထိပါးေနသူေတြကို စုံစမ္းစိစစ္ၿပီး တာဝန္ရွိသူေတြကို၊ အေမရိကန္ျပည္ေထာင္စုက ပိတ္ဆို႔မႈေတြနဲ႔ ဆက္လက္အေရးယူမွာျဖစ္တယ္လို႔ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Robert O'Brien ကေျပာဆိုလိုက္ပါတယ္။

CCP တ႐ုတ္ကြန္ျမဴနစ္ပါတီက ေဟာင္ေကာင္အတြက္ ျပင္းထန္စြာ အေရးယူႏိုင္တဲ့၊ အမ်ိဳးသားလုံၿခဳံေရးဥပေဒတရပ္ကို ဇြန္လတုန္းက အတည္ျပဳျပဌာန္းလိုက္ပါတယ္။ ႏိုင္ငံေတာ္ပုန္ကန္မႈ၊ ခြဲထြက္ေရးႀကိဳးပမ္းမႈ၊ အၾကမ္းဖက္ဝါဒစြဲတိုက္ခိုက္မႈ၊ သို႔မဟုတ္ ႏိုင္ငံျခားတပ္ဖြဲ႕ေတြနဲ႔ ပူးေပါင္းရန္ႀကံစည္မႈေတြ၊ စသျဖင့္၊ က်ဴးလြန္တယ္ဆိုရင္ တသက္တကြၽန္းအထိ ျပစ္ဒဏ္ေပးႏိုင္တဲ့ ဥပေဒျဖစ္ပါတယ္။

အဲဒီအခ်ိန္ကစၿပီး တ႐ုတ္ျပည္မႀကီးကေန ေဟာင္ေကာင္ရဲ႕ ဒီမိုကေရစီလုပ္ငန္းစဥ္ေတြ အားလုံးနီးပါးကို ပယ္ဖ်က္လိုက္ပါတယ္။ ေဟာင္ေကာင္ရဲ႕ သာယာဝေျပာေရး၊ တည္ၿငိမ္ေရးနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ေက်ာေထာက္ေနာက္ခံျပဳေပးထားတဲ့ ဥပေဒလုပ္ထုံးလုပ္နည္း အစဥ္အလာေတြ အေတာ္မ်ားမ်ား ပယ္ဖ်က္ခံရတာျဖစ္ပါတယ္။

ဒီမ်ိဳးခ်စ္ဥပေဒဟာ၊ လြတ္ေျမာက္မႈနဲ႔ ဒီမိုကေရစီေရးေတာင္းဆိုမႈေတြကို ဖ်က္လိုဖ်က္စီးလုပ္ဖို႔ အစပ်ိဳးတဲ့ CCP တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ ေကာက္က်စ္တဲ့ အႀကံအစည္ပါဘဲလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ရဲ႕ ထုတ္ျပန္ခ်က္မွာ ထပ္ေလာင္းေဖၚျပလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ မဟာမိတ္ေတြ၊ ကမာၻတဝန္းက မိတ္ဖက္ေတြနဲ႔အတူ ေဟာင္ေကာင္ျပည္သူေတြရဲ႕ အခြင့္အေရးနဲ႔ လြတ္ေျမာက္မႈအတြက္ ဆက္လက္ႀကိဳးစားေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္းနဲ႔ တ႐ုတ္ႏိုင္ငံက တာဝန္ယူဖို႔ ကတိကဝတ္ ပ်က္ကြက္ခဲ့တဲ့အေပၚမွာလည္း အျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ လြတ္ေျမာက္မႈကို ထိပါးေနတဲ့ မူဝါဒေတြနဲ႔ ဒီလုပ္ရပ္ေတြအတြက္ တာဝန္ရွိသူေတြ တာဝန္ခံမႈရွိလာေစဖို႔ ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္းနဲ႔ ထုတ္ပယ္ခံရတဲ့၊ pan-Democratic ဥပေဒျပဳ လႊတ္ေတာ္အမတ္ေတြ၊ ဒီလုပ္ရပ္ေတြကို ကန႔္ကြက္တဲ့အေနနဲ႔ ႏႈတ္ထြက္ခဲ့တဲ့ ဒီမိုကေရစီဘက္ေတာ္သား လႊတ္ေတာ္အမတ္ေတြနဲ႔ ေဟာင္ေကာင္ျပည္သူေတြနဲ႔အတူ က်ေနာ္တို႔က မားမားမတ္မတ္ရပ္တည္ေနပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေၾကညာလိုက္ေၾကာင္းပါ။

.............

ဟောင်ကောင်လွတ်လပ်ခွင့် တရုတ်ချုပ်ချယ်မှု အမေရိကန် ပြစ်တင်ရှုတ်ချ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဟောင်ကောင်ရဲ့ လွတ်မြောက်မှုနဲ့ လွတ်လပ်ရေးကို ဖျက်လိုဖျက်စီး ဆက်လက်လုပ်ဆောင်နေပါတယ်။ အမျိုးသားပြည်သူ့ကွန်ကရက်ကနေ နိုဝင်ဘာလ ၁၁ ရက်နေ့က အတည်ပြုလိုက်တဲ့ မျိုးချစ်ဆုံးဖြတ်ချက် ဥပဒေအရ ဟောင်ကောင်ဥပဒေပြုလွှတ်တော်ကောင်စီဝင် ၄ ယောက်ကို အရည်အချင်းမပြည့်မှီဘူးဆိုပြီး၊ ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်လို့၊ အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ အပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ရဲ့ လုပ်ပိုင်ခွင့်အရ၊ ဟောင်ကောင်အုပ်ချုပ်မှုအာဏာပိုင်တွေက၊ လွတ်လပ်ရေး ပညာပေးလှုပ်ရှားတဲ့ ဥပဒေပြုလွှတ်တော်အမတ်တွေကို နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်တာ သို့မဟုတ် အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုခြိမ်းခြောက်တာစသဖြင့် စွပ်စွဲပြီး တရားရုံးတင်စစ်ဆေးခြင်းမရှိဘဲ၊ ထုတ်ပယ်ခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။

ဒီလိုလုပ်လိုက်တာဟာ၊ တရုတ်နဲ့ ဗြိတိန်ပူးတွဲကြေညာချက်အရ၊ နိုင်ငံတကာအသိအမှတ်ပြု လိုက်နာရမယ့်အချက်တွေကို တရုတ်နိုင်ငံက ပြောင်ပြောင်တင်းတင်း ချိုးဖေါက်တာ ပိုပြီးပေါ်လွင်လာသလို၊ အခြေခံဥပဒေအရ အာမခံချက်ပေးထားတဲ့ ပြည်သူတွေကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်ရွေးချယ်ပိုင်ခွင့်ကိုလည်း သေသေချာချာ ဖိနှိပ်လိုက်တာဖြစ်ပါတယ်။

CCP တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံတကာလိုက်နာရမယ့် ဝတ္တရားတွေကို လှစ်လျူရှု ချိုးဖေါက်နေတာကြောင့်၊ ဟောင်ကောင်ရဲ့ လွတ်မြောက်ရေး ထိပါးနေသူတွေကို စုံစမ်းစိစစ်ပြီး တာဝန်ရှိသူတွေကို၊ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေနဲ့ ဆက်လက်အရေးယူမှာဖြစ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Robert O'Brien ကပြောဆိုလိုက်ပါတယ်။

CCP တရုတ်ကွန်မြူနစ်ပါတီက ဟောင်ကောင်အတွက် ပြင်းထန်စွာ အရေးယူနိုင်တဲ့၊ အမျိုးသားလုံခြုံရေးဥပဒေတရပ်ကို ဇွန်လတုန်းက အတည်ပြုပြဌာန်းလိုက်ပါတယ်။ နိုင်ငံတော်ပုန်ကန်မှု၊ ခွဲထွက်ရေးကြိုးပမ်းမှု၊ အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှု၊ သို့မဟုတ် နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းရန်ကြံစည်မှုတွေ၊ စသဖြင့်၊ ကျူးလွန်တယ်ဆိုရင် တသက်တကျွန်းအထိ ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေ အားလုံးနီးပါးကို ပယ်ဖျက်လိုက်ပါတယ်။ ဟောင်ကောင်ရဲ့ သာယာဝပြောရေး၊ တည်ငြိမ်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျောထောက်နောက်ခံပြုပေးထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်း အစဉ်အလာတွေ အတော်များများ ပယ်ဖျက်ခံရတာဖြစ်ပါတယ်။

ဒီမျိုးချစ်ဥပဒေဟာ၊ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီရေးတောင်းဆိုမှုတွေကို ဖျက်လိုဖျက်စီးလုပ်ဖို့ အစပျိုးတဲ့ CCP တရုတ်ကွန်မြူနစ်ပါတီရဲ့ ကောက်ကျစ်တဲ့ အကြံအစည်ပါဘဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ထုတ်ပြန်ချက်မှာ ထပ်လောင်းဖေါ်ပြလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မဟာမိတ်တွေ၊ ကမ္ဘာတဝန်းက မိတ်ဖက်တွေနဲ့အတူ ဟောင်ကောင်ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ လွတ်မြောက်မှုအတွက် ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံက တာဝန်ယူဖို့ ကတိကဝတ် ပျက်ကွက်ခဲ့တဲ့အပေါ်မှာလည်း အပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်မြောက်မှုကို ထိပါးနေတဲ့ မူဝါဒတွေနဲ့ ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေ တာဝန်ခံမှုရှိလာစေဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ထုတ်ပယ်ခံရတဲ့၊ pan-Democratic ဥပဒေပြု လွှတ်တော်အမတ်တွေ၊ ဒီလုပ်ရပ်တွေကို ကန့်ကွက်တဲ့အနေနဲ့ နှုတ်ထွက်ခဲ့တဲ့ ဒီမိုကရေစီဘက်တော်သား လွှတ်တော်အမတ်တွေနဲ့ ဟောင်ကောင်ပြည်သူတွေနဲ့အတူ ကျနော်တို့က မားမားမတ်မတ်ရပ်တည်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကကြေညာလိုက်ကြောင်းပါ။

XS
SM
MD
LG