Accessibility links

Breaking News

သမၼတ Trump ၾကားဝင္ေစ့စပ္မႈေၾကာင့္ ေမာ္ရိုကို-အစၥေရးလ္ သံတမန္ဆက္ဆံေရး ျဖစ္ထြန္းေတာ့မည္


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

သမၼတ Donald Trump က ေနာက္ထပ္ အေရးပါတဲ့ သေဘာတူညီခ်က္တခုရေအာင္ ၾကားဝင္ေစ့စပ္ေပးႏိုင္ခဲ့ပါတယ္။ ဒီတခါ ေစ့စပ္ေပးခဲ့တာကေတာ့ ေမာ္ရိုကိုနဲ႔ အစၥေရးႏိုင္ငံအၾကား သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။လေတြနဲ႔ ခ်ီၿပီး၊ ဒီလို သေဘာတူညီခ်က္ရေအာင္ ေဆာင္က်ဥ္းေပးခဲ့တာ ဒါဟာ ၄ ႀကိမ္ေျမာက္ျဖစ္ပါတယ္။

အစၥေရးနဲ႔ ေမာ္ရိုကိုႏိုင္ငံအၾကား လာမယ့္သီတင္းပတ္ေတြအတြင္း သံတမန္ဆက္ဆံေရးအျပည့္အဝ အေကာင္အထည္ေဖၚၾကေတာ့မွာပါ။ဒီသေဘာတူညီခ်က္အရ ၂ ႏိုင္ငံအၾကား ေလယာဥ္ခရီးစဥ္ေတြ အျပန္အလွန္ပ်ံသန္းႏိုင္ၾကမွာၿပီး၊ အစၥေရးနဲ႔ ေမာ္ရိုကိုႏိုင္ငံက ကုမၸဏီေတြလည္း စီးပြားေရး ပူးေပါင္းေဆာင္ရြက္ႏိုင္ၾကမွာျဖစ္ပါတယ္။

ဒီသမိုင္းတြင္မယ့္ေျခလွမ္းကတဆင့္၊ ေမာ္ရိုကိုႏိုင္ငံအေနနဲ႔ အစၥေရးအပါအဝင္ ကမၻာတဝန္းရွိ ဂ်ဴ း လူမ်ိဳးေတြနဲ႔ေရာ၊ ေမာ္ရိုကိုႏိုင္ငံက ဂ်ဴး အသိုင္းအဝိုင္းနဲ႔ပါ ဆက္ဆံေရးေကာင္းမြန္ေအာင္ တည္ေဆာက္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ဒီသေဘာတူညီမႈအရ၊ ႏွစ္ႏိုင္ငံ ျပည္သူေတြရဲ႕ လူေနမႈဘဝ တိုးတက္ေရးနဲ႔ စီးပြာေရးဆက္သြယ္မႈ ထဲထဲဝင္ဝင္ေဆာင္ရြက္ႏိုင္ၾကေတာ့မယ့္ တခ်ိန္တည္းမွာဘဲ အစၥေရးႏိုင္ငံရဲ႕ လံုၿခံဳေရး ပိုအဆင္ေျပေစမွာ ျဖစ္ပါတယ္။

ေမာ္ရိုကိုႏိုင္ငံဟာ ၁၇၇၇ ခုနွစ္က အေမရိကန္ျပည္ေထာင္စုကို သံတမန္ေရးအရ ပထမဆံုး အသိအမွတ္ျပဳတဲ့ႏိုင္ငံျဖစ္ပါတယ္။ အဲဒီႏွစ္ထဲမွာဘဲ အေမရိကန္ႏိုင္ငံသစ္က သေဘၤာေတြေမာ္ရိုကိုႏိုင္ငံက ဆိပ္ကမ္းေတြမွာ ဆိုက္ကပ္ခြင့္ေပးခဲ့ၿပီး၊ ကုန္သြယ္ေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဆက္သြယ္မႈ အျပင္၊ အေမရိကန္လြတ္ေျမာက္ေရးအတြက္ တိုက္ပြဲဝင္ခဲ့တာကိုလည္း အားေပးေထာက္ခံခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က က်ေနာ္တို႔ရဲ႕ ခ်စ္ၾကည္ေရးက ႀကံ့ႀကံ့ခံႏိုင္ခဲ့ပါတယ္၊ က်ေနာ္တို႔ႏိုင္ငံေတြရဲ႕ ႏိုင္ငံသားေတြအားလံုး၊ သာယာဝေျပာမႈနဲ႔ လံုၿခံဳေရး စိတ္ခ်ရေအာင္၊ အလားအလာေကာင္းေတြအတြက္ တံခါးဖြင့္ေပးႏိုင္ဖို႔ အာရံုစိုက္ေနၾကတာနဲ႔ ပတ္သက္ၿပီး အစၥေရးနဲ႔ ေမာ္ရိုကိုႏိုင္ငံတို႔နဲ႔အတူ ကမၻာကိုေၾကညာ ေမာင္းခတ္လိုက္တာပါဘဲလို႔ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

သမၼတထရမ့္ကလည္း ေမာ္ရိုကိုႏိုင္ငံဟာဆဟာရလြင္ျပင္အေနာက္ပိုင္းနယ္ေျမကို အခ်ဳပ္အျခာအာဏာပိုင္စိုးတယ္ဆိုတာကို အသိအမွတ္ျပဳထားၿပီးျဖစ္ပါတယ္။ ေမာ္ရိုကိုက ဆဟာရလြင္ျပင္အေနာက္ပိုင္းထိနးခ်ဳပ္ေနတာကို အဆံုးသတ္ေရးနဲ႔ အဲဒီေဒသလြတ္လပ္ေရးအတြက္ လႈပ္ရွားေနတဲ့ POLISARIOလို႔ေခၚတဲ့ ေတာ္လွန္ေရးအဖြဲ႔အစည္းနဲ႔ ေမာ္ရိုကိုႏိုင္ငံအၾကား ျပႆနာကို ႏိုင္င့ံေရးအရ ေစ့စပ္ညိွႏိႈင္းျခင္းနဲ႔ သာလ်င္ တခုေသာေျဖရွင္းနည္း ျဖစ္တယ္လို႔ အေမရိကန္ျပည္ေထာင္စုက ဆက္လက္ ယံုၾကည္ပါတယ္။ ဒီေစ့စပ္ညွိႏိႈင္းမႈေတြအေနနဲ႔ ေမာ္ရိုကုိႏိုင္ငံရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အစီအစဥ္ မူေဘာင္အတြင္းကသာ ျဖစ္ထြန္းသင့္တယ္လို႔ ဝန္ႀကီး Pompeo က မွတ္ခ်က္ခ်ပါတယ္။

ေမာ္ရိုကိုႏိုင္ငံမွာ ဘာသာျခားေတြအၾကား အျပန္အလွန္နားလည္ သည္းခံ ေလးစားမႈအတြက္ ႀကိဳးပမ္းမႈဟာ ခ်ီးက်ဴးစရာပါဘဲ။ သမိုင္းအစဥ္အလာအရ လူနည္းစု ဂ်ဴး အသိုင္းအဝိုင္းကို အကာအကြယ္ေပးတာ၊ Marrakech ေၾကညာစာတမ္းလို႔ေခၚတဲ့ အစၥေရးနဲ႔ သေဘာတူညီခ်က္အရ ဘာသာေရးလြတ္လပ္ခြင့္ တိုးတက္ေအာင္ေဆာင္က်ဥ္းေနတာေတြဟာ ေဒသတြင္းနဲ႔ ကမၻာတဝန္းအတြက္ နမူနာေကာင္းတရပ္ ျပသႏိုင္လိုက္တာျဖစ္ပါတယ္။

သမၼာက်မ္းစာမွာ ထင္ထင္ရွားရွား အလင္းျပထားတဲ့အတိုင္း၊ ၿငိမ္းခ်မ္းေရးေဆာင္က်ဥ္းၾကသူေတြဟာ၊ ကိုယ္စိုက္ပိ်ဳ း ခဲ့တဲ့ ၿငိမ္းခ်မ္းေရး အသီးအပြင့္ေတြကို မွန္ကန္သင္ျ့မတ္စြာ ခံစားႏိုင္ၾကမွာျဖစ္တယ္လို႔ ဝန္ႀကီး Pompeo က ဆိုပါတယ္။ အေမရိကန္ျပည္ေထာင္စု၊ အစၥေရးနဲ႔ ေမာ္ရိုကိုႏိုင္ငံတို႔ဟာ ၿငိမ္းခ်မ္းတဲ့၊ ဒီ့ထက္ပိုမို ေကာင္းမြန္တဲ့ ကမၻာႀကီးအျဖစ္၊ ၿငိမ္းခ်မ္းေရးကို ေဆာင္က်ဥ္းေပးလိုက္တာ ျဖစ္ပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာဆိုလိုက္ေၾကာင္းပါ။

............

သမ္မတ Trump ကြားဝင်စေ့စပ်မှုကြောင့် မော်ရိုကို-အစ္စရေးလ် သံတမန်ဆက်ဆံရေးဖြစ်ထွန်းတော့မည်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

သမ္မတ Donald Trump က နောက်ထပ် အရေးပါတဲ့ သဘောတူညီချက်တခုရအောင် ကြားဝင်စေ့စပ်ပေးနိုင်ခဲ့ပါတယ်။ ဒီတခါ စေ့စပ်ပေးခဲ့တာကတော့ မော်ရိုကိုနဲ့ အစ္စရေးနိုင်ငံအကြား သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။လတွေနဲ့ ချီပြီး၊ ဒီလို သဘောတူညီချက်ရအောင် ဆောင်ကျဉ်းပေးခဲ့တာ ဒါဟာ ၄ ကြိမ်မြောက်ဖြစ်ပါတယ်။

အစ္စရေးနဲ့ မော်ရိုကိုနိုင်ငံအကြား လာမယ့်သီတင်းပတ်တွေအတွင်း သံတမန်ဆက်ဆံရေးအပြည့်အဝ အကောင်အထည်ဖေါ်ကြတော့မှာပါ။ဒီသဘောတူညီချက်အရ ၂ နိုင်ငံအကြား လေယာဉ်ခရီးစဉ်တွေ အပြန်အလှန်ပျံသန်းနိုင်ကြမှာပြီး၊ အစ္စရေးနဲ့ မော်ရိုကိုနိုင်ငံက ကုမ္ပဏီတွေလည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။

ဒီသမိုင်းတွင်မယ့်ခြေလှမ်းကတဆင့်၊ မော်ရိုကိုနိုင်ငံအနေနဲ့ အစ္စရေးအပါအဝင် ကမ္ဘာတဝန်းရှိ ဂျူ း လူမျိုးတွေနဲ့ရော၊ မော်ရိုကိုနိုင်ငံက ဂျူး အသိုင်းအဝိုင်းနဲ့ပါ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီသဘောတူညီမှုအရ၊ နှစ်နိုင်ငံ ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ရေးနဲ့ စီးပွာရေးဆက်သွယ်မှု ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်ကြတော့မယ့် တချိန်တည်းမှာဘဲ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေး ပိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။

မော်ရိုကိုနိုင်ငံဟာ ၁၇၇၇ ခုနှစ်က အမေရိကန်ပြည်ထောင်စုကို သံတမန်ရေးအရ ပထမဆုံး အသိအမှတ်ပြုတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီနှစ်ထဲမှာဘဲ အမေရိကန်နိုင်ငံသစ်က သင်္ဘောတွေမော်ရိုကိုနိုင်ငံက ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့်ပေးခဲ့ပြီး၊ ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဆက်သွယ်မှု အပြင်၊ အမေရိကန်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့တာကိုလည်း အားပေးထောက်ခံခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကျနော်တို့ရဲ့ ချစ်ကြည်ရေးက ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်၊ ကျနော်တို့နိုင်ငံတွေရဲ့ နိုင်ငံသားတွေအားလုံး၊ သာယာဝပြောမှုနဲ့ လုံခြုံရေး စိတ်ချရအောင်၊ အလားအလာကောင်းတွေအတွက် တံခါးဖွင့်ပေးနိုင်ဖို့ အာရုံစိုက်နေကြတာနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ မော်ရိုကိုနိုင်ငံတို့နဲ့အတူ ကမ္ဘာကိုကြေညာ မောင်းခတ်လိုက်တာပါဘဲလို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

သမ္မတထရမ့်ကလည်း မော်ရိုကိုနိုင်ငံဟာဆဟာရလွင်ပြင်အနောက်ပိုင်းနယ်မြေကို အချုပ်အခြာအာဏာပိုင်စိုးတယ်ဆိုတာကို အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။ မော်ရိုကိုက ဆဟာရလွင်ပြင်အနောက်ပိုင်းထိနးချုပ်နေတာကို အဆုံးသတ်ရေးနဲ့ အဲဒီဒေသလွတ်လပ်ရေးအတွက် လှုပ်ရှားနေတဲ့ POLISARIOလို့ခေါ်တဲ့ တော်လှန်ရေးအဖွဲ့အစည်းနဲ့ မော်ရိုကိုနိုင်ငံအကြား ပြဿနာကို နိုင်ငံ့ရေးအရ စေ့စပ်ညှိနှိုင်းခြင်းနဲ့ သာလျင် တခုသောဖြေရှင်းနည်း ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ဆက်လက် ယုံကြည်ပါတယ်။ ဒီစေ့စပ်ညှိနှိုင်းမှုတွေအနေနဲ့ မော်ရိုကိုနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အစီအစဉ် မူဘောင်အတွင်းကသာ ဖြစ်ထွန်းသင့်တယ်လို့ ဝန်ကြီး Pompeo က မှတ်ချက်ချပါတယ်။

မော်ရိုကိုနိုင်ငံမှာ ဘာသာခြားတွေအကြား အပြန်အလှန်နားလည် သည်းခံ လေးစားမှုအတွက် ကြိုးပမ်းမှုဟာ ချီးကျူးစရာပါဘဲ။ သမိုင်းအစဉ်အလာအရ လူနည်းစု ဂျူး အသိုင်းအဝိုင်းကို အကာအကွယ်ပေးတာ၊ Marrakech ကြေညာစာတမ်းလို့ခေါ်တဲ့ အစ္စရေးနဲ့ သဘောတူညီချက်အရ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်အောင်ဆောင်ကျဉ်းနေတာတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာတဝန်းအတွက် နမူနာကောင်းတရပ် ပြသနိုင်လိုက်တာဖြစ်ပါတယ်။

သမ္မာကျမ်းစာမှာ ထင်ထင်ရှားရှား အလင်းပြထားတဲ့အတိုင်း၊ ငြိမ်းချမ်းရေးဆောင်ကျဉ်းကြသူတွေဟာ၊ ကိုယ်စိုက်ပျို း ခဲ့တဲ့ ငြိမ်းချမ်းရေး အသီးအပွင့်တွေကို မှန်ကန်သင်ြ့မတ်စွာ ခံစားနိုင်ကြမှာဖြစ်တယ်လို့ ဝန်ကြီး Pompeo က ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနဲ့ မော်ရိုကိုနိုင်ငံတို့ဟာ ငြိမ်းချမ်းတဲ့၊ ဒီ့ထက်ပိုမို ကောင်းမွန်တဲ့ ကမ္ဘာကြီးအဖြစ်၊ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးလိုက်တာ ဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG