Accessibility links

Breaking News

ဂ်နီဗာ အမ်ားဆႏၵ ေၾကညာစာတမ္းမွာ အေမရိကန္လက္မွတ္ေရးထုိး ပါ၀င္ 


geneva consensus declaration

(Zawgyi/Unicode)
အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ ျပည္ေထာင္စုက THE GENEVA CONSENSUS DECLARATION လို႔ေခၚတဲ့ ဂ်နီဗာ အမ်ားဆႏၵ ေၾကညာစာတမ္းကို ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာ ၂၂ ရက္ေန႔မွာ လက္မွတ္ေရးထိုးလိုက္ပါတယ္။

ဥေယ်ာဇဥ္နိဒါန္းမွာ ေဖာ္ျပထားတဲ့အတိုင္း အဲဒီ ေၾကညာစာတမ္းက အမ်ိဳးသမီးေတြရဲ့ က်န္းမာေရး အျမင့္မားဆုံးရရွိခြင့္ကို ရွာႀကံေနတာပါ။ မိသားစုစိတ္ဓါတ္အင္အား နဲ႔ ေအာင္ျမင္ျဖစ္ထြန္းတဲ့ လူမႈ အသိုက္အဝိုင္း ျဖစ္ေပၚေအာင္ အမ်ိဳးသမီးေတြက ပံပိုးေပးေနမႈကို ေၾကညာစာတမ္းမွာ ေဖာ္ျပထားပါတယ္။ ဒီ ေၾကညာ စာတမ္းကို ေလာေလာဆယ္ ၃၃ နိုင္ငံက လတ္မွတ္ ေရးထိုး ထားတာေၾကာင့္ ကမၻာ့ေဒသတိုင္းက လူဦးေရ ၁.၆ ဘီလီယံကို ကိုယ္စားျပဳေနပါတယ္။

ဒီ ေၾကညာစာတမ္းက ဥပေဒရဲ့ ေရွ႕ေမွာက္မွာ လူတိုင္း အတူတူပဲဆိုတာနဲ႔ အေျခခံ လြတ္လပ္ခြင့္နဲ႔ လူ႔အခြင့္အေရးေတြကို အမ်ိဳးသမီးေတြလည္း မျဖစ္ မေန ခံစားခြင့္ရွိတယ္ ဆိုတာကို ထပ္ေလာင္း အတည္ျပဳထားပါတယ္။

က်န္းမာေရး ဝန္ေဆာင္မႈကို လူတိုင္း ရရွိဖို႔က ေရရွည္တည္တံ့ ဖြံ့ၿဖိဳးေရး ပန္းတိုင္ ရရွိေရးမွာ အေျခခံက်တာကိုလည္း အဲဒီ ေၾကညာ စာတမ္း မွာ အသိအမွတ္ျပဳ ေဖာ္ျပထားပါတယ္။

သေႏၶသား ဖ်က္ခ်ခြင့္ဆိုင္ရာ နိုင္ငံတကာ အခြင့္အေရး မရွိဘူး ဆိုတာကို ေၾကညာစာတမ္းမွာ ေဖာ္ျပထားသလို သေႏၶသား ဖ်က္ခ်ရာမွာ သက္ဆိုင္ ရာနိုင္ငံေတြက ေငြေၾကး အေထာက္ အပံ့ေပးဖို႔ တာဝန္ မရွိဘူးလို႔လည္း ေၾကညာစာတမ္းက ေျပာပါတယ္။ ဒါက နိုင္ငံတိုင္းမွာ ကိုယ္ပိုင္ အခ်ဳပ္အျခာ အာဏာ ရွိတယ္ဆိုတဲ့ နိုင္ငံတကာ သေဘာတူညီခ်က္နဲ႔လည္း ကိုက္ညီေနပါတယ္။

“သမၼတ ထရမ့္ရဲ့ ဦးေဆာင္မႈေအာက္မွာ လူ႔အသက္ရွင္ခြင့္ဆိုတာကို အေမရိကန္ ျပည္ေထာင္စုက ေနရာတိုင္းမွာ အျမဲဆိုသလို အကာအကြယ္ ေပးခဲ့ေၾကာင္း၊ သမိုင္းမွာ ဘယ္သမၼတကမွ သူလုပ္ေဆာင္သလို မလုပ္ေဆာင္ခဲ့ေၾကာင္း၊ သေႏၶသား ဖ်က္ခ်တဲ့ အစီအမံေတြ လုပ္ေဆာင္တဲ့ အစိုးရ မဟုတ္တဲ့ ဘယ္ နိုင္ငံျခား အဖြဲ႕အစည္းကိုမွ လက္ရွိ အစိုးရက ေငြေၾကး ေထာက္ပံ့ေပးမွာ မဟုတ္ေၾကာင္း” နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo က ေၾကညာ စာတမ္းကို လက္မွတ္ ေရးထိုးခ်ိန္မွာ ေျပာပါတယ္။

"ဒီ ေၾကညာစာတမ္းဟာ အမ်ိဳးသမီးေတြရဲ့ က်န္းမာေရး၊ မိသားစုနဲ႔ လူ႔အသက္ကို ဂုဏ္ယူတန္ဖိုးထားမႈနဲ႔ အမ်ိဳးသား အခ်ဳပ္အျခာအာဏာကို ကာကြယ္ ထားတာကို ရွင္းရွင္းလင္းလင္းႀကီး ေဖာ္ျပထားတယ္"လို႔လည္း အေမရိကန္ က်န္းမာေရး ဝန္ႀကီး Alex Azer က ေျပာပါတယ္။

ဒါ့အျပင္၊ ဒီ ေၾကညာစာတမ္းက ဘာသာတရား ယုံၾကည္မႈေတြအတြက္ ထုတ္ျပန္တဲ့ ေၾကညာခ်က္တစ္ခုထက္ ပိုပါတယ္။ ကုလသမဂၢနဲ႔ တျခား နိုင္ငံ ေပါင္းစုံ မ်က္ႏွာစာမွာ ဒီ မူႀကီးေတြကို ကာကြယ္ဖို႔အတြက္ ဒီေၾကညာစာတမ္းက သိပ္ အသုံးဝင္ပါတယ္လို႔လည္း က်န္းမာေရး ဝန္ႀကီး Alex Azer က ေျပာပါတယ္။

.........

ဂျီနီဗာ အများဆန္ဒ ကြေညာစာတမ်းမှာ အမေရိကန်လက်မှတ်ရေးထိုး ပါဝင်
(Unicode)
အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန် ပြည်ထောင်စုက THE GENEVA CONSENSUS DECLARATION လို့ခေါ်တဲ့ ဂျီနီဗာ အများဆန္ဒ ကြေညာစာတမ်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဥယျောဇဉ်နိဒါန်းမှာ ဖော်ပြထားတဲ့အတိုင်း အဲဒီ ကြေညာစာတမ်းက အမျိုးသမီးတွေရဲ့ ကျန်းမာရေး အမြင့်မားဆုံးရရှိခွင့်ကို ရှာကြံနေတာပါ။ မိသားစုစိတ်ဓါတ်အင်အား နဲ့ အောင်မြင်ဖြစ်ထွန်းတဲ့ လူမှု အသိုက်အဝိုင်း ဖြစ်ပေါ်အောင် အမျိုးသမီးတွေက ပံပိုးပေးနေမှုကို ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။ ဒီ ကြေညာ စာတမ်းကို လောလောဆယ် ၃၃ နိုင်ငံက လတ်မှတ် ရေးထိုး ထားတာကြောင့် ကမ္ဘာ့ဒေသတိုင်းက လူဦးရေ ၁.၆ ဘီလီယံကို ကိုယ်စားပြုနေပါတယ်။

ဒီ ကြေညာစာတမ်းက ဥပဒေရဲ့ ရှေ့မှောက်မှာ လူတိုင်း အတူတူပဲဆိုတာနဲ့ အခြေခံ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို အမျိုးသမီးတွေလည်း မဖြစ် မနေ ခံစားခွင့်ရှိတယ် ဆိုတာကို ထပ်လောင်း အတည်ပြုထားပါတယ်။

ကျန်းမာရေး ဝန်ဆောင်မှုကို လူတိုင်း ရရှိဖို့က ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး ပန်းတိုင် ရရှိရေးမှာ အခြေခံကျတာကိုလည်း အဲဒီ ကြေညာ စာတမ်း မှာ အသိအမှတ်ပြု ဖော်ပြထားပါတယ်။

သန္ဓေသား ဖျက်ချခွင့်ဆိုင်ရာ နိုင်ငံတကာ အခွင့်အရေး မရှိဘူး ဆိုတာကို ကြေညာစာတမ်းမှာ ဖော်ပြထားသလို သန္ဓေသား ဖျက်ချရာမှာ သက်ဆိုင် ရာနိုင်ငံတွေက ငွေကြေး အထောက် အပံ့ပေးဖို့ တာဝန် မရှိဘူးလို့လည်း ကြေညာစာတမ်းက ပြောပါတယ်။ ဒါက နိုင်ငံတိုင်းမှာ ကိုယ်ပိုင် အချုပ်အခြာ အာဏာ ရှိတယ်ဆိုတဲ့ နိုင်ငံတကာ သဘောတူညီချက်နဲ့လည်း ကိုက်ညီနေပါတယ်။

“သမ္မတ ထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ လူ့အသက်ရှင်ခွင့်ဆိုတာကို အမေရိကန် ပြည်ထောင်စုက နေရာတိုင်းမှာ အမြဲဆိုသလို အကာအကွယ် ပေးခဲ့ကြောင်း၊ သမိုင်းမှာ ဘယ်သမ္မတကမှ သူလုပ်ဆောင်သလို မလုပ်ဆောင်ခဲ့ကြောင်း၊ သန္ဓေသား ဖျက်ချတဲ့ အစီအမံတွေ လုပ်ဆောင်တဲ့ အစိုးရ မဟုတ်တဲ့ ဘယ် နိုင်ငံခြား အဖွဲ့အစည်းကိုမှ လက်ရှိ အစိုးရက ငွေကြေး ထောက်ပံ့ပေးမှာ မဟုတ်ကြောင်း” နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ကြေညာ စာတမ်းကို လက်မှတ် ရေးထိုးချိန်မှာ ပြောပါတယ်။

"ဒီ ကြေညာစာတမ်းဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ မိသားစုနဲ့ လူ့အသက်ကို ဂုဏ်ယူတန်ဖိုးထားမှုနဲ့ အမျိုးသား အချုပ်အခြာအာဏာကို ကာကွယ် ထားတာကို ရှင်းရှင်းလင်းလင်းကြီး ဖော်ပြထားတယ်"လို့လည်း အမေရိကန် ကျန်းမာရေး ဝန်ကြီး Alex Azer က ပြောပါတယ်။

ဒါ့အပြင်၊ ဒီ ကြေညာစာတမ်းက ဘာသာတရား ယုံကြည်မှုတွေအတွက် ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုထက် ပိုပါတယ်။ ကုလသမဂ္ဂနဲ့ တခြား နိုင်ငံ ပေါင်းစုံ မျက်နှာစာမှာ ဒီ မူကြီးတွေကို ကာကွယ်ဖို့အတွက် ဒီကြေညာစာတမ်းက သိပ် အသုံးဝင်ပါတယ်လို့လည်း ကျန်းမာရေး ဝန်ကြီး Alex Azer က ပြောပါတယ်။

XS
SM
MD
LG