Accessibility links

Breaking News

အေရွ႕အလယ္ပုိင္းေဒသၿငိမ္းခ်မ္းေရးအေပၚ ကန္ ယုံၾကည္မႈရွိ


အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ႏွင့္ ဇနီး Tel-Aviv ကိုေရာက္စဥ္
အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ႏွင့္ ဇနီး Tel-Aviv ကိုေရာက္စဥ္

(Zawgyi/Unicode)
အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေရွ႕အလယ္ပိုင္းေဒသကို အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo မၾကာေသးခင္က သြားေရာက္ခဲ့တဲ့ ခရီးစဥ္မွာ အေၾကာင္းအရာ ၂ ရပ္ ေပၚထြက္ခဲ့ပါတယ္။

ပထမအေၾကာင္းအရာကေတာ့ ဘာရိမ္း၊ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု (ယူေအအီး) နဲ႔ ဆူဒန္နိုင္ငံတို႔လို႔ပဲ ေဒသတြင္း က နိုင္ငံေတြက Abraham Accord လို႔ေခၚတဲ့ သေဘာတူစာခ်ဳပ္ထဲ ပူးေပါင္း ပါဝင္ၿပီး အစၥေရးလ္နဲ႔ သံတမန္ ဆက္သြယ္မယ္ဆိုတဲ့ ယုံၾကည္မႈေတြ မ်ားျပားလာတာပဲ ျဖစ္ပါတယ္။

ဒုတိယအေၾကာင္းအရာကေတာ့ ရန္လိုတဲ့ အီရန္အစိုးရရဲ့ ၿခိမ္းေျခာက္မႈ အႏၲရာယ္ ရွိေနတယ္ဆိုတာကို ေဒသတြင္း နိုင္ငံေတြ က တစ္သေဘာတည္း အသိအမွတ္ျပဳထားတာ ျဖစ္ပါတယ္။

ေဂ်႐ုဆလင္ၿမိဳ႕မွာ အစၥေရးလ္ ဝန္ႀကီးခ်ဳပ္ Benjamin Netanyahu နဲ႔ ဘာရိမ္း နိုင္ငံျခားေရး ဝန္ႀကီး Abdullatif bin Rashid Al Zayani တို႔နဲ႔အတူ မေတြ႕ဆုံခင္မွာ ဝန္ႀကီး Pompeo က ဒီသေဘာတူ စာခ်ဳပ္ေတြ အေရးပါရတဲ့ အေၾကာင္းရင္း အမ်ားအျပားရွိၿပီး တစ္ကမၻာ လုံးအတြက္အေရးႀကီးတယ္လို႔ ေျပာပါတယ္။ ဒီ သေဘာတူညီခ်က္ေတြက ကူးသန္းေရာင္းဝယ္ေရးနဲ႔ စီးပြားေရးဖြံ့ၿဖိဳးတိုးတက္ ဖို႔အတြက္ အခြင့္အလမ္းေတြ ဖြင့္ေပးေနေၾကာင္း၊ ဒါ့အျပင္ အီရန္လို အႏၲရာယ္ရွိတဲ့နိုင္ငံေတြ ရဲ့ ဩဇာအာဏာ ေဒသတြင္းမွာ က်ဆင္းေနတယ္ဆိုတာကိုလည္း ေထာက္ ျပေနေၾကာင္း၊ အီရန္တို႔ ပိုလို႔ အထီးက်န္ေန သလို ဦးတည္ခ်က္ မေျပာင္းဘူးဆိုရင္ ထာဝရ အထီးက်န္သြားမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

နိုင္ငံ ႀကီးပြားတိုးတက္ေရးနဲ႔ လုံျခဳံေရးအရ လုပ္သင့္လုပ္ထိုက္တဲ့ အရာျဖစ္တာေၾကာင့္ ေဒသတြင္း နိုင္ငံေတြ အေနနဲ႔ သင့္ေလ်ာ္တဲ့ အခ်ိန္အခါကို ေရြးၿပီး Abraham Accords စာခ်ဳပ္မွာ ပါဝင္ခ်ဳပ္ဆိုလာမယ္လို႔လည္း ဝန္ႀကီး Pompeo က အဘူဒါဘီၿမိဳ႕မွာ Al-Arabiya ႐ုပ္သံနဲ႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။

အရင္တုန္းကေတာ့ အစၥေရးလ္နဲ႔ ပါလက္စတိုင္းတို႔ ျပႆနာ ေျပလည္မွ ၿငိမ္းခ်မ္းေရး ရနိုင္မယ္လို႔ ယုံၾကည္ ခဲ့ၾကေၾကာင္း၊ ဒါက အေျခခံကိုက မွားယြင္းေနၿပီး အရွိတရားကို မျမင္ခဲ့ၾကေၾကာင္း၊ တကယ့္ အရွိတရားက ပင္လယ္ေကြ႕နိုင္ငံေတြနဲ႔ အစၥေရးလ္နိုင္ငံတို႔မွာ အီရန္ဆိုတဲ့ ဘုံအႏၲရာယ္ ရွိေနတာျဖစ္ေၾကာင္းလည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

အဘူဒါဘီၿမိဳ႕မွာပဲ National Review မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာေတာ့ ဝန္ႀကီး Pompeo က အစၥေရးလ္ - ပါလက္စတိုင္းကိစၥ အေရးႀကီးေၾကာင္း အေလးထား ေျပာခဲ့ေပမဲ့လည္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈ တိုးတက္ ေစေရးမွာ ပဋိပကၡတစ္ခုကို ႀကိဳတင္သတ္မွတ္ခ်က္လိုထားခဲ့တာ ႏွစ္ ၄၀ ၾကာခဲ့ၿပီျဖစ္လို႔ ဒါကို ဆက္ၿပီး ခြင့္မျပဳနိုင္ေတာ့ဘူးလို႔ ေျပာပါတယ္။
Abraham Accords က အေရွ႕အလယ္ပိုင္း အနာဂတ္အတြက္ လမ္းညႊန္ရာ အမွတ္အသားတစ္ခု ျဖစ္တယ္လို႔လည္း ဝန္ႀကီး Pompeo က တင္စားေျပာၾကားလိုက္ပါတယ္။
ဒီ သေဘာတူညီခ်က္ရဖို႔ အေမရိကန္တို႔ရဲ့ ေခါင္းေဆာင္မႈနဲ႔ ထိေတြ႕ဆက္ဆံမႈေတြ လိုအပ္ခဲ့ၿပီး ဒီလို ျဖစ္ေအာင္ လုပ္နိုင္တဲ့အခါမွာေတာ့ အေမရိကန္နိုင္ငံဟာ အေရွ႕အလယ္ပိုင္း အပါအဝင္ တစ္ကမၻာလုံးအတြက္ အင္အားစု ျဖစ္ေၾကာင္းလည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

တျခားနိုင္ငံေတြလည္း ကၽြန္ေတာ္တို႔ရဲ့အတူ ပူးေပါင္းၿပီး နိုင္ငံ ႀကီးပြားေရးအတြက္ အစၥေရးလ္နိုင္ငံကို မိတ္ဖက္ အျဖစ္ ေရြးခ်ယ္တာမ်ိဳးလို မွန္ကန္တဲ့ ေရြးခ်ယ္မႈေတြ လုပ္လာလိမ့္မယ္လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

...................

အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအပေါ် ကန် ယုံကြည်မှုရှိ
(Unicode)
အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အရှေ့အလယ်ပိုင်းဒေသကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မကြာသေးခင်က သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ အကြောင်းအရာ ၂ ရပ် ပေါ်ထွက်ခဲ့ပါတယ်။

ပထမအကြောင်းအရာကတော့ ဘာရိမ်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နဲ့ ဆူဒန်နိုင်ငံတို့လို့ပဲ ဒေသတွင်း က နိုင်ငံတွေက Abraham Accord လို့ခေါ်တဲ့ သဘောတူစာချုပ်ထဲ ပူးပေါင်း ပါဝင်ပြီး အစ္စရေးလ်နဲ့ သံတမန် ဆက်သွယ်မယ်ဆိုတဲ့ ယုံကြည်မှုတွေ များပြားလာတာပဲ ဖြစ်ပါတယ်။

ဒုတိယအကြောင်းအရာကတော့ ရန်လိုတဲ့ အီရန်အစိုးရရဲ့ ခြိမ်းခြောက်မှု အန္တရာယ် ရှိနေတယ်ဆိုတာကို ဒေသတွင်း နိုင်ငံတွေ က တစ်သဘောတည်း အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

ဂျေရုဆလင်မြို့မှာ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဘာရိမ်း နိုင်ငံခြားရေး ဝန်ကြီး Abdullatif bin Rashid Al Zayani တို့နဲ့အတူ မတွေ့ဆုံခင်မှာ ဝန်ကြီး Pompeo က ဒီသဘောတူ စာချုပ်တွေ အရေးပါရတဲ့ အကြောင်းရင်း အများအပြားရှိပြီး တစ်ကမ္ဘာ လုံးအတွက်အရေးကြီးတယ်လို့ ပြောပါတယ်။ ဒီ သဘောတူညီချက်တွေက ကူးသန်းရောင်းဝယ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် ဖို့အတွက် အခွင့်အလမ်းတွေ ဖွင့်ပေးနေကြောင်း၊ ဒါ့အပြင် အီရန်လို အန္တရာယ်ရှိတဲ့နိုင်ငံတွေ ရဲ့ ဩဇာအာဏာ ဒေသတွင်းမှာ ကျဆင်းနေတယ်ဆိုတာကိုလည်း ထောက် ပြနေကြောင်း၊ အီရန်တို့ ပိုလို့ အထီးကျန်နေ သလို ဦးတည်ချက် မပြောင်းဘူးဆိုရင် ထာဝရ အထီးကျန်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

နိုင်ငံ ကြီးပွားတိုးတက်ရေးနဲ့ လုံခြုံရေးအရ လုပ်သင့်လုပ်ထိုက်တဲ့ အရာဖြစ်တာကြောင့် ဒေသတွင်း နိုင်ငံတွေ အနေနဲ့ သင့်လျော်တဲ့ အချိန်အခါကို ရွေးပြီး Abraham Accords စာချုပ်မှာ ပါဝင်ချုပ်ဆိုလာမယ်လို့လည်း ဝန်ကြီး Pompeo က အဘူဒါဘီမြို့မှာ Al-Arabiya ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အရင်တုန်းကတော့ အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ ပြဿနာ ပြေလည်မှ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ယုံကြည် ခဲ့ကြကြောင်း၊ ဒါက အခြေခံကိုက မှားယွင်းနေပြီး အရှိတရားကို မမြင်ခဲ့ကြကြောင်း၊ တကယ့် အရှိတရားက ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အစ္စရေးလ်နိုင်ငံတို့မှာ အီရန်ဆိုတဲ့ ဘုံအန္တရာယ် ရှိနေတာဖြစ်ကြောင်းလည်း ဝန်ကြီး Pompeo က ပြောပါတယ်။

အဘူဒါဘီမြို့မှာပဲ National Review မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ ဝန်ကြီး Pompeo က အစ္စရေးလ် - ပါလက်စတိုင်းကိစ္စ အရေးကြီးကြောင်း အလေးထား ပြောခဲ့ပေမဲ့လည်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု တိုးတက် စေရေးမှာ ပဋိပက္ခတစ်ခုကို ကြိုတင်သတ်မှတ်ချက်လိုထားခဲ့တာ နှစ် ၄၀ ကြာခဲ့ပြီဖြစ်လို့ ဒါကို ဆက်ပြီး ခွင့်မပြုနိုင်တော့ဘူးလို့ ပြောပါတယ်။
Abraham Accords က အရှေ့အလယ်ပိုင်း အနာဂတ်အတွက် လမ်းညွှန်ရာ အမှတ်အသားတစ်ခု ဖြစ်တယ်လို့လည်း ဝန်ကြီး Pompeo က တင်စားပြောကြားလိုက်ပါတယ်။
ဒီ သဘောတူညီချက်ရဖို့ အမေရိကန်တို့ရဲ့ ခေါင်းဆောင်မှုနဲ့ ထိတွေ့ဆက်ဆံမှုတွေ လိုအပ်ခဲ့ပြီး ဒီလို ဖြစ်အောင် လုပ်နိုင်တဲ့အခါမှာတော့ အမေရိကန်နိုင်ငံဟာ အရှေ့အလယ်ပိုင်း အပါအဝင် တစ်ကမ္ဘာလုံးအတွက် အင်အားစု ဖြစ်ကြောင်းလည်း ဝန်ကြီး Pompeo က ပြောပါတယ်။

တခြားနိုင်ငံတွေလည်း ကျွန်တော်တို့ရဲ့အတူ ပူးပေါင်းပြီး နိုင်ငံ ကြီးပွားရေးအတွက် အစ္စရေးလ်နိုင်ငံကို မိတ်ဖက် အဖြစ် ရွေးချယ်တာမျိုးလို မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်လာလိမ့်မယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

XS
SM
MD
LG