Accessibility links

Breaking News

HIV/AIDS ထိန္းခ်ဳပ္ေရး အေမရိကန္ရဲ႕ ထိေရာက္တဲ႔ ပံ႔ပိုးကူညီမႈ


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

လူထုအၾကား AIDS ကပ္ေရာဂါအေၾကာင္း သိမွတ္ဖြယ္ရာ ပညာေပးဖို႔နဲ႔ ဒီေရာဂါနဲ႔ ကြယ္လြန္ခဲ့ၾကသူေတြအတြက္ ဝမ္းနည္းတဲ့အထိမ္းအမွတ္အျဖစ္ ႏွစ္စဥ္ ဒီဇင္ဘာလ ၁ ရက္ေန႔ကို ကမၻာ့ AIDS ေန႔အျဖစ္ သတ္မွတ္ထားပါတယ္။ဒီႏွစ္အတြက္ေတာ့ HIV/AIDS ကူးစက္ေရာဂါ ပေပ်ာက္ေရးအတြက္ ႀကံ့ႀကံ့ခံႏိုင္စြမ္းနဲ႔ အက်ိဳးသက္ေရာက္မႈ ဆိုတဲ့ ေခါင္းစဥ္နဲ႔ က်င္းပဖို႔ေရြးခ်ယ္ခဲ့ပါတယ္။

သကၠရာဇ္ ၂၀၀၀ ျပည့္နွစ္တုန္းက ကုလသမဂၢအဖြဲ႔ႀကီးက ခ်မွတ္ခဲ့တဲ့ Millennium ေထာင္ျပည့္ႏွစ္ဖြံ႔ၿဖိဳးမႈ ရည္မွန္းခ်က္နဲ႔အတူ၊ ႏွစ္စဥ္ ကမၻာ့ AIDS အထိမ္းအမွတ္ေန႔ေတြကို က်င္းပခဲ့ရာမွာ၊ ကမၻာတဝန္း HIV ေဝဒနာရွင္ေတြ လိုအပ္ေနတဲ့၊ ကုသမႈေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ေဆာင္ရြက္ႏိုင္ခဲ့သလို၊ လူထူအၾကား အသိပညာျပန္႔ပြားမႈ တိုးတက္လာခဲ့ပါတယ္။

၂၀၀၃ ခုႏွစ္၊ သမၼတ George W. Bush အစိုးရလက္ထက္မွာ PEPFAR လို႔ေခၚတဲ့ အေမရိကန္သမၼတရဲ႕ AIDS ကယ္ဆယ္ေရးအေရးေပၚ ရန္ပံုေငြ အစီအစဥ္ ထူေထာင္ခဲ့ၿပီး၊ ႏိုင္ငံတကာ အတိုင္းအတာနဲ႕ ဘယ္ႏိုင္ငံမွာမဆို ဒီေရာဂါတခုတည္းကို တိုက္ဖ်က္ဖို႔အတြက္ အတတ္ႏိုင္ဆံုး ပံ့ပိုးဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္။အဲဒီအခ်ိန္ကစၿပီး ပါတီႀကီး ၂ ရပ္စလံုးက ဒီဆံုးျဖတ္ခ်က္ကို အခိုင္အမာေထာက္ခံခဲ့ၾကတာ ဒီကေန႔အထိပါဘဲ။

ဒီကေန႔ ကမၻာတဝန္းမွာ AIDS ေဝဒနာသည္ ၃၈ သန္းခန္႔ရွိပါတယ္။ ဒီႏွစ္ ၂၀၂၀ ဇြန္လအထိ စာရင္းအရ၊ အဲဒီေရာဂါသည္ ၃၈ သန္း အနက္ ၆၈% ဟာ အသက္ကယ္ကုထံုး Antiretroviral နဲ႔ ကုသမႈခံယူေနၾကပါတယ္။ေရာဂါသည္ အေရအတြက္မ်ားေနတယ္လို႔ထင္ရေပမဲ့လည္း၊ AIDS နဲ႔ ဆက္စပ္တဲ့ ေသဆံုးမႈႏႈန္းဟာ ၂၀၀၄ ခုနွစ္က အမ်ားဆံုးေသဆံုးမႈႏႈန္းနဲ႔ စာလ်င္ ၆၀% ေလ်ာ့က်သြားၿပီး၊ ကူးစက္မႈအသစ္ႏႈန္းကလည္း ၁၉၉၇ ခုႏွစ္ထက္ ၄၀% ေလ်ာ့သြားတယ္လို႔ UNAIDS ကုလသမဂၢ AIDS ဆိုင္ရာဌာနက မွတ္တမ္းတင္ထားပါတယ္။

ဒီ AIDS ေရာဂါထိန္းခ်ဳပ္ႏိုင္တဲ့ေအာင္ျမင္မႈအမ်ားစုဟာ PEPFAR ေခၚ အေမရိကန္သမၼတ အေရးေပၚရန္ပံုေငြအစီအစဥ္ ပံ့ပိုးမႈကတဆင့္၊ အေမရိကန္အစိုးရက ကူညီႏိုင္ခဲ့လို႔ျဖစ္ပါတယ္။PEPFAR အစီအစဥ္အေကာင္အထည္ေဖၚခဲ့ၿပီး ၁၈ ႏွစ္နီးပါးကာလအတြင္း၊ လူဦးေရ သန္း ၂၀ ရဲ႕ အသက္ကို ကယ္တင္ႏိုင္ခဲ့သလို၊ ေနာက္ထပ္ သန္းေပါင္းမ်ားစြာေသာ လူေတြ HIV virus ပိုးမကူးစက္ေအာင္ ကာကြယ္ႏိုင္ခဲ့ပါတယ္။

PEPFAR အစီအစဥ္အေနနဲ႔ ႏိုင္ငံေပါင္း ၅၀ ေက်ာ္နဲ႔အတူ ပူးေပါင္းေဆာင္ရြက္ၿပီး၊ အဲဒီႏိုင္ငံေတြမွာ HIV/AIDS ကူးစက္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ေအာင္ ကူညီေထာက္ပံ့ႏိုင္ခဲ့ပါတယ္။

ဒီနွစ္ စက္တင္ဘာလ ၃၀ ရက္ေန႔အထိ၊ PEPFAR အေရးေပၚရန္ပံုေငြအစီအစဥ္ကေန၊ အသက္ကယ္ Antiretroviral ေဆးနဲ႔ ခန္႔မွန္းေျခ လူဦးေရ ၁၇.၂ သန္းနီးပါးကို ကုသေပးႏိုင္ခဲ့ပါတယ္။ HIV ကူးစက္ေနသူမိခင္ေတြကေမြးတဲ့ ေမြးကင္းစကေလး ၂.၈ သန္းဟာလည္း HIV ပိုးကင္းစင္စြာ ေမြးဖြားႏိုင္ခဲ့ပါတယ္။HIV/AIDS ေၾကာင့္ မိဘမဲ့ဘဝေရာက္သူေတြ၊ ထိခိုက္လြယ္တဲ့ကေလးေတြနဲ႕ သူတို႔ကို ထိန္းေက်ာင္းေပးေနရတဲ့သူ စုစုေပါင္း ၆.၇ သန္းကိုလည္း ပံ့ပိုးနိုင္ခဲ့ပါတယ္။

ဒီနွစ္ COVID-19 ကပ္ေရာဂါကေတာ့၊ ကမၻာတဝန္း HIV/AIDS ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ အထူး စိန္ေခၚေနတဲ့ ျပႆနာျဖစ္ပါတယ္။ဒါေပမဲ့ မိတ္ဖက္ႏိုင္ငံေတြကေတာ့ အေမရိကန္ရဲ႕ PEPFAR အေရးေပၚအစီအစဥ္ရဲ႕ ပံ့ပိုးမႈနဲ႕ ဓါတ္ခြဲခန္းေတြ၊ ေဆးပစၥည္း ေထာက္ပ့ံေရးလမ္းေၾကာင္းေတြ အသံုးခ်ၿပီး COVID-19 ကပ္ေရာဂါတုန္႔ျပန္ေရးကို ပိုၿပီး အားျဖည့္ႏိုင္ခဲ့သလို၊ HIV/AIDS ကာကြယ္ကုသေရး မေႏွာင့္ေႏွးရေအာင္ ေဆာင္ရြက္ႏိုင္ခဲ့ၾကပါတယ္။

သမၼတရဲ႕ AIDS ကယ္ဆယ္ေရး အေရးေပၚအစီအစဥ္ကတဆင့္၊ ကမၻာတဝန္း HIV/AIDS ေရာဂါကာကြယ္ကုသေရးမွာ အေမရိကန္ရဲ႔ေခါင္းေဆာင္မႈက ျပတ္သား၊ ခိုင္မာေနဆဲျဖစ္ေၾကာင္းနဲ႕အသိုင္းအဝိုင္းတခုခ်င္းဆီကေနတဆင့္၊ HIV/AIDS ကပ္ေရာဂါ အၾကပ္အတည္းကို၊ထိန္းခ်ဳပ္ႏိုင္တဲ့အဆင့္အထိ ေျပာင္းလဲသြားေအာင္ ဒီႀကိဳးပမ္းမႈေတြက စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္လို႔ အေမရိကန္သမၼတ Donald Trump ကေျပာဆိုလိုက္ေၾကာင္းပါ။

................

HIV/AIDS ထိန်းချုပ်ရေး အမေရိကန်ရဲ့ ထိရောက်တဲ့ ပံ့ပိုးကူညီမှု

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

လူထုအကြား AIDS ကပ်ရောဂါအကြောင်း သိမှတ်ဖွယ်ရာ ပညာပေးဖို့နဲ့ ဒီရောဂါနဲ့ ကွယ်လွန်ခဲ့ကြသူတွေအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်အဖြစ် နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ AIDS နေ့အဖြစ် သတ်မှတ်ထားပါတယ်။ဒီနှစ်အတွက်တော့ HIV/AIDS ကူးစက်ရောဂါ ပပျောက်ရေးအတွက် ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ အကျိုးသက်ရောက်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပဖို့ရွေးချယ်ခဲ့ပါတယ်။

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တုန်းက ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ခဲ့တဲ့ Millennium ထောင်ပြည့်နှစ်ဖွံ့ဖြိုးမှု ရည်မှန်းချက်နဲ့အတူ၊ နှစ်စဉ် ကမ္ဘာ့ AIDS အထိမ်းအမှတ်နေ့တွေကို ကျင်းပခဲ့ရာမှာ၊ ကမ္ဘာတဝန်း HIV ဝေဒနာရှင်တွေ လိုအပ်နေတဲ့၊ ကုသမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခဲ့သလို၊ လူထူအကြား အသိပညာပြန့်ပွားမှု တိုးတက်လာခဲ့ပါတယ်။

၂၀၀၃ ခုနှစ်၊ သမ္မတ George W. Bush အစိုးရလက်ထက်မှာ PEPFAR လို့ခေါ်တဲ့ အမေရိကန်သမ္မတရဲ့ AIDS ကယ်ဆယ်ရေးအရေးပေါ် ရန်ပုံငွေ အစီအစဉ် ထူထောင်ခဲ့ပြီး၊ နိုင်ငံတကာ အတိုင်းအတာနဲ့ ဘယ်နိုင်ငံမှာမဆို ဒီရောဂါတခုတည်းကို တိုက်ဖျက်ဖို့အတွက် အတတ်နိုင်ဆုံး ပံ့ပိုးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။အဲဒီအချိန်ကစပြီး ပါတီကြီး ၂ ရပ်စလုံးက ဒီဆုံးဖြတ်ချက်ကို အခိုင်အမာထောက်ခံခဲ့ကြတာ ဒီကနေ့အထိပါဘဲ။

ဒီကနေ့ ကမ္ဘာတဝန်းမှာ AIDS ဝေဒနာသည် ၃၈ သန်းခန့်ရှိပါတယ်။ ဒီနှစ် ၂၀၂၀ ဇွန်လအထိ စာရင်းအရ၊ အဲဒီရောဂါသည် ၃၈ သန်း အနက် ၆၈% ဟာ အသက်ကယ်ကုထုံး Antiretroviral နဲ့ ကုသမှုခံယူနေကြပါတယ်။ရောဂါသည် အရေအတွက်များနေတယ်လို့ထင်ရပေမဲ့လည်း၊ AIDS နဲ့ ဆက်စပ်တဲ့ သေဆုံးမှုနှုန်းဟာ ၂၀၀၄ ခုနှစ်က အများဆုံးသေဆုံးမှုနှုန်းနဲ့ စာလျင် ၆၀% လျော့ကျသွားပြီး၊ ကူးစက်မှုအသစ်နှုန်းကလည်း ၁၉၉၇ ခုနှစ်ထက် ၄၀% လျော့သွားတယ်လို့ UNAIDS ကုလသမဂ္ဂ AIDS ဆိုင်ရာဌာနက မှတ်တမ်းတင်ထားပါတယ်။

ဒီ AIDS ရောဂါထိန်းချုပ်နိုင်တဲ့အောင်မြင်မှုအများစုဟာ PEPFAR ခေါ် အမေရိကန်သမ္မတ အရေးပေါ်ရန်ပုံငွေအစီအစဉ် ပံ့ပိုးမှုကတဆင့်၊ အမေရိကန်အစိုးရက ကူညီနိုင်ခဲ့လို့ဖြစ်ပါတယ်။PEPFAR အစီအစဉ်အကောင်အထည်ဖေါ်ခဲ့ပြီး ၁၈ နှစ်နီးပါးကာလအတွင်း၊ လူဦးရေ သန်း ၂၀ ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့သလို၊ နောက်ထပ် သန်းပေါင်းများစွာသော လူတွေ HIV virus ပိုးမကူးစက်အောင် ကာကွယ်နိုင်ခဲ့ပါတယ်။

PEPFAR အစီအစဉ်အနေနဲ့ နိုင်ငံပေါင်း ၅၀ ကျော်နဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး၊ အဲဒီနိုင်ငံတွေမှာ HIV/AIDS ကူးစက်ရောဂါ ထိန်းချုပ်နိုင်အောင် ကူညီထောက်ပံ့နိုင်ခဲ့ပါတယ်။

ဒီနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ၊ PEPFAR အရေးပေါ်ရန်ပုံငွေအစီအစဉ်ကနေ၊ အသက်ကယ် Antiretroviral ဆေးနဲ့ ခန့်မှန်းခြေ လူဦးရေ ၁၇.၂ သန်းနီးပါးကို ကုသပေးနိုင်ခဲ့ပါတယ်။ HIV ကူးစက်နေသူမိခင်တွေကမွေးတဲ့ မွေးကင်းစကလေး ၂.၈ သန်းဟာလည်း HIV ပိုးကင်းစင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။HIV/AIDS ကြောင့် မိဘမဲ့ဘဝရောက်သူတွေ၊ ထိခိုက်လွယ်တဲ့ကလေးတွေနဲ့ သူတို့ကို ထိန်းကျောင်းပေးနေရတဲ့သူ စုစုပေါင်း ၆.၇ သန်းကိုလည်း ပံ့ပိုးနိုင်ခဲ့ပါတယ်။

ဒီနှစ် COVID-19 ကပ်ရောဂါကတော့၊ ကမ္ဘာတဝန်း HIV/AIDS ရောဂါ ထိန်းချုပ်ရေးအတွက် အထူး စိန်ခေါ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ဒါပေမဲ့ မိတ်ဖက်နိုင်ငံတွေကတော့ အမေရိကန်ရဲ့ PEPFAR အရေးပေါ်အစီအစဉ်ရဲ့ ပံ့ပိုးမှုနဲ့ ဓါတ်ခွဲခန်းတွေ၊ ဆေးပစ္စည်း ထောက်ပံ့ရေးလမ်းကြောင်းတွေ အသုံးချပြီး COVID-19 ကပ်ရောဂါတုန့်ပြန်ရေးကို ပိုပြီး အားဖြည့်နိုင်ခဲ့သလို၊ HIV/AIDS ကာကွယ်ကုသရေး မနှောင့်နှေးရအောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

သမ္မတရဲ့ AIDS ကယ်ဆယ်ရေး အရေးပေါ်အစီအစဉ်ကတဆင့်၊ ကမ္ဘာတဝန်း HIV/AIDS ရောဂါကာကွယ်ကုသရေးမှာ အမေရိကန်ရဲ့ခေါင်းဆောင်မှုက ပြတ်သား၊ ခိုင်မာနေဆဲဖြစ်ကြောင်းနဲ့အသိုင်းအဝိုင်းတခုချင်းဆီကနေတဆင့်၊ HIV/AIDS ကပ်ရောဂါ အကြပ်အတည်းကို၊ထိန်းချုပ်နိုင်တဲ့အဆင့်အထိ ပြောင်းလဲသွားအောင် ဒီကြိုးပမ်းမှုတွေက စွမ်းဆောင်နိုင်ခဲ့ပါတယ်လို့ အမေရိကန်သမ္မတ Donald Trump ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG