Accessibility links

Breaking News

အာဖဂန္နစၥတန္အတြက္ အေမရိကန္ အရပ္ဘက္ပံ့ပိုးမႈ ေဒၚလာသန္း ၃၀၀ ေပးမည္ 


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ႏိုင္ငံေရးရာ ဌာနႀကီးမွဴး David Hale က အာဖဂန္နစၥတန္ႏိုင္ငံအတြက္၊ တႏွစ္စာ အရပ္ဘက္အေထာက္အကူအျဖစ္ ေဒၚလာသန္း ၃၀၀ ပံ့ပိုးမယ္လို႔ online မွာ က်င္းပတဲ့ ၂၀၂၀ အာဖဂန္နစၥတန္ညီလာခံမွာ ကတိျပဳလိုက္ပါတယ္။

က်ေနာ္တို႔ရဲ႕ ဘံုရည္မွန္းခ်က္က အာဖဂန္နစၥတန္ႏိုင္ငံ ျပည္တြင္းမွာေရာ၊ အိမ္နီးခ်င္းႏိုင္ငံေတြမွာပါ ၿငိမ္းခ်မ္းေစဖို႔ျဖစ္ပါတယ္။ ႏိုင္ငံသားအားလံုးရဲ႕ လူ႔အခြင့္အေရးေလးစားလိုက္နာဖို႔၊ အၾကမ္းဖက္သမားေတြက အာဖဂန္ေျမကို အသံုးခ်ၿပီး အေမရိကန္နဲ႔ က်ေနာ္တို႔ရဲ႕ မဟာမိတ္ေတြရဲ႕ လံုၿခံဳေရးကို ဘယ္ေတာ့မွ မၿခိမ္းေျခာက္ေစဖို႔ ေသခ်ာေအာင္ ကူညီတာျဖစ္တယ္လို႔ ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုက အာဖဂန္နစၥတန္ႏိုင္ငံမွာ ၂၀၀၁ ခုႏွစ္ကတည္းက ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီး ဒီထက္မက တိုးတက္ေအာင္၊ ဆက္လက္ထိန္းထားႏိုင္ဖို႔ သႏၷိ႒ာန္ခ်မွတ္ထားပါတယ္။ ဒီအထဲမွာ၊ အမ်ိဳးသမီးေတြ၊ လူငယ္ေတြနဲ႔ လူနည္းစုေတြအပါအဝင္ အာဖဂန္ႏိုင္ငံသားအားလံုးရဲ႕ အခြင့္အေရးကို ေလးစားလိုက္နာဖို႔၊ တရားဥပေဒစိုးမိုးေရးကို လိုက္နာၾကဖို႔၊ ႏိုင္ငံတကာလိုက္နာရမယ့္ ဝတၱရားေတြမပ်က္ကြက္ဖို႔၊ ပါဝင္သင့္သူေတြ အားလံုးပါဝင္တဲ့၊ ပြင့္လင္းျမင္သာတဲ့၊ တာဝန္ယူ၊ တာဝန္ခံမႈရွိတဲ့ အစိုးရအျဖစ္ရပ္တည္ေရးေတြ ပါဝင္ပါတယ္။

အာဖဂန္အစိုးရအေနနဲ႔ တည္ၿငိမ္ေရးနဲ႔ လံုၿခံဳေရးအတြက္၊ ကိုယ့္ရဲ႕ အခန္းက႑ကို ပီျပင္ေအာင္ မျဖစ္မေန အေကာင္အထည္ေဖၚရပါလိမ့္မယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အခုလို တိုက္တြန္းပါတယ္။

“စီးပြားေရးျပဳျပင္ေျပာင္းလဲမႈ၊ အဂတိလိုက္စားမႈ အမွန္တကယ္တိုက္ဖ်က္ေရးႀကိဳးပမ္းမႈ၊ ဘာသာေရးလြတ္လပ္ခြင့္၊ ပုဂၢလိကက႑ကို ႀကိဳဆိုတဲ့ ပတ္ဝန္းက်င္ဖန္တီးေရးနဲ႔ ကိုယ့္ေျခေထာက္ေပၚ ကိုယ္တိုင္ရပ္တည္ႏိုင္ေရးေရွးရႈတာ အပါအဝင္၊ အဲဒီလို အေၾကာင္းအရာေတြကို ဆိုလိုတာလို႔ ေျပာသြားတာပါ။”

ၿငိမ္းခ်မ္းေရး ေစ့စပ္ပြဲေတြကေန၊ ေရြးခ်ယ္လိုက္တဲ့ အေၾကာင္းအရာေတြက၊ အနာဂတ္မွာ၊ ႏိုင္ငံတကာအေထာက္အပံံ့နဲ႔ အေထာက္အကူေတြရဲ႕ ပမာဏအတိုင္းအတာအတြက္၊ အက်ိဳးဆက္ေတြျဖစ္ပါတယ္လို႔ ဝန္ႀကီး Pompeo က အခိုင္အမာေထာက္ျပပါတယ္။

ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔လည္း ပါဝင္ရမယ့္ အခန္းက႑ရွိပါတယ္။ အထူးသျဖင့္ အာဖဂန္နစၥတန္ရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြက ပိုၿပီးၿငိမ္းခ်မ္းတဲ့၊ လံုၿခံဳတဲ႔၊ ေရရွည္တည္တံ့မယ့္ အနာဂတ္အတြက္ ေဖးမကူညီဖို႔လိုတယ္လို႔ ဝန္ႀကီး Pompeo ကတိုက္တြန္းပါတယ္။

အေမရိကန္ျပည္ေထာင္စုက အာဖဂန္နစၥတန္ႏိုင္ငံ၊ အရပ္ဘက္အေထာက္အကူအျဖစ္ ၂၀၂၁ ခုႏွစ္အတြက္၊ ေဒၚလာသန္း ၃၀၀ ေထာက္ပံ့ဖို႔ ကတိျပဳေၾကာင္းေၾကညာလိုက္ပါတယ္။ က်န္တဲ့ ေဒၚလာသန္း ၃၀၀ ကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ တိုးတက္မႈရွိမရွိ သံုးသပ္ၿပီးမွာသာ ခၽြင္းခ်က္နဲ႔ ျဖည့္စြက္ပံ့ပိုးမွာျဖစ္တယ္လို႔ ဌာနႀကီးမွဴး Hale ကရွင္းျပပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံရဲ႕ အနာဂတ္၊ အာဖဂန္ျပည္သူေတြ အတြက္ အဓြန္႔ရွည္ခိုင္မာတဲ့ အနာဂတ္၊ ပိုၿပီးၿငိမ္းခ်မ္းတဲ့၊ လံုၿခံဳမႈရွိတဲ့၊ စိတ္ခ်ရတဲ့၊ အေျခအေနျဖစ္ထြန္းေအာင္၊ က်ေနာ္တို႔အားလံုးမျဖစ္မေန ပါဝင္ၾကရမွာျဖစ္ပါတယ္။ အာဖဂန္အစိုးရအေနနဲ႔ တာဝန္ဝတၱရားေၾကပြန္ေအာင္ မျဖစ္မေန ေဆာင္ရြက္လိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ အာဖဂန္ျပည္သူေတြနဲ႔ ကမၻာႀကီးက ေလွ်ာ့မတြက္ထားပါဘူးလို႔၊ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ႏိုင္ငံေရးရာဌာႀကီးမွဴး David Hale က ေျပာဆိုလိုက္ေၾကာင္းပါ။

.............

အာဖဂန်နစ္စတန်အတွက် အမေရိကန် အရပ်ဘက်ပံ့ပိုးမှု ဒေါ်လာသန်း ၃၀၀ ပေးမည်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဌာနကြီးမှူး David Hale က အာဖဂန်နစ္စတန်နိုင်ငံအတွက်၊ တနှစ်စာ အရပ်ဘက်အထောက်အကူအဖြစ် ဒေါ်လာသန်း ၃၀၀ ပံ့ပိုးမယ်လို့ online မှာ ကျင်းပတဲ့ ၂၀၂၀ အာဖဂန်နစ္စတန်ညီလာခံမှာ ကတိပြုလိုက်ပါတယ်။

ကျနော်တို့ရဲ့ ဘုံရည်မှန်းချက်က အာဖဂန်နစ္စတန်နိုင်ငံ ပြည်တွင်းမှာရော၊ အိမ်နီးချင်းနိုင်ငံတွေမှာပါ ငြိမ်းချမ်းစေဖို့ဖြစ်ပါတယ်။ နိုင်ငံသားအားလုံးရဲ့ လူ့အခွင့်အရေးလေးစားလိုက်နာဖို့၊ အကြမ်းဖက်သမားတွေက အာဖဂန်မြေကို အသုံးချပြီး အမေရိကန်နဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးကို ဘယ်တော့မှ မခြိမ်းခြောက်စေဖို့ သေချာအောင် ကူညီတာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်ကတည်းက အောင်မြင်မှုတွေ ရရှိခဲ့ပြီး ဒီထက်မက တိုးတက်အောင်၊ ဆက်လက်ထိန်းထားနိုင်ဖို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ ဒီအထဲမှာ၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ လူနည်းစုတွေအပါအဝင် အာဖဂန်နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့၊ တရားဥပဒေစိုးမိုးရေးကို လိုက်နာကြဖို့၊ နိုင်ငံတကာလိုက်နာရမယ့် ဝတ္တရားတွေမပျက်ကွက်ဖို့၊ ပါဝင်သင့်သူတွေ အားလုံးပါဝင်တဲ့၊ ပွင့်လင်းမြင်သာတဲ့၊ တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ အစိုးရအဖြစ်ရပ်တည်ရေးတွေ ပါဝင်ပါတယ်။

အာဖဂန်အစိုးရအနေနဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက်၊ ကိုယ့်ရဲ့ အခန်းကဏ္ဍကို ပီပြင်အောင် မဖြစ်မနေ အကောင်အထည်ဖေါ်ရပါလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အခုလို တိုက်တွန်းပါတယ်။

“စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ အဂတိလိုက်စားမှု အမှန်တကယ်တိုက်ဖျက်ရေးကြိုးပမ်းမှု၊ ဘာသာရေးလွတ်လပ်ခွင့်၊ ပုဂ္ဂလိကကဏ္ဍကို ကြိုဆိုတဲ့ ပတ်ဝန်းကျင်ဖန်တီးရေးနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည်နိုင်ရေးရှေးရှုတာ အပါအဝင်၊ အဲဒီလို အကြောင်းအရာတွေကို ဆိုလိုတာလို့ ပြောသွားတာပါ။”

ငြိမ်းချမ်းရေး စေ့စပ်ပွဲတွေကနေ၊ ရွေးချယ်လိုက်တဲ့ အကြောင်းအရာတွေက၊ အနာဂတ်မှာ၊ နိုင်ငံတကာအထောက်အပံံ့နဲ့ အထောက်အကူတွေရဲ့ ပမာဏအတိုင်းအတာအတွက်၊ အကျိုးဆက်တွေဖြစ်ပါတယ်လို့ ဝန်ကြီး Pompeo က အခိုင်အမာထောက်ပြပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ပါဝင်ရမယ့် အခန်းကဏ္ဍရှိပါတယ်။ အထူးသဖြင့် အာဖဂန်နစ္စတန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေက ပိုပြီးငြိမ်းချမ်းတဲ့၊ လုံခြုံတဲ့၊ ရေရှည်တည်တံ့မယ့် အနာဂတ်အတွက် ဖေးမကူညီဖို့လိုတယ်လို့ ဝန်ကြီး Pompeo ကတိုက်တွန်းပါတယ်။

အမေရိကန်ပြည်ထောင်စုက အာဖဂန်နစ္စတန်နိုင်ငံ၊ အရပ်ဘက်အထောက်အကူအဖြစ် ၂၀၂၁ ခုနှစ်အတွက်၊ ဒေါ်လာသန်း ၃၀၀ ထောက်ပံ့ဖို့ ကတိပြုကြောင်းကြေညာလိုက်ပါတယ်။ ကျန်တဲ့ ဒေါ်လာသန်း ၃၀၀ ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုရှိမရှိ သုံးသပ်ပြီးမှာသာ ချွင်းချက်နဲ့ ဖြည့်စွက်ပံ့ပိုးမှာဖြစ်တယ်လို့ ဌာနကြီးမှူး Hale ကရှင်းပြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ အနာဂတ်၊ အာဖဂန်ပြည်သူတွေ အတွက် အဓွန့်ရှည်ခိုင်မာတဲ့ အနာဂတ်၊ ပိုပြီးငြိမ်းချမ်းတဲ့၊ လုံခြုံမှုရှိတဲ့၊ စိတ်ချရတဲ့၊ အခြေအနေဖြစ်ထွန်းအောင်၊ ကျနော်တို့အားလုံးမဖြစ်မနေ ပါဝင်ကြရမှာဖြစ်ပါတယ်။ အာဖဂန်အစိုးရအနေနဲ့ တာဝန်ဝတ္တရားကြေပွန်အောင် မဖြစ်မနေ ဆောင်ရွက်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အာဖဂန်ပြည်သူတွေနဲ့ ကမ္ဘာကြီးက လျှော့မတွက်ထားပါဘူးလို့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာကြီးမှူး David Hale က ပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG