Accessibility links

Breaking News

ကမၻာ႔ဖြံ႔ၿဖိဳးမႈ ဓာတ္ခြဲခန္း အစီအစဥ္ USAID စတင္အေကာင္အထည္ေဖာ္ 


USAID’S DEVELOPMENT INNOVATION VENTURES PROGRAM
USAID’S DEVELOPMENT INNOVATION VENTURES PROGRAM

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ကမၻာတဝန္းဖြံ႔ၿဖိဳးမႈ ထိေရာက္မႈရွိေအာင္၊ အႀကံဉာဏ္ေကာင္းေတြနဲ႔ အေထာက္အကူျပဳႏိုင္ဖို႔အတြက္ USAID အေမရိကန္ႏိုင္ငံတကာဖြံ႔ၿဖိဳးမႈေအဂ်င္စီရဲ႕ ကမၻာ့ဖြံ႔ၿဖိဳးမႈ ဓါတ္ခြဲခန္းကေန ဖြံ႔ၿဖိဳးမႈ တီထြင္ဖန္တီးတဲ့ အစီအစဥ္ေတြ စတင္ အေကာင္အထည္လိုက္ပါၿပီ။ ဒီအေကာင္အထည္ေဖၚ လိုက္တဲ့ စနစ္အရ၊ ကမၻာတဝန္းဘယ္ေနရာကျဖစ္ျဖစ္၊ ဘယ္သူမဆို အႀကံေကာင္းေတြကို အခ်ိန္မေရြး တင္သြင္းႏိုင္မွာျဖစ္တယ္လို႔ ကမၻာတဝန္းဖြံ႔ၿဖိဳးမႈဓါတ္ခြဲခန္းဆိုင္ရာရံုး အမႈေဆာင္ညႊန္ၾကားေရးမွဴး Harry Bader က အခုလိုေျပာပါတယ္။

“ဒီ ဓါတ္ခြဲခန္းက သူတို႔နဲ႔ အတူ တြဲလုပ္သြားမွာပါ။အေထာက္အထားကိုအေျခခံတဲ့ လုပ္ငန္းစဥ္ျဖစ္ၿပီး၊ လုပ္ေဆာင္မႈအတြက္ အခေၾကးေငြနဲ႔ အထိုက္အေလ်ာက္ မွတ္တမ္းတင္ႏိုင္ရမွာျဖစ္ပါတယ္။ ကိုယ့္ႏိုင္ငံအတြင္းမွာေရာ၊ တျခားႏိုင္ငံေတြမွာပါ၊ ဖြံ႔ၿဖိဳးေရးအတြက္ တန္းတူ ပါဝင္ျဖည့္ဆည္းႏိုင္ေအာင္၊ စြမ္းေဆာင္ရည္ျမင့္မားေရးနဲ႔ အစဥ္အလာမဟုတ္တဲ့ မိတ္ဖက္ေတြနဲ႔ပါ ပူးေပါင္းေဆာင္ရြက္ဖို႔ျဖစ္ပါတယ္လို႔ ေျပာသြားတာပါ။”

ဖြံ႔ၿဖိဳးမႈ တီထြင္ဖန္တီးတဲ့ အစီအစဥ္ကတဆင့္၊ USAID အေမရိကန္ႏိုင္ငံတကာဖြံ႔ၿဖိဳးမႈေအဂ်င္စီက အက်ိဳးထိေရာက္မႈရွိတဲ့ ရလာဒ္ေတြျဖစ္ထြန္းေအာင္ ပုဂၢလိကက႑ကို အလုပ္တာဝန္ေပးအပ္လိုက္ပါတယ္။ ပုဂၢလိကက႑ပါဝင္မႈအတြက္ Fenix International ကုမၸဏီကို ဥပမာ ျပႏိုင္ပါတယ္လို႔ ညႊန္ၾကားေရးမွဴး Bader ကေျပာပါတယ္။

“Fenix ဝန္ထမ္းေတြက လူေနအိမ္တအိမ္ဆီအေရာက္သြားမယ္၊ solar ေနေရာင္ျခည္စြမ္းအင္ေပးတဲ့ ကရိယာကို တပ္ဆင္ေပးၿပီး၊လွ်ပ္စစ္ဓါတ္အား တေန႔စာ ပံ့ပိုးေပးမွာပါ။ တေန႔စာ ဓါတ္အားခကို လက္ကိုင္ဖုန္းကေနဘဲ ေငြေပးေျခႏိုင္ပါတယ္။ အဲဒီ တရက္စာအတြက္ ၃၃ ျပားဘဲက်တယ္ဆိုပါစို႕။ ဒီလိုနည္းနဲ႕ Fenix ဌာနခ်ဳပ္ကေန Solarေနေရာင္ျခည္လွ်ပ္စစ္ ဓါတ္အားကို ၿဂိဳလ္တုဆက္သြယ္ေရးကတဆင့္၊ ဖြင့္ေပး၊ ပိတ္ေပးတာေတြ ထိန္းခ်ဳပ္လို႔ ရပါတယ္။ပင္မလွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးေရးလမ္းေၾကာင္းနဲ႔ လက္လွမ္းမမွီတဲ့ ေနရာေတြအတြက္ လွ်ပ္စစ္ဓါတ္အသံုးျပဳႏိုင္ေအာင္ ခ်ဲ႔ထြင္ႏိုင္တဲ့ နည္းလမ္းျဖစ္တယ္လို႔ ေျပာသြားတာပါ။ ”

ဒီေနေရာင္ျခည္စြမ္းအင္သံုး လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ေရး တိုးခ်ဲ႕ႏိုင္ေရး၊Fenix ကုမၸဏီက ရင္းႏွီးျမွဳပ္ႏွံဖို႔ USAID အေနနဲ႔ ပံ့ပိုးေပးပါရန္ ပန္ၾကားခဲ့တဲ့အတြက္ USAID ကေန ေဒၚလာ တသန္း ရန္ပံုေငြ ခ်ီးျမွင့္လိုက္ပါတယ္။Fenix ကုမၸဏီကို အခု Engie စြမ္းအင္ထုတ္လုပ္ျဖန္႔ျဖဴးေရးလို႔ အမ်ားသိၾကၿပီး၊ USAID က ခ်ီးျမွင့္တဲ့ေငြနဲ႔ လုပ္ငန္းေတြ တိုးခ်ဲ႔ေဆာင္ရြက္ေနပါၿပီ။

စာတတ္ေျမာက္မႈအတြက္အေရးပါတဲ့ လွ်ပ္စစ္ဓါတ္အားနဲ႔ အလင္းေရာင္ေပးႏိုင္စြမ္းရွိတဲ့ ဝန္ေဆာင္မႈအတြက္အစုရွယ္ယာရွင္ေတြကို ရင္းႏွီးျမွဳပ္ႏွံမႈ၊ ပံ့ပိုးေပးၿပီး ျပႆနာေျဖရွင္းေပးႏိုင္ခဲ့တဲ့ စံျပနမူနာ တရပ္ကို က်ေနာ္တို႔ တီထြင္ႏိုင္ခဲ့ၾကတာပါ။ဒါမွသာ အတတ္ပညာေတြသင္ယူႏိုင္ၾကၿပီး၊ စီးပြားေရးတိုးတက္မႈကို ဦးတည္မယ့္၊ လယ္ယာ စိုက္ပ်ိဳးေရး ထုတ္လုပ္မႈနဲ႔ စားနပ္ရိကၡာရွားပါးမႈ ကိုေျဖရွင္းႏိုင္ၾကမွာျဖစ္တယ္လို႔ Mr. Bader က ဆိုပါတယ္။

အလြန္အမင္းဆင္းရဲမြဲေတမႈ ပေပ်ာက္ေအာင္လုပ္ႏိုင္မယ့္ အဓိကအခ်က္က သူတို႔တေတြကို ကမၻာ့ Digital နည္းပညာအေျခခံအေဆာက္အအံုနဲ႔ ဆက္သြယ္ေပးဖို႔ျဖစ္ပါတယ္။ အပူတျပင္းလိုအပ္ေနတဲ့ အခိုက္အတန္႔မွာ USAID ရဲ႕ ကမၻာ့ဖြံ႔ၿဖိဳးမႈဓါတ္ခြဲခန္းကေန ရန္ပံုေငြ ခ်ီးျမွင့္မႈနဲ႔ Fenix ကုမၸဏီက စံျပအေနနဲ႔ ေနေရာင္ျခည္စြမ္းအင္သံုး လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးႏိုင္ခဲ့တာကို လက္ေတြ႔ သာဓကအေနနဲ႕၊ ညႊန္ၾကားေရးမွဴး Harry Bader က ရွင္းလင္းေျပာဆိုလိုက္ေၾကာင္းပါ။

.................

ကမ္ဘာ့ဖွံ့ဖြိုးမှု ဓာတ်ခွဲခန်း အစီအစဉ် USAID စတင်အကောင်အထည်ဖော်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ကမ္ဘာတဝန်းဖွံ့ဖြိုးမှု ထိရောက်မှုရှိအောင်၊ အကြံဉာဏ်ကောင်းတွေနဲ့ အထောက်အကူပြုနိုင်ဖို့အတွက် USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီရဲ့ ကမ္ဘာ့ဖွံ့ဖြိုးမှု ဓါတ်ခွဲခန်းကနေ ဖွံ့ဖြိုးမှု တီထွင်ဖန်တီးတဲ့ အစီအစဉ်တွေ စတင် အကောင်အထည်လိုက်ပါပြီ။ဒီအကောင်အထည်ဖေါ် လိုက်တဲ့ စနစ်အရ၊ ကမ္ဘာတဝန်းဘယ်နေရာကဖြစ်ဖြစ်၊ ဘယ်သူမဆို အကြံကောင်းတွေကို အချိန်မရွေး တင်သွင်းနိုင်မှာဖြစ်တယ်လို့ ကမ္ဘာတဝန်းဖွံ့ဖြိုးမှုဓါတ်ခွဲခန်းဆိုင်ရာရုံး အမှုဆောင်ညွှန်ကြားရေးမှူး Harry Bader က အခုလိုပြောပါတယ်။

“ဒီ ဓါတ်ခွဲခန်းက သူတို့နဲ့ အတူ တွဲလုပ်သွားမှာပါ။အထောက်အထားကိုအခြေခံတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး၊ လုပ်ဆောင်မှုအတွက် အခကြေးငွေနဲ့ အထိုက်အလျောက် မှတ်တမ်းတင်နိုင်ရမှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအတွင်းမှာရော၊ တခြားနိုင်ငံတွေမှာပါ၊ ဖွံ့ဖြိုးရေးအတွက် တန်းတူ ပါဝင်ဖြည့်ဆည်းနိုင်အောင်၊ စွမ်းဆောင်ရည်မြင့်မားရေးနဲ့ အစဉ်အလာမဟုတ်တဲ့ မိတ်ဖက်တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်လို့ ပြောသွားတာပါ။”

ဖွံ့ဖြိုးမှု တီထွင်ဖန်တီးတဲ့ အစီအစဉ်ကတဆင့်၊ USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီက အကျိုးထိရောက်မှုရှိတဲ့ ရလာဒ်တွေဖြစ်ထွန်းအောင် ပုဂ္ဂလိကကဏ္ဍကို အလုပ်တာဝန်ပေးအပ်လိုက်ပါတယ်။ ပုဂ္ဂလိကကဏ္ဍပါဝင်မှုအတွက် Fenix International ကုမ္ပဏီကို ဥပမာ ပြနိုင်ပါတယ်လို့ ညွှန်ကြားရေးမှူး Bader ကပြောပါတယ်။

“Fenix ဝန်ထမ်းတွေက လူနေအိမ်တအိမ်ဆီအရောက်သွားမယ်၊ solar နေရောင်ခြည်စွမ်းအင်ပေးတဲ့ ကရိယာကို တပ်ဆင်ပေးပြီး၊လျှပ်စစ်ဓါတ်အား တနေ့စာ ပံ့ပိုးပေးမှာပါ။ တနေ့စာ ဓါတ်အားခကို လက်ကိုင်ဖုန်းကနေဘဲ ငွေပေးခြေနိုင်ပါတယ်။ အဲဒီ တရက်စာအတွက် ၃၃ ပြားဘဲကျတယ်ဆိုပါစို့။ ဒီလိုနည်းနဲ့ Fenix ဌာနချုပ်ကနေ Solarနေရောင်ခြည်လျှပ်စစ် ဓါတ်အားကို ဂြိုလ်တုဆက်သွယ်ရေးကတဆင့်၊ ဖွင့်ပေး၊ ပိတ်ပေးတာတွေ ထိန်းချုပ်လို့ ရပါတယ်။ပင်မလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလမ်းကြောင်းနဲ့ လက်လှမ်းမမှီတဲ့ နေရာတွေအတွက် လျှပ်စစ်ဓါတ်အသုံးပြုနိုင်အောင် ချဲ့ထွင်နိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ ပြောသွားတာပါ။ ”

ဒီနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး တိုးချဲ့နိုင်ရေး၊Fenix ကုမ္ပဏီက ရင်းနှီးမြှုပ်နှံဖို့ USAID အနေနဲ့ ပံ့ပိုးပေးပါရန် ပန်ကြားခဲ့တဲ့အတွက် USAID ကနေ ဒေါ်လာ တသန်း ရန်ပုံငွေ ချီးမြှင့်လိုက်ပါတယ်။Fenix ကုမ္ပဏီကို အခု Engie စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးရေးလို့ အများသိကြပြီး၊ USAID က ချီးမြှင့်တဲ့ငွေနဲ့ လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နေပါပြီ။

စာတတ်မြောက်မှုအတွက်အရေးပါတဲ့ လျှပ်စစ်ဓါတ်အားနဲ့ အလင်းရောင်ပေးနိုင်စွမ်းရှိတဲ့ ဝန်ဆောင်မှုအတွက်အစုရှယ်ယာရှင်တွေကို ရင်းနှီးမြှုပ်နှံမှု၊ ပံ့ပိုးပေးပြီး ပြဿနာဖြေရှင်းပေးနိုင်ခဲ့တဲ့ စံပြနမူနာ တရပ်ကို ကျနော်တို့ တီထွင်နိုင်ခဲ့ကြတာပါ။ဒါမှသာ အတတ်ပညာတွေသင်ယူနိုင်ကြပြီး၊ စီးပွားရေးတိုးတက်မှုကို ဦးတည်မယ့်၊ လယ်ယာ စိုက်ပျိုးရေး ထုတ်လုပ်မှုနဲ့ စားနပ်ရိက္ခာရှားပါးမှု ကိုဖြေရှင်းနိုင်ကြမှာဖြစ်တယ်လို့ Mr. Bader က ဆိုပါတယ်။

အလွန်အမင်းဆင်းရဲမွဲတေမှု ပပျောက်အောင်လုပ်နိုင်မယ့် အဓိကအချက်က သူတို့တတွေကို ကမ္ဘာ့ Digital နည်းပညာအခြေခံအဆောက်အအုံနဲ့ ဆက်သွယ်ပေးဖို့ဖြစ်ပါတယ်။ အပူတပြင်းလိုအပ်နေတဲ့ အခိုက်အတန့်မှာ USAID ရဲ့ ကမ္ဘာ့ဖွံ့ဖြိုးမှုဓါတ်ခွဲခန်းကနေ ရန်ပုံငွေ ချီးမြှင့်မှုနဲ့ Fenix ကုမ္ပဏီက စံပြအနေနဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ခဲ့တာကို လက်တွေ့ သာဓကအနေနဲ့၊ ညွှန်ကြားရေးမှူး Harry Bader က ရှင်းလင်းပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG