Accessibility links

Breaking News

လံုၿခံဳေရးေကာင္စီဆံုးျဖတ္ခ်က္ကို ဆန္႔က်င္ေသာ ေျမာက္ကိုရီးယားနဲ႔ကုန္သြယ္မႈေတြကို အေမရိကန္ဒဏ္ခတ္အေရးယူ


႔ ေျမာက္ကိုရီးယားအစိုးရပိုင္ ေက်ာက္မီးေသြးတင္းတခု
႔ ေျမာက္ကိုရီးယားအစိုးရပိုင္ ေက်ာက္မီးေသြးတင္းတခု

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ကုလသမဂၢလံုၿခံဳေရးေကာင္စီအေနနဲ႔ ေျမာက္ကိုရီးယားအစိုးရက ႏ်ဴကလီးယားနဲ႕ မစ္ဇိုင္းဒံုးလက္နက္အစီအစဥ္ေတြ စြန္႔လႊတ္ေအာင္ ဖိအားေပးေရး ႀကိဳးပမ္းၿပီး ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ေနပါတယ္။ အဲဒီဆံုးျဖတ္ခ်က္ေတြထဲမွာ၊ ေျမာက္ကိုရီးယားက အႀကီးအက်ယ္ ေသေက် ပ်က္စီးႏိုင္တဲ့ လက္နက္ေတြထုတ္လုပ္ႏိုင္ေရး ရန္ပံုေငြအတြက္ သဘာဝသယံဇာတေတြ ေရာင္းခ်ေနတာကို ပိတ္ပင္ဖို႔ ရည္ရြယ္ခ်က္လည္း ပါဝင္ပါတယ္။

အေမရိကန္ျပည္ေထာင္စုအပါအဝင္၊ ကုလသမဂၢအဖြဲ႔ဝင္ႏိုင္ငံအမ်ားစုက လံုၿခံဳေရးေကာင္စီရဲ႕ ဒီဆံုးျဖတ္ခ်က္ေတြကို ေထာက္ခံ အေကာင္အထည္ေဖၚၾကသလို၊ လံုၿခံဳေရးေကာင္စီဆံုးျဖတ္ခ်က္ေတြကေန၊ ေသြဖီေနတဲ့ အဖြဲ႔အစည္းေတြနဲ႔ လူပုဂၢိဳလ္တဦးခ်င္းစီကိုလည္း သီးျခား၊ တႏိုင္ငံခ်င္းအလိုက္ ပိတ္ဆို႔မႈေတြနဲ႔ အေရးယူေနပါတယ္။

အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ OFAC လို႔ေခၚတဲ့ ႏိုင္ငံျခားပိုင္ ပစၥည္းထိန္းခ်ဳပ္ေရးရံုးကေန ေျမာက္ကိုရီးယားေက်ာက္မီးေသြးေတြ သယ္ယူပို႔ေဆာင္ေပးေနတဲ့ ကုမၸဏီ ၆ ခုနဲ႔ ပင္လယ္ကူးသေဘၤာ ၄ စီးကို ပိတ္ဆို႔မႈနဲ႔ဒီဇင္ဘာလလယ္တုန္းက အေရးယူခဲ့ပါတယ္။ ကုလသမဂၢလံုၿခံဳေရးေကာင္စီ ဆံုးျဖတ္ခ်က္ အမွတ္ ၂၃၇၁ အရ၊ ေျမာက္ကိုရီးယားအေနနဲ႕ ေက်ာက္မီးေသြး၊ သံနဲ႔ ခဲ သတၱဳ၊ ပင္လယ္စာ ေတြ တင္ပို႔ခြင့္ ပိတ္ပင္ထားပါတယ္။

တရုတ္ကုမၸဏီ Weihai Huijiang Trade Ltd က ကြပ္ကဲတဲ့ Asian Bridge သေဘၤာ၊ ၿဗိိတိန္ႏိုင္ငံမွာ မွတ္ပံုတင္ထားတဲ့ Always Smooth Ltd နဲ႔ Good Siblings Ltd, ေနာက္ Lucky Star သေဘၤာ တို႔ကို အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာန OFAC ကေန ပိတ္ဆို႔မႈနဲ႔ အေရးယူၿပီး အဲဒီကုမၸဏီေတြရဲ႕ ပိုင္ဆိုင္မႈေတြကို ခ်ိတ္ပိတ္မွာျဖစ္ပါတယ္။ အဲဒီ သေဘၤာ ၂ စီးဟာ ေျမာက္ကိုရီးယားဆိပ္ကမ္းကေန ေက်ာက္မီးေသြးေတြ တင္ၿပီး၊ ေဒသတြင္း ပို႔ေဆာင္ေပးခဲ့လို႔ပါဘဲ။

ေဟာင္ေကာင္အေျခစိုက္ Silver Bridge သေဘၤာကုမၸဏီနဲ႔ ဗီယက္နမ္အေျခစိုက္Thinh Cuong ကုမၸဏီတို႔ကိုလည္း OFAC က အလားတူ အေရးယူလိုက္ၿပီး၊ သူတို႔နဲ႔ ပိုင္ဆိုင္မႈနဲ႔ ဆက္စပ္ေနတဲ့ Calm Bridge နဲ႔ The Star 18 သေဘၤာ ေတြကိုပါ ပိတ္ဆို႔အေရးယူလိုက္ပါတယ္။အဲဒီ သေဘၤာ ၂ စီးဟာလည္း ေျမာက္ကိုရီးယားဆိပ္ကမ္းကေန ေက်ာက္မီးေသြးေတြ တင္ၿပီး၊ ေဒသတြင္း ပို႔ေဆာင္ေပးခဲ့လို႔ဘဲ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားနဲ႔ ဗီယက္နမ္ၾကား ေျပးဆြဲေနတဲ့ သေဘၤာေတြနဲ႔ ဆက္စပ္တဲ့ Korea Daizin Trading ကုမၸဏီကိုလည္း OFAC ကအေရးယူထားပါတယ္။ Daizin Trading ကုမၸဏီဟာ လြန္ခဲ့တဲ့ ၄ ႏွစ္ေက်ာ္ကာလအတြင္း၊ ေျမာက္ကိုရီးယားက ေက်ာက္မီးေသြးေတြ အေျမာက္အျမား တင္ပို႔ခဲ့ပါတယ္။

ဒီလိုအေရးယူလိုက္ျခင္းအားျဖင့္ အေမရိကန္ကုမၸဏီေတြနဲ႔ ပုဂၢိဳလ္တဦးခ်င္းစီအေနနဲ႔ ပိတ္ဆို႔ထားတဲ့ ကုမၸဏီေတြ၊ ကုန္တင္သေဘၤာေတြနဲ႔ ဆက္ဆံလုပ္ကိုင္ခြင့္မရွိေတာ့ပါဘူး။အဲဒီပိတ္ဆို႔ခံထားရတဲ့ ကုမၸဏီေတြနဲ႔ အလုပ္လုပ္မယ့္ ႏိုင္ငံျခားက ကုမၸဏီေတြနဲ႔ ဘဏ္ေတြပါ အေရးယူခံရႏိုင္ပါတယ္။

ကုလသမဂၢက ေက်ာက္မီးေသြးမတင္ရဘူးလို႔ တားျမစ္ထားတာကို ေျမာက္ကိုရီးယားက ဆက္လက္ခ်ိဳးေဖာက္ေနပါတယ္။ အႀကီးအက်ယ္ေသေက်ပ်က္စီးေစႏိုင္တဲ့ လက္နက္ေတြထုတ္လုပ္ဖို႔ အဓိကရန္ပံုေငြကို ေက်ာက္မီးေသြးတင္ပို႔မႈကေန ရရွိလိုဘဲျဖစ္ပါတယ္။

ေျမာက္ကိုရီးယားအစိုးရက တရားမဝင္လက္နက္အစီအစဥ္ေတြ ထုတ္လုပ္ႏိုင္ဖို႔ ဝင္ေငြရရွိေရး အတြက္ ေက်ာက္မီးေသြးအပါအဝင္၊ သတၱဳတူးေဖၚေရးလုပ္ငန္းေတြမွာ အက်ဥ္းသားေတြနဲ႔ ကိုယ့္ရဲ႕ ျပည္သူေတြကို မၾကာခဏဆိုသလို အဓမၼအလုပ္ေစခိုင္းၿပီး၊ေခါင္းပံုျဖတ္ေနတယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး Steven Mnuchin ကေျပာဆိုလိုက္ေၾကာင္းပါ။

................

လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုဆန့်ကျင်သော မြောက်ကိုရီးယားနဲ့ကုန်သွယ်မှုတွေကို အမေရိကန်ဒဏ်ခတ်အရေးယူ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြောက်ကိုရီးယားအစိုးရက နျူကလီးယားနဲ့ မစ်ဇိုင်းဒုံးလက်နက်အစီအစဉ်တွေ စွန့်လွှတ်အောင် ဖိအားပေးရေး ကြိုးပမ်းပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နေပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေထဲမှာ၊ မြောက်ကိုရီးယားက အကြီးအကျယ် သေကျေ ပျက်စီးနိုင်တဲ့ လက်နက်တွေထုတ်လုပ်နိုင်ရေး ရန်ပုံငွေအတွက် သဘာဝသယံဇာတတွေ ရောင်းချနေတာကို ပိတ်ပင်ဖို့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စုအပါအဝင်၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက လုံခြုံရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်တွေကို ထောက်ခံ အကောင်အထည်ဖေါ်ကြသလို၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကနေ၊ သွေဖီနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းစီကိုလည်း သီးခြား၊ တနိုင်ငံချင်းအလိုက် ပိတ်ဆို့မှုတွေနဲ့ အရေးယူနေပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ OFAC လို့ခေါ်တဲ့ နိုင်ငံခြားပိုင် ပစ္စည်းထိန်းချုပ်ရေးရုံးကနေ မြောက်ကိုရီးယားကျောက်မီးသွေးတွေ သယ်ယူပို့ဆောင်ပေးနေတဲ့ ကုမ္ပဏီ ၆ ခုနဲ့ ပင်လယ်ကူးသင်္ဘော ၄ စီးကို ပိတ်ဆို့မှုနဲ့ဒီဇင်ဘာလလယ်တုန်းက အရေးယူခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၃၇၁ အရ၊ မြောက်ကိုရီးယားအနေနဲ့ ကျောက်မီးသွေး၊ သံနဲ့ ခဲ သတ္တု၊ ပင်လယ်စာ တွေ တင်ပို့ခွင့် ပိတ်ပင်ထားပါတယ်။

တရုတ်ကုမ္ပဏီ Weihai Huijiang Trade Ltd က ကွပ်ကဲတဲ့ Asian Bridge သင်္ဘော၊ ဗြိတိန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Always Smooth Ltd နဲ့ Good Siblings Ltd, နောက် Lucky Star သင်္ဘော တို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန OFAC ကနေ ပိတ်ဆို့မှုနဲ့ အရေးယူပြီး အဲဒီကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်မှာဖြစ်ပါတယ်။ အဲဒီ သင်္ဘော ၂ စီးဟာ မြောက်ကိုရီးယားဆိပ်ကမ်းကနေ ကျောက်မီးသွေးတွေ တင်ပြီး၊ ဒေသတွင်း ပို့ဆောင်ပေးခဲ့လို့ပါဘဲ။

ဟောင်ကောင်အခြေစိုက် Silver Bridge သင်္ဘောကုမ္ပဏီနဲ့ ဗီယက်နမ်အခြေစိုက်Thinh Cuong ကုမ္ပဏီတို့ကိုလည်း OFAC က အလားတူ အရေးယူလိုက်ပြီး၊ သူတို့နဲ့ ပိုင်ဆိုင်မှုနဲ့ ဆက်စပ်နေတဲ့ Calm Bridge နဲ့ The Star 18 သင်္ဘော တွေကိုပါ ပိတ်ဆို့အရေးယူလိုက်ပါတယ်။အဲဒီ သင်္ဘော ၂ စီးဟာလည်း မြောက်ကိုရီးယားဆိပ်ကမ်းကနေ ကျောက်မီးသွေးတွေ တင်ပြီး၊ ဒေသတွင်း ပို့ဆောင်ပေးခဲ့လို့ဘဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ဗီယက်နမ်ကြား ပြေးဆွဲနေတဲ့ သင်္ဘောတွေနဲ့ ဆက်စပ်တဲ့ Korea Daizin Trading ကုမ္ပဏီကိုလည်း OFAC ကအရေးယူထားပါတယ်။ Daizin Trading ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း၊ မြောက်ကိုရီးယားက ကျောက်မီးသွေးတွေ အမြောက်အမြား တင်ပို့ခဲ့ပါတယ်။

ဒီလိုအရေးယူလိုက်ခြင်းအားဖြင့် အမေရိကန်ကုမ္ပဏီတွေနဲ့ ပုဂ္ဂိုလ်တဦးချင်းစီအနေနဲ့ ပိတ်ဆို့ထားတဲ့ ကုမ္ပဏီတွေ၊ ကုန်တင်သင်္ဘောတွေနဲ့ ဆက်ဆံလုပ်ကိုင်ခွင့်မရှိတော့ပါဘူး။အဲဒီပိတ်ဆို့ခံထားရတဲ့ ကုမ္ပဏီတွေနဲ့ အလုပ်လုပ်မယ့် နိုင်ငံခြားက ကုမ္ပဏီတွေနဲ့ ဘဏ်တွေပါ အရေးယူခံရနိုင်ပါတယ်။

ကုလသမဂ္ဂက ကျောက်မီးသွေးမတင်ရဘူးလို့ တားမြစ်ထားတာကို မြောက်ကိုရီးယားက ဆက်လက်ချိုးဖောက်နေပါတယ်။ အကြီးအကျယ်သေကျေပျက်စီးစေနိုင်တဲ့ လက်နက်တွေထုတ်လုပ်ဖို့ အဓိကရန်ပုံငွေကို ကျောက်မီးသွေးတင်ပို့မှုကနေ ရရှိလိုဘဲဖြစ်ပါတယ်။

မြောက်ကိုရီးယားအစိုးရက တရားမဝင်လက်နက်အစီအစဉ်တွေ ထုတ်လုပ်နိုင်ဖို့ ဝင်ငွေရရှိရေး အတွက် ကျောက်မီးသွေးအပါအဝင်၊ သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေမှာ အကျဉ်းသားတွေနဲ့ ကိုယ့်ရဲ့ ပြည်သူတွေကို မကြာခဏဆိုသလို အဓမ္မအလုပ်စေခိုင်းပြီး၊ခေါင်းပုံဖြတ်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကပြောဆိုလိုက်ကြောင်းပါ။

Related

XS
SM
MD
LG