Accessibility links

Breaking News

ျမန္မာႏိုင္ငံ စစ္အာဏာသိမ္းမႈ အေမရိကန္ ႐ႈတ္ခ်လိုက္ျခင္း


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းတဲ့ ကိစၥရပ္အေပၚ အေမရိကန္ျပည္ေထာင္စုက အင္မတန္ စိုးရိမ္ေနပါတယ္။ ျမန္မာႏိုင္ငံရဲ႕အရပ္သားအစုိးရေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦး၀င္းျမင့္ အပါအ၀င္ အႏိုင္ရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ေတြ၊ လႊတ္ေတာ္အမတ္ေတြ၊ တိုင္းေဒသတခ်ိဳ႕က ၀န္ႀကီးမ်ား၊ အတိုက္အခံႏိုင္ငံေရးသမားမ်ား၊ စာေရးဆရာမ်ား၊ လူမႈအဖြဲ႕အစည္းေခါင္းေဆာင္မ်ားနဲ႔တက္ၾကြလႈပ္ရွားသူေတြကို ျမန္မာစစ္တပ္က ဖမ္းဆီးထိန္းသိမ္းထားပါတယ္။

ႏို၀င္ဘာလ ၈ ရက္ေန႕တုန္းက က်င္းပခဲ့တဲ့ ေရႊးေကာက္ပြဲမွာ NLD ပါတီက လႊတ္ေတာ္ေနရာအားလံုးရဲ႕၈၃ ရာခိုင္ႏႈန္း အႏိုင္ရခဲ့ျပီး ျမန္မာႏိုင္ငံလႊတ္ေတာ္ ပထမအၾကိမ္အစည္းအေ၀းေခၚဆိုိဖို႕စီစဥ္ထားတဲ့ ေန႔မွာပဲ စစ္အာဏာသိမ္းခဲ့တာပါ။ NLD ပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမန္မာႏိုင္ငံရဲ႕ အရပ္သားအစိုးရေခါင္းေဆာင္အျဖစ္ ၂၀၁၅ ခုႏွစ္ကတည္းက တရား၀င္တာ၀န္ယူခဲ့တာ ျဖစ္ပါတယ္။

ဒီေရြးေကာက္ပြဲရလဒ္ကို ျမန္မာစစ္ေခါင္းေဆာင္ေတြက လက္မခံႏိုင္ဘဲ မဲမသမာမႈရွိတယ္လို႔ ေျပာဆိုေနပါတယ္။ ဒီလို စြပ္စြဲေျပာဆိုမႈေတြအေပၚ အေရးယူမႈမရွိတဲ့ေနာက္မွာ ျမန္မာအစိုးရ လႊတ္ေတာ္အေဆာက္အအံုကို စစ္သားေတြနဲ႔၀န္းရံလိုက္ျပီး တိုင္းျပည္အာဏာသိ္မ္းခဲ့ပါတယ္။

အဲဒီ့ေနာက္ ႏိုင္ငံေတာ္အေရးေပၚအေျခအေန တႏွစ္သတ္မွတ္လိုက္ေၾကာင္း ျမန္မာစစ္တပ္က အစိုးရပိုင္ရုပ္ျမင္သံၾကားလိုင္းကေနတဆင့္ ေၾကညာလိုက္ပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပံု အေျခခံဥပေဒအရ တပ္မေတာ္က ႏိုင္ငံေတာ္အေရးေပၚအေျခအေန ေၾကညာခြင့္ရွိတယ္လို႔ ေထာက္ျပျပီး အခုလို ေၾကညာလိုက္တာပါ။ ျမန္မာႏိုင္ငံရဲ႕အေျခခံယႏၱရားေတြျဖစ္တဲ့ အစိုးရ၀န္ၾကီးဌာန အမ်ားစုကို စစ္တပ္က ထိန္းခ်ဳပ္ထားျပီး အစိုးရပိုင္မဟုတ္တဲ့ ရုပ္ျမင္သံၾကားလိုင္း ေတြကိုလည္း ေခတၱရပ္ဆိုင္းခိုင္းထားပါတယ္။ လူမႈအဖြဲ႕အစည္းေတြရဲ႕ လုပ္ရွားမႈေတြကိုလည္း ေစာင့္ၾကည့္ဖို႔ မွာၾကားထားပါတယ္။

ျမန္မာစစ္တပ္ဟာ တုိင္းျပည္အာဏာကို ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ရဲ႕ လက္ထဲကို လႊဲေျပာင္းေပးအပ္လိုက္ပါျပီ။ ျပည္သူေတြေရြးေကာက္တင္ေျမွာက္ထားတဲ့ အမတ္ေတြနဲ႔ ျမန္မာစစ္တပ္အၾကီးအကဲတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြမွာ အာဏာကို မွ်ေ၀ျပီး ပူးတြဲအုပ္ခ်ဳပ္လာခဲ့တာ ျဖစ္ျပီး ျမန္မာ့ႏိုင္ငံေရးကိစၥအ၀၀မွာလည္း ျမန္မာ့တပ္မေတာ္ရဲ႕ လႊမ္းမိုးမႈက ၾကီးမားဆဲ ျဖစ္ပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအရ ကာကြယ္ေရးနဲ႔ ျပည္ထဲေရး၀န္ႀကီးဌာနေတြကို စစ္တပ္က ထိန္းခ်ဳပ္ခြင့္ ရွိတာပါ။ ဒါ့အျပင္ ျပည္သူ႕လႊတ္ေတာ္ေနရာအားလံုးရဲ႕ ၄ ပံု ၁ပံုကို စစ္တပ္ကပဲ ထိန္းခ်ဳပ္ေနရာယူထားတာ ျဖစ္ပါတယ္။

သိမ္းယူထားတဲ့အာဏာကို ခ်က္ခ်င္းျပန္လႊဲေျပာင္းေပးဖို႔ ျမန္မာစစ္တပ္ကို ႏိုင္ငံတကာအသိုင္းအ၀ိုင္းက တညီတညြတ္ထဲ တြန္းအားေပးဖို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က တိုက္တြန္းထားပါတယ္။ ဖမ္းခံထားရတဲ့ တက္ၾကြလႈပ္ရွားသူေတြနဲ႔ အစိုးရအဖြဲ႔၀င္ေတြကိုလည္း လႊတ္ေပးဖို႔၊ ဆက္သြယ္ေရးျဖတ္ေတာက္ကန္႔သတ္ထားတာေတြ ဖယ္ရွားဖို႔နဲ႔ ျပည္သူေတြကို အၾကမ္းဖက္မႈေတြ မလုပ္ဖို႔လည္း သမၼတ ဘိုင္ဒန္က တိုက္တြန္းထားတာပါ။

ႏို၀င္ဘာ ၈ ရက္မွာ ဒီမိုကေရစီနည္းလမ္းတက် က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ ျမန္မာျပည္သူေတြရဲ႕ ေရြးခ်ယ္မႈကို ျမန္မာစစ္ေခါင္းေဆာင္ေတြ ဥေပကၡာမျပဳဖို႔အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken က ေျပာပါတယ္။ ဒီမိုကေရစီ၊ လြတ္လပ္ေရး၊ၿငိမ္းခ်မ္းေရးနဲ႔ဖြ႕ံၿဖိဳးေရးကို လိုလားတဲ့ ျမန္မာျပည္သူေတြနဲ႔အတူ အေမရိကန္ျပည္ေထာင္စုက ရပ္တည္ပါတယ္။ ျမန္မာစစ္တပ္ရဲ႕အာဏာသိမ္းလုပ္ရပ္ေတြကို ခ်က္ျခင္း ျပန္ရုပ္သိမ္းေပးပါ။

စစ္အာဏာသိမ္းမႈကို ကန္႔ကြက္တဲ့ ဆႏၵျပ ျမင္ကြင္း
စစ္အာဏာသိမ္းမႈကို ကန္႔ကြက္တဲ့ ဆႏၵျပ ျမင္ကြင္း

.............

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အမေရိကန် ရှုတ်ချလိုက်ခြင်း

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ကိစ္စရပ်အပေါ် အမေရိကန်ပြည်ထောင်စုက အင်မတန် စိုးရိမ်နေပါတယ်။ မြန်မာနိုင်ငံရဲ့အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေ၊ တိုင်းဒေသတချို့က ဝန်ကြီးများ၊ အတိုက်အခံနိုင်ငံရေးသမားများ၊ စာရေးဆရာများ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များနဲ့တက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ ရွှေးကောက်ပွဲမှာ NLD ပါတီက လွှတ်တော်နေရာအားလုံးရဲ့၈၃ ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး မြန်မာနိုင်ငံလွှတ်တော် ပထမအကြိမ်အစည်းအဝေးခေါ်ဆိုဖို့စီစဉ်ထားတဲ့ နေ့မှာပဲ စစ်အာဏာသိမ်းခဲ့တာပါ။ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရခေါင်းဆောင်အဖြစ် ၂၀၁၅ ခုနှစ်ကတည်းက တရားဝင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲရလဒ်ကို မြန်မာစစ်ခေါင်းဆောင်တွေက လက်မခံနိုင်ဘဲ မဲမသမာမှုရှိတယ်လို့ ပြောဆိုနေပါတယ်။ ဒီလို စွပ်စွဲပြောဆိုမှုတွေအပေါ် အရေးယူမှုမရှိတဲ့နောက်မှာ မြန်မာအစိုးရ လွှတ်တော်အဆောက်အအုံကို စစ်သားတွေနဲ့ဝန်းရံလိုက်ပြီး တိုင်းပြည်အာဏာသိမ်းခဲ့ပါတယ်။

အဲဒီ့နောက် နိုင်ငံတော်အရေးပေါ်အခြေအနေ တနှစ်သတ်မှတ်လိုက်ကြောင်း မြန်မာစစ်တပ်က အစိုးရပိုင်ရုပ်မြင်သံကြားလိုင်းကနေတဆင့် ကြေညာလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်က နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခွင့်ရှိတယ်လို့ ထောက်ပြပြီး အခုလို ကြေညာလိုက်တာပါ။ မြန်မာနိုင်ငံရဲ့အခြေခံယန္တရားတွေဖြစ်တဲ့ အစိုးရဝန်ကြီးဌာန အများစုကို စစ်တပ်က ထိန်းချုပ်ထားပြီး အစိုးရပိုင်မဟုတ်တဲ့ ရုပ်မြင်သံကြားလိုင်း တွေကိုလည်း ခေတ္တရပ်ဆိုင်းခိုင်းထားပါတယ်။ လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်ဖို့ မှာကြားထားပါတယ်။

မြန်မာစစ်တပ်ဟာ တိုင်းပြည်အာဏာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လက်ထဲကို လွှဲပြောင်းပေးအပ်လိုက်ပါပြီ။ ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေနဲ့ မြန်မာစစ်တပ်အကြီးအကဲတို့ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ အာဏာကို မျှဝေပြီး ပူးတွဲအုပ်ချုပ်လာခဲ့တာ ဖြစ်ပြီး မြန်မာ့နိုင်ငံရေးကိစ္စအ၀၀မှာလည်း မြန်မာ့တပ်မတော်ရဲ့ လွှမ်းမိုးမှုက ကြီးမားဆဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကို စစ်တပ်က ထိန်းချုပ်ခွင့် ရှိတာပါ။ ဒါ့အပြင် ပြည်သူ့လွှတ်တော်နေရာအားလုံးရဲ့ ၄ ပုံ ၁ပုံကို စစ်တပ်ကပဲ ထိန်းချုပ်နေရာယူထားတာ ဖြစ်ပါတယ်။

သိမ်းယူထားတဲ့အာဏာကို ချက်ချင်းပြန်လွှဲပြောင်းပေးဖို့ မြန်မာစစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက တညီတညွတ်ထဲ တွန်းအားပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တိုက်တွန်းထားပါတယ်။ ဖမ်းခံထားရတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ အစိုးရအဖွဲ့ဝင်တွေကိုလည်း လွှတ်ပေးဖို့၊ ဆက်သွယ်ရေးဖြတ်တောက်ကန့်သတ်ထားတာတွေ ဖယ်ရှားဖို့နဲ့ ပြည်သူတွေကို အကြမ်းဖက်မှုတွေ မလုပ်ဖို့လည်း သမ္မတ ဘိုင်ဒန်က တိုက်တွန်းထားတာပါ။

နိုဝင်ဘာ ၈ ရက်မှာ ဒီမိုကရေစီနည်းလမ်းတကျ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုကို မြန်မာစစ်ခေါင်းဆောင်တွေ ဥပေက္ခာမပြုဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ ဒီမိုကရေစီ၊ လွတ်လပ်ရေး၊ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးကို လိုလားတဲ့ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်ပါတယ်။ မြန်မာစစ်တပ်ရဲ့အာဏာသိမ်းလုပ်ရပ်တွေကို ချက်ခြင်း ပြန်ရုပ်သိမ်းပေးပါ။

XS
SM
MD
LG