Accessibility links

Breaking News

ပင္လယ္စာလုပ္ငန္း လူကုန္ကူးမႈ ပေပ်ာက္ေရး အေမရိကန္ႀကိဳးပမ္းမႈ


ပင္လယ္စာလုပ္ငန္းတြင္ လုပ္ကိုင္ေနေသာ အလုပ္သမားမ်ား
ပင္လယ္စာလုပ္ငန္းတြင္ လုပ္ကိုင္ေနေသာ အလုပ္သမားမ်ား

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

လူဦးေရ တိုးလာတာနဲ႔အမွ်၊ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ကမၻာတဝန္း ပင္လယ္စာ ဝယ္လိုအား အဆမတန္ မ်ားျပားလာပါတယ္။အထူးသျဖင့္ ပင္လယ္ေရေၾကာင္း ခရီးလမ္း ပိုၿပီး လြယ္ကူလာတဲ့အတြက္ေၾကာင့္ အလြန္အက်ဴ း ငါးေတြ ဖမ္းေနၾကတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ ပင္လယ္ထဲမွာ ငါးေတြ တျဖည္းျဖည္း ရွားပါးလာတဲ့အတြက္၊ငါးဖမ္းသမား တံငါသည္ ေတြအေနနဲ႔ တြက္ေျခကိုက္ေအာင္ ပိုေဝးလံတဲ့ သမုဒၵရာထဲ ငါးရွာထြက္ရပါေတာ့တယ္။ဒီလို ပင္လယ္ခရီးထြက္ဖို႔ ေလာင္စာနဲ႔ အလုပ္သမားခကလည္း ေဈးႀကီးေပးရပါတယ္။ ဒါ့ေၾကာင့္ တခ်ိဳ႕က စားရိတ္က်ဥ္းက်ဥ္းနဲ႔ အလုပ္လည္းျဖစ္၊ အျမတ္လည္းရေအာင္ တရားမဝင္တဲ့ နည္းလမ္းေတြနဲ႔ လႈပ္ရွားၾကပါေတာ့တယ္။ အဲဒီထဲက နည္းလမ္းတခုကေတာ့ အဓမၼအလုပ္ေစခိုင္းၿပီး ကုန္က်စားရိတ္ သက္သာေအာင္ ႀကံစည္တဲ့ နည္းပါဘဲ။

ငါးဖမ္းလုပ္ငန္းဟာ လူကုန္ကူးမႈနဲ႔ အႏၱရာယ္အမ်ားဆံုးဆက္စပ္မႈရွိေနေၾကာင္းနဲ႔၊ ပင္လယ္စာ ထုတ္လုပ္ ျဖန္႔ျဖဴ းေရးမွာ လူကုန္ကူးမႈ က်ယ္က်ယ္ျပန္႔ျပန္႔က်ဴ းလြန္ေနတယ္လို႔၊ အေမရိကန္ကြန္ကရက္လႊတ္ေတာ္ကို တင္သြင္းတဲ့၊ NOAA ေခၚအမ်ိဳးသားသမုဒၵရာနဲ႔ ဇလေဗဒ ဌာနနဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန တို႔ ပူးတြဲ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

ဒီအလုပ္ဟာ အႏၱရာယ္မ်ားတယ္လို႔ သေဘာထားၾကၿပီး၊ အရည္အခ်င္းရွိစရာမလို၊ အလြယ္တကူလူစားထိုးႏိုင္တဲ့၊ ေရႊ႔ေျပာင္းအလုပ္သမားေတြကို အႀကီးအက်ယ္ အားထားခိုင္းေစၾကပါတယ္။ လူကုန္ကူးဖို႔ အတြက္၊ ဖ်ားေယာင္းဖို႔ အလြယ္ဆံုးလူအုပ္စုကို ပစ္မွတ္ထားၾကတယ္လို႔ ဆိုပါတယ္။

ငါးဖမ္းလုပ္ငန္းရဲ႕ သဘာဝကိုက ပင္လယ္ထဲ အထီးက်န္ ေနၾကရတာဆိုေတာ့ ဒီရာဇဝတ္မႈက်ဴး လြန္တဲ့ အျဖစ္က အလြယ္တကူ ပုန္းေရွာင္ေနလို႔ရပါတယ္။ ငါးဖမ္းသေဘၤာေတြက ပင္လယ္ထဲမွာ တခါေလ လေတြနဲ႔ ခ်ီၾကာ ေနၾကရသလို ႏွစ္ ခ်ီၾကာေအာင္ေနရတာေတြလည္းရွိပါတယ္။

ဒီလို အေျခအေနေတြေၾကာင့္ ငါးဖမ္းအလုပ္သမားေတြအေနနဲ႔ အဓမၼအလုပ္ခိုင္းေစေနတာက လြတ္ေျမာက္ေအာင္ ထြက္ေျပးလို႔မျဖစ္ႏိုင္သလို၊ မတရား အခိုင္းခံေနရတာကိုလည္း တိုင္ၾကားဖို႔ မလြယ္ပါဘူး။ လူကုန္ကူးေရာင္းစားခံရသူေတြဟာ စိတ္ဆင္းရဲၾကသလို ကိုယ္ထိလက္ေရာက္ ေစာ္ကားတာေတြနဲ႔လည္း မၾကာခဏ ရင္ဆိုင္ၾကရပါတယ္။ တခါတေလ အသက္ေသဆံုးရတဲ့အထိ ခံစားၾကရပါတယ္။ အလုပ္ခ်ိန္ေတြ ေက်ာ္လြန္ၿပီး ခိုင္းတာ၊ အေနအထိုင္ဆင္းရဲတာ၊ လုပ္ခ နည္းနည္း ဒါမွမဟုတ္ တျပားမွ မေပးဘဲ အခိုင္းခံၾကရတာေတြလည္း ရွိပါတယ္။

ဆင္းရဲမြဲေတမႈ၊ အၾကမ္းဖက္မႈ၊ ရာဇဝတ္မႈ၊ အဆင့္ျမင့္အရာရွိႀကီးေတြ အဂတိလိုက္စားမႈ ေတြရွိၿပီး၊လူထုလြတ္လပ္ခြင့္နဲ႔ အလုပ္သမားအခြင့္အေရးအတြက္၊ တရားဥပေဒအရ အကာအကြယ္ေပးမႈ အားနည္းတဲ့၊ ႏိုင္ငံေရးတည္ၿငိမ္မႈမရွိတဲ့ ႏိုင္ငံေတြရဲ႕ ငါးဖမ္းလုပ္ငန္းေတြမွာ အဓမၼအလုပ္ခိုင္းေစတာေတြ ပိုၿပီး ရွိတတ္ပါတယ္။

ဒီအေျခအေနဆိုးေတြ ပေပ်ာက္ေအာင္ အေမရိကန္ျပည္ေထာင္စုက အဆင့္ ၄ ဆင့္ အေကာင္အထည္ေဖၚဖို႔ ဒီအစီရင္ခံစာက ေထာက္ခံအႀကံျပဳထားပါတယ္။ ပထမ အခ်က္ကေတာ့ ျပည္တြင္းမွာေရာ၊ ႏိုင္ငံတကာမွာပါ၊ ပင္လယ္စာထုတ္လုပ္ျဖန္႔ျဖဴ းေရးလုပ္ငန္းေတြမွာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ အစိုးရတရပ္လံုး တုံ႔ျပန္ဖို႔ နည္းဗ်ဴ ဟာ ခ်မွတ္ေရး ျဖစ္ပါတယ္။ ဒုတိယအခ်က္ အေနနဲ႔ ငါးလုပ္ငန္းေတြမွာ အဓမၼ အလုပ္ခိုင္းေစတဲ့ ျပႆနာရွိတယ္လို႔ နာမည္ထြက္ေနတဲ့ ႏိုင္ငံေတြကို လူကုန္ကူးမႈတိုက္ဖ်က္ေရး ႀကိဳးပမ္းမႈအတြက္ အေမရိကန္က အားေပး ေထာက္ခံပ့ံပိုး သင့္တယ္လို႔ အႀကံျပဳထားပါတယ္။

NGO လူထုအေျချပဳအဖြဲ႔အစည္းေတြနဲ႔ တျခားမျဖစ္မေနပါဝင္သင့္သူေတြအေနနဲ႕ ငါးဖမ္းလုပ္ငန္းေတြနဲ႔ ထိေတြ႔ဆက္ဆံၿပီး ကမၻာတဝန္း လူကုန္ကူးမႈေတြကို လက္လွမ္းမီေအာင္ ႀကိဳးပမ္းႏိုင္ဖို႕ အေမရိကန္ျပည္ေထာင္စုက ပံ့ပိုးကူညီသင့္တယ္လို႔ တတိယအႀကံျပဳခ်က္က ဆိုပါတယ္။

ေနာက္ဆံုးအခ်က္ကေတာ့ ပင္လယ္စာျဖန္႔ျဖဴးတဲ့လုပ္ငန္းေတြမွာ လူကုန္ကူးမႈ မျဖစ္ေအာင္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ အမ်ိဳးသားသမုဒၵရာနဲ႔ ဇလေဗဒဌာနတို႔ရဲ႕ လက္ရွိႀကိဳးပမ္းမႈေတြကို အေျခခံၿပီး ဒီအႀကံျပဳခ်က္ေတြ ခိုင္မာေအာင္ ေဆာင္ရြက္သင့္တယ္လို႔ ဆိုပါတယ္။

ပင္လယ္စာလုပ္ငန္းမွာ လူကုန္ကုးမႈ တိုက္ဖ်က္ေရးဟာ၊ လူ႔အခြင့္အေရးနဲ႔ ရာဇဝတ္မႈေရးရာေတြအတြက္ အေရးႀကီးသလို၊ အေမရိကန္ႏိုင္ငံျခားေရး မူဝါဒအတြက္လည္း အေရးပါ ပါတယ္။ အခု ေနာက္ဆံုးထုတ္ျပန္တဲ့ အစီရင္ခံစာဟာ ပင္လယ္စာလုပ္ငန္းမွာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ ႀကိဳးပမ္းမႈနဲ႔ ပူးေပါင္း ညွိႏိႈင္းႏိုင္ေရး အားေပးတဲ့ အေရးႀကီးေျခလွမ္းတရပ္ ျဖစ္ေၾကာင္းပါ။

................

ပင်လယ်စာလုပ်ငန်း လူကုန်ကူးမှု ပပျောက်ရေး အမေရိကန်ကြိုးပမ်းမှု

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

လူဦးရေ တိုးလာတာနဲ့အမျှ၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကမ္ဘာတဝန်း ပင်လယ်စာ ဝယ်လိုအား အဆမတန် များပြားလာပါတယ်။အထူးသဖြင့် ပင်လယ်ရေကြောင်း ခရီးလမ်း ပိုပြီး လွယ်ကူလာတဲ့အတွက်ကြောင့် အလွန်အကျူ း ငါးတွေ ဖမ်းနေကြတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ပင်လယ်ထဲမှာ ငါးတွေ တဖြည်းဖြည်း ရှားပါးလာတဲ့အတွက်၊ငါးဖမ်းသမား တံငါသည် တွေအနေနဲ့ တွက်ခြေကိုက်အောင် ပိုဝေးလံတဲ့ သမုဒ္ဒရာထဲ ငါးရှာထွက်ရပါတော့တယ်။ဒီလို ပင်လယ်ခရီးထွက်ဖို့ လောင်စာနဲ့ အလုပ်သမားခကလည်း ဈေးကြီးပေးရပါတယ်။ ဒါ့ကြောင့် တချို့က စားရိတ်ကျဉ်းကျဉ်းနဲ့ အလုပ်လည်းဖြစ်၊ အမြတ်လည်းရအောင် တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ လှုပ်ရှားကြပါတော့တယ်။ အဲဒီထဲက နည်းလမ်းတခုကတော့ အဓမ္မအလုပ်စေခိုင်းပြီး ကုန်ကျစားရိတ် သက်သာအောင် ကြံစည်တဲ့ နည်းပါဘဲ။

ငါးဖမ်းလုပ်ငန်းဟာ လူကုန်ကူးမှုနဲ့ အန္တရာယ်အများဆုံးဆက်စပ်မှုရှိနေကြောင်းနဲ့၊ ပင်လယ်စာ ထုတ်လုပ် ဖြန့်ဖြူ းရေးမှာ လူကုန်ကူးမှု ကျယ်ကျယ်ပြန့်ပြန့်ကျူ းလွန်နေတယ်လို့၊ အမေရိကန်ကွန်ကရက်လွှတ်တော်ကို တင်သွင်းတဲ့၊ NOAA ခေါ်အမျိုးသားသမုဒ္ဒရာနဲ့ ဇလဗေဒ ဌာနနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တို့ ပူးတွဲ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီအလုပ်ဟာ အန္တရာယ်များတယ်လို့ သဘောထားကြပြီး၊ အရည်အချင်းရှိစရာမလို၊ အလွယ်တကူလူစားထိုးနိုင်တဲ့၊ ရွှေ့ပြောင်းအလုပ်သမားတွေကို အကြီးအကျယ် အားထားခိုင်းစေကြပါတယ်။ လူကုန်ကူးဖို့ အတွက်၊ ဖျားယောင်းဖို့ အလွယ်ဆုံးလူအုပ်စုကို ပစ်မှတ်ထားကြတယ်လို့ ဆိုပါတယ်။

ငါးဖမ်းလုပ်ငန်းရဲ့ သဘာဝကိုက ပင်လယ်ထဲ အထီးကျန် နေကြရတာဆိုတော့ ဒီရာဇဝတ်မှုကျူး လွန်တဲ့ အဖြစ်က အလွယ်တကူ ပုန်းရှောင်နေလို့ရပါတယ်။ ငါးဖမ်းသင်္ဘောတွေက ပင်လယ်ထဲမှာ တခါလေ လတွေနဲ့ ချီကြာ နေကြရသလို နှစ် ချီကြာအောင်နေရတာတွေလည်းရှိပါတယ်။

ဒီလို အခြေအနေတွေကြောင့် ငါးဖမ်းအလုပ်သမားတွေအနေနဲ့ အဓမ္မအလုပ်ခိုင်းစေနေတာက လွတ်မြောက်အောင် ထွက်ပြေးလို့မဖြစ်နိုင်သလို၊ မတရား အခိုင်းခံနေရတာကိုလည်း တိုင်ကြားဖို့ မလွယ်ပါဘူး။ လူကုန်ကူးရောင်းစားခံရသူတွေဟာ စိတ်ဆင်းရဲကြသလို ကိုယ်ထိလက်ရောက် စော်ကားတာတွေနဲ့လည်း မကြာခဏ ရင်ဆိုင်ကြရပါတယ်။ တခါတလေ အသက်သေဆုံးရတဲ့အထိ ခံစားကြရပါတယ်။ အလုပ်ချိန်တွေ ကျော်လွန်ပြီး ခိုင်းတာ၊ အနေအထိုင်ဆင်းရဲတာ၊ လုပ်ခ နည်းနည်း ဒါမှမဟုတ် တပြားမှ မပေးဘဲ အခိုင်းခံကြရတာတွေလည်း ရှိပါတယ်။

ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှု၊ အဆင့်မြင့်အရာရှိကြီးတွေ အဂတိလိုက်စားမှု တွေရှိပြီး၊လူထုလွတ်လပ်ခွင့်နဲ့ အလုပ်သမားအခွင့်အရေးအတွက်၊ တရားဥပဒေအရ အကာအကွယ်ပေးမှု အားနည်းတဲ့၊ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ နိုင်ငံတွေရဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ အဓမ္မအလုပ်ခိုင်းစေတာတွေ ပိုပြီး ရှိတတ်ပါတယ်။

ဒီအခြေအနေဆိုးတွေ ပပျောက်အောင် အမေရိကန်ပြည်ထောင်စုက အဆင့် ၄ ဆင့် အကောင်အထည်ဖေါ်ဖို့ ဒီအစီရင်ခံစာက ထောက်ခံအကြံပြုထားပါတယ်။ ပထမ အချက်ကတော့ ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ၊ ပင်လယ်စာထုတ်လုပ်ဖြန့်ဖြူ းရေးလုပ်ငန်းတွေမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အစိုးရတရပ်လုံး တုံ့ပြန်ဖို့ နည်းဗျူ ဟာ ချမှတ်ရေး ဖြစ်ပါတယ်။ ဒုတိယအချက် အနေနဲ့ ငါးလုပ်ငန်းတွေမှာ အဓမ္မ အလုပ်ခိုင်းစေတဲ့ ပြဿနာရှိတယ်လို့ နာမည်ထွက်နေတဲ့ နိုင်ငံတွေကို လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုအတွက် အမေရိကန်က အားပေး ထောက်ခံပံ့ပိုး သင့်တယ်လို့ အကြံပြုထားပါတယ်။

NGO လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ တခြားမဖြစ်မနေပါဝင်သင့်သူတွေအနေနဲ့ ငါးဖမ်းလုပ်ငန်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး ကမ္ဘာတဝန်း လူကုန်ကူးမှုတွေကို လက်လှမ်းမီအောင် ကြိုးပမ်းနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ပံ့ပိုးကူညီသင့်တယ်လို့ တတိယအကြံပြုချက်က ဆိုပါတယ်။

နောက်ဆုံးအချက်ကတော့ ပင်လယ်စာဖြန့်ဖြူးတဲ့လုပ်ငန်းတွေမှာ လူကုန်ကူးမှု မဖြစ်အောင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားသမုဒ္ဒရာနဲ့ ဇလဗေဒဌာနတို့ရဲ့ လက်ရှိကြိုးပမ်းမှုတွေကို အခြေခံပြီး ဒီအကြံပြုချက်တွေ ခိုင်မာအောင် ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။

ပင်လယ်စာလုပ်ငန်းမှာ လူကုန်ကုးမှု တိုက်ဖျက်ရေးဟာ၊ လူ့အခွင့်အရေးနဲ့ ရာဇဝတ်မှုရေးရာတွေအတွက် အရေးကြီးသလို၊ အမေရိကန်နိုင်ငံခြားရေး မူဝါဒအတွက်လည်း အရေးပါ ပါတယ်။ အခု နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာဟာ ပင်လယ်စာလုပ်ငန်းမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းမှုနဲ့ ပူးပေါင်း ညှိနှိုင်းနိုင်ရေး အားပေးတဲ့ အရေးကြီးခြေလှမ်းတရပ် ဖြစ်ကြောင်းပါ။

XS
SM
MD
LG