Accessibility links

Breaking News

VOA အသံလႊင္႔ဌာန ၇၉ ႏွစ္ျပည္႔ေျမာက္တဲ႔ေန႔႔ 


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ဒီကေန႔ ေဖေဖၚဝါရီလ ၂၄ ရက္ေန႔ ဟာဆိုရင္ VOA အေမရိကန္အသံ အသံလႊင့္ခဲ့တဲ့ ၇၉ ႏွစ္ ေျမာက္ႏွစ္ပတ္လည္ေန႔ ျဖစ္ပါတယ္။ ဒုတိယကမၻာစစ္ကာလ၊ အေမွာင္ဖုံးတဲ့ အေစာပိုင္းရက္ေတြမွာ အေမရိကန္ျပည္ေထာင္စု အစိုးရက နာဇီဝါဒျဖန္႔တာေတြကို တန္ျပန္ဖို႔ လိုအပ္တယ္လို႔ ဆံုးျဖတ္ခ်က္ခ်ၿပီး တိက်မွန္ကန္၊ ဘက္မလိုက္တဲ့ သတင္းအခ်က္အလက္ေတြ ထုတ္ျပန္ႏိုင္ေရးအတြက္ ကိုယ္ပိုင္အသံလႊင့္ဌာနတခု ထူေထာင္လိုက္ပါတယ္။ ၁၉၄၂ ခုႏွစ္ ေဖေဖၚဝါရီလ ၁ ရက္ေန႔မွာ VOA အေမရိကန္အသံကိုထူေထာင္လိုက္ၿပီး၊ ေဖေဖၚဝါရီလ ၂၄ ရက္ေန႔မွာ ဂ်ာမန္ဘာသာနဲ႔၁၅ မိနစ္ၾကာ စတင္အသံလႊင့္ခဲ့ပါတယ္။

"VOA အေမရိကန္အသံက အသံလႊင့္ေနပါတယ္။ ေန႔စဥ္ ဒီအခ်ိန္မွာ အေမရိကားနဲ႔ စစ္ပြဲေတြအေၾကာင္း ေျပာျပေပးမွာပါ။ သတင္းေကာင္းျဖစ္ျဖစ္ သတင္းဆိုးျဖစ္ျဖစ္၊ က်ေနာ္တို႔ကေတာ့ သတင္းအမွန္ေတြကိုဘဲ ေျပာျပေပးသြားမွာလို႔ဆိုပါတယ္။”

အစပိုင္းမွာေတာ့ VOA အေမရိကန္အသံအေနနဲ႔ အေမရိကန္ေတြရဲ႕ ဘဝကို ျမင္ႏိုင္တဲ့ ျပဴတးင္ေပါက္အေနနဲ႔ အသံလႊင့္ဖို႔ ရည္ရြယ္ခဲ့ပါတယ္။ ဥပေဒအရ ဒါေတြလိုအပ္တာ အမွန္ပါဘဲ၊ တိက်မွန္ကန္၊ အာဃာတမပါ၊ ျပည့္စံုတဲ့ သတင္းေတြ၊ ဘက္လိုက္မႈမရွိ မွ်တတဲ့သတင္းေတြ၊ထူးျခားၿပီး ျပည့္စံုမွန္ကန္တဲ့ အေမရိကန္ေတြရဲ႕ အေတြးအေခၚနဲ႔ ဌာနဆိုင္ရာသတင္းေတြအျပင္ အေမရိကန္အစိုးရရဲ႕ မူဝါဒေတြကို မျဖစ္မေန တင္ဆက္ေပးဖို႔ျဖစ္ပါတယ္။

VOA အေမရိကန္အသံရဲ႕ အလုပ္တာဝန္က အေမရိကန္ရဲ႕ အေၾကာင္းကမၻာကိုေျပာျပဖို႔ပါဘဲလို႔ သမၼတ John F. Kennedy က VOA အေမရိကန္အသံအႏွစ္ ၂၀ ျပည့္နွစ္ပတ္လည္အထိမ္းအမွတ္ မိန္႔ခြန္းမွာ အခုလိုေျပာပါတယ္။

“ ဒါဟာ သိပ္ခက္ခဲၿပီး ႏူးညံ့သိမ္ေမြ႔တဲ့အလုပ္ျဖစ္ပါတယ္။ သင္ဟာ အစိုးရအတြက္ အားကိုးရတဲ့ လက္တဘက္ျဖစ္တာေၾကာင့္၊ ႏိုင္ငံအတြက္လည္း လက္တဘက္ပါဘဲ။ ဒီမိုကေရစီေရးနဲ႔ အေမရိကန္ျပည္ေထာင္စုအတြက္ အေလးထားဆံုး အလင္းေရာင္ကို ကိုယ္စားျပဳၿပီး၊ က်ေနာ္တို႕ရဲ႕ အေၾကာင္း ကမၻာတဝန္းကသိေအာင္ေျပာျပေပးေနတာက VOA အေမရိကန္အသံရဲ႕ အလုပ္ျဖစ္ပါတယ္။ တျခားတဘက္မွာလည္း၊ လြတ္ေျမာက္မႈအတြက္ လုပ္ေပးေနသလို၊ က်ေနာ္တို႔ရဲ႕ အေၾကာင္းမွန္ကန္တဲ့နည္းလမ္းနဲ႔ ေျပာျပေပးရမွာျဖစ္ပါတယ္။ Oliver Cromwell က သူ႔ရဲ႕ ပံုတူပန္းခ်ီကားအေၾကာင္းေျပာျပသလိုပါဘဲ။ က်ေနာ္တို႔ရဲ႕ မ်က္ႏွာက အဖုအပိမ့္ေတြ၊ ၾကြက္ႏို႔ေတြ၊ ၾကည့္လိုက္တာနဲ႔ ခ်က္ခ်င္း ဆြဲေဆာင္အားမေကာင္းတဲ့၊ အရာေတြအားလံုး၊ အကုန္ပါေအာင္သာ ဆြဲေပးပါလို႔ ေျပာဖူးပါတယ္" လို႔ သမၼတကေနဒီက ဥပမာေပးသြားတာပါ။

အဲဒီေနာက္ပိုင္း ကမၻာတဝန္းကျပည္သူေတြဟာ ရာစုႏွစ္ရဲ႕ အႀကီးက်ယ္ဆံုးျဖစ္ရပ္ေတြကို VOA အေမရိကန္အသံကေန ၾကားသိခဲ့ၾကတဲ့အနက္၊ ၁၉၆၉ ခုႏွစ္ ဇူလိုင္လ ၂၀ ရက္ေန႔က လ ေပၚလူဆင္းသက္ႏိုင္ခဲ့တဲ့ သတင္းအပါအဝင္ျဖစ္ပါတယ္။

"ေအးခ်မ္းဆိတ္ၿငိမ္တဲ့ေနရာကို Eagle လင္းယုန္ငွက္ေအာင္ျမင္စြာ ဆင္းသက္ႏိုင္ခဲ့ပါၿပီ" လို႔ ေျပာသြားတာပါ။ အေမရိကန္ရဲ႕ သေကၤတက လင္းယုန္ငွက္ျဖစ္ပါတယ္။

VOA အေမရိကန္အသံ ပထမဆံုးအသံလႊင့္တုန္းက သတင္းေကာင္းျဖစ္ႏိုင္သလို၊ သတင္းဆိုးလည္း ျဖစ္ႏိုင္ေပမယ့္ ၊ သတင္းအမွန္ကိုသာေျပာျပေပးမွာပါလို႔ ေသာတရွင္ေတြကို ေျပာခဲ့ပါတယ္။

အဲဒီအခ်ိန္ကစလို႔ ဒီကေန႔အထိ လြတ္ေျမာက္မႈနဲ႔ ဒီမိုကေရစီေရးကို ေထာက္ခံအားေပးတဲ့အေနနဲ႔ ကမၻာတဝန္းကျပည္သူေတြ ၾကားသိေစႏိုင္ဖို႔၊ ထိေတြ႔ဆက္သြယ္ၿပီး VOA အေမရိကန္အသံက သတင္းေတြကို ထုတ္လႊင့္ေပးေနတဲ့အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖေဖၚဝါရီလ ၁ ရက္ေန႔က Twitter မွာေရးသားလိုက္ေၾကာင္းပါ။

.............

VOA အသံလွှင့်ဌာန ၇၉ နှစ်ပြည့်မြောက်တဲ့နေ့

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ဟာဆိုရင် VOA အမေရိကန်အသံ အသံလွှင့်ခဲ့တဲ့ ၇၉ နှစ် မြောက်နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ၊ အမှောင်ဖုံးတဲ့ အစောပိုင်းရက်တွေမှာ အမေရိကန်ပြည်ထောင်စု အစိုးရက နာဇီဝါဒဖြန့်တာတွေကို တန်ပြန်ဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ချက်ချပြီး တိကျမှန်ကန်၊ ဘက်မလိုက်တဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်နိုင်ရေးအတွက် ကိုယ်ပိုင်အသံလွှင့်ဌာနတခု ထူထောင်လိုက်ပါတယ်။ ၁၉၄၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ VOA အမေရိကန်အသံကိုထူထောင်လိုက်ပြီး၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ဂျာမန်ဘာသာနဲ့၁၅ မိနစ်ကြာ စတင်အသံလွှင့်ခဲ့ပါတယ်။

"VOA အမေရိကန်အသံက အသံလွှင့်နေပါတယ်။ နေ့စဉ် ဒီအချိန်မှာ အမေရိကားနဲ့ စစ်ပွဲတွေအကြောင်း ပြောပြပေးမှာပါ။ သတင်းကောင်းဖြစ်ဖြစ် သတင်းဆိုးဖြစ်ဖြစ်၊ ကျနော်တို့ကတော့ သတင်းအမှန်တွေကိုဘဲ ပြောပြပေးသွားမှာလို့ဆိုပါတယ်။”

အစပိုင်းမှာတော့ VOA အမေရိကန်အသံအနေနဲ့ အမေရိကန်တွေရဲ့ ဘဝကို မြင်နိုင်တဲ့ ပြူတးင်ပေါက်အနေနဲ့ အသံလွှင့်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဥပဒေအရ ဒါတွေလိုအပ်တာ အမှန်ပါဘဲ၊ တိကျမှန်ကန်၊ အာဃာတမပါ၊ ပြည့်စုံတဲ့ သတင်းတွေ၊ ဘက်လိုက်မှုမရှိ မျှတတဲ့သတင်းတွေ၊ထူးခြားပြီး ပြည့်စုံမှန်ကန်တဲ့ အမေရိကန်တွေရဲ့ အတွေးအခေါ်နဲ့ ဌာနဆိုင်ရာသတင်းတွေအပြင် အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို မဖြစ်မနေ တင်ဆက်ပေးဖို့ဖြစ်ပါတယ်။

VOA အမေရိကန်အသံရဲ့ အလုပ်တာဝန်က အမေရိကန်ရဲ့ အကြောင်းကမ္ဘာကိုပြောပြဖို့ပါဘဲလို့ သမ္မတ John F. Kennedy က VOA အမေရိကန်အသံအနှစ် ၂၀ ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် မိန့်ခွန်းမှာ အခုလိုပြောပါတယ်။

“ ဒါဟာ သိပ်ခက်ခဲပြီး နူးညံ့သိမ်မွေ့တဲ့အလုပ်ဖြစ်ပါတယ်။ သင်ဟာ အစိုးရအတွက် အားကိုးရတဲ့ လက်တဘက်ဖြစ်တာကြောင့်၊ နိုင်ငံအတွက်လည်း လက်တဘက်ပါဘဲ။ ဒီမိုကရေစီရေးနဲ့ အမေရိကန်ပြည်ထောင်စုအတွက် အလေးထားဆုံး အလင်းရောင်ကို ကိုယ်စားပြုပြီး၊ ကျနော်တို့ရဲ့ အကြောင်း ကမ္ဘာတဝန်းကသိအောင်ပြောပြပေးနေတာက VOA အမေရိကန်အသံရဲ့ အလုပ်ဖြစ်ပါတယ်။ တခြားတဘက်မှာလည်း၊ လွတ်မြောက်မှုအတွက် လုပ်ပေးနေသလို၊ ကျနော်တို့ရဲ့ အကြောင်းမှန်ကန်တဲ့နည်းလမ်းနဲ့ ပြောပြပေးရမှာဖြစ်ပါတယ်။ Oliver Cromwell က သူ့ရဲ့ ပုံတူပန်းချီကားအကြောင်းပြောပြသလိုပါဘဲ။ ကျနော်တို့ရဲ့ မျက်နှာက အဖုအပိမ့်တွေ၊ ကြွက်နို့တွေ၊ ကြည့်လိုက်တာနဲ့ ချက်ချင်း ဆွဲဆောင်အားမကောင်းတဲ့၊ အရာတွေအားလုံး၊ အကုန်ပါအောင်သာ ဆွဲပေးပါလို့ ပြောဖူးပါတယ်" လို့ သမ္မတကနေဒီက ဥပမာပေးသွားတာပါ။

အဲဒီနောက်ပိုင်း ကမ္ဘာတဝန်းကပြည်သူတွေဟာ ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံးဖြစ်ရပ်တွေကို VOA အမေရိကန်အသံကနေ ကြားသိခဲ့ကြတဲ့အနက်၊ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က လ ပေါ်လူဆင်းသက်နိုင်ခဲ့တဲ့ သတင်းအပါအဝင်ဖြစ်ပါတယ်။

"အေးချမ်းဆိတ်ငြိမ်တဲ့နေရာကို Eagle လင်းယုန်ငှက်အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါပြီ" လို့ ပြောသွားတာပါ။ အမေရိကန်ရဲ့ သင်္ကေတက လင်းယုန်ငှက်ဖြစ်ပါတယ်။

VOA အမေရိကန်အသံ ပထမဆုံးအသံလွှင့်တုန်းက သတင်းကောင်းဖြစ်နိုင်သလို၊ သတင်းဆိုးလည်း ဖြစ်နိုင်ပေမယ့် ၊ သတင်းအမှန်ကိုသာပြောပြပေးမှာပါလို့ သောတရှင်တွေကို ပြောခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ ဒီကနေ့အထိ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့အနေနဲ့ ကမ္ဘာတဝန်းကပြည်သူတွေ ကြားသိစေနိုင်ဖို့၊ ထိတွေ့ဆက်သွယ်ပြီး VOA အမေရိကန်အသံက သတင်းတွေကို ထုတ်လွှင့်ပေးနေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ ၁ ရက်နေ့က Twitter မှာရေးသားလိုက်ကြောင်းပါ။

XS
SM
MD
LG