Accessibility links

Breaking News

ျမန္မာျပည္သူေတြနဲ႔အတူ အေမရိကန္ ရပ္တည္ေနပါတယ္


ပဲခူးၿမိဳ႕က စစ္အာဏာသိမ္းဆန႔္က်င္ ဆႏၵျပပဲြ ျမင္ကြင္း။
ပဲခူးၿမိဳ႕က စစ္အာဏာသိမ္းဆန႔္က်င္ ဆႏၵျပပဲြ ျမင္ကြင္း။

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနည္းက် တင္ေျမွာက္ထားတဲ့ အစိုးရကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က ဖယ္ရွားလိုက္တဲ့အေပၚ ဆက္လက္ ကန္႔ကြက္ဆႏၵျပေနၾကတဲ့ ျမန္မာလူထုကို အေမရိကန္ျပည္ေထာင္စုက အားေပးေထာက္ခံေၾကာင္း ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ Ned Price က ေျပာၾကားလိုက္ပါတယ္။

“ျမန္မာျပည္သူေတြနဲ႔အတူ က်ေနာ္တို႔ ရပ္တည္ပါတယ္။ ဒီမိုကေရစီနည္းက် ေရြးခ်ယ္တင္ေႁမွာက္ထားတဲ့ အစိုးရကို ေထာက္ခံတဲ့ အေနနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပတာ အပါအ၀င္ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္၊ အြန္လိုင္းေရာ တျခားနည္းနဲ႔ပါ သတင္းအခ်က္အလက္ေတြ ရရွိခြင့္ အပါအ၀င္ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ေတြ ရရွိေရးကိုလည္း က်ေနာ္တို႔ အားေပး ေထာက္ခံပါတယ္။”

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈကို အေမရိကန္ျပည္ေထာင္စုက ျပင္းထန္စြာ ႐ႈတ္ခ်ထားၿပီး၊ ဒီမိုကေရစီနည္းက် ေရြးခ်ယ္ တင္ေႁမွာက္ထားတဲ့ အစိုးရကို အာဏာျပန္လဲႊေပးဖို႔၊ ဖမ္းဆီးထားသူ အားလုံးကို ျပန္လႊတ္ဖို႔နဲ႔ သတင္းသမားေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ အရပ္ဖက္ လူမႈအဖဲြ႕အစည္းက လူေတြအေပၚ တိုက္ခိုက္ေနတာေတြကိုလည္း ရပ္တန္႔ဖို႔ ဆက္လက္ ေတာင္းဆိုပါတယ္။

အစြမ္းကုန္ ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ဖို႔ အေမရိကန္က ေတာင္းဆိုထားၿပီး၊ ျပည္သူလူထုအေပၚ အၾကမ္းဖက္တဲ့ လုပ္ရပ္ေတြဟာ လက္ခံႏိုင္စရာ မရွိသလို၊ သည္းခံမွာမဟုတ္ေၾကာင္းလည္း စစ္ေခါင္းေဆာင္ေတြကို ရွင္းရွင္းလင္းလင္း အသိေပးထားပါတယ္။ ျမန္မာစစ္အာဏာပိုင္ေတြရဲ႕ လုပ္ရပ္ေတြ ေျပာင္းလဲေအာင္ ဖိအားေပးဖို႔လည္း မိတ္ဖက္ေတြ၊ မဟာမိတ္ေတြကို အေမရိကန္ ျပည္ေထာင္စုက တိုက္တြန္းထားပါတယ္။

အာဏာသိမ္းမႈနဲ႔ ဆက္ႏြယ္ၿပီး၊ ျမန္မာစစ္တပ္မွာ လက္ရွိတာ၀န္ယူထားသူေတြနဲ႔ အရာရွိေဟာင္း စုစုေပါင္း ၁၀ ဦးအျပင္၊ စစ္တပ္က ပိုင္ဆိုင္တာ၊ ဒါမွမဟုတ္ ထိန္းခ်ဳပ္ထားတဲ့ သယံဇာတ ထုတ္လုပ္ေရး ကုမၸဏီ ၃ ခုကိုလည္း ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ကပဲ အေမရိကန္က ပိတ္ဆို႔ဒဏ္ခတ္ အေရးယူထားပါတယ္။

ဒါ့အျပင္ ျမန္မာအစိုးရကို အေမရိကန္က ေပးအပ္ေနတဲ့ အေထာက္အပံ့ေတြနဲ႔ ပတ္သက္လို႔လည္း ျပန္လည္သုံးသပ္ေနပါတယ္။ ဒါေပမဲ့လည္း အေမရိကန္ အေနနဲ႔ ျမန္မာျပည္သူေတြ၊ စာနာမႈအကူအညီေတြ၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ အရပ္ဖက္ လူမႈအသိုင္းအ၀န္းနဲ႔ ျပည္သူလူထု အက်ဳိးခံစားရမယ့္ တျခားအစီအစဥ္ေတြကိုေတာ့ အခိုင္အမာ ဆက္လက္ အားေပးေထာက္ပံ့မွာ ျဖစ္ပါတယ္။

အာဏာသိမ္းမႈကို တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္ ႏိုင္ငံတကာ အကူအညီေပးေရးေအဂ်င္စီ USAID က ျမန္မာအစိုးရအတြက္ ေပးအပ္ေနတဲ့ ခန္႔မွန္းေျခ ေဒၚလာ ၄၂.၄ သန္းေလာက္ ကိုလည္း တျခားကို ခ်က္ျခင္း လဲႊေျပာင္းထားပါတယ္။ ဒီရန္ပုံေငြေတြကိုေတာ့ ဒီမိုကေရစီစနစ္ကို ကာကြယ္ဖို႔၊ လြတ္လပ္တဲ့ သတင္းမီဒီယာေတြ အားေကာင္းလာေစဖို႔၊ အၾကမ္းဖက္မႈဒဏ္ ခံခဲ့ရတဲ့ ေဒသေတြမွာ ၿငိမ္းခ်မ္းေရးနဲ႔ သင့္ျမတ္ေရး လုပ္ငန္းေတြအတြက္ အရပ္ဖက္အဖဲြ႕အစည္းေတြရဲ႕ စြမ္းရည္ႁမွင့္တင္ရာမွာ အားေပးဖို႔ အသုံးျပဳမွာ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာေတြနဲ႔ တျခား ထိလြယ္ရွလြယ္ လူမႈအသိုင္းအ၀န္းအတြက္ အသက္တမွ် အေရးႀကီးတဲ့ စာနာမႈ အကူအညီေတြကိုလည္း အေမရိကန္က ဆက္လက္ ပံ့ပိုးေပးမွာ ျဖစ္ပါတယ္။

ဒီမိုကေရစီ၊ လြတ္လပ္ခြင့္နဲ႔ သာယာ၀ေျပာေရးအတြက္ ျမန္မာျပည္သူေတြရဲ႕ ေမွ်ာ္မွန္းခ်က္ေတြကို အေမရိကန္ ျပည္ေထာင္စုက မယိမ္းမယိုင္ ဆက္လက္ အားေပးမွာ ျဖစ္ပါတယ္။

ဒီမိုကေရစီ ျပန္လည္တည္ေဆာက္ႏိုင္ဖို႔ ေမွ်ာ္မွန္းခ်က္နဲ႔ လမ္းေတြေပၚထြက္ ဆက္လက္ ေတာင္းဆိုေနၾကတဲ့ ျမန္မာျပည္သူေတြအတြက္ စိတ္တူကိုယ္တူ မဟာမိတ္ေတြ၊ မိတ္ဖက္ေတြနဲ႔ လက္တဲြရင္း ျမန္မာျပည္သူေတြအတြက္ ရပ္တည္သြားဖို႔ဟာ အေမရိကန္အတြက္ ဦးစားေပးတာ၀န္တရပ္ ျဖစ္ပါတယ္လို႔လည္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ Ned Price ကေျပာပါတယ္။

...............

မြန်မာပြည်သူတွေနဲ့အတူ အမေရိကန် ရပ်တည်နေပါတယ်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ အစိုးရကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဖယ်ရှားလိုက်တဲ့အပေါ် ဆက်လက် ကန့်ကွက်ဆန္ဒပြနေကြတဲ့ မြန်မာလူထုကို အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ပြောကြားလိုက်ပါတယ်။

“မြန်မာပြည်သူတွေနဲ့အတူ ကျနော်တို့ ရပ်တည်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ထောက်ခံတဲ့ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာ အပါအဝင် ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အွန်လိုင်းရော တခြားနည်းနဲ့ပါ သတင်းအချက်အလက်တွေ ရရှိခွင့် အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ ရရှိရေးကိုလည်း ကျနော်တို့ အားပေး ထောက်ခံပါတယ်။”

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချထားပြီး၊ ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လွဲှပေးဖို့၊ ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ဖို့နဲ့ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းက လူတွေအပေါ် တိုက်ခိုက်နေတာတွေကိုလည်း ရပ်တန့်ဖို့ ဆက်လက် တောင်းဆိုပါတယ်။

အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ အမေရိကန်က တောင်းဆိုထားပြီး၊ ပြည်သူလူထုအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်စရာ မရှိသလို၊ သည်းခံမှာမဟုတ်ကြောင်းလည်း စစ်ခေါင်းဆောင်တွေကို ရှင်းရှင်းလင်းလင်း အသိပေးထားပါတယ်။ မြန်မာစစ်အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေ ပြောင်းလဲအောင် ဖိအားပေးဖို့လည်း မိတ်ဖက်တွေ၊ မဟာမိတ်တွေကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းမှုနဲ့ ဆက်နွယ်ပြီး၊ မြန်မာစစ်တပ်မှာ လက်ရှိတာဝန်ယူထားသူတွေနဲ့ အရာရှိဟောင်း စုစုပေါင်း ၁၀ ဦးအပြင်၊ စစ်တပ်က ပိုင်ဆိုင်တာ၊ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ သယံဇာတ ထုတ်လုပ်ရေး ကုမ္ပဏီ ၃ ခုကိုလည်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကပဲ အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူထားပါတယ်။

ဒါ့အပြင် မြန်မာအစိုးရကို အမေရိကန်က ပေးအပ်နေတဲ့ အထောက်အပံ့တွေနဲ့ ပတ်သက်လို့လည်း ပြန်လည်သုံးသပ်နေပါတယ်။ ဒါပေမဲ့လည်း အမေရိကန် အနေနဲ့ မြန်မာပြည်သူတွေ၊ စာနာမှုအကူအညီတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အရပ်ဖက် လူမှုအသိုင်းအဝန်းနဲ့ ပြည်သူလူထု အကျိုးခံစားရမယ့် တခြားအစီအစဉ်တွေကိုတော့ အခိုင်အမာ ဆက်လက် အားပေးထောက်ပံ့မှာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ USAID က မြန်မာအစိုးရအတွက် ပေးအပ်နေတဲ့ ခန့်မှန်းခြေ ဒေါ်လာ ၄၂.၄ သန်းလောက် ကိုလည်း တခြားကို ချက်ခြင်း လွဲှပြောင်းထားပါတယ်။ ဒီရန်ပုံငွေတွေကိုတော့ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အားကောင်းလာစေဖို့၊ အကြမ်းဖက်မှုဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေး လုပ်ငန်းတွေအတွက် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စွမ်းရည်မြှင့်တင်ရာမှာ အားပေးဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေနဲ့ တခြား ထိလွယ်ရှလွယ် လူမှုအသိုင်းအဝန်းအတွက် အသက်တမျှ အရေးကြီးတဲ့ စာနာမှု အကူအညီတွေကိုလည်း အမေရိကန်က ဆက်လက် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ သာယာဝပြောရေးအတွက် မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို အမေရိကန် ပြည်ထောင်စုက မယိမ်းမယိုင် ဆက်လက် အားပေးမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ဖို့ မျှော်မှန်းချက်နဲ့ လမ်းတွေပေါ်ထွက် ဆက်လက် တောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေအတွက် စိတ်တူကိုယ်တူ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ လက်တွဲရင်း မြန်မာပြည်သူတွေအတွက် ရပ်တည်သွားဖို့ဟာ အမေရိကန်အတွက် ဦးစားပေးတာဝန်တရပ် ဖြစ်ပါတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price ကပြောပါတယ်။

XS
SM
MD
LG