Accessibility links

Breaking News

အေမရိကန္ ပစ္မွတ္ထားဒဏ္ခတ္ စာရင္းထဲ ျမန္မာစစ္ဗိုလ္ခ်ဳပ္ ေနာက္ထပ္ (၂) ဦးတိုး


ပဲခူးၿမိဳ႕က စစ္အာဏာသိမ္းဆန႔္က်င္ ဆႏၵျပပဲြ ျမင္ကြင္း။
ပဲခူးၿမိဳ႕က စစ္အာဏာသိမ္းဆန႔္က်င္ ဆႏၵျပပဲြ ျမင္ကြင္း။

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ေဖေဖၚဝါရီလ ၁ ရက္ေန႔က စစ္တပ္အာဏာသိမ္းလိုက္တာကို ကန္႔ကြက္တဲ့အေနနဲ႔ မႏၱေလးၿမိဳ႔မွာ ေဖေဖၚဝါရီလ ၂၀ ရက္ေန႔ကၿငိမ္းခ်မ္းစြာ ဆႏၵျပၾကတဲ့လူထုကို လံုၿခံဳေရးတပ္ဖြဲ႔ေတြက ပစ္ခတ္ၿဖိဳခြင္းခဲ့ရာမွာ ၂ ေယာက္ေသဆံုးၿပီး အမ်ားအျပား ဒဏ္ရာရခဲ့ၾကပါတယ္။ တျခားေဒသ မွာလည္း အလားတူၿဖိဳခြင္းမႈေတြအတြင္း ၂ ေယာက္ေသဆံုးခဲ့ရပါတယ္။

စစ္အစိုးရက ဆႏၵထုတ္ေဖၚသူေတြကို ရက္ရက္စက္စက္ ႏွိပ္ကြပ္ေနတာကို တံု႔ျပန္တဲ့အေနနဲ႔၊ စစ္အစိုးရေခါင္းေဆာင္ေတြထဲက ေနာက္ထပ္ ၂ ေယာက္ကို ပိတ္ဆို႔မႈေတြနဲ႔ အေရးယူလိုက္ပါတယ္။ ႏိုင္ငံေတာ္အုပ္ခ်ဳပ္မႈေကာင္စီဝင္ ဗိုလ္ခ်ဳပ္ေမာင္ေမာင္ေက်ာ္ နဲ႔ ဗိုလ္ခ်ဳပ္ မိုးျမင့္ထြန္းတို႔ကို အေရးယူလိုက္တာ ျဖစ္ပါတယ္။ အေမရိကန္ပိုင္နက္ရွိ သူတို႔တဦးခ်င္းစီရဲ႕ ပိုင္ဆိုင္မႈနဲ႔ အက်ိဳးစီးပြားေတြကို ခ်ိတ္ပိတ္မွာျဖစ္သလို၊ အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ သူတို႔ ေငြေပးေငြယူ မလုပ္ဖို႔ တားျမစ္လိုက္ပါတယ္။

စစ္အာဏာသိမ္း ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္အပါအဝင္ စစ္တပ္က လက္ရွိ အရာရွိေတြနဲ႔ အရာရွိေဟာင္း ၁၀ ေယာက္၊ ေနာက္ သဘာဝသယံဇာတ ထုတ္လုပ္တဲ့ ကုမၸဏီ ၃ ခုကို ေဖေဖၚဝါရီလ ၁၁ ရက္ေန႔က ပိတ္ဆို႔မႈနဲ႔ အေရးယူခဲ့ၿပီးေနာက္အခု ၂ ေယာက္ကို ထပ္တိုး ပိတ္ဆို႔လိုက္တာျဖစ္ပါတယ္။

လံုၿခံဳေရးတပ္ဖြဲ႔ေတြက လက္နက္မဲ့ ဆႏၵထုတ္ေဖၚသူေတြကို ရက္ရက္စက္စက္ တိုက္ခိုက္ ေနတဲ့အတြက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။ ရာနဲ႔ခ်ီတဲ့ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖၚသူေတြ၊ လူ႔အခြင့္အေရးခုခံကာကြယ္သူေတြနဲ႔ ႏိုင္ငံေရးသမားေတြကို ဖမ္းဆီး၊ ထိန္းသိမ္းတာေတြ ဆက္လုပ္ေနတဲ့အေပၚမွာလည္း အျပစ္တင္ေဝဖန္လိုက္ပါတယ္။

တရားဥပေဒစိုးမိုးေရး၊ ၿငိမ္းခ်မ္းေရး၊ ေကာင္းမြန္တဲ့ ဒီမိုကေရစီ အုပ္ခ်ဳပ္မႈစနစ္အတြက္ သူတို႔အသံေတြ ၾကားသိေစဖို႔နဲ႔ စစ္အာဏာသိမ္းတာကို ကန္႔ကြက္တဲ့အေနနဲ႔ ႏိုင္ငံတဝန္း သတၱိရွိတဲ့ ဆံုးျဖတ္ခ်က္နဲ႔ ဆႏၵထုတ္ေဖၚၾကတဲ့ ျမန္မာျပည္သူေတြကို အခိုင္အမာ ေထာက္ခံပါတယ္လို႔ ဝန္ႀကီး Blinken က အေလးအနက္ေျပာဆိုလိုက္ပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာျပည္တဝန္း ေန႔စဥ္ဆိုသလို ကန္႔ကြက္ ဆႏၵျပပြဲေတြရွိေနၿပီး၊ ၿမိဳ႕ႀကီးေတြေရာ၊ ၿမိဳ႕ငယ္ေလးေတြပါမက်န္ တခါတေလ လူထု သိန္းနဲ႔ ခ်ီ တဲ့အထိ ဆႏၵထုတ္ေဖၚေနၾကပါတယ္။

စစ္တပ္က တႏွစ္ၾကာ အေရးေပၚအေျခအေန ေၾကညာလိုက္ၿပီး၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္အပါအဝင္ ထိပ္ပိုင္း အရပ္ဘက္တာဝန္ရွိသူေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ထိန္းသိမ္းထားပါတယ္။

အာဏာသိမ္းတာနဲ႔ အခုလတ္တေလာ အၾကမ္းဖက္ႏွိမ္နင္းေနတာဟာ လက္ခံႏိုင္စရာမရွိဘဲ၊ စစ္တပ္အေနနဲ႔၊ ထိန္းသိမ္းထားသူေတြျပန္လႊတ္ေပးဖို႔၊ အၾကမ္းဖက္တာေတြ တိုးၿပီး မလုပ္ဘဲ ဆင္ျခင္ဖို႔နဲ႔ ဒီမိုကေရစီနည္းက် ေရြးေကာက္တင္ေျမွာက္ထားတဲ့ အရပ္သားအစိုးရကို အာဏာျပန္လည္အပ္ႏွင္းေရးတြက္ အေမရိကန္ျပည္ေထာင္စုက မိတ္ဖက္ေတြ၊ မဟာမိတ္ေတြနဲ႔အတူ အနီးကပ္ ပူးေပါင္းညွိႏိႈင္းေနပါတယ္။

စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔အေနနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖၚသူေတြအေပၚ တိုက္ခိုက္ေနတာေတြအားလံုး ရပ္ဆိုင္းၿပီး၊ မတရားဖမ္းဆီထားသူေတြအားလံုး ခ်က္ခ်င္းလႊတ္ေပးဖို႔၊ သတင္းသမားေတြနဲ႔ တက္ၾကြ လႈပ္ရွားသူေတြကို တိုက္ခိုက္ ၿခိမ္းေျခာက္တာေတြကို ရပ္တန္းကရပ္ဖို႔နဲ႔ ဒီမိုကေရစီ အရပ္သားအစိုးရကို အာဏာျပန္လႊဲေျပာင္းေပးဖို႔ ဝန္ႀကီး Blinken က ေတာင္းဆိုလိုက္ပါတယ္။

အာဏာသိမ္းမႈနဲ႔ အၾကမ္းဖက္တိုက္ခိုက္တာေတြအတြက္ တာဝန္ရွိသူေတြကို တာဝန္ခံမႈရွိေစဖို႔ ဖိအားေပးႏိုင္ေရးအတြက္၊ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ႏိုင္ငံတကာမိတ္ဖက္ေတြနဲ႔ က်ယ္ျပန္႔တဲ့ညြန္႔ေပါင္းဖြဲ႔ၿပီး ပူးေပါင္းေဆာင္ရြက္ေနပါတယ္။

ျပည္သူေတြရဲ႕ ဆႏၵကို ဖိနွိပ္ၿပီး အၾကမ္းဖက္ေနသူေတြကို ဒီထက္မက ပိုၿပီးအေရးယူဖို႔ အားနာမွာမဟုတ္သလို၊က်ေနာ္တို႔ရဲ႕ ျမန္မာျပည္သူေတြအေပၚ ေထာက္ခံမႈကလည္း ေလ်ာ့ပါးသြားမွာမဟုတ္ဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာဆိုလိုက္ေၾကာင္းပါ။

..............

အမေရိကန် ပစ်မှတ်ထားဒဏ်ခတ် စာရင်းထဲ မြန်မာစစ်ဗိုလ်ချုပ် နောက်ထပ် (၂) ဦးတိုး

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြို့မှာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ကငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့လူထုကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ ၂ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။ တခြားဒေသ မှာလည်း အလားတူဖြိုခွင်းမှုတွေအတွင်း ၂ ယောက်သေဆုံးခဲ့ရပါတယ်။

စစ်အစိုးရက ဆန္ဒထုတ်ဖေါ်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်နေတာကို တုံ့ပြန်တဲ့အနေနဲ့၊ စစ်အစိုးရခေါင်းဆောင်တွေထဲက နောက်ထပ် ၂ ယောက်ကို ပိတ်ဆို့မှုတွေနဲ့ အရေးယူလိုက်ပါတယ်။ နိုင်ငံတော်အုပ်ချုပ်မှုကောင်စီဝင် ဗိုလ်ချုပ်မောင်မောင်ကျော် နဲ့ ဗိုလ်ချုပ် မိုးမြင့်ထွန်းတို့ကို အရေးယူလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ပိုင်နက်ရှိ သူတို့တဦးချင်းစီရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားတွေကို ချိတ်ပိတ်မှာဖြစ်သလို၊ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သူတို့ ငွေပေးငွေယူ မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။

စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်က လက်ရှိ အရာရှိတွေနဲ့ အရာရှိဟောင်း ၁၀ ယောက်၊ နောက် သဘာဝသယံဇာတ ထုတ်လုပ်တဲ့ ကုမ္ပဏီ ၃ ခုကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ပိတ်ဆို့မှုနဲ့ အရေးယူခဲ့ပြီးနောက်အခု ၂ ယောက်ကို ထပ်တိုး ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက လက်နက်မဲ့ ဆန္ဒထုတ်ဖေါ်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက် နေတဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ရာနဲ့ချီတဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေ၊ လူ့အခွင့်အရေးခုခံကာကွယ်သူတွေနဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီး၊ ထိန်းသိမ်းတာတွေ ဆက်လုပ်နေတဲ့အပေါ်မှာလည်း အပြစ်တင်ဝေဖန်လိုက်ပါတယ်။

တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ကောင်းမွန်တဲ့ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်အတွက် သူတို့အသံတွေ ကြားသိစေဖို့နဲ့ စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံတဝန်း သတ္တိရှိတဲ့ ဆုံးဖြတ်ချက်နဲ့ ဆန္ဒထုတ်ဖေါ်ကြတဲ့ မြန်မာပြည်သူတွေကို အခိုင်အမာ ထောက်ခံပါတယ်လို့ ဝန်ကြီး Blinken က အလေးအနက်ပြောဆိုလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တဝန်း နေ့စဉ်ဆိုသလို ကန့်ကွက် ဆန္ဒပြပွဲတွေရှိနေပြီး၊ မြို့ကြီးတွေရော၊ မြို့ငယ်လေးတွေပါမကျန် တခါတလေ လူထု သိန်းနဲ့ ချီ တဲ့အထိ ဆန္ဒထုတ်ဖေါ်နေကြပါတယ်။

စစ်တပ်က တနှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ထိပ်ပိုင်း အရပ်ဘက်တာဝန်ရှိသူတွေကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပါတယ်။

အာဏာသိမ်းတာနဲ့ အခုလတ်တလော အကြမ်းဖက်နှိမ်နင်းနေတာဟာ လက်ခံနိုင်စရာမရှိဘဲ၊ စစ်တပ်အနေနဲ့၊ ထိန်းသိမ်းထားသူတွေပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်တာတွေ တိုးပြီး မလုပ်ဘဲ ဆင်ခြင်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အာဏာပြန်လည်အပ်နှင်းရေးတွက် အမေရိကန်ပြည်ထောင်စုက မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့အတူ အနီးကပ် ပူးပေါင်းညှိနှိုင်းနေပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူတွေအပေါ် တိုက်ခိုက်နေတာတွေအားလုံး ရပ်ဆိုင်းပြီး၊ မတရားဖမ်းဆီထားသူတွေအားလုံး ချက်ချင်းလွှတ်ပေးဖို့၊ သတင်းသမားတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကို တိုက်ခိုက် ခြိမ်းခြောက်တာတွေကို ရပ်တန်းကရပ်ဖို့နဲ့ ဒီမိုကရေစီ အရပ်သားအစိုးရကို အာဏာပြန်လွှဲပြောင်းပေးဖို့ ဝန်ကြီး Blinken က တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းမှုနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိစေဖို့ ဖိအားပေးနိုင်ရေးအတွက်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ကျယ်ပြန့်တဲ့ညွန့်ပေါင်းဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်။

ပြည်သူတွေရဲ့ ဆန္ဒကို ဖိနှိပ်ပြီး အကြမ်းဖက်နေသူတွေကို ဒီထက်မက ပိုပြီးအရေးယူဖို့ အားနာမှာမဟုတ်သလို၊ကျနော်တို့ရဲ့ မြန်မာပြည်သူတွေအပေါ် ထောက်ခံမှုကလည်း လျော့ပါးသွားမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG