Accessibility links

Breaking News

တရုတ္ရဲ႕အႏၱရာယ္မ်ားလွတဲ့ ႏ်ဴကလီးယားကစားကြက္


တရုတ္ကြန္ျမဴနစ္ပါတီ ႏွစ္ေပါင္း ၇၀ ျပည့္ထူေထာင္ျခင္း အထိန္းအမွတ္ စစ္ေရးျပပြဲ
တရုတ္ကြန္ျမဴနစ္ပါတီ ႏွစ္ေပါင္း ၇၀ ျပည့္ထူေထာင္ျခင္း အထိန္းအမွတ္ စစ္ေရးျပပြဲ

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

တရုတ္ျပည္သူ႔သမၼတႏိုင္ငံဟာ ၿပီးခဲ့တဲ့ ၁၀ နွစ္အတြင္း သူပိုင္ဆိုင္တဲ့ ႏ်ဴ ကလီးယားလက္နက္ထက္ ၂ ဆ ေလာက္ရွိမယ့္ လက္နက္ထုတ္လုပ္ဖို႔ ႀကိဳးစားၿပီး၊ အႏၱရာယ္မ်ားလွတဲ့ မတည္မၿငိမ္ျဖစ္မယ့္ ကစားကြက္ကို လႈပ္ရွားေနပါတယ္။

တရုတ္ႏိုင္ငံဟာ သူ႔မွာ ႏ်ဴကလီးယားလက္နက္ ဘယ္ႏွစ္ခုရွိတယ္၊ ဘယ္ႏွစ္ခု ထပ္ထုတ္လုပ္ဖုိ႔ အစီအစဥ္ရွိတယ္၊ ဒါမွမဟုတ္ ရွိတဲ့ လက္နက္ေတြကို ဘာလုပ္ဖို႔ စီစဥ္ထားတယ္ ဆိုတာေတြကို ထုတ္ေဖၚေျပာဆိုဖို႔ ျငင္းဆန္ေနပါတယ္။ကုလသမဂၢလံုၿခံဳေရးေကာင္စီ အၿမဲတန္းအဖြဲ႔ဝင္ ၅ ႏိုင္ငံအနက္ တရုတ္ႏိုင္ငံဟာ ပြင့္လင္းျမင္သာမႈ မရွိဆံုးႏိုင္ငံ ျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ေဟာင္း Mike Pompeo က မၾကာခင္က ေရးသားခဲ့တဲ့ ထင္ျမင္ခ်က္ ေဆာင္းပါးမွာ ေဖၚျပထားပါတယ္။

CCP တရုတ္ကြန္ျမဴ နစ္ပါတီက လွ်ိဳ႕ဝွက္ထားေပမယ့္ ကမၻာကေတာ့ တရုတ္ႏိုင္ငံဟာ ေျမျပင္၊ ေဝဟင္နဲ႔ ပင္လယ္ျပင္ကေန ပစ္လႊတ္ႏိုင္တဲ့၊ ပိုၿပီး ေခတ္မီ စြမ္းရည္ရွိတဲ့ ႏ်ဴကလီယားလက္နက္ေတြကိုအလ်င္အျမန္ တိုးခ်ဲ႕ထုတ္လုပ္ေနတာကို သိပါတယ္။ တခ်ိန္တည္းမွာပဲ၊ ဒီလို ထုတ္လုပ္ေနတာေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ျပည္ေထာင္စုနဲ႔ အႏွစ္သာရရွိတဲ့ ေစ့စပ္ ေျပာဆိုမႈေတြလုပ္ဖို႔ ဆက္တိုက္ဆိုသလို ျငင္းဆန္ေနပါတယ္။

PLA တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္က ၂၀၄၉ ခုႏွစ္မွာ ကမၻာ့အဆင့္မွီ စစ္တပ္ အျဖစ္ရပ္တည္ႏိုင္ေအာင္ တည္ေဆာက္ေနတာေတြကို Satellite ၿဂိဳလ္တုကေနရိုက္ကူးတဲ့ပံုေတြမွာ ေတြ႔ရပါတယ္။ PLA ရဲ႔ ေနာက္ဆံုး စစ္ေရးျပခ်ီတက္ပြဲမွာ ပါဝင္တဲ့ Dongfeng-41 မစ္ဇိုင္းလက္နက္ဟာ နာရီဝက္အတြင္း အေမရိကန္ကမ္းေျခကို ထိေအာင္ ပစ္ႏိုင္စြမ္းရွိပါတယ္။

ဒီ မစ္ဇိုင္းလက္နက္ကို ဧရာမ ပိုက္လံုးႀကီးထဲထည့္၊ ေရြ႔လွ်ားယာဥ္ေတြေပၚတင္ၿပီး လာမယ့္ႏွစ္ေတြအတြင္း အသံုးျပဳ ႏိုင္တယ္လို႔ ခန္႔မွန္းေၾကာင္း၊ တကယ္လို႔ တရုတ္ႏိုင္ငံက ဒီႏႈန္းအတိုင္း ဆက္ထုတ္လုပ္သြားမယ္ဆိုလ်င္၊ လာမယ့္ ၁၀ ႏွစ္မွာ ႏ်ဴကလီးယားလက္နက္၊ လက္ရွိပိုင္ဆိုင္တာထက္ ၂ ဆ ထက္မနည္း တိုးလာႏိုင္တယ္လို႔ Mr. Pompeo က ေရးသားထားပါတယ္။

မဟာဗ်ဴ ဟာေျမာက္ ႏ်ဴ ကလီးယားအင္အား တိုးခ်ဲ႔တာ အျပင္၊ PLA က ပဲ့ထိန္းတပ္ မစ္ဇိုင္းဒံုးလက္နက္ တေထာင္ေက်ာ္ ကို သူ႔ ကမ္းေျခတေၾကာ ျဖန္႔က်က္ခ်ထားပါေသးတယ္။ ဒီလက္နက္အမ်ားစုဟာ ႏ်ဴ ကလီယားက်ည္ဖူးေရာ၊ သမရိုးက် က်ည္းဖူးပါ တတ္ဆင္အသံုးျပဳႏိုင္စြမ္းရွိပါတယ္။ ဒီလက္နက္ေတြဟာ အေရွ႕အာရွမွာ တပ္စြဲထားတဲ့ အေမရိကန္တပ္ဖြဲ႔ေတြကို ပစ္မွတ္ထားဖို႔ ရည္ရြယ္သလို၊ အေမရိကန္ရဲ႕ မဟာမိတ္ေတြကို ၿခိမ္းေျခာက္ဖို႔နဲ႔ တရုတ္ရဲ႕ က်ဴးေက်ာ္ရန္စလိုတဲ့ ႏိုင္ငံျခားေရး မူဝါဒကို အားေပးဖို႕ ျဖစ္တယ္လို႔ Mr. Pompeo က သတိေပးထားပါတယ္။

တရုတ္ရဲ႕ ႏ်ဴကလီယားလက္နက္ပိုင္ဆိုင္မႈ တိုးလာတာနဲ႔အမွ်၊ ႏ်ဴ ကလီယားလက္နက္မရွိတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြကို ၿခိမ္းေျခာက္ေနၿပီး၊ လက္နက္ကို အရင္ စ ၿပီး မသံုးပါဘူးဆိုတဲ့ သူတို႔ မူ နဲ႔ ဆန္႔က်င္ေနတဲ့အတြက္ ေမးခြန္းထုတ္စရာျဖစ္ေနပါၿပီ။

အေမရိကန္ျပည္ေထာင္စုနဲ႔ တျခားဒီမိုကေရစီႏိုင္ငံေတြကေတာ့ ပြင့္လင္းျမင္သာစြာ၊ ႏိုင္ငံတကာႏ်ဴ ကလီးယားလက္နက္ဆိုင္ရာ လိုက္နာရမယ့္ ဝတၱရားေတြကို ေလးစားၾကသလို၊ ႏ်ဴ ကလီးယားလက္နက္ ပိုင္ဆိ္ုင္မႈ ယွဥ္ၿပိဳင္ၾကတာေတြ ကာကြယ္ႏိုင္ဖို႕ လက္နက္ထုတ္လုပ္မႈ ထိန္းခ်ဳပ္ေရး အဆိုျပဳခ်က္ေတြအတြက္ ပူးေပါင္းေဆာင္ရြက္ေနၾကပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႕ တျခားႏ်ဴကလီးယားအင္အားႀကီးႏိုင္ငံေတြအနဲ႔အတူ တက္ၾကြစြာ၊ ယံုၾကည္စိတ္ခ်ရတဲ့ အၾကပ္အတည္းေျဖရွင္းေရး ဆက္သြယ္ေရးကြန္ယက္နဲ႔ ပူးေပါင္းေဆာင္ရြက္ေနပါတယ္။ တရုတ္ႏိုင္ငံအေနနဲ႔လည္း အလားတူ ပူးေပါင္းပါရန္ အားေပး တိုက္တြန္းခဲ့တယ္လို႔ Mr. Pompeo ကဆိုပါတယ္။

ႏ်ဴကလီးယားလက္နက္ အမ်ိဳးအစားအားလံုးအက်ံဳးဝင္တဲ့ လက္နက္ထိန္းခ်ဳပ္ေရး သေဘာတူညီခ်က္ အသစ္တရပ္ေရးဆြဲေနတဲ့ အေမရိကန္နဲ႔ ရုရွားႏိုင္ငံတို႔ရဲ႕ ႀကိဳးပမ္းမႈမွာ တရုတ္ေခါင္းေဆာင္ေတြ ပါဝင္ဖို႔ Mr. Pompeo က တိုက္တြန္းလိုက္ပါတယ္။

အေမရိကန္ရဲ႕ ႏ်ဴ ကလီယားထိန္းခ်ဳပ္ေရး စြမ္းရည္ကို မွီခိုေနရတဲ့ လက္နက္ထိန္းခ်ဳပ္ေရးအားသြန္ခြန္စိုက္ လုပ္တဲ့ႏိုင္ငံေတြ အပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားဟာ တရုတ္ လက္နက္ထုတ္လုပ္ေနတာေတြကို ေရငံုႏႈတ္ပိတ္ေနၾကတဲ့အတြက္ ပြင့္ပြင့္လင္းလင္း ေျပာဆိုၾကဖို႔ကိုလည္း Mr. Pompeo ကတိုက္တြန္းထားပါတယ္။

တရုတ္ျပည္သူ႔သမၼတႏိုင္ငံအပါအဝင္၊ အင္အားႀကီးႏိုင္ငံေတြအေနနဲ႕ ကမၻာမွာ အႏၱရာယ္အရွိဆံုး လက္နက္ေတြနဲ႔ ပတ္သက္လို႔ တာဝန္သိစြာ မျဖစ္မေန လိုက္နာ ၾကရမွာျဖစ္တယ္ဆိုတာ သမိုင္း သက္ေသရွိၿပီးသားျဖစ္ပါတယ္။ တာဝန္ခံမႈမရွိ၊ တာဝန္မဲ့တဲ့ အစိုးရေတြ ေက်နပ္ေအာင္၊ ဒါမွမဟုတ္၊ လုပ္ရပ္ေတြကို မႀကိဳက္ေပမဲ့ မလႊဲမေရွာင္သာ လက္ခံလိုက္ရၿပီး၊ အက်ိ ဳးဆက္ေတြရင္ဆိုင္ေနရတဲ့ ႏိုင္ငံေတြလည္း ရွိၾကတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Pompeo ရဲ႕ ေဆာင္းပါးမွာ ေထာက္ျပထားေၾကာင္းပါ။

.............

တရုတ်ရဲ့အန္တရာယ်များလှတဲ့ နျူကလီးယားကစားကွက်
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း သူပိုင်ဆိုင်တဲ့ နျူ ကလီးယားလက်နက်ထက် ၂ ဆ လောက်ရှိမယ့် လက်နက်ထုတ်လုပ်ဖို့ ကြိုးစားပြီး၊ အန္တရာယ်များလှတဲ့ မတည်မငြိမ်ဖြစ်မယ့် ကစားကွက်ကို လှုပ်ရှားနေပါတယ်။

တရုတ်နိုင်ငံဟာ သူ့မှာ နျူကလီးယားလက်နက် ဘယ်နှစ်ခုရှိတယ်၊ ဘယ်နှစ်ခု ထပ်ထုတ်လုပ်ဖို့ အစီအစဉ်ရှိတယ်၊ ဒါမှမဟုတ် ရှိတဲ့ လက်နက်တွေကို ဘာလုပ်ဖို့ စီစဉ်ထားတယ် ဆိုတာတွေကို ထုတ်ဖေါ်ပြောဆိုဖို့ ငြင်းဆန်နေပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ဝင် ၅ နိုင်ငံအနက် တရုတ်နိုင်ငံဟာ ပွင့်လင်းမြင်သာမှု မရှိဆုံးနိုင်ငံ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်း Mike Pompeo က မကြာခင်က ရေးသားခဲ့တဲ့ ထင်မြင်ချက် ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။

CCP တရုတ်ကွန်မြူ နစ်ပါတီက လျှို့ဝှက်ထားပေမယ့် ကမ္ဘာကတော့ တရုတ်နိုင်ငံဟာ မြေပြင်၊ ဝေဟင်နဲ့ ပင်လယ်ပြင်ကနေ ပစ်လွှတ်နိုင်တဲ့၊ ပိုပြီး ခေတ်မီ စွမ်းရည်ရှိတဲ့ နျူကလီယားလက်နက်တွေကိုအလျင်အမြန် တိုးချဲ့ထုတ်လုပ်နေတာကို သိပါတယ်။ တချိန်တည်းမှာပဲ၊ ဒီလို ထုတ်လုပ်နေတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ အနှစ်သာရရှိတဲ့ စေ့စပ် ပြောဆိုမှုတွေလုပ်ဖို့ ဆက်တိုက်ဆိုသလို ငြင်းဆန်နေပါတယ်။

PLA တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က ၂၀၄၉ ခုနှစ်မှာ ကမ္ဘာ့အဆင့်မှီ စစ်တပ် အဖြစ်ရပ်တည်နိုင်အောင် တည်ဆောက်နေတာတွေကို Satellite ဂြိုလ်တုကနေရိုက်ကူးတဲ့ပုံတွေမှာ တွေ့ရပါတယ်။ PLA ရဲ့ နောက်ဆုံး စစ်ရေးပြချီတက်ပွဲမှာ ပါဝင်တဲ့ Dongfeng-41 မစ်ဇိုင်းလက်နက်ဟာ နာရီဝက်အတွင်း အမေရိကန်ကမ်းခြေကို ထိအောင် ပစ်နိုင်စွမ်းရှိပါတယ်။

ဒီ မစ်ဇိုင်းလက်နက်ကို ဧရာမ ပိုက်လုံးကြီးထဲထည့်၊ ရွေ့လျှားယာဉ်တွေပေါ်တင်ပြီး လာမယ့်နှစ်တွေအတွင်း အသုံးပြု နိုင်တယ်လို့ ခန့်မှန်းကြောင်း၊ တကယ်လို့ တရုတ်နိုင်ငံက ဒီနှုန်းအတိုင်း ဆက်ထုတ်လုပ်သွားမယ်ဆိုလျင်၊ လာမယ့် ၁၀ နှစ်မှာ နျူကလီးယားလက်နက်၊ လက်ရှိပိုင်ဆိုင်တာထက် ၂ ဆ ထက်မနည်း တိုးလာနိုင်တယ်လို့ Mr. Pompeo က ရေးသားထားပါတယ်။

မဟာဗျူ ဟာမြောက် နျူ ကလီးယားအင်အား တိုးချဲ့တာ အပြင်၊ PLA က ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးလက်နက် တထောင်ကျော် ကို သူ့ ကမ်းခြေတကြော ဖြန့်ကျက်ချထားပါသေးတယ်။ ဒီလက်နက်အများစုဟာ နျူ ကလီယားကျည်ဖူးရော၊ သမရိုးကျ ကျည်းဖူးပါ တတ်ဆင်အသုံးပြုနိုင်စွမ်းရှိပါတယ်။ ဒီလက်နက်တွေဟာ အရှေ့အာရှမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်သလို၊ အမေရိကန်ရဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်ဖို့နဲ့ တရုတ်ရဲ့ ကျူးကျော်ရန်စလိုတဲ့ နိုင်ငံခြားရေး မူဝါဒကို အားပေးဖို့ ဖြစ်တယ်လို့ Mr. Pompeo က သတိပေးထားပါတယ်။

တရုတ်ရဲ့ နျူကလီယားလက်နက်ပိုင်ဆိုင်မှု တိုးလာတာနဲ့အမျှ၊ နျူ ကလီယားလက်နက်မရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်နေပြီး၊ လက်နက်ကို အရင် စ ပြီး မသုံးပါဘူးဆိုတဲ့ သူတို့ မူ နဲ့ ဆန့်ကျင်နေတဲ့အတွက် မေးခွန်းထုတ်စရာဖြစ်နေပါပြီ။

အမေရိကန်ပြည်ထောင်စုနဲ့ တခြားဒီမိုကရေစီနိုင်ငံတွေကတော့ ပွင့်လင်းမြင်သာစွာ၊ နိုင်ငံတကာနျူ ကလီးယားလက်နက်ဆိုင်ရာ လိုက်နာရမယ့် ဝတ္တရားတွေကို လေးစားကြသလို၊ နျူ ကလီးယားလက်နက် ပိုင်ဆိုင်မှု ယှဉ်ပြိုင်ကြတာတွေ ကာကွယ်နိုင်ဖို့ လက်နက်ထုတ်လုပ်မှု ထိန်းချုပ်ရေး အဆိုပြုချက်တွေအတွက် ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ တခြားနျူကလီးယားအင်အားကြီးနိုင်ငံတွေအနဲ့အတူ တက်ကြွစွာ၊ ယုံကြည်စိတ်ချရတဲ့ အကြပ်အတည်းဖြေရှင်းရေး ဆက်သွယ်ရေးကွန်ယက်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း အလားတူ ပူးပေါင်းပါရန် အားပေး တိုက်တွန်းခဲ့တယ်လို့ Mr. Pompeo ကဆိုပါတယ်။

နျူကလီးယားလက်နက် အမျိုးအစားအားလုံးအကျုံးဝင်တဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက် အသစ်တရပ်ရေးဆွဲနေတဲ့ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ကြိုးပမ်းမှုမှာ တရုတ်ခေါင်းဆောင်တွေ ပါဝင်ဖို့ Mr. Pompeo က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ရဲ့ နျူ ကလီယားထိန်းချုပ်ရေး စွမ်းရည်ကို မှီခိုနေရတဲ့ လက်နက်ထိန်းချုပ်ရေးအားသွန်ခွန်စိုက် လုပ်တဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံအတော်များများဟာ တရုတ် လက်နက်ထုတ်လုပ်နေတာတွေကို ရေငုံနှုတ်ပိတ်နေကြတဲ့အတွက် ပွင့်ပွင့်လင်းလင်း ပြောဆိုကြဖို့ကိုလည်း Mr. Pompeo ကတိုက်တွန်းထားပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင်၊ အင်အားကြီးနိုင်ငံတွေအနေနဲ့ ကမ္ဘာမှာ အန္တရာယ်အရှိဆုံး လက်နက်တွေနဲ့ ပတ်သက်လို့ တာဝန်သိစွာ မဖြစ်မနေ လိုက်နာ ကြရမှာဖြစ်တယ်ဆိုတာ သမိုင်း သက်သေရှိပြီးသားဖြစ်ပါတယ်။ တာဝန်ခံမှုမရှိ၊ တာဝန်မဲ့တဲ့ အစိုးရတွေ ကျေနပ်အောင်၊ ဒါမှမဟုတ်၊ လုပ်ရပ်တွေကို မကြိုက်ပေမဲ့ မလွှဲမရှောင်သာ လက်ခံလိုက်ရပြီး၊ အကျိ ုးဆက်တွေရင်ဆိုင်နေရတဲ့ နိုင်ငံတွေလည်း ရှိကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Pompeo ရဲ့ ဆောင်းပါးမှာ ထောက်ပြထားကြောင်းပါ။

XS
SM
MD
LG