Accessibility links

Breaking News

အာဏာသိမ္းမႈအတြက္ အေရးယူဖို ႔အေမရိကန္ တိုးျမွင္႔လုပ္ေဆာင္မည္


ပဲခူးၿမိဳ႕က စစ္အာဏာသိမ္းဆန႔္က်င္ ဆႏၵျပပဲြ ျမင္ကြင္း။
ပဲခူးၿမိဳ႕က စစ္အာဏာသိမ္းဆန႔္က်င္ ဆႏၵျပပဲြ ျမင္ကြင္း။

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

လြန္ခဲ႔တဲ႔ရက္သတၱပတ္ေတြမွာ ျမန္မာျပည္သူေတြဟာ ဒီမိုကေရစီနည္းက်တင္ေျမွာက္ထားတဲ႔ အစိုးရကိုျပန္လည္ရရွိေရး၊ လူအခြင္႔အေရး၊ ၿငိမ္းခ်မ္းစြာ စုေ၀း ဆႏၵေဖာ္ထုတ္ခြင္႔ စတဲ႔ ေမွ်ာ္မွန္းခ်က္ေတြနဲ႔ လမ္းေပၚထြက္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ႔ၾကပါတယ္။

လံုၿခံဳေရးတပ္ဖြဲ႔ေတြက စစ္ေခါင္းေဆာင္ေတြရဲ႕ ညႊန္ၾကားခ်က္အရ လက္နက္မဲ႔ ဆႏၵျပသူေတြ သတင္းသမားေတြကို မတရားသျဖင္႔ ရက္ရက္စက္စက္ ဖမ္းဆီး ႏွိမ္နင္းတဲ႔အတြက္ ေဖေဖၚ၀ါရီ (၁)ရက္ အာဏာသိမ္းခဲ႔ခ်ိန္ကစၿပီး ေသဆံုးခဲ႔ရသူ အနည္းဆံုး ၁၂၆ ဦးရွိခဲ႔ၿပီျဖစ္ပါတယ္။

“ဒီလိုဆိုးရြားတဲ႔ တိုက္ခိုက္မႈေတြကို ရႈတ္ခ်တယ္၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြ ဆရာ၀န္ေတြ လူ႔အခြင္ပအေရးသမားေတြ သတင္းသမားေတြ သမဂၢေခါင္းေဆာင္ေတြ ၁၇၀၀ ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္းထားတာကို ရႈတ္ခ်တယ္၊ ျပည္သူလူထုအေပၚ ဒီလိုရက္စက္မႈေတြ လုပ္ေဆာင္ခိုင္းခဲ႔တဲ႔ စစ္ေခါင္းေဆာင္ေတြကို ရႈတ္ခ်တယ္” လို႔ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken က ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ႔ပါတယ္။

အာဏာသိမ္းမႈအတြက္တာ၀န္ရွိသူေတြကို တာ၀န္ခံမႈရွိေစဖို႔၊ စစ္အုပ္ခ်ဳပ္ေရးက ဘ႑ာေငြေၾကး အေထာက္အက်ိဳးအျမတ္ ရရွိသူေတြကို ပစ္မွတ္ထား အေရးယူဖို႔ အေမရိကန္ျပည္ေထာင္စုက ပိုင္းျဖတ္ထားပါတယ္။ အေမရိကန္ျပည္ေထာင္စုဟာ ကာကြယ္ေရးဦးစီးခ်ဳပ္ မင္းေအာင္လိႈင္ရဲ႕ အရြယ္ေရာက္ၿပီး သားသမီးေတြျဖစ္ၾကတဲ႔ ေအာင္ျပည္႔စံု နဲ႔ ခင္သီရိသက္မြန္ တို႔နဲ႔အတူ သူတို႔ပိုင္ဆိုင္ ဒါမွမဟုတ္ သူတို႔ထိန္းခ်ဳပ္ထားတဲ႔ လုပ္ငန္း ၆ ခုကို သမၼတရဲ႕အုပ္ခ်ဳပ္ေရး အမိန္႔ ၁၄၀၁၄နဲ႔ အညီ ပစ္မွတ္ထားလိုက္တယ္လို႔ ၀န္ႀကီး Blinken က ေၾကညာပါတယ္။ေအာင္ျပည္႔စံု နဲ႔ ခင္သီရိသက္မြန္ တို႔ဟာ သူတို႔ရဲ႕ ခ်မ္းသာၾကြယ္၀မႈအတြက္ စစ္တပ္အႀကီးအကဲနဲ႔ ဆက္စပ္မႈကို ကာလရွည္စြာ အသံုးခ်လာၾကလာျဖစ္ပါတယ္။

“ အာဏာသိမ္းေခင္းေဆာင္ေတြနဲ႔ သူတို႔ရဲ႕အရြယ္ေရာက္ၿပီးတဲ႔ မိသားစု၀င္ေတြဟာ အၾကမ္းဖက္နည္းကိုသံုးၿပီးဒီမိုကေရစီ ဆက္လက္မရွင္သန္ႏိုင္ေအာင္ လုပ္ေဆာင္ေနတဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႔ဆီက အက်ိဳးအျမတ္ေတြ ဆက္လက္မရရွိေစသင္႔ေတာ႔ဘူး" လို႔ ၀န္ႀကီး Blinken ကဆိုပါတယ္။

စစ္အာဏာသိမ္းမႈ အတြက္တာ၀န္ရွိသူေတြ၊ အၾကမ္းဖက္မႈနဲ႔ တျခားအခြင္႔အေရးခ်ိဳးေဖာက္သူေတြ၊ စစ္အုပ္ခ်ဳပ္ေရးေၾကာင္႔ အက်ိဳးအျမတ္ျဖစ္ထြန္းသူေတြ သူတို႔လုပ္ရပ္အတြက္ တာ၀န္ခံမႈရွိေစဖို႔ က်ေနာ္တို႔ဟာ က်ယ္ျပန္႔တဲ႔ ႏိုင္ငံတကာ မဟာမိတ္ေတြနဲ႔ ဆက္လက္ လက္တြဲ လုပ္ေဆာင္သြားမွာ ျဖစ္တယ္၊ ဒီအေရးယူဒဏ္ခတ္မႈေတြဟာ အာဏာသိမ္းမႈအတြက္ တာ၀န္ရွိသူုေတြကိုသာ ရည္ရြယ္ၿပီး ျမန္မာျပည္သူေတြကို မရည္ရြယ္ဘူး လို႔ ၀န္ႀကီး Blinken ကဆိုပါတယ္။

ႏိုင္ငံတကာအသိုင္းအ၀ိုင္း အေနနဲ႔ လံုၿခံဳေရးေတြရဲ႕ အၾကမ္းဖက္မႈေတြ ရွိေနေပမဲ႔ စစ္အာဏာသိမ္းမႈကို လက္မခံေၾကာင္း ရဲရဲ၀ံ့၀ံ့ ဆက္လက္ ျပသေနၾကတဲ႔ ျမန္မာျပည္သူေတြကိုေထာက္ခံေၾကာင္း တညီတညြတ္တည္းေျပာဆိုၾကဖို႔ အေမရိကန္ျပည္ေထာင္စုက ေတာင္းဆိုပါတယ္။

ျမန္မာစစ္တပ္အေနနဲ႔ ဒီမိုကေရစီနည္းက် ေရြးခ်ယ္ထားတဲ႔ အစိုးရကို ျပန္လည္ထားရွိေပးဖို႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ တိုက္ခိုက္မႈအားလံုး ရပ္ဆိုင္းဖို႔ မတရားဖမ္းဆီးထားသူေတြ အားလံုးကို ခ်က္ခ်င္း ျပန္လႊတ္ဖို႔နဲ႔ သတင္းသမားေတြ ျပည္သူ႔၀န္ထမ္းေတြ တက္ၾကြလႈပ္ရွားသူေတြအေပၚ တိုက္ခိုက္မႈ ၿခိမ္းေျခာက္မႈေတြ ရပ္တန္႔ဖို႔ ၀န္ႀကီး Blinken က တိုက္တြန္းလိုက္ပါတယ္။

............

အာဏာသိမ်းမှုအတွက်အရေးယူဖို့အမေရိကန် တိုးမြှင့်လုပ်ဆောင်မည်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်တွေမှာ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနည်းကျတင်မြှောက်ထားတဲ့ အစိုးရကိုပြန်လည်ရရှိရေး၊ လူအခွင့်အရေး၊ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖော်ထုတ်ခွင့် စတဲ့ မျှော်မှန်းချက်တွေနဲ့ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက စစ်ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်အရ လက်နက်မဲ့ ဆန္ဒပြသူတွေ သတင်းသမားတွေကို မတရားသဖြင့် ရက်ရက်စက်စက် ဖမ်းဆီး နှိမ်နင်းတဲ့အတွက် ဖေဖေါ်ဝါရီ (၁)ရက် အာဏာသိမ်းခဲ့ချိန်ကစပြီး သေဆုံးခဲ့ရသူ အနည်းဆုံး ၁၂၆ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

“ဒီလိုဆိုးရွားတဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချတယ်၊ နိုင်ငံရေးခေါင်းဆောင်တွေ ဆရာဝန်တွေ လူ့အခွင်ပအရေးသမားတွေ သတင်းသမားတွေ သမဂ္ဂခေါင်းဆောင်တွေ ၁၇၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတာကို ရှုတ်ချတယ်၊ ပြည်သူလူထုအပေါ် ဒီလိုရက်စက်မှုတွေ လုပ်ဆောင်ခိုင်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို ရှုတ်ချတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းမှုအတွက်တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိစေဖို့၊ စစ်အုပ်ချုပ်ရေးက ဘဏ္ဍာငွေကြေး အထောက်အကျိုးအမြတ် ရရှိသူတွေကို ပစ်မှတ်ထား အရေးယူဖို့ အမေရိကန်ပြည်ထောင်စုက ပိုင်းဖြတ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ အရွယ်ရောက်ပြီး သားသမီးတွေဖြစ်ကြတဲ့ အောင်ပြည့်စုံ နဲ့ ခင်သီရိသက်မွန် တို့နဲ့အတူ သူတို့ပိုင်ဆိုင် ဒါမှမဟုတ် သူတို့ထိန်းချုပ်ထားတဲ့ လုပ်ငန်း ၆ ခုကို သမ္မတရဲ့အုပ်ချုပ်ရေး အမိန့် ၁၄၀၁၄နဲ့ အညီ ပစ်မှတ်ထားလိုက်တယ်လို့ ဝန်ကြီး Blinken က ကြေညာပါတယ်။အောင်ပြည့်စုံ နဲ့ ခင်သီရိသက်မွန် တို့ဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအတွက် စစ်တပ်အကြီးအကဲနဲ့ ဆက်စပ်မှုကို ကာလရှည်စွာ အသုံးချလာကြလာဖြစ်ပါတယ်။

“ အာဏာသိမ်းခေင်းဆောင်တွေနဲ့ သူတို့ရဲ့အရွယ်ရောက်ပြီးတဲ့ မိသားစုဝင်တွေဟာ အကြမ်းဖက်နည်းကိုသုံးပြီးဒီမိုကရေစီ ဆက်လက်မရှင်သန်နိုင်အောင် လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ဆီက အကျိုးအမြတ်တွေ ဆက်လက်မရရှိစေသင့်တော့ဘူး" လို့ ဝန်ကြီး Blinken ကဆိုပါတယ်။

စစ်အာဏာသိမ်းမှု အတွက်တာဝန်ရှိသူတွေ၊ အကြမ်းဖက်မှုနဲ့ တခြားအခွင့်အရေးချိုးဖောက်သူတွေ၊ စစ်အုပ်ချုပ်ရေးကြောင့် အကျိုးအမြတ်ဖြစ်ထွန်းသူတွေ သူတို့လုပ်ရပ်အတွက် တာဝန်ခံမှုရှိစေဖို့ ကျနော်တို့ဟာ ကျယ်ပြန့်တဲ့ နိုင်ငံတကာ မဟာမိတ်တွေနဲ့ ဆက်လက် လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်၊ ဒီအရေးယူဒဏ်ခတ်မှုတွေဟာ အာဏာသိမ်းမှုအတွက် တာဝန်ရှိသူုတွေကိုသာ ရည်ရွယ်ပြီး မြန်မာပြည်သူတွေကို မရည်ရွယ်ဘူး လို့ ဝန်ကြီး Blinken ကဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ လုံခြုံရေးတွေရဲ့ အကြမ်းဖက်မှုတွေ ရှိနေပေမဲ့ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ရဲရဲဝံ့ဝံ့ ဆက်လက် ပြသနေကြတဲ့ မြန်မာပြည်သူတွေကိုထောက်ခံကြောင်း တညီတညွတ်တည်းပြောဆိုကြဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရကို ပြန်လည်ထားရှိပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် တိုက်ခိုက်မှုအားလုံး ရပ်ဆိုင်းဖို့ မတရားဖမ်းဆီးထားသူတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ဖို့နဲ့ သတင်းသမားတွေ ပြည်သူ့ဝန်ထမ်းတွေ တက်ကြွလှုပ်ရှားသူတွေအပေါ် တိုက်ခိုက်မှု ခြိမ်းခြောက်မှုတွေ ရပ်တန့်ဖို့ ဝန်ကြီး Blinken က တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG