Accessibility links

Breaking News

အေမရိကန္ ႏိုင္ငံျခားေရးဌာနရဲ႕ ႏိုင္ငံတကာ အမ်ဳိးသမီး သတၱိရွင္မ်ား


 ႏိုင္ငံတကာ အမ်ဳိးသမီး သတၱိရွင္မ်ား ဆုေပးပြဲတြင္ အေမရိကန္သမၼတကေတာ္ Jill Biden စကားေျပာၾကားစဥ္
ႏိုင္ငံတကာ အမ်ဳိးသမီး သတၱိရွင္မ်ား ဆုေပးပြဲတြင္ အေမရိကန္သမၼတကေတာ္ Jill Biden စကားေျပာၾကားစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ဒီႏွစ္ ႏိုင္ငံတကာ အမ်ဳိးသမီး သတၱိရွင္ဆုခ်ီးျမႇင့္ခံရသူ ၂၁ ဦးရွိခဲ့ၿပီး ဒီအထဲက ၇ ေယာက္ကေတာ့ အာဖဂနစၥတန္ ႏိုင္ငံမွာ ပစ္မွတ္ထား သတ္ျဖတ္ခံရသူေတြ ျဖစ္ပါတယ္။

“ၿငိမ္းခ်မ္းေရး၊ တရားမွ်တမႈ၊ လူ႔အခြင့္အေရးနဲ႔ က်ားမတန္းတူညီမွ်ေရးအတြက္ ထူးျခားေျပာင္ေျမာက္တဲ့ စြမ္းရည္နဲ႔ ဦးေဆာင္မႈကို ျပသခဲ့ၾကတဲ့ ကမာၻတ၀န္းက အမ်ဳိးသမီးေတြကို ႏိုင္ငံျခားေရးဌာနက ႏိုင္ငံတကာ အမ်ဳိးသမီး သတိၱရွင္ဆု ခ်ီးျမႇင့္လာခဲ့တာ ၁၅ ႏွစ္ ရွိေနပါၿပီ။” လို႔ အေမရိကန္သမၼတကေတာ္ Jill Biden ကိုယ္တိုင္ တက္ေရာက္ခဲ့တဲ့ ဆုခ်ီးျမႇင့္ပဲြ အခမ္းအနားမွာ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဆုခ်ီးျမႇင့္ခံရသူ တဦးျဖစ္တဲ့ Belarus ႏိုင္ငံက Maria Kalesnikava ဟာ ၂၆ ႏွစ္ၾကာ Aleksandr Lukashenka ရဲ႕ အုပ္ခ်ဳပ္မႈကို မိတ္ေဆြေတြနဲ႔အတူ လက္တဲြၿပီး သမိုင္းတြင္ေလာက္ေအာင္ စိန္ေခၚခဲ့သူ ျဖစ္သလို၊ အျငင္းပြားစရာေတြ ၾကံဳခဲ့ရတဲ့ ေရြးေကာက္ပဲြ ေနာက္ပိုင္း သတိၱရွိရွိ အက်ဥ္းက်ခံခဲ့သူလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက လူငယ္ေခါင္းေဆာင္ မၿဖိဳးၿဖိဳးေအာင္ ကေတာ့ မတူကဲြျပားတဲ့ တိုင္းရင္းသားေတြ၊ ဘာသာေရးအုပ္စုေတြက လူငယ္ေတြၾကား ၿငိမ္းခ်မ္းေရးနဲ႔ သင့္ျမတ္ေရးတည္ေဆာက္ႏိုင္ဖို႔ ရည္ရြယ္တဲ့ Wings Institute ကို တည္ေထာင္ထားပါတယ္။

Cameroon ႏိုင္ငံက Maximilenne Ngo Mbe ဟာဆိုရင္လည္း လူ႔အခြင့္အေရးျမႇင့္တင္ဖို႔ ႀကိဳးပမ္းခဲ့သူ ျဖစ္သလို၊ တိုင္းျပည္မွာ ၾကံဳေနရတဲ့ ျပည္တြင္းစစ္အတြက္ ၿငိမ္းခ်မ္းတဲ့ အေျဖရွာႏိုင္ဖို႔ မၾကာခဏ သူ႔လုံျခံဳေရးကိုေတာင္ စေတးၿပီး လူမႈအသိုင္းအ၀န္းၾကား ပြင့္ပြင့္လင္းလင္း ေျပာဆိုသူတေယာက္ပါ။

တ႐ုတ္ႏိုင္ငံက အထင္ရွားဆုံး လူ႔အခြင့္အေရး ေရွ႕ေနေတြထဲက တဦးျဖစ္တဲ့ Wang Yu ကေတာ့ တက္ႂကြလႈပ္ရွားသူေတြဖက္က ကာကြယ္ရင္း ဖမ္းဆီးေထာင္ခ်ခံခဲ့ရပါတယ္။

ကြန္ဂိုဒီမိုကရက္တစ္သမၼတ ႏိုင္ငံက Julienne Lusenge ဟာ လိင္ကဲြျပားမႈအေပၚ အေျခခံတဲ့ အၾကမ္းဖက္မႈေတြကို တိုက္ဖ်က္ရာမွာ ဦးေဆာင္သူ အမ်ဳိးသမီးေရး လႈပ္ရွားသူ တဦးျဖစ္ပါတယ္။

ဆုရွင္ေတြထဲမွာ ကိုလံဘီယာႏိုင္ငံက Mayerlis Angarita ဂြာတီမာလာႏိုင္ငံက Judge Erika Aifan from Guatemala, အီရန္က Shohreh Bayat, နီေပါက Muskan Khatun, ဆိုမာလီယာႏိုင္ငံက Zahra Mahamed Ahmad, စပိန္ႏိုင္ငံက Sister Alicia Vacas Moro, သီရိလကၤာႏိုင္ငံက Ranitha Ghanarajah, တူရကီက Canan Gulllu နဲ႔ ဗင္နီဇဲြလားႏိုင္ငံက Ana Rosario Contreras တို႔လည္း ပါ၀င္ၾကပါတယ္။

အမ်ဳိးသမီးေတြနဲ႔ မိန္းကေလးေတြဟာ မၾကာခဏဆိုသလို လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈခံရမယ့္ အႏၲရာယ္နဲ႔ အဓိက ရင္ဆိုင္ရေလ့ ရွိတယ္လို႔လည္း ႏိုင္ငံျခားေရး၀န္ႀကီး Blinken ကေျပာပါတယ္။

“ဒါေၾကာင့္လည္း အမ်ဳိးသမီးနဲ႔ မိန္းကေလးေတြအတြက္ တန္းတူအခြင့္အေရးနဲ႔ ဂုဏ္သိကၡာဟာ အေမရိကန္ ျပည္ေထာင္စုရဲ႕ ႏိုင္ငံျခားေရးမူဝါဒမွာ ဦးစားေပးကိစၥတခု ျဖစ္ပါတယ္။ အမ်ဳိးသမီးေတြနဲ႔ မိန္းကေလးေတြ အခြင့္အေရးကို ေခါင္းထဲမွာထားၿပီး၊ က်ေနာ္တို႔ရဲ႕ ႏိုင္ငံျခားေရးမူဝါဒကို ပုံစံခ်တဲ့အခါ၊ က်ေနာ္တို႔ရဲ႕ မူဝါဒဟာ ပိုမိုထိေရာက္ၿပီး၊ တဖက္သားကို စာနာမႈနဲ႔အတူ လူေတြရဲ႕ဘ၀ေတြက မတူညီမႈေတြဟာလည္း ပိုၿပီးေတာ့ ေရရွည္တည္ၿမဲလာႏိုင္ပါတယ္။” လို႔ ၀န္ႀကီး Blinken ကေျပာခဲ့တာပါ။

ႏိုင္ငံတကာ အမ်ဳိးသမီး သတၱိရွင္ဆုခ်ီးျမႇင့္ခံရသူေတြကို အမွာစကား ေျပာရာမွာလည္း ဆုရွင္အမ်ဳိးသမီးေတြေၾကာင့္ ကမာၻႀကီးမွာ ပိုမိုမွ်တမႈ၊ တည္ၿငိမ္မႈ၊ ၿငိမ္းခ်မ္းမႈနဲ႔ လြတ္လပ္ခြင့္ေတြ ပိုမိုရရွိလာၿပီး၊ အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ ဒီလိုလူေတြရဲ႕ ပံ့ပိုးမႈေတြ အတြက္လည္း ဂုဏ္ယူပါတယ္လို႔ ထည့္သြင္းေျပာဆိုသြားခဲ့ေၾကာင္းပါ။

...................................................................

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်များ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဒီနှစ် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုချီးမြှင့်ခံရသူ ၂၁ ဦးရှိခဲ့ပြီး ဒီအထဲက ၇ ယောက်ကတော့ အာဖဂနစ္စတန် နိုင်ငံမှာ ပစ်မှတ်ထား သတ်ဖြတ်ခံရသူတွေ ဖြစ်ပါတယ်။

“ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ကျားမတန်းတူညီမျှရေးအတွက် ထူးခြားပြောင်မြောက်တဲ့ စွမ်းရည်နဲ့ ဦးဆောင်မှုကို ပြသခဲ့ကြတဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို နိုင်ငံခြားရေးဌာနက နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆု ချီးမြှင့်လာခဲ့တာ ၁၅ နှစ် ရှိနေပါပြီ။” လို့ အမေရိကန်သမ္မတကတော် Jill Biden ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆုချီးမြှင့်ခံရသူ တဦးဖြစ်တဲ့ Belarus နိုင်ငံက Maria Kalesnikava ဟာ ၂၆ နှစ်ကြာ Aleksandr Lukashenka ရဲ့ အုပ်ချုပ်မှုကို မိတ်ဆွေတွေနဲ့အတူ လက်တွဲပြီး သမိုင်းတွင်လောက်အောင် စိန်ခေါ်ခဲ့သူ ဖြစ်သလို၊ အငြင်းပွားစရာတွေ ကြုံခဲ့ရတဲ့ ရွေးကောက်ပွဲ နောက်ပိုင်း သတ္တိရှိရှိ အကျဉ်းကျခံခဲ့သူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင် မဖြိုးဖြိုးအောင် ကတော့ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေ၊ ဘာသာရေးအုပ်စုတွေက လူငယ်တွေကြား ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးတည်ဆောက်နိုင်ဖို့ ရည်ရွယ်တဲ့ Wings Institute ကို တည်ထောင်ထားပါတယ်။

Cameroon နိုင်ငံက Maximilenne Ngo Mbe ဟာဆိုရင်လည်း လူ့အခွင့်အရေးမြှင့်တင်ဖို့ ကြိုးပမ်းခဲ့သူ ဖြစ်သလို၊ တိုင်းပြည်မှာ ကြုံနေရတဲ့ ပြည်တွင်းစစ်အတွက် ငြိမ်းချမ်းတဲ့ အဖြေရှာနိုင်ဖို့ မကြာခဏ သူ့လုံခြုံရေးကိုတောင် စတေးပြီး လူမှုအသိုင်းအဝန်းကြား ပွင့်ပွင့်လင်းလင်း ပြောဆိုသူတယောက်ပါ။

တရုတ်နိုင်ငံက အထင်ရှားဆုံး လူ့အခွင့်အရေး ရှေ့နေတွေထဲက တဦးဖြစ်တဲ့ Wang Yu ကတော့ တက်ကြွလှုပ်ရှားသူတွေဖက်က ကာကွယ်ရင်း ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံက Julienne Lusenge ဟာ လိင်ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရာမှာ ဦးဆောင်သူ အမျိုးသမီးရေး လှုပ်ရှားသူ တဦးဖြစ်ပါတယ်။

ဆုရှင်တွေထဲမှာ ကိုလံဘီယာနိုင်ငံက Mayerlis Angarita ဂွာတီမာလာနိုင်ငံက Judge Erika Aifan from Guatemala, အီရန်က Shohreh Bayat, နီပေါက Muskan Khatun, ဆိုမာလီယာနိုင်ငံက Zahra Mahamed Ahmad, စပိန်နိုင်ငံက Sister Alicia Vacas Moro, သီရိလင်္ကာနိုင်ငံက Ranitha Ghanarajah, တူရကီက Canan Gulllu နဲ့ ဗင်နီဇွဲလားနိုင်ငံက Ana Rosario Contreras တို့လည်း ပါဝင်ကြပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ မကြာခဏဆိုသလို လူ့အခွင့်အရေး ချိုးဖောက်မှုခံရမယ့် အန္တရာယ်နဲ့ အဓိက ရင်ဆိုင်ရလေ့ ရှိတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောပါတယ်။

“ဒါကြောင့်လည်း အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် တန်းတူအခွင့်အရေးနဲ့ ဂုဏ်သိက္ခာဟာ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေးကိစ္စတခု ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အခွင့်အရေးကို ခေါင်းထဲမှာထားပြီး၊ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံစံချတဲ့အခါ၊ ကျနော်တို့ရဲ့ မူဝါဒဟာ ပိုမိုထိရောက်ပြီး၊ တဖက်သားကို စာနာမှုနဲ့အတူ လူတွေရဲ့ဘဝတွေက မတူညီမှုတွေဟာလည်း ပိုပြီးတော့ ရေရှည်တည်မြဲလာနိုင်ပါတယ်။” လို့ ဝန်ကြီး Blinken ကပြောခဲ့တာပါ။

နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုချီးမြှင့်ခံရသူတွေကို အမှာစကား ပြောရာမှာလည်း ဆုရှင်အမျိုးသမီးတွေကြောင့် ကမ္ဘာကြီးမှာ ပိုမိုမျှတမှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်ခွင့်တွေ ပိုမိုရရှိလာပြီး၊ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒီလိုလူတွေရဲ့ ပံ့ပိုးမှုတွေ အတွက်လည်း ဂုဏ်ယူပါတယ်လို့ ထည့်သွင်းပြောဆိုသွားခဲ့ကြောင်းပါ။

XS
SM
MD
LG