Accessibility links

Breaking News

စစ္အစိုးရ အၾကမ္းဖက္အုပ္စိုးမႈ ရပ္တန္းကရပ္ဖို႔ အေမရိကန္ေတာင္းဆို


မတ္လ ၃၀ ရက္ေန႔က ရန္ကုန္ဆႏၵျပပြဲကို အၾကမ္းဖက္ ၿဖိဳခြဲစဥ္

(Zawgyi/Unicode)

ေဖေဖၚဝါရီလ ၁ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရကို အာဏာသိမ္းခဲ့တာေၾကာင့္၊ ၿငိမ္းခ်မ္းစြာကန္႔ကြက္ ဆႏၵထုတ္ေဖၚသူေတြကို ျမန္မာစစ္တပ္က အၾကမ္းဖက္ ႏွိပ္ကြပ္ေနတာေတြ ဆက္တိုက္လုပ္ေနပါတယ္။

မတ္လ ၂၇ ရက္ေန႔က ဆႏၵျပပြဲေတြၿဖိဳ ခြင္းမႈအတြင္း ကေလး တဒါဇင္ေက်ာ္ အပါအဝင္ လူ ၁၀၀ ေက်ာ္ေသဆံုးခဲ့ရတာဟာ အာဏာသိမ္းၿပီးေနာက္ပိုင္း ေသဆံုး၊ ထိခိုက္မႈ အမ်ားဆံုးျဖစ္ရတဲ့ ေန႔တေန႔ ျဖစ္တဲ့အတြက္၊ လံုးဝ စိတ္မခ်မ္းေျမ့စရာျဖစ္ရတယ္လို႔ သမၼတ Joe Biden က အျပစ္တင္ ရႈတ္ခ်လိုက္ပါတယ္။

ဒီမိုကေရစီျပန္လည္ေဆာင္က်ဥ္းေရးေတာင္းဆိုေနၾကတဲ့ ဆႏၵထုတ္ေဖၚၾကသူေတြကို ႏွိပ္ကြပ္တဲ့ အေနနဲ႕ ျမန္မာစစ္သားနဲ႔ ရဲေတြက အင္အားသံုးၿဖိဳ ခြဲရာမွာ ၆၀၀ ထက္မနည္းေသဆံုးခဲ့ရတယ္လို႔ AAPPB ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက မွတ္တမ္းတင္ထားပါတယ္။

အခုေနာက္ဆံုး လူေတြေသဆံုးရတဲ့အတြက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က Twitter က ေန အျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။ ျမန္မာလံုၿခံဳေရးတပ္ဖြဲ႔ေတြက လူေတြ ေသဆံုး၊ ထိခိုက္ဒဏ္ရာရေအာင္ လုပ္ေဆာင္ေနတာေတြ ျမင္ရတဲ့အတြက္ စိတ္ပ်က္မိပါတယ္။ လက္တဆုတ္စာလူတစုအတြက္၊ စစ္အစိုးရက ျပည္သူေတြရဲ႕ အသက္ေတြ စေတးေနတာကို ျပသ ေနတာဘဲျဖစ္ပါတယ္။ဝမ္းနည္းေၾကကြဲရပါေၾကာင္း ကြယ္လြန္သူေတြရဲ႕ မိသားစုေတြကို အေလးအနက္ ေျပာပါရေစ။ရဲရင့္သတၱိရွိတဲ့ ျမန္မာျပည္သူေတြက စစ္တပ္ရဲ႕ အၾကမ္းဖက္စိုးမိုးမႈကို လက္မခံၾကပါဘူး လို႔ ဝန္ႀကီး Blinken က Twitter ကေန ေရးသားလိုက္တာပါ။

အေမရိကန္ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ား ဥကၠ႒၊ ၾကည္းတပ္ဗိုလ္ခ်ဳပ္ႀကီး Mark Milley ကလည္း ကမၻာတဝန္းကာကြယ္ေရးဦးစီးခ်ဳပ္ေတြနဲ႔အတူ ျမန္မာစစ္တပ္က ျပည္သူေတြကို လက္နက္အင္အားသံုး ႏွိမ္နင္းေနတဲ့ပတ္သက္လို႔ အျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

ျမန္မာစစ္တပ္နဲ႔ အေပါင္းအပါ လုံၿခံဳေရးတာဝန္ရွိသူေတြက လက္နက္မဲ့ျပည္သူေတြကို လက္နက္နဲ႔ အင္အားသံုးတိုက္ခိုက္ေနတဲ့အတြက္ က်ေနာ္တို႔ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအေနနဲ႔ ျပစ္တင္ရႈတ္ခ်ပါတယ္လို႔ ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။ ႏိုင္ငံတကာစံေတြနဲ႔အညီ၊ သိကၡာရွိတဲ့ စစ္တပ္ဟာ ျပည္သူေတြကို နစ္နာထိခိုက္ေအာင္လုပ္ဖို႔မဟုတ္ဘဲ၊ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ရမယ့္ တာဝန္ဝတၱရားရွိပါတယ္။အၾကမ္းဖက္ႏွိမ္နင္းတာေတြကို ရပ္တန္းကရပ္ၿပီး ဒီလုပ္ရပ္ေတြေၾကာင့္ ဆံုးရံႈးခဲ့ရတဲ့ ျပည္သူေတြရဲ႕ ယံုၾကည္ကိုးစားမႈနဲ႔ ေလးစားမႈကို ျပန္လည္အရယူႏိုင္ဖို႔ ႀကိဳးစားပါလို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ေတြက တိုက္တြန္းတဲ့အေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ မၾကာမီက လူေတြရာနဲ႔ခ်ီ ေသဆံုးခဲ့ရတဲ့ အၾကမ္းဖက္ႏွိပ္ကြပ္မႈနဲ႔ ပတ္သက္ၿပီး ကုလသမဂၢသံတမန္ေတြျဖစ္တဲ့ Alice Wairimu Nderitu နဲ႔ Michelle Bachele တို႔ကလည္း အျပစ္တင္ရႈတ္ခ်ေၾကာင္း ပူးတြဲေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။ ရုပ္သံမွတ္တမ္းေတြအရ၊ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က ဆႏၵျပလူထုကို ပစ္ခတ္လို႕ ထြက္ေျပးေနၾကတဲ့ပံုေတြ၊ ကေလးငယ္ေတြကိုပါ မေရွာင္ ပစ္သတ္ေနတာေတြဟာ ရွက္စရာေကာင္းၿပီး သူရဲေဘာေၾကာင္၊ ရက္စက္တဲ့လုပ္ရပ္ ျဖစ္လို႔ ခ်က္ခ်င္း ရပ္တန္းကရပ္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာ့လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ ရက္စက္တဲ့လုပ္ရပ္ေတြကို အေမရိကန္ျပည္ေထာင္စုက အျပင္းထန္ဆံုး အျပစ္တင္ရႈတ္ခ်ပါတယ္။ စစ္အစိုးရအေနနဲ႔ အၾကမ္းဖက္မႈကို လက္ကိုင္ထားၿပီး စိုးမိုး အုပ္ခ်ဳပ္ေနတာကို မျဖစ္မေန ရပ္တန္းကရပ္မွ ျဖစ္ေတာ့မယ္လို႔ အေမရိကန္ျပည္ေထာင္စုက တိုက္တြန္းလိုက္ေၾကာင္းပါ။

................

စစ်အစိုးရ အကြမ်းဖက်အုပ်စိုးမှု ရပ်တန်းကရပ်ဖို့ အမေရိကန်တောင်းဆို

(Unicode)

ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို အာဏာသိမ်းခဲ့တာကြောင့်၊ ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒထုတ်ဖေါ်သူတွေကို မြန်မာစစ်တပ်က အကြမ်းဖက် နှိပ်ကွပ်နေတာတွေ ဆက်တိုက်လုပ်နေပါတယ်။

မတ်လ ၂၇ ရက်နေ့က ဆန္ဒပြပွဲတွေဖြို ခွင်းမှုအတွင်း ကလေး တဒါဇင်ကျော် အပါအဝင် လူ ၁၀၀ ကျော်သေဆုံးခဲ့ရတာဟာ အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံး၊ ထိခိုက်မှု အများဆုံးဖြစ်ရတဲ့ နေ့တနေ့ ဖြစ်တဲ့အတွက်၊ လုံးဝ စိတ်မချမ်းမြေ့စရာဖြစ်ရတယ်လို့ သမ္မတ Joe Biden က အပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဒီမိုကရေစီပြန်လည်ဆောင်ကျဉ်းရေးတောင်းဆိုနေကြတဲ့ ဆန္ဒထုတ်ဖေါ်ကြသူတွေကို နှိပ်ကွပ်တဲ့ အနေနဲ့ မြန်မာစစ်သားနဲ့ ရဲတွေက အင်အားသုံးဖြို ခွဲရာမှာ ၆၀၀ ထက်မနည်းသေဆုံးခဲ့ရတယ်လို့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မှတ်တမ်းတင်ထားပါတယ်။

အခုနောက်ဆုံး လူတွေသေဆုံးရတဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က Twitter က နေ အပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရအောင် လုပ်ဆောင်နေတာတွေ မြင်ရတဲ့အတွက် စိတ်ပျက်မိပါတယ်။ လက်တဆုတ်စာလူတစုအတွက်၊ စစ်အစိုးရက ပြည်သူတွေရဲ့ အသက်တွေ စတေးနေတာကို ပြသ နေတာဘဲဖြစ်ပါတယ်။ဝမ်းနည်းကြေကွဲရပါကြောင်း ကွယ်လွန်သူတွေရဲ့ မိသားစုတွေကို အလေးအနက် ပြောပါရစေ။ရဲရင့်သတ္တိရှိတဲ့ မြန်မာပြည်သူတွေက စစ်တပ်ရဲ့ အကြမ်းဖက်စိုးမိုးမှုကို လက်မခံကြပါဘူး လို့ ဝန်ကြီး Blinken က Twitter ကနေ ရေးသားလိုက်တာပါ။

အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ၊ ကြည်းတပ်ဗိုလ်ချုပ်ကြီး Mark Milley ကလည်း ကမ္ဘာတဝန်းကာကွယ်ရေးဦးစီးချုပ်တွေနဲ့အတူ မြန်မာစစ်တပ်က ပြည်သူတွေကို လက်နက်အင်အားသုံး နှိမ်နင်းနေတဲ့ပတ်သက်လို့ အပြစ်တင်ရှုတ်ချလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ အပေါင်းအပါ လုံခြုံရေးတာဝန်ရှိသူတွေက လက်နက်မဲ့ပြည်သူတွေကို လက်နက်နဲ့ အင်အားသုံးတိုက်ခိုက်နေတဲ့အတွက် ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်များအနေနဲ့ ပြစ်တင်ရှုတ်ချပါတယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတကာစံတွေနဲ့အညီ၊ သိက္ခာရှိတဲ့ စစ်တပ်ဟာ ပြည်သူတွေကို နစ်နာထိခိုက်အောင်လုပ်ဖို့မဟုတ်ဘဲ၊ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဝတ္တရားရှိပါတယ်။အကြမ်းဖက်နှိမ်နင်းတာတွေကို ရပ်တန်းကရပ်ပြီး ဒီလုပ်ရပ်တွေကြောင့် ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုနဲ့ လေးစားမှုကို ပြန်လည်အရယူနိုင်ဖို့ ကြိုးစားပါလို့ ကာကွယ်ရေးဦးစီးချုပ်တွေက တိုက်တွန်းတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာမီက လူတွေရာနဲ့ချီ သေဆုံးခဲ့ရတဲ့ အကြမ်းဖက်နှိပ်ကွပ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂသံတမန်တွေဖြစ်တဲ့ Alice Wairimu Nderitu နဲ့ Michelle Bachele တို့ကလည်း အပြစ်တင်ရှုတ်ချကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ရုပ်သံမှတ်တမ်းတွေအရ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြလူထုကို ပစ်ခတ်လို့ ထွက်ပြေးနေကြတဲ့ပုံတွေ၊ ကလေးငယ်တွေကိုပါ မရှောင် ပစ်သတ်နေတာတွေဟာ ရှက်စရာကောင်းပြီး သူရဲဘောကြောင်၊ ရက်စက်တဲ့လုပ်ရပ် ဖြစ်လို့ ချက်ချင်း ရပ်တန်းကရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို အမေရိကန်ပြည်ထောင်စုက အပြင်းထန်ဆုံး အပြစ်တင်ရှုတ်ချပါတယ်။ စစ်အစိုးရအနေနဲ့ အကြမ်းဖက်မှုကို လက်ကိုင်ထားပြီး စိုးမိုး အုပ်ချုပ်နေတာကို မဖြစ်မနေ ရပ်တန်းကရပ်မှ ဖြစ်တော့မယ်လို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ကြောင်းပါ။

XS
SM
MD
LG