Accessibility links

Breaking News

ႏိုင္ငံပိုင္ ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ငန္းကို အေမရိကန္ ဒဏ္ခတ္ အေရးယူ


ျမန္မာ့ ေက်ာက္မ်က္ရတနာ ျပပြဲအတြင္း ၃၆ ကာရက္ရွိတဲ့ ပတၱျမား
ျမန္မာ့ ေက်ာက္မ်က္ရတနာ ျပပြဲအတြင္း ၃၆ ကာရက္ရွိတဲ့ ပတၱျမား

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္ အာေဘာ္ကို တင္ျပပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီက ဒီမိုကေရစီျပန္လည္ေဆာင္က်ဥ္းဖို႔လက္မခံဘဲ ျငင္းဆန္ေနၿပီး၊ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖၚသူေတြကို ဆက္လက္ ပစ္မွတ္ထား တိုက္ခိုက္၊ သတ္ျဖတ္ေနရံုတင္မက၊ လမ္းသြားလမ္းလာေတြကိုပါ ႀကံဳသလို ပစ္ခတ္တာေတြလုပ္ေနပါတယ္။ အဲဒီလုပ္ရပ္ေတြထဲမွာ မတ္လ ၂၇ ရက္ေန႔က လူ ၁၀၀ ေက်ာ္ေသဆံုးခဲ့ရတဲ့ လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ ရက္စက္တဲ့ ႏွိပ္ကြပ္မႈလည္း ပါဝင္ပါတယ္။ အခုခ်ိန္ထိ လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ လက္ခ်က္နဲ႔ ဒါဇင္နဲ႔ခ်ီတဲ့ ကေလးေတြအပါအဝင္ လူ ၇၀၀ ေက်ာ္ေသဆံုးခဲ့ၾကရပါတယ္။

ဒီအၾကမ္းဖက္လုပ္ရပ္ေတြကို တုန္႔ျပန္တဲ့အေနနဲ႔ စစ္တပ္အမ်ားစုပိုင္ - ႏိုင္ငံပိုင္ ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ငန္းကို အေမရိကန္ျပည္ေထာင္စုက သမၼတ အမိန္႔ျပန္တမ္းအမွတ္ ၁၄၀၁၄ အရ ပိတ္ဆို႔မႈနဲ႔ အေရးယူလိုက္ပါတယ္။

ျမန္မာစစ္တပ္က ေက်ာက္မ်က္နဲ႔ သဘာဝ သယံဇာတေတြကို အလြဲသံုးစားလုပ္၊ ကိုယ္က်ိဳးရွာေနပါတယ္။ ျမန္မာ့ေက်ာက္မ်က္ရတနာ လုပ္ငန္းဟာေက်ာက္မ်က္ တူးေဖၚေရာင္းဝယ္ေရးအတြက္ ဦးေဆာင္တာဝန္ရွိတဲ့ လုပ္ငန္းႀကီးျဖစ္ပါတယ္။ ဒီပိတ္ဆို႔အေရးယူမႈေတြဟာ ျမန္မာျပည္သူေတြကို မထိခိုက္ေစဘဲ၊ စစ္ေကာင္စီကိုသာ တိုက္ရိုက္ပစ္မွတ္ထားတာ ျဖစ္ပါတယ္။

ျမန္မာျပည္က အဓိကက်တဲ့ ႏိုင္ငံပိုင္လုပ္ငန္းေတြအပါအဝင္ စစ္တပ္အတြက္ရန္ပံုေငြပံ့ပိုးေနတဲ့ အရင္းအျမစ္ေတြအေပၚ၊ ပိတ္ဆို႔တာကို အေမရိကန္ဘ႑ာေရးဌာနက ဒီလိုအေရးယူမႈေတြနဲ႔၊ မီးေမာင္းထိုးျပလိုက္တာျဖစ္ေၾကာင္း၊ ႏိုင္ငံျခားအေျခပစၥည္းထိန္းခ်ဳပ္ေရးရံုး ညႊန္ၾကားေရးမွဴး Andrea Gacki က ေျပာပါတယ္။ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ေဆာင္က်ဥ္းေရး၊ တရားဥပေဒစိုးမိုးေရးေထာက္ခံဖို႔နဲ႕ ဒီတန္ဖိုးေတြကို ဆုတ္ယုတ္ေအာင္လုပ္ေနသူေတြကို အေရးယူဖို႔အတြက္ ေဒသတြင္းအပါအဝင္၊ ကမၻာတဝန္းက မိတ္ဖက္ေတြနဲ႔အတူ အေမရိကန္ျပည္ေထာင္စုက ဇြဲမေလွ်ာ့ဘဲ၊ ဆက္လက္ႀကိဳးစားေဆာင္ရြက္သြားမွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ ျမန္မာ့ေက်ာက္မ်က္ ရတနာလုပ္ငန္းရဲ႕ အေရာင္းျပပြဲမွာ စစ္တပ္ေခါင္းေဆာင္ေတြ ပါဝင္ဆင္ႏႊဲေနခ်ိန္မွာ အေမရိကန္က အခုလိုအေရးယူလိုက္တာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကလည္း ဒီလုပ္ငန္းကို ပစ္မွတ္ထားအေရးယူလိုက္တာဟာ အေမရိကန္ျပည္ေထာင္စုက ျမန္မာစစ္တပ္ကို ျပတ္သားတဲ့ အမွာစကားပါးလိုက္တာပါဘဲလို႔ ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ေဆာင္က်ဥ္းႏိုင္ေရး အတြက္၊ ျမန္မာစစ္တပ္အေနနဲ႔အၾကမ္းဖက္မႈေတြကို မရပ္မခ်င္း၊ မတရားဖမ္းဆီးထားသူအားလံုး မလႊတ္မခ်င္း၊ မာရွယ္ေလာ စစ္အုပ္ခ်ဳပ္ေရး၊ ႏိုင္ငံတဝန္းအေရးေပၚအေျခအေနနဲ႔ ဆက္သြယ္ေရး ကန္႔သတ္ပိတ္ပင္တာေတြ မရုပ္သိမ္းေသးသ၍၊ အေမရိကန္ ျပည္ေထာင္စုက ဆက္လက္ဖိအားေပးေနမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ျမန္မာစစ္တပ္နဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ေတြက ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖၚသူေတြကို အၾကမ္းဖက္ ႏွိမ္နင္းေနတာေတြအားလံုး ရပ္တန္းကရပ္ဖို႔၊ အာဏာသိမ္းၿပီး ျပည္သူလူထုကို ရက္စက္စြာ ႏွိပ္ကြပ္ေနတာေတြအတြက္ အေရးယူႏိုင္ဖို႔ ဖိအားေပးေနၿပီး၊ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ ျပန္လည္ေဆာင္က်ဥ္းႏိုင္ဖို႔ ေထာက္ခံေနၾကၾကတဲ့ ေဒသတြင္းနဲ႔ ကမၻာတဝန္းက မဟာမိတ္ေတြ၊ မိတ္ဖက္ေတြနဲ႔အတူ အေမရိကန္ျပည္ေထာင္စုက အနီးကပ္ ပူးေပါင္းညိွႏိႈင္းၿပီး မမွိတ္မသုန္ သႏၷိ႒ာန္အခိုင္အမာခ်မွတ္ ေဆာင္ရြက္ေနေၾကာင္းပါ။

.............

နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို အမေရိကန် ဒဏ်ခတ် အရေးယူ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင် အာဘော်ကို တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဒီမိုကရေစီပြန်လည်ဆောင်ကျဉ်းဖို့လက်မခံဘဲ ငြင်းဆန်နေပြီး၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေကို ဆက်လက် ပစ်မှတ်ထား တိုက်ခိုက်၊ သတ်ဖြတ်နေရုံတင်မက၊ လမ်းသွားလမ်းလာတွေကိုပါ ကြုံသလို ပစ်ခတ်တာတွေလုပ်နေပါတယ်။ အဲဒီလုပ်ရပ်တွေထဲမှာ မတ်လ ၂၇ ရက်နေ့က လူ ၁၀၀ ကျော်သေဆုံးခဲ့ရတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်တဲ့ နှိပ်ကွပ်မှုလည်း ပါဝင်ပါတယ်။ အခုချိန်ထိ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ ဒါဇင်နဲ့ချီတဲ့ ကလေးတွေအပါအဝင် လူ ၇၀၀ ကျော်သေဆုံးခဲ့ကြရပါတယ်။

ဒီအကြမ်းဖက်လုပ်ရပ်တွေကို တုန့်ပြန်တဲ့အနေနဲ့ စစ်တပ်အများစုပိုင် - နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို အမေရိကန်ပြည်ထောင်စုက သမ္မတ အမိန့်ပြန်တမ်းအမှတ် ၁၄၀၁၄ အရ ပိတ်ဆို့မှုနဲ့ အရေးယူလိုက်ပါတယ်။

မြန်မာစစ်တပ်က ကျောက်မျက်နဲ့ သဘာဝ သယံဇာတတွေကို အလွဲသုံးစားလုပ်၊ ကိုယ်ကျိုးရှာနေပါတယ်။ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းဟာကျောက်မျက် တူးဖေါ်ရောင်းဝယ်ရေးအတွက် ဦးဆောင်တာဝန်ရှိတဲ့ လုပ်ငန်းကြီးဖြစ်ပါတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာပြည်သူတွေကို မထိခိုက်စေဘဲ၊ စစ်ကောင်စီကိုသာ တိုက်ရိုက်ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

မြန်မာပြည်က အဓိကကျတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေအပါအဝင် စစ်တပ်အတွက်ရန်ပုံငွေပံ့ပိုးနေတဲ့ အရင်းအမြစ်တွေအပေါ်၊ ပိတ်ဆို့တာကို အမေရိကန်ဘဏ္ဍာရေးဌာနက ဒီလိုအရေးယူမှုတွေနဲ့၊ မီးမောင်းထိုးပြလိုက်တာဖြစ်ကြောင်း၊ နိုင်ငံခြားအခြေပစ္စည်းထိန်းချုပ်ရေးရုံး ညွှန်ကြားရေးမှူး Andrea Gacki က ပြောပါတယ်။မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဆောင်ကျဉ်းရေး၊ တရားဥပဒေစိုးမိုးရေးထောက်ခံဖို့နဲ့ ဒီတန်ဖိုးတွေကို ဆုတ်ယုတ်အောင်လုပ်နေသူတွေကို အရေးယူဖို့အတွက် ဒေသတွင်းအပါအဝင်၊ ကမ္ဘာတဝန်းက မိတ်ဖက်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ဇွဲမလျှော့ဘဲ၊ ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းရဲ့ အရောင်းပြပွဲမှာ စစ်တပ်ခေါင်းဆောင်တွေ ပါဝင်ဆင်နွှဲနေချိန်မှာ အမေရိကန်က အခုလိုအရေးယူလိုက်တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ဒီလုပ်ငန်းကို ပစ်မှတ်ထားအရေးယူလိုက်တာဟာ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်ကို ပြတ်သားတဲ့ အမှာစကားပါးလိုက်တာပါဘဲလို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဆောင်ကျဉ်းနိုင်ရေး အတွက်၊ မြန်မာစစ်တပ်အနေနဲ့အကြမ်းဖက်မှုတွေကို မရပ်မချင်း၊ မတရားဖမ်းဆီးထားသူအားလုံး မလွှတ်မချင်း၊ မာရှယ်လော စစ်အုပ်ချုပ်ရေး၊ နိုင်ငံတဝန်းအရေးပေါ်အခြေအနေနဲ့ ဆက်သွယ်ရေး ကန့်သတ်ပိတ်ပင်တာတွေ မရုပ်သိမ်းသေးသ၍၊ အမေရိကန် ပြည်ထောင်စုက ဆက်လက်ဖိအားပေးနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေကို အကြမ်းဖက် နှိမ်နင်းနေတာတွေအားလုံး ရပ်တန်းကရပ်ဖို့၊ အာဏာသိမ်းပြီး ပြည်သူလူထုကို ရက်စက်စွာ နှိပ်ကွပ်နေတာတွေအတွက် အရေးယူနိုင်ဖို့ ဖိအားပေးနေပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဆောင်ကျဉ်းနိုင်ဖို့ ထောက်ခံနေကြကြတဲ့ ဒေသတွင်းနဲ့ ကမ္ဘာတဝန်းက မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက အနီးကပ် ပူးပေါင်းညှိနှိုင်းပြီး မမှိတ်မသုန် သန္နိဋ္ဌာန်အခိုင်အမာချမှတ် ဆောင်ရွက်နေကြောင်းပါ။

XS
SM
MD
LG