Accessibility links

Breaking News

၂၀၂၂ အေမရိကန္ အလုပ္သမားေန႔ အားလပ္ရက္


Labor Day Parade In Buffalo, New York. (file photo)
Labor Day Parade In Buffalo, New York. (file photo)

(Zawgyi/ Unicode)

အေမရိကန္ျပည္ေထာင္စုမွာ စက္တင္ဘာလရဲ႔ ပထမဆုံး တနလၤာေန႔ကို အလုပ္သမားေန႔အျဖစ္ သတ္မွတ္က်င္းပပါတယ္။ အေမရိကန္ျပည္ေထာင္စု တိုးတက္ႀကီးပြားလာေအာင္ ပါ၀င္ထမ္းေဆာင္ၾကတဲ့ အလုပ္သမားေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ က်င္းပတာျဖစ္ပါတယ္။

အလုပ္သမားေန႔ဟာ ေႏြရာသီရဲ႔ေနာက္ဆုံးေန႔အျဖစ္ တရား၀င္သတ္မွတ္ထားတဲ့ေန႔လည္းျဖစ္ပါတယ္။ အဲဒီေန႔ဟာ အလုပ္ပိတ္ရက္ျဖစ္တဲ့အတြက္ မိတ္ေဆြအေပါင္းအသင္းေတြ၊ မိသားစုေတြစုေ၀းၿပီး၊ အိမ္အျပင္ ဘက္မွာခ်က္ျပဳတ္ စားေသာက္ၾကတာေတြ၊ ေရကူးၾကတာေတြ စသည္ျဖင့္ေႏြရာသီမွာလုပ္ႏိုင္တဲ့ အပန္းေျဖ ေပ်ာ္ပဲြရႊင္ပဲြေတြကို ေနာက္ဆုံးအခြင့္အေရးေနနဲ႔ လုပ္ၾကပါတယ္။ ဒါေပမယ့္လည္း ဒီအလုပ္သမားေန႔ျဖစ္ေပၚလာရတဲ့အေၾကာင္းအရင္း ကေတာ့ ေပ်ာ္ရႊင္စရာအေၾကာင္းေတြမဟုတ္ဘဲ၊ ေလာဘေတြ၊ မတည္ၿငိမ္မႈေတြ၊ ေသြးထြက္သံယိုမႈေတြနဲ႔ျဖစ္လာခဲ့ရတာပါ။

၁၉ ရာစု အေမရိကန္ျပည္တြင္းစစ္လြန္ကာလဟာ စက္မႈစတင္ထြန္းကားလာတဲ့ကာလျဖစ္ၿပီး၊ စက္မႈလုပ္ငန္းရွင္ႀကီး ေတြေပၚထြန္းလာပါတယ္။ ခ်မ္းသာႂကြယ္၀ၿပီး၊ ၾသဇာအာဏာရွိတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြ၊ စက္မႈလုပ္ငန္းရွင္ေတြ၊ ဥမာ အားျဖင့္ Cornelius Vanderbilt တို႔လိုလုပ္ငန္းရွင္ႀကီးေတြေပၚထြန္းလာပါတယ္။

Andrew Carnegie, J.P. Morgan နဲ႔ John D. Rockefeller တို႔လိုလုပ္ငန္းရွင္ႀကီးေတြဟာ စီးပြားေရးခ်ဲ႔ထြင္လာမႈေတြ၊ တိုးပြားလာတဲ့ဆန္းသစ္တည္ထြင္မႈေတြ၊ ေျမာက္မ်ားစြာေသာ ေရႊေျပာင္းအလုပ္သမားေတြ စတဲ့အျခအေနေတြ တိုက္ဆိုင္ေပါင္းစုမႈကေနျဖစ္ေပၚလာတဲ့ အခြင့္အလမ္းေတြကို အမိအရ ဆုပ္ကိုင္ၿပီး အလြန္ႀကီးမားတဲ့ စီးပြားေရးနယ္ပယ္ေတြ၊ စီးပြားေရးအခြင့္အလမ္းေတြကို ဖန္တီးခဲ့ၾကပါတယ္။
သူတို႔ဟာ တကယ္လိုအပ္ေနတဲ့ အလုပ္အကိုင္နဲ႔ အခြင့္အလမ္းေတြကို ဖန္တီးေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔လုပ္ငန္းေတြမွာ ေလာဘေဇာတိုက္ၿပီး၊ အလုပ္သမားေတြအေပၚမွာ ေခါင္းပုံျဖတ္ အျမတ္ထုတ္ၾကပါတယ္။ အလုပ္သမားေတြဟာ စက္႐ုံထဲမွာ ပင္ပင္ပန္းပန္း အလုပ္လုပ္ၾကရပါတယ္။ စက္႐ုံေတြ၊ မိုင္းေတြမွာ တေန႔ကို ၁၂ နာရီေလာက္အလုပ္လုပ္ရၿပီး၊ တပတ္ကိုပိတ္ရက္မရွိ ၇ ရက္လုံး အလုပ္လုပ္ၾကရပါတယ္။ ဒါေပမယ့္လည္း လုပ္ခလစာက ေတာ့ အသက္ရွင္ယုံ ေနထိုင္စားေသာက္ဖို႔ ေလာက္ဘဲရပါတယ္။

၁၈၈၀ ေက်ာ္ႏွစ္ေတြကစၿပီး အလုပ္သမားေတြဟာ သူတို႔ရဲ႕အေျခအေနေတြ တိုးတက္ေကာင္းမြန္လာေအာင္လုပ္ဖို႔ ႀကိဳးပမ္းလာၾကပါတယ္။ အလုပ္သမား သမဂၢေတြကို စတင္ ဆက္သြယ္ ၀င္ေရာက္လာၾကပါတယ္။ အခ်ိဳ႔အလုပ္သမား သမဂၢေတြက ၁၈ ရာစု ေလာက္ကတည္းက ဖဲြ႕စည္းေပၚေပါက္ခဲ့ၾကတာပါ။ အလုပ္သမားေတြဟာ လုပ္ခလစာတိုးေပးဖို႔ ေကာင္းမြန္စြာဆက္ဆံဖို႔၊ လုပ္ငန္းခြင္ေတြ ပိုမိုေကာင္းမြန္လုံျခဳံဖို႔နဲ႔ အေမရိကန္ႏိုင္ငံရဲ႔ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္လာမႈမွာ အလုပ္သမားေတြရဲ႔ အခန္းက႑ကို ထည့္သြင္း အသိအမွတ္ျပဳဖို႔ ေတာင္းဆိုလာၾကပါတယ္။ သူတို႔ရဲ ႔ ေတာင္းဆိုခ်က္ေတြ မရတဲ့အခါ၊ ဆႏၵျပတာေတြလုပ္ၾကပါတယ္။ ဒါေပမယ့္ဆႏၵျပပဲြေတြဟာ အလြန္အႏၲရာယ္မ်ားပါတယ္။ ဆႏၵျပပဲြၿဖိဳခဲြသူေတြ၊ လက္နက္ကိုင္ လူဆိုးလူမိုက္ေတြကို လုပ္ငန္းရွင္ေတြက ပိုက္ဆံေပးငွားရမ္းကာ ဆႏၵျပမႈေတြကို ၿဖိဳခဲြၿပီး လုပ္ငန္းခြင္ ျပန္၀င္ေစခိုင္းတာမ်ိဳးေတြကို မၾကာခဏၾကဳံၾကရပါတယ္။ ဆႏၵျပအလုပ္သမားေတြဟာ ဒဏ္ရာရတာေတြရွိေပမယ့္ ပိုမိုတက္ႂကြလာၾက ပါတယ္။
ထင္ရွားတဲ႔ျဖစ္ရပ္တခုကေတာ့ ခ်ီကာဂိုၿမိဳ႔က Pullman ဆႏၵျပပဲြျဖစ္ပါတယ္။

Pullman ရထားလမ္းနဲ႔ ရထားကုမၼဏီက အလုပ္သမားေတြကို လစာျဖတ္ေတာက္တာ၊ အလုပ္ထုတ္တာေတြေၾကာင့္ ဆႏၵျပတာကို ျပည္ေထာင္စုတပ္ေတြေခၚၿပီး ရက္ရက္စက္စက္ ႏွိမ္နင္းခဲ့တဲ့အတြက္ အလုပ္သမား ၃၀ ေသဆုံးခဲ့ပါတယ္။
တိုက္ဆိုင္စြာဘဲ အဲဒီေန႔က သမတ Grover Cleveland က အလုပ္သမားေန႔သတ္မွတ္ၿပီး အလုပ္ပိတ္ရက္အျဖစ္ သတ္မွတ္ဖို႔ ဥပေဒၾကမ္းကို အတည္ျပဳ လက္မွတ္ထိုးတဲ့ေန႔ျဖစ္ပါတယ္။

“အလုပ္ႀကိဳးစားတဲ့ အေမရိကန္ေတြဟာ တိုင္းျပည္ရဲ႔ အဓိက ေက်ာ႐ိုးျဖစ္ပါတယ္။ လူလတ္တန္းစားေတြက အေမရိးကကို တည္ေဆာက္တာပါ။ အလုပ္သမား သမဂၢေတြက လူလတ္တန္းစားေတြကို တည္ေဆာက္ေပးပါတယ္” လို႔ သမၼတ ဂ်ိဳးဘိုင္ဒင္က ေျပာဆိုခဲ့ပါတယ္။
“လူလတ္တန္းစားေတြရဲ႔ ဘ၀ ဆက္လက္တည္ရွိေနဖို႔ သမဂၢေတြက လုပ္ေဆာင္ေပးခဲ့တာပါ။ အလုပ္သမားေန႔မွာ က်ေနာ္တို႔ အလုပ္သမားအားလုံးကို ဂုဏ္ျပဳပါတယ္။ သူတို႔ရဲ႔ အဓြန္႔ရွည္ တည္တံ့တဲ့ လႈပ္ရွားမႈဟာ က်ေနာ္တို႔တိုင္းျပည္ရဲ႕ စီးပြားေရးတိုးတက္ၿပီး တိုင္းျပည္ ပိုမိုအင္အားေတာင့္တင္းလာေစပါတယ္”လို႔ သမၼတ ဂ်ိဳးဘိုင္ဒင္က ဂုဏ္ျပဳေျပာဆိုခဲ့ပါတယ္။

(Unicode)

၂၀၂၂ အမေရိကန် အလုပ်သမားနေ့ အားလပ်ရက်

အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာလရဲ့ ပထမဆုံး တနင်္လာနေ့ကို အလုပ်သမားနေ့အဖြစ် သတ်မှတ်ကျင်းပပါတယ်။ အမေရိကန်ပြည်ထောင်စု တိုးတက်ကြီးပွားလာအောင် ပါဝင်ထမ်းဆောင်ကြတဲ့ အလုပ်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာဖြစ်ပါတယ်။
အလုပ်သမားနေ့ဟာ နွေရာသီရဲ့နောက်ဆုံးနေ့အဖြစ် တရားဝင်သတ်မှတ်ထားတဲ့ နေ့လည်းဖြစ်ပါတယ်။

အဲဒီနေ့ဟာ အလုပ်ပိတ်ရက်ဖြစ်တဲ့အတွက် မိတ်ဆွေအပေါင်းအသင်းတွေ၊ မိသားစုတွေစုဝေးပြီး၊ အိမ်အပြင် ဘက်မှာချက်ပြုတ် စားသောက်ကြတာတွေ၊ ရေကူးကြတာတွေ စသည်ဖြင့်နွေရာသီမှာလုပ်နိုင်တဲ့ အပန်းဖြေ ပျော်ပွဲရွှင်ပွဲတွေကို နောက်ဆုံးအခွင့်အရေးနေနဲ့ လုပ်ကြပါတယ်။ ဒါပေမယ့်လည်း ဒီအလုပ်သမားနေ့ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်း ကတော့ ပျော်ရွှင်စရာအကြောင်းတွေမဟုတ်ဘဲ၊ လောဘတွေ၊ မတည်ငြိမ်မှုတွေ၊ သွေးထွက်သံယိုမှုတွေနဲ့ဖြစ်လာခဲ့ရတာပါ။

၁၉ ရာစု အမေရိကန်ပြည်တွင်းစစ်လွန်ကာလဟာ စက်မှုစတင်ထွန်းကားလာတဲ့ကာလဖြစ်ပြီး၊ စက်မှုလုပ်ငန်းရှင်ကြီး တွေပေါ်ထွန်းလာပါတယ်။ ချမ်းသာကြွယ်ဝပြီး၊ သြဇာအာဏာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ ဥမာ အားဖြင့် Cornelius Vanderbilt တို့လိုလုပ်ငန်းရှင်ကြီးတွေပေါ်ထွန်းလာပါတယ်။

Andrew Carnegie, J.P. Morgan နဲ့ John D. Rockefeller တို့လိုလုပ်ငန်းရှင်ကြီးတွေဟာ စီးပွားရေးချဲ့ထွင်လာမှုတွေ၊ တိုးပွားလာတဲ့ဆန်းသစ်တည်ထွင်မှုတွေ၊ မြောက်များစွာသော ရွှေပြောင်းအလုပ်သမားတွေ စတဲ့အခြအနေတွေ တိုက်ဆိုင်ပေါင်းစုမှုကနေဖြစ်ပေါ်လာတဲ့ အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ပြီး အလွန်ကြီးမားတဲ့ စီးပွားရေးနယ်ပယ်တွေ၊ စီးပွားရေးအခွင့်အလမ်းတွေကို ဖန်တီးခဲ့ကြပါတယ်။

သူတို့ဟာ တကယ်လိုအပ်နေတဲ့ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့လုပ်ငန်းတွေမှာ လောဘဇောတိုက်ပြီး၊ အလုပ်သမားတွေအပေါ်မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ကြပါတယ်။ အလုပ်သမားတွေဟာ စက်ရုံထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရပါတယ်။ စက်ရုံတွေ၊ မိုင်းတွေမှာ တနေ့ကို ၁၂ နာရီလောက်အလုပ်လုပ်ရပြီး၊ တပတ်ကိုပိတ်ရက်မရှိ ၇ ရက်လုံး အလုပ်လုပ်ကြရပါတယ်။ ဒါပေမယ့်လည်း လုပ်ခလစာက တော့ အသက်ရှင်ယုံ နေထိုင်စားသောက်ဖို့ လောက်ဘဲရပါတယ်။

၁၈၈၀ ကျော်နှစ်တွေကစပြီး အလုပ်သမားတွေဟာ သူတို့ရဲ့အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင်လုပ်ဖို့ ကြိုးပမ်းလာကြပါတယ်။ အလုပ်သမား သမဂ္ဂတွေကို စတင် ဆက်သွယ် ဝင်ရောက်လာကြပါတယ်။ အချို့အလုပ်သမား သမဂ္ဂတွေက ၁၈ ရာစု လောက်ကတည်းက ဖွဲ့စည်းပေါ်ပေါက်ခဲ့ကြတာပါ။ အလုပ်သမားတွေဟာ လုပ်ခလစာတိုးပေးဖို့ ကောင်းမွန်စွာဆက်ဆံဖို့၊ လုပ်ငန်းခွင်တွေ ပိုမိုကောင်းမွန်လုံခြုံဖို့နဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုမှာ အလုပ်သမားတွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်း အသိအမှတ်ပြုဖို့ တောင်းဆိုလာကြပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေ မရတဲ့အခါ၊ ဆန္ဒပြတာတွေလုပ်ကြပါတယ်။ ဒါပေမယ့်ဆန္ဒပြပွဲတွေဟာ အလွန်အန္တရာယ်များပါတယ်။ ဆန္ဒပြပွဲဖြိုခွဲသူတွေ၊ လက်နက်ကိုင် လူဆိုးလူမိုက်တွေကို လုပ်ငန်းရှင်တွေက ပိုက်ဆံပေးငှားရမ်းကာ ဆန္ဒပြမှုတွေကို ဖြိုခွဲပြီး လုပ်ငန်းခွင် ပြန်ဝင်စေခိုင်းတာမျိုးတွေကို မကြာခဏကြုံကြရပါတယ်။ ဆန္ဒပြအလုပ်သမားတွေဟာ ဒဏ်ရာရတာတွေရှိပေမယ့် ပိုမိုတက်ကြွလာကြ ပါတယ်။

ထင်ရှားတဲ့ဖြစ်ရပ်တခုကတော့ ချီကာဂိုမြို့က Pullman ဆန္ဒပြပွဲဖြစ်ပါတယ်။ Pullman ရထားလမ်းနဲ့ ရထားကုမ္မဏီက အလုပ်သမားတွေကို လစာဖြတ်တောက်တာ၊ အလုပ်ထုတ်တာတွေကြောင့် ဆန္ဒပြတာကို ပြည်ထောင်စုတပ်တွေခေါ်ပြီး ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့အတွက် အလုပ်သမား ၃၀ သေဆုံးခဲ့ပါတယ်။

တိုက်ဆိုင်စွာဘဲ အဲဒီနေ့က သမတ Grover Cleveland က အလုပ်သမားနေ့သတ်မှတ်ပြီး အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ဖို့ ဥပဒေကြမ်းကို အတည်ပြု လက်မှတ်ထိုးတဲ့နေ့ဖြစ်ပါတယ်။
“အလုပ်ကြိုးစားတဲ့ အမေရိကန်တွေဟာ တိုင်းပြည်ရဲ့ အဓိက ကျောရိုးဖြစ်ပါတယ်။ လူလတ်တန်းစားတွေက အမေရိးကကို တည်ဆောက်တာပါ။ အလုပ်သမား သမဂ္ဂတွေက လူလတ်တန်းစားတွေကို တည်ဆောက်ပေးပါတယ်” လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။
“လူလတ်တန်းစားတွေရဲ့ ဘ၀ ဆက်လက်တည်ရှိနေဖို့ သမဂ္ဂတွေက လုပ်ဆောင်ပေးခဲ့တာပါ။ အလုပ်သမားနေ့မှာ ကျနော်တို့ အလုပ်သမားအားလုံးကို ဂုဏ်ပြုပါတယ်။ သူတို့ရဲ့ အဓွန့်ရှည် တည်တံ့တဲ့ လှုပ်ရှားမှုဟာ ကျနော်တို့တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်ပြီး တိုင်းပြည် ပိုမိုအင်အားတောင့်တင်းလာစေပါတယ်”လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG