Martin Luther King ေန႔ 

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ႏွစ္စဥ္ ဇန္နဝါရီလရဲ႕ တတိယေျမာက္ တနလၤာေန႔ ကို မာတင္လူသာကင္းဂ် ဴ နီယာ အထိမ္းအမွတ္ေန႔ အျဖစ္ အမွတ္တရ ဂုဏ္ျပဳၾကပါတယ္။ အေမရိကန္ျပည္ေထာင္စု ေတာင္ပိုင္း အလာဘားမားျပည္နယ္က Baptist နွစ္ျခင္း ခရစ္ယာန္တရားသင္းအုပ္ဆရာ၊ ေဒါက္တာကင္းဟာ အၾကမ္းမဖက္တဲ့နည္းနဲ႔ လူမႈျပဳျပင္ေျပာင္းလဲေရးအတြက္၊ အေမရိကန္ Civil Rights ျပည္သူ႔အခြင့္အေရး လႈပ္ရွားမႈ ေခါင္းေဆာင္တေယာက္ျဖစ္ပါတယ္။

ေဒါက္တာကင္းရဲ႕ အႀကီးမားဆံုး ေအာင္ျမင္မႈကေတာ့ အလုပ္အကိုင္ရွာေဖြရာမွာ ခြဲျခားဆက္ဆံခံရတာေတြ ပယ္ဖ်က္ၿပီး၊ အမ်ားျပည္သူပိုင္တဲ့ ေနရာေတြမွာ ခြဲျခားမႈေတြမလုပ္ဖို႔ တားျမစ္တဲ့ ၁၉၆၄ ခုႏွစ္ ျပည္သူ႔အခြင့္အေရး Civil Rights Act ဥပေဒ နဲ႔ ၁၉၆၅ ခုႏွစ္က မဲေပးပိုင္ခြင့္ ဥပေဒ ျပဌာန္းႏိုင္ေရး ေဆာင္က်ဥ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ဒီေအာင္ျမင္မႈ ႏွစ္ခုဟာ အေမရိကန္ျပည္ေထာင္စု အတြက္တင္မကပါဘူး၊ ကမၻာတဝန္းလံုးအတြက္ပါ အဓိက အက်ိဳးသက္ေရာက္မႈရွိေစခဲ့တာျဖစ္ပါတယ္။

လူမ်ိဳးေရးခြဲျခားမႈ တရားမွ်တမႈမရွိတာကို ဆန္႔က်င္တဲ့ ေဒါက္တာကင္းရဲ႕ တန္းတူညီမွ်ေရး လႈပ္ရွားမႈဟာ ႏိုင္ငံတာကာဥပေဒ ေၾကာင္းကတဆင့္၊ ႀကိဳးပမ္းခဲ့တာမဟုတ္ပါဘူး။ ဒါေပမဲ့ သူ႔ရဲ႕ ေျပာဆိုခ်က္ေတြနဲ႔ လႈပ္ရွားမႈေတြက၊ ကိုလိုနီနယ္ခ်ဲ႔ဝါဒ၊ လူျဖဴလူမဲခြဲျခားေရးနဲ႔ လူမ်ိဳးေရးတရားမွ်တမႈမရွိတာေတြအေပၚ ဆန္႔က်င္လႈပ္ရွားေနသူ ကမၻာတဝန္းက အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြအတြက္ အားက် အတုယူစရာျဖစ္ခဲ့ပါတယ္။

ဒုတိယကမၻာစစ္ၿပီးေခတ္ကာလမွာ ကမၻာတဝန္း ကိုလိုနီနယ္ခ်ဲ႔တဲ့ စနစ္ အဆံုးသတ္ႏိုင္ခဲ့ပါတယ္။ ၁၉၄၅ နဲ႔ ၁၉၆၀ ျပည့္ႏွစ္အေစာပိုင္းကာလေတြအတြင္း ကိုလိုနီလက္ေအာက္က လြတ္ေျမာက္လာတဲ့ ႏိုင္ငံသစ္ေတြတိုးလာၿပီး ကုလသမဂၢအဖြဲ႔ဝင္ႏိုင္ငံေပါင္း ၁၁၅ အထိ ႏွစ္ဆ တိုးခဲ့ပါတယ္။ အဲဒီတိုးလာတဲ့ အဖြဲ႔ဝင္ႏိုင္ငံသစ္ေတြအနက္ ၇၅ ရာခိုင္ႏႈန္းခန္႔ဟာ ခြဲျခားဆက္ဆံတဲ႔ ဥပေဒေတြနဲ႔ တရားမွ်တမႈမရွိတဲ့ အေလ့အက်င့္ေတြေၾကာင့္ သူတို႔ ျပည္သူေတြ မၾကာခဏ ဒုကၡေတြခံစားေနၾကရတာ ျဖစ္ပါတယ္။

ေဒါက္တာကင္းရဲ႕ ၿငိမ္းခ်မ္းတဲ့ ေတာ္လွန္ေရး စည္းရံုးလံႈ႔ေဆာ္မႈနဲ႔ ျပည္သူ႔အခြင့္အေရးအက္ဥပေဒ လမ္းပြင့္ေအာင္ တိုက္ရိုက္အက်ိဳးသက္ေရာက္ခဲ့တာေတြဟာ ဒီအဖြဲ႔ဝင္ႏိုင္ငံသစ္ေတြရဲ႕ ကိုယ္စားလွယ္အမ်ားစုအတြက္ အားက်အတုယူစရာေတြ ျဖစ္ခဲ့လို႔ပါဘဲ။

အဲဒီအခ်ိန္က ကုလသမဂၢအဖြဲ႔ႀကီးဟာ ပဋိပကၡေတြကို ၿငိမ္းခ်မ္းစြာေျဖရွင္း အဆံုးအျဖတ္ေပးႏိုင္မယ့္ ႏွီးေႏွာဖလွယ္ႏိုင္တဲ့ အဖြဲ႔ႀကီးအျဖစ္အားကိုးၿပီး ႏိုင္ငံသစ္ေတြ ပါဝင္လာခဲ့ၾကေပမဲ့၊ ကမၻာ့ စက္မႈထြန္းကားတဲ့ ႏိုင္ငံႀကီးေတြနဲ႔ သူတို႔ရဲ႕ ဦးစားေပးမႈေတြအၾကား အႀကီးအက်ယ္ ျခားနားမႈေတြကို သိပ္သတိမထားမိခဲ့ၾကပါဘူး။

အဖြဲ႔ဝင္သစ္ ကိုယ္စားလွယ္အဖြဲ႔ အေရအတြက္ လံုေလာက္တဲ့အတြက္ အေျခအတင္ ေဆြးေႏြးပြဲေတြက်င္းပ၊ လူမ်ိဳးေရးခြဲျခားမႈအတြက္၊ တရားမွ်တေစေရး တိုက္ဖ်က္ရာမွာ စည္းလံုးညီညြတ္ခဲ့ၾကပါတယ္။ ဒါ့ေၾကာင့္၊ ပံုစံအမ်ိဳးမ်ိဳးနဲ႔ လူမ်ိဳးေရးခြဲျခားဆက္ဆံမႈအားလံုး၊ ပယ္ဖ်က္တဲ့ ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ကို ၁၉၆၅ ခုႏွစ္က အတည္ျပဳႏိုင္ခဲ့ပါတယ္။

၁၉၄၈ ခုႏွစ္ကျပဌာန္းခဲ့တဲ့ ကုလသမဂၢ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေၾကညာစာတမ္း ၿပီးရင္ လူ႔အခြင့္အေရးမွာ အေရးႀကီးဆံုး ျဖစ္တဲ့ ပဋိညာဥ္ စာခ်ဳပ္ ၂ ခုကိုလည္း ၁၉၆၆ ခုႏွစ္က အတည္ျပဳႏိုင္ခဲ့ပါတယ္။ ျပည္သူနဲ႔ ႏိုင္ငံေရးအခြင့္အေရးသေဘာတူစာခ်ဳပ္နဲ႔ ECOSOC ေခၚစီးပြားေရးနဲ႔ လူမႈ အခြင့္အေရးဆိုင္ရာ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ေတြ အတည္ျပဳႏိုင္ခဲ့တာျဖစ္ပါတယ္။

လူမ်ိဳးေရးတန္းတူညီမွ်မႈအတြက္ ကမၻာတဝန္းလႈပ္ရွားမႈနဲ႔ ပတ္သက္ၿပီး Dr. King ေျပာခဲ့တဲ့ ရွားရွားပါးပါး မိန္႔ခြန္႔ေတြအနက္ သူ ၁၉၆၄ ခုႏွစ္က ၿငိမ္းခ်မ္းေရးႏိုဘဲလ္ဆု လက္ခံတုန္းကေျပာခဲ့တဲ့ မိန္႔ခြန္းမွာ၊ လြတ္ေျမာက္ေရး လႈပ္ရွားမႈဟာ ကမၻာတဝန္း အဖ်ားကူးစက္သလို အက်ယ္ျပန္႔ဆံုး လြတ္ေျမာက္မႈ အျဖစ္ သမိုင္းတြင္ရစ္ေအာင္ ပ်ံ႕နွံ႔ ခဲ့တယ္လို႔ တင္စားခဲ့ပါတယ္။ ႀကီးျမတ္တဲ့ ျပည္သူလူထုႀကီးက မိမိ လူမ်ိဳးနဲ႔ အမိေျမ ေခါင္းပံုျဖတ္၊ အျမတ္ထုတ္ ခံေနရတာေတြ အဆံုးသတ္ေရးအတြက္ သႏၷိ႒ာန္ အခိုင္အမာခ်ႏိုင္ခဲ့ၾကပါတယ္တဲ့။အခုက်ေနာ္တို႔ဟာ လြတ္ေျမာက္ေရးအတြက္ ေအာင္ျမင္မႈတရပ္ကို ျမင္ေတြ႔ေနၾကရပါၿပီလို႔ ေဒါက္တာမာတင္လူသာကင္းက ေျပာဆိုခဲ့ေၾကာင္းပါ။

..............

Martin Luther King နေ့

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

နှစ်စဉ် ဇန်နဝါရီလရဲ့ တတိယမြောက် တနင်္လာနေ့ ကို မာတင်လူသာကင်းဂျ ူ နီယာ အထိမ်းအမှတ်နေ့ အဖြစ် အမှတ်တရ ဂုဏ်ပြုကြပါတယ်။ အမေရိကန်ပြည်ထောင်စု တောင်ပိုင်း အလာဘားမားပြည်နယ်က Baptist နှစ်ခြင်း ခရစ်ယာန်တရားသင်းအုပ်ဆရာ၊ ဒေါက်တာကင်းဟာ အကြမ်းမဖက်တဲ့နည်းနဲ့ လူမှုပြုပြင်ပြောင်းလဲရေးအတွက်၊ အမေရိကန် Civil Rights ပြည်သူ့အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။

ဒေါက်တာကင်းရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ အလုပ်အကိုင်ရှာဖွေရာမှာ ခွဲခြားဆက်ဆံခံရတာတွေ ပယ်ဖျက်ပြီး၊ အများပြည်သူပိုင်တဲ့ နေရာတွေမှာ ခွဲခြားမှုတွေမလုပ်ဖို့ တားမြစ်တဲ့ ၁၉၆၄ ခုနှစ် ပြည်သူ့အခွင့်အရေး Civil Rights Act ဥပဒေ နဲ့ ၁၉၆၅ ခုနှစ်က မဲပေးပိုင်ခွင့် ဥပဒေ ပြဌာန်းနိုင်ရေး ဆောင်ကျဉ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒီအောင်မြင်မှု နှစ်ခုဟာ အမေရိကန်ပြည်ထောင်စု အတွက်တင်မကပါဘူး၊ ကမ္ဘာတဝန်းလုံးအတွက်ပါ အဓိက အကျိုးသက်ရောက်မှုရှိစေခဲ့တာဖြစ်ပါတယ်။

လူမျိုးရေးခွဲခြားမှု တရားမျှတမှုမရှိတာကို ဆန့်ကျင်တဲ့ ဒေါက်တာကင်းရဲ့ တန်းတူညီမျှရေး လှုပ်ရှားမှုဟာ နိုင်ငံတာကာဥပဒေ ကြောင်းကတဆင့်၊ ကြိုးပမ်းခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ပြောဆိုချက်တွေနဲ့ လှုပ်ရှားမှုတွေက၊ ကိုလိုနီနယ်ချဲ့ဝါဒ၊ လူဖြူလူမဲခွဲခြားရေးနဲ့ လူမျိုးရေးတရားမျှတမှုမရှိတာတွေအပေါ် ဆန့်ကျင်လှုပ်ရှားနေသူ ကမ္ဘာတဝန်းက အမျိုးသားနဲ့ အမျိုးသမီးတွေအတွက် အားကျ အတုယူစရာဖြစ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်ကာလမှာ ကမ္ဘာတဝန်း ကိုလိုနီနယ်ချဲ့တဲ့ စနစ် အဆုံးသတ်နိုင်ခဲ့ပါတယ်။ ၁၉၄၅ နဲ့ ၁၉၆၀ ပြည့်နှစ်အစောပိုင်းကာလတွေအတွင်း ကိုလိုနီလက်အောက်က လွတ်မြောက်လာတဲ့ နိုင်ငံသစ်တွေတိုးလာပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၁၅ အထိ နှစ်ဆ တိုးခဲ့ပါတယ်။ အဲဒီတိုးလာတဲ့ အဖွဲ့ဝင်နိုင်ငံသစ်တွေအနက် ၇၅ ရာခိုင်နှုန်းခန့်ဟာ ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေနဲ့ တရားမျှတမှုမရှိတဲ့ အလေ့အကျင့်တွေကြောင့် သူတို့ ပြည်သူတွေ မကြာခဏ ဒုက္ခတွေခံစားနေကြရတာ ဖြစ်ပါတယ်။

ဒေါက်တာကင်းရဲ့ ငြိမ်းချမ်းတဲ့ တော်လှန်ရေး စည်းရုံးလှုံ့ဆော်မှုနဲ့ ပြည်သူ့အခွင့်အရေးအက်ဥပဒေ လမ်းပွင့်အောင် တိုက်ရိုက်အကျိုးသက်ရောက်ခဲ့တာတွေဟာ ဒီအဖွဲ့ဝင်နိုင်ငံသစ်တွေရဲ့ ကိုယ်စားလှယ်အများစုအတွက် အားကျအတုယူစရာတွေ ဖြစ်ခဲ့လို့ပါဘဲ။

အဲဒီအချိန်က ကုလသမဂ္ဂအဖွဲ့ကြီးဟာ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်း အဆုံးအဖြတ်ပေးနိုင်မယ့် နှီးနှောဖလှယ်နိုင်တဲ့ အဖွဲ့ကြီးအဖြစ်အားကိုးပြီး နိုင်ငံသစ်တွေ ပါဝင်လာခဲ့ကြပေမဲ့၊ ကမ္ဘာ့ စက်မှုထွန်းကားတဲ့ နိုင်ငံကြီးတွေနဲ့ သူတို့ရဲ့ ဦးစားပေးမှုတွေအကြား အကြီးအကျယ် ခြားနားမှုတွေကို သိပ်သတိမထားမိခဲ့ကြပါဘူး။

အဖွဲ့ဝင်သစ် ကိုယ်စားလှယ်အဖွဲ့ အရေအတွက် လုံလောက်တဲ့အတွက် အခြေအတင် ဆွေးနွေးပွဲတွေကျင်းပ၊ လူမျိုးရေးခွဲခြားမှုအတွက်၊ တရားမျှတစေရေး တိုက်ဖျက်ရာမှာ စည်းလုံးညီညွတ်ခဲ့ကြပါတယ်။ ဒါ့ကြောင့်၊ ပုံစံအမျိုးမျိုးနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုအားလုံး၊ ပယ်ဖျက်တဲ့ နိုင်ငံတကာ သဘောတူစာချုပ်ကို ၁၉၆၅ ခုနှစ်က အတည်ပြုနိုင်ခဲ့ပါတယ်။

၁၉၄၈ ခုနှစ်ကပြဌာန်းခဲ့တဲ့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ပြီးရင် လူ့အခွင့်အရေးမှာ အရေးကြီးဆုံး ဖြစ်တဲ့ ပဋိညာဉ် စာချုပ် ၂ ခုကိုလည်း ၁၉၆၆ ခုနှစ်က အတည်ပြုနိုင်ခဲ့ပါတယ်။ ပြည်သူနဲ့ နိုင်ငံရေးအခွင့်အရေးသဘောတူစာချုပ်နဲ့ ECOSOC ခေါ်စီးပွားရေးနဲ့ လူမှု အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်တွေ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

လူမျိုးရေးတန်းတူညီမျှမှုအတွက် ကမ္ဘာတဝန်းလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး Dr. King ပြောခဲ့တဲ့ ရှားရှားပါးပါး မိန့်ခွန့်တွေအနက် သူ ၁၉၆၄ ခုနှစ်က ငြိမ်းချမ်းရေးနိုဘဲလ်ဆု လက်ခံတုန်းကပြောခဲ့တဲ့ မိန့်ခွန်းမှာ၊ လွတ်မြောက်ရေး လှုပ်ရှားမှုဟာ ကမ္ဘာတဝန်း အဖျားကူးစက်သလို အကျယ်ပြန့်ဆုံး လွတ်မြောက်မှု အဖြစ် သမိုင်းတွင်ရစ်အောင် ပျံ့နှံ့ ခဲ့တယ်လို့ တင်စားခဲ့ပါတယ်။ ကြီးမြတ်တဲ့ ပြည်သူလူထုကြီးက မိမိ လူမျိုးနဲ့ အမိမြေ ခေါင်းပုံဖြတ်၊ အမြတ်ထုတ် ခံနေရတာတွေ အဆုံးသတ်ရေးအတွက် သန္နိဋ္ဌာန် အခိုင်အမာချနိုင်ခဲ့ကြပါတယ်တဲ့။အခုကျနော်တို့ဟာ လွတ်မြောက်ရေးအတွက် အောင်မြင်မှုတရပ်ကို မြင်တွေ့နေကြရပါပြီလို့ ဒေါက်တာမာတင်လူသာကင်းက ပြောဆိုခဲ့ကြောင်းပါ။