ကိုလံဘတ္ေန႔

  • VOA Policy

AP Explains Christopher Columbus

၁၄၉၂ ခုႏွစ္ ေအာက္တိုဘာလ ၁၂ ရက္ေန႔က Christopher Columbus ရဲ႕ ဦးေဆာင္မႈနဲ႔ စပိန္သေဘၤာ ၃ စင္းဟာ အခု ဘဟားမားလို႔ သိၾကတဲ့ ကၽြန္းကေလးကို ေရာက္လာခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ဒီေန႔ကို ကိုလံဘတ္စ္ေန႔ အျဖစ္ ႏွစ္စဥ္က်င္းပၾကပါတယ္။ 

ကိုလံဘတ္ေန႔

{{Zawgyi/Unicode}}
၁၄၉၂ ခုႏွစ္ ေအာက္တိုဘာလ ၁၂ ရက္ေန႔က Christopher Columbus ရဲ႕ ဦးေဆာင္မႈနဲ႔ စပိန္သေဘၤာ ၃ စင္းဟာ အခု ဘဟားမားလို႔ သိၾကတဲ့ ကၽြန္းကေလးကို ေရာက္လာခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ဒီေန႔ကို ကိုလံဘတ္စ္ေန႔ အျဖစ္ ႏွစ္စဥ္က်င္းပၾကပါတယ္။

ဒါဟာ Columbian Exchange လို႔သိၾကတဲ့ စားနပ္ရိကၡာ၊ အပင္၊ သတၱဝါ၊ လူနဲ႔ ေရာဂါကအစ ကမာၻတလႊား က်ယ္ျပန္႔တဲ့ ဖလွယ္မႈေတြနဲ႔ ကမာၻႀကီးတခုလံုးကို အေျပာင္းအလဲေတြ ျဖစ္သြားေအာင္ အစပ်ိဳးခဲ့တဲ့ ေန႔လည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ၁၄၉၂ ခုႏွစ္ကို ေခတ္သစ္သမိုင္းမွာ အထူးျခားဆံုး ႏွစ္အျဖစ္ သမိုင္းပညာရွင္ အမ်ားအျပားက သတ္မွတ္ထားတာ ျဖစ္ပါတယ္။

ကမာၻ႔လူဦးေရဟာ ၁၄၉၂ ခုႏွစ္ကနဲ႔ စာရင္ ၄ ဆ တိုးလာတာ ျဖစ္ၿပီး ၁၆၅၀ နဲ႔ ၁၈၅၀ ႏွစ္ေတြၾကားမွာ ဆို ၂ ဆ တိုးလာ ခဲ့တာပါ။ အခုလို လူဦးေရအလြန္အမင္း တိုးပြါးလာဖို႔အတြက္ အရင္းခံ အေၾကာင္းေတြ အမ်ားအျပားရွိမွာ ျဖစ္ေပမယ့္ စားနပ္ရိကၡာရရွိမႈ တိုးတက္လာတာေၾကာင့္ ဆိုတာက သိသာတဲ့ အခ်က္ျဖစ္ပါတယ္။

ဒီစားနပ္ရိကၡာေတြထဲမွာ အေမရိကန္ဌာေန တိုင္းရင္းသားေတြရဲ႕ ေျပာင္း၊ အာလူး၊ ခရမ္းခ်ဥ္၊ ေျမပဲ၊ ပေလာပီနံ၊ နာနတ္၊ င႐ုတ္နဲ႔ ကိုကိုးေစ့ေတြလို စားပင္ေတြက အဓိက အက်ဆံုး ျဖစ္ေနတာပါ။

ဒီအထဲက အာလူးဟာ ဥေရာပအလယ္ပိုင္းနဲ႔ ေျမာက္ပိုင္းေဒသက ဆင္းရဲသားေတြ အတြက္ အေရးအပါဆံုး အစားအစာ တခု ျဖစ္လာခဲ့ပါတယ္။ အာဖရိကကို ၁၆ ရာစုမွာ စေရာက္လာတဲ့ ေျပာင္းနဲ႔ ပေလာပီနံ ကေတာ့ အာဖရိကထြက္ ႐ိုးရာ ေကာက္ပဲသီးႏွံေတြ ေနရာမွာ အစားထိုးဝင္ေရာက္သြားၿပီး အာဖရိကတိုက္ရဲ႕ အေရးအႀကီးဆံုး အဓိကစားကုန္ျဖစ္လာတာပါ။

ခရစ္ႏွစ္ ၁၅၀၀ ကေန ၁၆၅၀ အတြင္း တ႐ုတ္ျပည္မွာ လူဦးေရ အဆမတန္တိုးလာတာဟာ ေကာက္ပဲသီးႏွံအသစ္ျဖစ္တဲ့ အထူးသျဖင့္ အာလူး၊ ေျပာင္းနဲ႔ ေျမပဲေတြ တ႐ုတ္ကိုေရာက္လာတာ ေၾကာင့္ ျဖစ္ပါတယ္။

Columbian Exchange ဟာ တကမာၻလံုးကို ျပန္႔သြားတာ ျဖစ္ၿပီး သူ႔ေၾကာင့္ ကမာၻ႔ေနရာတိုင္းမွာ စားေသာက္ကုန္ အသစ္ေတြ ေရာက္ကုန္တာ ျဖစ္ပါတယ္။ ၁၄၉၂ မတိုင္ခင္ ကဆိုရင္ ဖေလာ္ရီဒါမွာ လိေမၼာ္သီး မရွိခဲ့သလို အီေကြေဒါႏိုင္ငံမွာလည္း ငွက္ေပ်ာသီး မရွိပဲ၊ ဟန္ေဂရီမွာေတာ့ ပါပရီကာ ျငဳပ္သီး မရွိေသးပါဘူး။ ကုန္စည္ဖလွယ္မႈကေန အီတလီကို ခရမ္းခ်ဥ္သီး ေရာက္သြားသလို ကိုလံဘီယာနဲ႔ အင္ဒိုနီးရွားကို ေကာ္ဖီ၊ ဟာဝိုင္ရီကို နာနတ္သီး၊ အာဖရိကကို ရာဘာပင္၊ ထိုင္း၊ တ႐ုတ္နဲ႔ အိႏၵိယကို င႐ုတ္သီးနဲ႔ ဆြစ္ဇလန္ကို ေခ်ာ့ကလက္တို႔ ေရာက္သြားတာ ျဖစ္ပါတယ္။

ဘဟားမာကၽြန္းကေလးကို သေဘာၤကေလး ၃ စင္း ဆိုက္ေရာက္ သြားတာဟာ သမိုင္းေၾကာင္းကိုပါ မၾကံဳစဖူး ေျပာင္းလဲသြားေစတာ ျဖစ္ပါတယ္။

ဒါဟာ ရာစုႏွစ္နဲ႔ခ်ီတဲ့ လူသားေတြရဲ႕ အနာဂတ္ကို ပံုေဖၚေပးခဲ့တာ ျဖစ္ၿပီး ဒါဟာ ကမာၻမွာ တိုက္ႀကီးတတိုက္ အသစ္ ေတြ႕ရွိခဲ့တာတင္ မကေတာ့ပဲ ကမာၻ႔အေရွ႕အေနာက္ ေတာင္ေျမာက္အျခမ္း ေတြၾကား ကုန္စည္ဖလွယ္ဖို႔ အၾကံရေစသလို ကုန္သြယ္မႈေတြ လုပ္ရင္း ပံုမွန္ဆက္သြယ္လာေစသလို မတူညီတဲ့ ယဥ္ေက်းမႈေတြဆံုဆည္းၿပီး ဆက္သြယ္မႈအသစ္ေတြ ဖန္တီးဖို႔ ျဖစ္လာေစတာပါ။

၁၄၉၂ ခုႏွစ္ဟာ ကမာၻ႔လူသားေတြၾကား ကမာၻ႔လူမႈ အသိုင္းအဝိုင္းကို အတူတကြ စတင္ခဲ့တဲ့ ႏွစ္လည္း ျဖစ္ပါတယ္။

.......................................................................................

ကိုလံဘတ်နေ့

{{Zawgyi/Unicode}}
၁၄၉၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က Christopher Columbus ရဲ့ ဦးဆောင်မှုနဲ့ စပိန်သင်္ဘော ၃ စင်းဟာ အခု ဘဟားမားလို့ သိကြတဲ့ ကျွန်းကလေးကို ရောက်လာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ကို ကိုလံဘတ်စ်နေ့ အဖြစ် နှစ်စဉ်ကျင်းပကြပါတယ်။

ဒါဟာ Columbian Exchange လို့သိကြတဲ့ စားနပ်ရိက္ခာ၊ အပင်၊ သတ္တဝါ၊ လူနဲ့ ရောဂါကအစ ကမ္ဘာတလွှား ကျယ်ပြန့်တဲ့ ဖလှယ်မှုတွေနဲ့ ကမ္ဘာကြီးတခုလုံးကို အပြောင်းအလဲတွေ ဖြစ်သွားအောင် အစပျိုးခဲ့တဲ့ နေ့လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၄၉၂ ခုနှစ်ကို ခေတ်သစ်သမိုင်းမှာ အထူးခြားဆုံး နှစ်အဖြစ် သမိုင်းပညာရှင် အများအပြားက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေဟာ ၁၄၉၂ ခုနှစ်ကနဲ့ စာရင် ၄ ဆ တိုးလာတာ ဖြစ်ပြီး ၁၆၅၀ နဲ့ ၁၈၅၀ နှစ်တွေကြားမှာ ဆို ၂ ဆ တိုးလာ ခဲ့တာပါ။ အခုလို လူဦးရေအလွန်အမင်း တိုးပွါးလာဖို့အတွက် အရင်းခံ အကြောင်းတွေ အများအပြားရှိမှာ ဖြစ်ပေမယ့် စားနပ်ရိက္ခာရရှိမှု တိုးတက်လာတာကြောင့် ဆိုတာက သိသာတဲ့ အချက်ဖြစ်ပါတယ်။

ဒီစားနပ်ရိက္ခာတွေထဲမှာ အမေရိကန်ဌာနေ တိုင်းရင်းသားတွေရဲ့ ပြောင်း၊ အာလူး၊ ခရမ်းချဉ်၊ မြေပဲ၊ ပလောပီနံ၊ နာနတ်၊ ငရုတ်နဲ့ ကိုကိုးစေ့တွေလို စားပင်တွေက အဓိက အကျဆုံး ဖြစ်နေတာပါ။

ဒီအထဲက အာလူးဟာ ဥရောပအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသက ဆင်းရဲသားတွေ အတွက် အရေးအပါဆုံး အစားအစာ တခု ဖြစ်လာခဲ့ပါတယ်။ အာဖရိကကို ၁၆ ရာစုမှာ စရောက်လာတဲ့ ပြောင်းနဲ့ ပလောပီနံ ကတော့ အာဖရိကထွက် ရိုးရာ ကောက်ပဲသီးနှံတွေ နေရာမှာ အစားထိုးဝင်ရောက်သွားပြီး အာဖရိကတိုက်ရဲ့ အရေးအကြီးဆုံး အဓိကစားကုန်ဖြစ်လာတာပါ။

ခရစ်နှစ် ၁၅၀၀ ကနေ ၁၆၅၀ အတွင်း တရုတ်ပြည်မှာ လူဦးရေ အဆမတန်တိုးလာတာဟာ ကောက်ပဲသီးနှံအသစ်ဖြစ်တဲ့ အထူးသဖြင့် အာလူး၊ ပြောင်းနဲ့ မြေပဲတွေ တရုတ်ကိုရောက်လာတာ ကြောင့် ဖြစ်ပါတယ်။

Columbian Exchange ဟာ တကမ္ဘာလုံးကို ပြန့်သွားတာ ဖြစ်ပြီး သူ့ကြောင့် ကမ္ဘာ့နေရာတိုင်းမှာ စားသောက်ကုန် အသစ်တွေ ရောက်ကုန်တာ ဖြစ်ပါတယ်။ ၁၄၉၂ မတိုင်ခင် ကဆိုရင် ဖလော်ရီဒါမှာ လိမ္မော်သီး မရှိခဲ့သလို အီကွေဒေါနိုင်ငံမှာလည်း ငှက်ပျောသီး မရှိပဲ၊ ဟန်ဂေရီမှာတော့ ပါပရီကာ ငြုပ်သီး မရှိသေးပါဘူး။ ကုန်စည်ဖလှယ်မှုကနေ အီတလီကို ခရမ်းချဉ်သီး ရောက်သွားသလို ကိုလံဘီယာနဲ့ အင်ဒိုနီးရှားကို ကော်ဖီ၊ ဟာဝိုင်ရီကို နာနတ်သီး၊ အာဖရိကကို ရာဘာပင်၊ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယကို ငရုတ်သီးနဲ့ ဆွစ်ဇလန်ကို ချော့ကလက်တို့ ရောက်သွားတာ ဖြစ်ပါတယ်။

ဘဟားမာကျွန်းကလေးကို သဘောၤကလေး ၃ စင်း ဆိုက်ရောက် သွားတာဟာ သမိုင်းကြောင်းကိုပါ မကြုံစဖူး ပြောင်းလဲသွားစေတာ ဖြစ်ပါတယ်။

ဒါဟာ ရာစုနှစ်နဲ့ချီတဲ့ လူသားတွေရဲ့ အနာဂတ်ကို ပုံဖေါ်ပေးခဲ့တာ ဖြစ်ပြီး ဒါဟာ ကမ္ဘာမှာ တိုက်ကြီးတတိုက် အသစ် တွေ့ရှိခဲ့တာတင် မကတော့ပဲ ကမ္ဘာ့အရှေ့အနောက် တောင်မြောက်အခြမ်း တွေကြား ကုန်စည်ဖလှယ်ဖို့ အကြံရစေသလို ကုန်သွယ်မှုတွေ လုပ်ရင်း ပုံမှန်ဆက်သွယ်လာစေသလို မတူညီတဲ့ ယဉ်ကျေးမှုတွေဆုံဆည်းပြီး ဆက်သွယ်မှုအသစ်တွေ ဖန်တီးဖို့ ဖြစ်လာစေတာပါ။

၁၄၉၂ ခုနှစ်ဟာ ကမ္ဘာ့လူသားတွေကြား ကမ္ဘာ့လူမှု အသိုင်းအဝိုင်းကို အတူတကွ စတင်ခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ်။