Accessibility links

Breaking News

႐ိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္က်ဳးလြန္မႈ လူမ်ဳိးတုန္းလုပ္ရပ္အျဖစ္ အေမရိကန္သတ္မွတ္ 


Rohingya Muslims who fled Myanmar to Bangladesh to escape religious violence, sit in a boat after being intercepted crossing the Naf River by Bangladeshi border authorities in Taknaf, Bangladesh. (file)
Rohingya Muslims who fled Myanmar to Bangladesh to escape religious violence, sit in a boat after being intercepted crossing the Naf River by Bangladeshi border authorities in Taknaf, Bangladesh. (file)

႐ိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္က်ဳးလြန္မႈ လူမ်ဳိးတုန္းလုပ္ရပ္အျဖစ္ အေမရိကန္သတ္မွတ္

{{Zawgyi/Unicode}}

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးတဦးရဲ႕ တာဝန္ေတြထဲက တခုဟာ ရက္စက္ ၾကမ္းၾကဳတ္မႈေတြ က်ဴးလြန္ခဲ့ျခင္း ရွိမရွိဆိုတာကို အေမရိကန္ျပည္ေထာင္စုကိုယ္စား ဆုံးျဖတ္ေပးရျခင္းဘဲ ျဖစ္ပါတယ္။ ျမန္မာစစ္တပ္ဟာ ႐ိုဟင္ဂ်ာလူနည္းစုေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ လူသားမ်ိဳးႏြယ္စုအေပၚ ဆန္႔က်င္တဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့ေၾကာင္း မတ္လ ၂၁ ရက္ေန႔မွာ တရားဝင္ ေၾကညာၿပီး အဲဒီႏိုင္ငံျခားေရးဝန္ႀကီးတဦး ထမ္းေဆာင္ရမယ့္ တာဝန္အတိုင္း ေဆာင္႐ြက္ခဲ့ပါတယ္။

“ႏိုင္ငံျခားေရးဌာနက လက္ေတြ႕ျဖစ္ရပ္ေတြနဲ႔ ဥပေဒေၾကာင္းအရ ေလ့လာသုံးသပ္ထားခ်က္ေတြအေပၚ အေျခခံၿပီး က်ေနာ္ ဒီဆုံးျဖတ္ခ်က္ကို ခ်လိုက္ျခင္းျဖစ္ပါတယ္။ အဲဒီအထဲမွာ Amnesty International လို၊ Human Rights Watch လို လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ေတြရဲ႕ ဘက္လိုက္မႈမရွိတဲ့၊ သီးျခားလြတ္လပ္တဲ့ အခ်က္အလက္ေတြနဲ႔ က်ေနာ္တို႔ ဝန္ႀကီးဌာနက ေသခ်ာ က်နစြာ ျပဳစုထားတဲ့ အစီရင္ခံစာ၊ အခ်က္အလက္ေတြအေပၚအေျခခံၿပီး က်ေနာ္ ဒီဆုံးျဖတ္ခ်က္ကို ခ်လိုက္တာလည္း ျဖစ္ပါတယ္။

အဲဒီ အခ်က္အလက္ေတြထဲ ၂၀၁၈ ခုႏွစ္အတြင္း အေမရိကန္ ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ထားတဲ့ အစီရင္ခံစာလည္း ပါဝင္ပါတယ္။

အစီရင္ခံစာဟာ ဘဂၤလားေဒ့ရွ္မွာ လက္ရွိ ေနထိုင္ေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ,၀၀၀ ေက်ာ္ကို စစ္တမ္း ေကာက္ယူထားတာလည္း ပါဝင္ပါတယ္။ သူတို႔အားလုံးဟာ ၂၀၁၆ နဲ႔ ၂၀၁၇ ခုႏွစ္အၾကား ျဖစ္ခဲ့တဲ့အၾကမ္းဖက္မႈေတြေၾကာင့္ ထြက္ေျပးလာၾကသူေတြ ျဖစ္ပါတယ္။ အဲဒီထဲကသုံးပုံ ပုံက စစ္သားေတြက လူတဦးတေယာက္ကို သတ္ျဖတ္တာကို ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရတယ္လို႔ ထြက္ဆိုၾကပါတယ္။ ထက္ဝက္ေက်ာ္ကေတာ့ စစ္သားေတြက လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ ေစာ္ကားတာကို ျမင္ေတြ႕ခဲ့ရတယ္လို႔ ထြက္ဆိုခဲ့ၾကပါတယ္။ ပုံတပုံကေတာ့ လူေပါင္း ၁၀၀ ေက်ာ္ကို တေနရာထဲ၊ တခ်ိန္ထဲမွာ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈ၊ အၾကမ္းဖက္ လုပ္ေဆာင္မႈေတြကို ျမင္ေတြ႕ခဲ့ရတယ္လို႔ ထြက္ဆိုထားပါတယ္။

ဒီသက္ေသ အေထာက္အထားေတြက ႐ိုဟင္ဂ်ာေတြအေပၚ အစုလိုက္ အၿပဳံလိုက္ ရည္႐ြယ္ခ်က္နဲ႔ အၾကမ္းဖက္ လုပ္ေဆာင္ခဲ့တယ္ဆိုတာကို ၫြန္ျပေနတယ္လို႔လည္း ဝန္ႀကီး Blinken က ေျပာၾကားခဲ့ပါတယ္။

“အဲဒီလို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ခဲ့တယ္ဆိုတာကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈူႀကီး မင္းေအာင္လႈိင္က အမ်ားျပည္သူအၾကားမွာ ေျပာၾကားထားတဲ့ မိန္႔ခြန္းေတြအရ သိႏိုင္ပါတယ္။၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ရက္ေန႔က စစ္တပ္ကေနၿပီးေတာ့ ႐ြာေတြကိုမီးရႈိ႕၊ လူေတြသတ္ျဖတ္၊ ႏွိပ္စက္၊ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြကိုမုဒိန္းက်င့္ လုပ္ေနတဲ့အခ်ိန္မွာဘဲ သူ႔စကားအတိုင္း က်ေနာ္ ကိုးကားၿပီး ဒီေနရာမွာ ေျပာရရင္ - ဒီ ဘင္ဂါလီျပႆနာဟာ မၿပီးဆုံးေသးတဲ့ နာတာရွည္ေရာဂါျဖစ္တယ္၊ လက္ရွိအာဏာရအစိုးရက ဒီျပႆနာ ေျပလည္ေရးအတြက္ တာဝန္ယူ ေဆာင္႐ြက္ေနပါတယ္ - လို႔ ေျပာခဲ့ပါတယ္။

က်ဴးလြန္ခဲ့တဲ့ ရာခိုင္ႏႈန္း၊ အေရအတြက္၊ လုပ္နည္းလုပ္ဟန္၊ ရည္႐ြယ္ခ်က္ စတာေတြဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ခ်ႏိုင္ေရးမွာ အင္မတန္ အေရးပါတဲ့အခ်က္ေတြ ျဖစ္ေၾကာင္းလည္း ဝန္ႀကီး Blinken ကေျပာပါတယ္။

ဒီ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုတဲ့ အရာထဲက လြတ္ေျမာက္ဖို႔ဟာ ဥပေဒေၾကာင္းအရ ရင္ဆိုင္ ေျဖရွင္ျခင္းဘဲ ျဖစ္ပါတယ္။ ျပည္တြင္း၊ ျပည္ပမွာ ရွိေနၾကတဲ့လူ႔အခြင့္အေရး အဖြဲ႕ေတြက ႐ိုဟင္ဂ်ာေတြနဲ႔ တျခား လူမ်ိဳးစုေတြ၊ ဘာသာေရးအဖြဲ႕ေတြအေပၚ က်ဴးလြန္ခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ႏွစ္ေပါင္းမ်ားစြာ မွတ္တမ္းျပဳစုထားခဲ့ၾကၿပီး ျဖစ္ပါတယ္။ အဲဒီ ျပဳစုထားတဲ့ မွတ္တမ္းဟာလည္း တေန႔တျခား တိုးမ်ားလာေနၿပီး အဲဒီ ျပစ္မႈေတြကို က်ဴးလြန္ခဲ့ၾကတဲ့သူေတြရင္ဆိုင္ေျဖရွင္းရမယ့္ေန႔ ေရာက္လာတဲ့အခါ ဒါေတြက အသုံးဝင္လာပါလိမ့္မယ္- လို႔ ဝန္ႀကီး Blinken ေျပာပါတယ္။

ဒီကေန႔ ေၾကညာခ်က္နဲ႔အတူ အေမရိကန္ျပည္ေထာင္စုဟာ ႐ိုဟင္ဂ်ာေတြ လူမ်ိဳးတုံး သတ္ျဖတ္ခံရတဲ့အေျခအေနေအာက္က လြတ္ေျမာက္ေအာင္၊ တာဝန္ခံမႈတာဝန္ယူမႈရွိလာေအာင္၊ တျခားျမန္မာႏိုင္ငံသားေတြနည္းတူ သူတို႔ရဲ႕ အခြင့္အေရးေတြနဲ႔ ဂုဏ္သိကၡာကို ေလးစားအသိအမွတ္ျပဳတဲ့၊ သူတို႔ကို တန္းတူ လူသားတေယာက္အျဖစ္ အသိအမွတ္ျပဳတဲ့ ေနရပ္ကို ျပန္ႏိုင္ေအာင္ အေမရိကန္ျပည္ေထာင္စုက ဆက္လက္ ႀကိဳးပမ္း ေဆာင္႐ြက္သြားမယ္ဆိုတာ သံဓိဌာန္ျပဳ ေျပာၾကားလိုပါတယ္။

.....................................................

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ကျုးလွန်မှု လူမျိုးတုန်းလုပ်ရပ်အဖြစ် အမေရိကန်သတ်မှတ်

{{Zawgyi/Unicode}}

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတဦးရဲ့ တာဝန်တွေထဲက တခုဟာ ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ခြင်း ရှိမရှိဆိုတာကို အမေရိကန်ပြည်ထောင်စုကိုယ်စား ဆုံးဖြတ်ပေးရခြင်းဘဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာလူနည်းစုတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း မတ်လ ၂၁ ရက်နေ့မှာ တရားဝင် ကြေညာပြီး အဲဒီနိုင်ငံခြားရေးဝန်ကြီးတဦး ထမ်းဆောင်ရမယ့် တာဝန်အတိုင်း ဆောင်ရွက်ခဲ့ပါတယ်။

“နိုင်ငံခြားရေးဌာနက လက်တွေ့ဖြစ်ရပ်တွေနဲ့ ဥပဒေကြောင်းအရ လေ့လာသုံးသပ်ထားချက်တွေအပေါ် အခြေခံပြီး ကျနော် ဒီဆုံးဖြတ်ချက်ကို ချလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီအထဲမှာ Amnesty International လို၊ Human Rights Watch လို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ဘက်လိုက်မှုမရှိတဲ့၊ သီးခြားလွတ်လပ်တဲ့ အချက်အလက်တွေနဲ့ ကျနော်တို့ ဝန်ကြီးဌာနက သေချာ ကျနစွာ ပြုစုထားတဲ့ အစီရင်ခံစာ၊ အချက်အလက်တွေအပေါ်အခြေခံပြီး ကျနော် ဒီဆုံးဖြတ်ချက်ကို ချလိုက်တာလည်း ဖြစ်ပါတယ်။”

အဲဒီ အချက်အလက်တွေထဲ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာလည်း ပါဝင်ပါတယ်။

“အစီရင်ခံစာဟာ ဘင်္ဂလားဒေ့ရှ်မှာ လက်ရှိ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁,၀၀၀ ကျော်ကို စစ်တမ်း ကောက်ယူထားတာလည်း ပါဝင်ပါတယ်။ သူတို့အားလုံးဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အကြား ဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။ အဲဒီထဲကသုံးပုံ ၁ ပုံက စစ်သားတွေက လူတဦးတယောက်ကို သတ်ဖြတ်တာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ ထွက်ဆိုကြပါတယ်။ ထက်ဝက်ကျော်ကတော့ စစ်သားတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားတာကို မြင်တွေ့ခဲ့ရတယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။ ၅ ပုံတပုံကတော့ လူပေါင်း ၁၀၀ ကျော်ကို တနေရာထဲ၊ တချိန်ထဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အကြမ်းဖက် လုပ်ဆောင်မှုတွေကို မြင်တွေ့ခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။”

ဒီသက်သေ အထောက်အထားတွေက ရိုဟင်ဂျာတွေအပေါ် အစုလိုက် အပြုံလိုက် ရည်ရွယ်ချက်နဲ့ အကြမ်းဖက် လုပ်ဆောင်ခဲ့တယ်ဆိုတာကို ညွန်ပြနေတယ်လို့လည်း ဝန်ကြီး Blinken က ပြောကြားခဲ့ပါတယ်။

“အဲဒီလို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်ဆိုတာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုူကြီး မင်းအောင်လှိုင်က အများပြည်သူအကြားမှာ ပြောကြားထားတဲ့ မိန့်ခွန်းတွေအရ သိနိုင်ပါတယ်။၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က စစ်တပ်ကနေပြီးတော့ ရွာတွေကိုမီးရှို့၊ လူတွေသတ်ဖြတ်၊ နှိပ်စက်၊ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကိုမုဒိန်းကျင့် လုပ်နေတဲ့အချိန်မှာဘဲ သူ့စကားအတိုင်း ကျနော် ကိုးကားပြီး ဒီနေရာမှာ ပြောရရင် - ဒီ ဘင်ဂါလီပြဿနာဟာ မပြီးဆုံးသေးတဲ့ နာတာရှည်ရောဂါဖြစ်တယ်၊ လက်ရှိအာဏာရအစိုးရက ဒီပြဿနာ ပြေလည်ရေးအတွက် တာဝန်ယူ ဆောင်ရွက်နေပါတယ် - လို့ ပြောခဲ့ပါတယ်။”

ကျူးလွန်ခဲ့တဲ့ ရာခိုင်နှုန်း၊ အရေအတွက်၊ လုပ်နည်းလုပ်ဟန်၊ ရည်ရွယ်ချက် စတာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချနိုင်ရေးမှာ အင်မတန် အရေးပါတဲ့အချက်တွေ ဖြစ်ကြောင်းလည်း ဝန်ကြီး Blinken ကပြောပါတယ်။

ဒီ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အရာထဲက လွတ်မြောက်ဖို့ဟာ ဥပဒေကြောင်းအရ ရင်ဆိုင် ဖြေရှင်ခြင်းဘဲ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပမှာ ရှိနေကြတဲ့လူ့အခွင့်အရေး အဖွဲ့တွေက ရိုဟင်ဂျာတွေနဲ့ တခြား လူမျိုးစုတွေ၊ ဘာသာရေးအဖွဲ့တွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နှစ်ပေါင်းများစွာ မှတ်တမ်းပြုစုထားခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီ ပြုစုထားတဲ့ မှတ်တမ်းဟာလည်း တနေ့တခြား တိုးများလာနေပြီး အဲဒီ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့သူတွေရင်ဆိုင်ဖြေရှင်းရမယ့်နေ့ ရောက်လာတဲ့အခါ ဒါတွေက အသုံးဝင်လာပါလိမ့်မယ်- လို့ ဝန်ကြီး Blinken ပြောပါတယ်။

ဒီကနေ့ ကြေညာချက်နဲ့အတူ အမေရိကန်ပြည်ထောင်စုဟာ ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့အခြေအနေအောက်က လွတ်မြောက်အောင်၊ တာဝန်ခံမှုတာဝန်ယူမှုရှိလာအောင်၊ တခြားမြန်မာနိုင်ငံသားတွေနည်းတူ သူတို့ရဲ့ အခွင့်အရေးတွေနဲ့ ဂုဏ်သိက္ခာကို လေးစားအသိအမှတ်ပြုတဲ့၊ သူတို့ကို တန်းတူ လူသားတယောက်အဖြစ် အသိအမှတ်ပြုတဲ့ နေရပ်ကို ပြန်နိုင်အောင် အမေရိကန်ပြည်ထောင်စုက ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမယ်ဆိုတာ သံဓိဌာန်ပြု ပြောကြားလိုပါတယ်။

XS
SM
MD
LG