Accessibility links

Breaking News

႐ိုဟင္ဂ်ာေတြ လူမ်ိဳးတံုးေအာင္ ႏွစ္ရွည္လမ်ား လုပ္ေဆာင္လာခဲ႔ ေၾကာင္း ကန္ဝန္ႀကီးေထာက္ျပ 


Secretary of State Antony Blinken tours the "Burma's Path To Genocide" exhibit at the United States Holocaust Memorial Museum, March 21, 2022, in Washington.
Secretary of State Antony Blinken tours the "Burma's Path To Genocide" exhibit at the United States Holocaust Memorial Museum, March 21, 2022, in Washington.

႐ိုဟင္ဂ်ာေတြ လူမ်ိဳးတံုးေအာင္ ႏွစ္ရွည္လမ်ား လုပ္ေဆာင္လာခဲ႔ ေၾကာင္း ကန္ဝန္ႀကီးေထာက္ျပ

{{Zawgyi/Unicode}}
ျမန္မာစစ္တပ္ဟာ ႐ိုဟင္ဂ်ာ လူနည္းစုေတြအေပၚ လူမ်ိဳးတုန္း သတ္ျဖတ္မႈေတြ က်ဴးလြန္ခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က မတ္လ ၂၁ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။

လူမ်ိဳးတုန္းသတ္ျဖတ္မႈရယ္လို႔ သတ္မွတ္လို႔ရႏိုင္တဲ့ အေျခခံ အေၾကာင္းအခ်က္ေတြ ရွိပါတယ္။ အဲဒီ အေျခခံအခ်က္ေတြထဲမွာ လူ႔ဂုဏ္သိကၡာကင္းမဲ့ေအာင္၊ အဲဒီလူေတြဟာ အႏၲရာယ္ေပးႏိုင္တဲ့သူေတြျဖစ္တယ္ဆိုၿပီး ဆယ္စုႏွစ္နဲ႔ခ်ီၾကာ ႀကိဳတင္စီမံၿပီး တျဖည္းျဖည္းခ်င္း စီမံ ေဆာင္႐ြက္လာတာမ်ိဳး ျဖစ္တယ္လို႔ ဝန္ႀကီး Blinken က ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ မ်ိဳးဆက္ေပါင္းမ်ားစြာ ေနထိုင္လာခဲ့ၾကတဲ့ ႐ိုဟင္ဂ်ာေတြဟာ သူတို႔ရဲ႕ အခြင့္အေရးေတြ၊ ႏိုင္ငံသားျဖစ္တည္မႈေတြ တျဖည္းျဖည္းခ်င္း ႐ုပ္သိမ္းခံခဲ့ၾကရပါတယ္လို႔ ဝန္ႀကီး Blinken က ေျပာပါတယ္။

၁၉၆၂ ခုႏွစ္မွာ ျမန္မာစစ္တပ္က အာဏာသိမ္းလိုက္ၿပီးမၾကာခင္မွာဘဲ ႐ိုဟင္ဂ်ာ လူနည္းစုေတြကို မေကာင္းဆိုး႐ြားေတြအျဖစ္ သတ္မွတ္ၿပီး ဖိႏွိပ္ညႇဥ္းပန္းမႈေတြကို လုပ္လာခဲ့ပါတယ္။ ႐ိုဟင္ဂ်ာေတြကို ႏိုင္ငံသားအျဖစ္က ရုပ္သိမ္း၊ ေၾကာက္႐ြံ႕မႈေတြျဖစ္လာေအာင္လုပ္၊ အဓမၼျပဳက်င့္၊ သတ္ျဖတ္ၿပီး သူတို႔ရဲ႕ လူမႈအသိုင္းဝိုင္းကို ဖ်က္ဆီး၊ စခန္းသြင္းထားမ်ိဳးေတြ လုပ္ေဆာင္ခဲ့ပါတယ္။ တျခားႏိုင္ငံေတြမွာ ျဖစ္ခဲ့တဲ့ လူမ်ိဳးတုန္း သတ္ျဖတ္မႈေတြနဲ႔ ျမန္မာႏိုင္ငံက ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္မႈေတြဟာ သမိုင္းေၾကာင္းအရယွဥ္ၾကည့္ရင္ တူညီေနတာ ေတြ႕ရတယ္လို႔ ဝန္ႀကီး Blinke က ေျပာပါတယ္။ Rwanda ႏိုင္ငံက Tutsi လူမ်ိဳးေတြကို ပိုးဟပ္ေတြ၊ ဂ်ဴးလူမ်ိဳးေတြကို ႂကြက္ေတြ၊ ကပ္ပါးေကာင္ေတြလို႔ ေျပာၾကသလို ႐ိုဟင္ဂ်ာေတြဟာ သန္းေကာင္ေတြ၊ ဆူးေညႇာင့္ေတြ၊ တိုင္းတပါးက က်ဴးေက်ာ္ ဝင္ေရာက္လာသူေတြလို႔ ႏႈိင္းယွဥ္ ေျပာဆိုခံခဲ့ၾကရပါတယ္လို႔ ဝန္ႀကီး Blinken က ေျပာပါတယ္။

“ဒီကေန႔ လူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ကိစၥကို အဓိကထား ေၾကညာတာျဖစ္ေပမယ့္ တျခား လူနည္းမ်ိဳးစုငယ္ေတြ၊ ဘာသာေရးအရ လူနည္းစု အုပ္စုေတြအေပၚ ျမန္မာစစ္တပ္ဟာ ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီး သတ္ျဖတ္မႈေတြ၊ အဓမၼျပဳက်င့္မႈေတြနဲ႔ ရက္စက္ ၾကမ္းၾကဳတ္မႈေတြ က်ဴးလြန္ေနတယ္ဆိုတာကိုလည္း ေမ့မထားသင့္ပါဘူး။ အဲဒီလို က်ဴးလြန္မႈ ရွိေနတယ္ဆိုတဲ့ သတင္းေတြလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚေနသလို မွတ္တမ္းေတြလည္း ေကာင္းမြန္စြာ ျပဳစုထားၾကပါတယ္။ ဒါေတြဟာ ျမန္မာႏိုင္ငံအတြင္းက ျပည္နယ္တိုင္းေဒသ အမ်ားအျပားမွာ ျဖစ္ေပၚေနတာပါ” - လို႔ ဝန္ႀကီး Blinken က ေျပာသြားတာပါ။

ျမန္မာႏိုင္ငံက ႏိုင္ငံတကာရာဇဝတ္မႈေတြကို ႀကီးမားစြာ ခ်ိဳးေဖာက္ေနမႈနဲ႔ပတ္သက္လို႔ အေထာက္အထားေတြ စုေဆာင္းၿပီး သုေတသနလုပ္ေနတဲ့ ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လြတ္လပ္တဲ့စုံစမ္းစစ္ေဆးေရးယႏၲရား IIMM ရဲ႕ လုပ္ငန္းေတြကို အေမရိကန္ျပည္ေထာင္စုက ခိုင္မာစြာ ေထာက္ခံပါတယ္လို႔လည္း ဝန္ႀကီး Blinken က ေျပာပါတယ္။

ျမန္မာစစ္တပ္ရဲ႕ ညႇဥ္းပန္းႏွိပ္စက္မႈေတြနဲ႔ဆိုင္တဲ့ အေျခခံအေၾကာင္းေတြကို ခ်ျပေနတဲ့ တခ်ိန္ထဲမွာဘဲ မတရားသျဖင့္ ဖမ္းဆီးခံထားရသူေတြ ျပန္လြတ္ေပးေရး၊ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္လာေရးအတြက္ ႀကိဳးပမ္းေနၾကတဲ့ ျမန္မာျပည္သူေတြကို ပံ့ပိုးေပးေရးတို႔အတြက္လည္း အေမရိကန္က တၿပိဳင္ထဲ ေဆာင္႐ြက္ေနပါတယ္လို႔လည္း ဝန္ႀကီး Blinken က ေျပာပါတယ္။

“႐ိုဟင္ဂ်ာေတြ လတ္တေလာ လိုအပ္ေနတဲ့ စာနာမႈဆိုင္ရာ အကူအညီေတြနဲ႔ စစ္တပ္ရဲ႕ ဖိႏွိပ္မႈေတြေၾကာင့္ အကူအညီ လိုအပ္ေနသူေတြအတြက္ ေနထိုင္စရာ၊ ပညာေရးကိစၥ၊ ေဘးဒုကၡသင့္ခဲ့တဲ့သူေတြအတြက္ စိတ္ပိုင္းဆိုင္ရာ အထူးလိုအပ္ခ်က္ေတြအတြက္ ၂၀၁၇ ခုႏွစ္ကစလို႔ အေမရိကန္ျပည္ေထာင္စုက ေဒၚလာ ၁.၆ ဘီလီယံ ကူညီ လႈဒါန္းၿပီး ျဖစ္ပါတယ္” - လို႔ ဝန္ႀကီး Blinken က ေျပာသြားတာပါ။

စစ္တပ္ကက်ဴးလြန္ေနတဲ့ မွတ္တမ္းေတြဟာ တျဖည္းျဖည္းမ်ားလာေနပါတယ္။ IIMM အဖြဲ႕တခုတည္းက ျပဳစုထားတဲ့ သက္ေသ ထြက္ဆိုခ်က္ေတြ၊ စာ႐ြက္စာတမ္း အေထာက္အထားေတြ၊ ဓါတ္ပုံေတြ၊ ဗြီဒီယိုေတြ၊ ေကာင္းကင္က႐ိုက္ထားတဲ့ ဓါတ္ပုံေတြ၊ လူမႈကြန္ယက္ေတြမွာ ေရးထားတဲ့ သက္ေသ အေထာက္အထားခ်ည္းဘဲ ၁.၅ သန္း ရွိပါတယ္၊ ဒီ ေၾကာက္႐ြံ႕ ထိတ္လန္႔ဘြယ္ ျပစ္မႈေတြကို က်ဴးလြန္ခဲ့သူေတြအေနနဲ႔ သူတို႔ က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြကို ထြက္ဆိုရမယ့္ေန႔ ေရာက္လာပါလိမ့္မယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာၾကားခဲ့ပါတယ္။

................................................................

ရိုဟင်ဂျာတွေ လူမျိုးတုံးအောင် နှစ်ရှည်လများ လုပ်ဆောင်လာခဲ့ ကြောင်း ကန်ဝန်ကြီးထောက်ပြ

{{Zawgyi/Unicode}}
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ လူနည်းစုတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မတ်လ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုရယ်လို့ သတ်မှတ်လို့ရနိုင်တဲ့ အခြေခံ အကြောင်းအချက်တွေ ရှိပါတယ်။ အဲဒီ အခြေခံအချက်တွေထဲမှာ လူ့ဂုဏ်သိက္ခာကင်းမဲ့အောင်၊ အဲဒီလူတွေဟာ အန္တရာယ်ပေးနိုင်တဲ့သူတွေဖြစ်တယ်ဆိုပြီး ဆယ်စုနှစ်နဲ့ချီကြာ ကြိုတင်စီမံပြီး တဖြည်းဖြည်းချင်း စီမံ ဆောင်ရွက်လာတာမျိုး ဖြစ်တယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။ မြန်မာနိုင်ငံမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ နိုင်ငံသားဖြစ်တည်မှုတွေ တဖြည်းဖြည်းချင်း ရုပ်သိမ်းခံခဲ့ကြရပါတယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။

၁၉၆၂ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီးမကြာခင်မှာဘဲ ရိုဟင်ဂျာ လူနည်းစုတွေကို မကောင်းဆိုးရွားတွေအဖြစ် သတ်မှတ်ပြီး ဖိနှိပ်ညှဉ်းပန်းမှုတွေကို လုပ်လာခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်က ရုပ်သိမ်း၊ ကြောက်ရွံ့မှုတွေဖြစ်လာအောင်လုပ်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်ပြီး သူတို့ရဲ့ လူမှုအသိုင်းဝိုင်းကို ဖျက်ဆီး၊ စခန်းသွင်းထားမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေဟာ သမိုင်းကြောင်းအရယှဉ်ကြည့်ရင် တူညီနေတာ တွေ့ရတယ်လို့ ဝန်ကြီး Blinke က ပြောပါတယ်။ Rwanda နိုင်ငံက Tutsi လူမျိုးတွေကို ပိုးဟပ်တွေ၊ ဂျူးလူမျိုးတွေကို ကြွက်တွေ၊ ကပ်ပါးကောင်တွေလို့ ပြောကြသလို ရိုဟင်ဂျာတွေဟာ သန်းကောင်တွေ၊ ဆူးညှောင့်တွေ၊ တိုင်းတပါးက ကျူးကျော် ဝင်ရောက်လာသူတွေလို့ နှိုင်းယှဉ် ပြောဆိုခံခဲ့ကြရပါတယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။

“ဒီကနေ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ကိစ္စကို အဓိကထား ကြေညာတာဖြစ်ပေမယ့် တခြား လူနည်းမျိုးစုငယ်တွေ၊ ဘာသာရေးအရ လူနည်းစု အုပ်စုတွေအပေါ် မြန်မာစစ်တပ်ဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။ အဲဒီလို ကျူးလွန်မှု ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသလို မှတ်တမ်းတွေလည်း ကောင်းမွန်စွာ ပြုစုထားကြပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံအတွင်းက ပြည်နယ်တိုင်းဒေသ အများအပြားမှာ ဖြစ်ပေါ်နေတာပါ” - လို့ ဝန်ကြီး Blinken က ပြောသွားတာပါ။

မြန်မာနိုင်ငံက နိုင်ငံတကာရာဇဝတ်မှုတွေကို ကြီးမားစွာ ချိုးဖောက်နေမှုနဲ့ပတ်သက်လို့ အထောက်အထားတွေ စုဆောင်းပြီး သုတေသနလုပ်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား IIMM ရဲ့ လုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုက ခိုင်မာစွာ ထောက်ခံပါတယ်လို့လည်း ဝန်ကြီး Blinken က ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ဆိုင်တဲ့ အခြေခံအကြောင်းတွေကို ချပြနေတဲ့ တချိန်ထဲမှာဘဲ မတရားသဖြင့် ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်ပေးရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးပေးရေးတို့အတွက်လည်း အမေရိကန်က တပြိုင်ထဲ ဆောင်ရွက်နေပါတယ်လို့လည်း ဝန်ကြီး Blinken က ပြောပါတယ်။

“ရိုဟင်ဂျာတွေ လတ်တလော လိုအပ်နေတဲ့ စာနာမှုဆိုင်ရာ အကူအညီတွေနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် အကူအညီ လိုအပ်နေသူတွေအတွက် နေထိုင်စရာ၊ ပညာရေးကိစ္စ၊ ဘေးဒုက္ခသင့်ခဲ့တဲ့သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အထူးလိုအပ်ချက်တွေအတွက် ၂၀၁၇ ခုနှစ်ကစလို့ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၁.၆ ဘီလီယံ ကူညီ လှုဒါန်းပြီး ဖြစ်ပါတယ်” - လို့ ဝန်ကြီး Blinken က ပြောသွားတာပါ။

စစ်တပ်ကကျူးလွန်နေတဲ့ မှတ်တမ်းတွေဟာ တဖြည်းဖြည်းများလာနေပါတယ်။ IIMM အဖွဲ့တခုတည်းက ပြုစုထားတဲ့ သက်သေ ထွက်ဆိုချက်တွေ၊ စာရွက်စာတမ်း အထောက်အထားတွေ၊ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ ကောင်းကင်ကရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ လူမှုကွန်ယက်တွေမှာ ရေးထားတဲ့ သက်သေ အထောက်အထားချည်းဘဲ ၁.၅ သန်း ရှိပါတယ်၊ ဒီ ကြောက်ရွံ့ ထိတ်လန့်ဘွယ် ပြစ်မှုတွေကို ကျူးလွန်ခဲ့သူတွေအနေနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ထွက်ဆိုရမယ့်နေ့ ရောက်လာပါလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG