Accessibility links

Breaking News

တ႐ုတ္ကိုယွဥ္မယ္႔ အေမရိကန္ရဲ႕မဟာဗ်ဴဟာ


FILE - The American flag is flown next to the Chinese national emblem during a welcome ceremony for visiting U.S. President Donald Trump outside the Great Hall of the People in Beijing, Nov. 9, 2017.
FILE - The American flag is flown next to the Chinese national emblem during a welcome ceremony for visiting U.S. President Donald Trump outside the Great Hall of the People in Beijing, Nov. 9, 2017.

[[ ZAWGYI / UNICODE ]]

တ႐ုတ္ကိုယွဥ္မယ္႔ အေမရိကန္ရဲ႕မဟာဗ်ဴဟာ

အေမရိကန္ ျပည္ေထာင္စုဟာ ႏိုင္ငံတကာအတြက္ ေရရွည္ကာလ အႀကီးမားဆုံး စိန္ေခၚမႈႀကီးတခုျဖစ္တဲ့ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံအေပၚ ဆက္လက္ အာ႐ုံစိုက္ေနဆဲျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken ကေျပာၾကားထားပါတယ္။

တ႐ုတ္သမၼတ ရွီ လက္ထက္မွာ အာဏာရ တ႐ုတ္ကြန္ျမဴနစ္ပါတီဟာ ျပည္တြင္းမွာ ဖိႏွိပ္မႈေတြ ပိုလုပ္လာသလို၊ ျပည္ပမွာလည္း ပိုၿပီးရန္လို လာပါတယ္။

အေမရိကန္အေနနဲ႔ တ႐ုတ္အစိုးရက လမ္းေၾကာင္းေျပာင္းလာမယ့္အေပၚ အားကိုးေနလို႔ မျဖစ္ႏိုင္တာေၾကာင့္၊ သမၼတဘိုင္ဒင္ အစိုးရဟာ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ မဟာမိတ္ဖဲြ႕နဲ႔ ယွဥ္ၿပိဳင္မႈ ဆိုတဲ့ စကားလုံး ၃ လုံးနဲ႔ အက်ဥ္းခ်ဳံးေျပာရမယ့္ မဟာဗ်ဳဟာတရပ္ ခ်မွတ္ခဲ့ရပါတယ္။

အေမရိကန္စီးပြားေရးနဲ႔ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြ ပိုမိုၾကံ့ၾကံ့ခံႏိုင္စြမ္းရွိၿပီး ယွဥ္ၿပိဳင္မႈ အားေကာင္းလာေစဖို႔ သမၼတဘိုင္ဒင္ အစိုးရဟာ အေမရိကန္စီးပြားေရးနဲ႔ နည္းပညာ ၾသဇာအရွိန္အဝါေတြကို ဆက္လက္ထိန္းသိမ္း၊ ခ်ဲ႕ထြင္ႏိုင္မယ့္ ကုန္ထုတ္လုပ္မႈ မဟာဗ်ဳဟာ တရပ္မွာ ရင္းႏွီးျမႇဳပ္ႏွံ ေနပါတယ္။

မဟာဗ်ဳဟာရဲ႕ ဒုတိယအပိုင္းကေတာ့ အေမရိကန္ရဲ႕ မဟာမိတ္ကြန္ရက္ေတြကို ျပန္လည္အားသစ္ေလာင္းဖို႔နဲ႔ ႏိုင္ငံတကာ အဖဲြ႕အစည္းေတြနဲ႔ ျပန္လည္ ထိေတြ႕ဆက္ဆံဖို႔ ျဖစ္ပါတယ္။ မဟာမိတ္ေတြ၊ မိတ္ဖက္ေတြနဲ႔အတူ ေပါင္းစည္းတဲ့ ေနရာတခုကေတာ့ လူ႔အခြင့္အေရး ျဖစ္ပါတယ္ လို႔လည္း ၀န္ႀကီးဘလင္ကန္က ေျပာပါတယ္။

“ရွန္က်န္းေဒသမွာ ျဖစ္ပြားေနတဲ့ လူမ်ဳိးတုန္းလုပ္ရပ္ေတြနဲ႔ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈေတြကို ဆန္႔က်င္ၾကတဲ့ ကမာၻတလႊားက ျပည္သူေတြ၊ ႏိုင္ငံေတြနဲ႔အတူ အေမရိကန္ ျပည္ေထာင္စုက ရပ္တည္ေနပါတယ္။ တိဘက္လူမ်ဳိးေတြရဲ႕ ယဥ္ေက်းမႈ၊ ဘာသာစကား၊ ဘာသာေရး အစဥ္အလာေတြအေပၚ အာဏာပိုင္ေတြ ရက္ရက္စက္စက္ ဖိႏွိပ္ေနတဲ့ တိဘက္ေဒသ၊ အမ်ဳိးသားလုံျခံဳေရးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ တ႐ုတ္ကြန္ျမဴနစ္ပါတီက ဒီမိုကေရစီစံေတြကို ဆန္႔က်င္တဲ့ လုပ္ရပ္ေတြ ၾကံဳေနရတဲ့ ေဟာင္ေကာင္တို႔နဲ႔အတူ က်ေနာ္တို႔ ရပ္တည္ပါတယ္။” လို႔ ၀န္ႀကီးဘလင္ကန္ ေျပာသြားတာပါ။

ဒီေနရာမွာ အေမရိကန္မဟာဗ်ဳဟာရဲ႕ တတိယပိုင္းကို ေရာက္လာၿပီး အဓိကက်တဲ့ ေနရာေတြမွာ တ႐ုတ္ႏိုင္ငံကို ယွဥ္ၿပိဳင္အႏိုင္ယူဖို႔ ျဖစ္ပါတယ္လို႔လည္း ၀န္ႀကီးဘလင္ကန္က ေျပာပါတယ္။

“က်ေနာ္တို႔ စီးပြားေရးလုပ္ငန္းေတြရဲ႕ ပြင့္လင္းမႈေတြအေပၚ တ႐ုတ္ႏိုင္ငံက အခြင့္ေကာင္းယူၿပီး၊ သူလွ်ဳိလုပ္တာ၊ အင္တာနက္ဟက္ကာ တိုက္ခိုက္တာ၊ နည္းပညာေတြကို ခိုးယူတာေတြ၊ စစ္ဖက္ဆိုင္ရာမွာ ဆန္းသစ္တီထြင္မႈေတြ အဆင့္ျမင့္ေအာင္ ႀကိဳးပမ္းတာေတြနဲ႔ ေစာင့္ၾကည့္ေထာက္လွမ္းေနတဲ့ ႏိုင္ငံအျဖစ္ ခိုင္မာေအာင္ တည္ေဆာက္ေနပါတယ္။ ဒါေၾကာင့္လည္း အေမရိကန္နဲ႔ မဟာမိတ္ေတြ၊ မိတ္ဖက္ေတြအေနနဲ႔ ေနာက္ထပ္ ဆန္းသစ္တီထြင္မႈသစ္ေတြ ထုတ္လုပ္ရာမွာ က်ေနာ္တို႔ရဲ႕ တီထြင္ဖန္တီးမႈေတြကို ခိုးယူမခံရေအာင္၊ ဒါမွမဟုတ္ က်ေနာ္တို႔ရဲ႕ လုံျခံဳေရးကို မထိခိုက္ရေအာင္ ကာကြယ္ၾကရမွာ ျဖစ္ပါတယ္။” လို႔ ၀န္ႀကီးဘလင္ကန္ ေျပာၾကားခဲ့တာပါ။

ထိုင္၀မ္ကၽြန္းနဲ႔ ပတ္သက္လို႔လည္း ထိုင္၀မ္ဆက္ဆံေရးဆိုင္ရာ အက္ဥပေဒ၊ ပူးတဲြေၾကညာခ်က္ ၃ ခု၊ ကတိက၀တ္ ၆ ရပ္တို႔နဲ႔အညီ တ႐ုတ္ႏိုင္ငံ တျပည္ေထာင္စနစ္ကို အေမရိကန္က ဆက္လက္ ကိုင္ဆဲြထားပါတယ္။ ဘယ္ဖက္ကပဲျဖစ္ျဖစ္ လက္ရွိအေျခအေနကို တဖက္သတ္ ေျပာင္းလဲဖို႔ ႀကိဳးပမ္းတာေတြကို က်ေနာ္တို႔ လက္မခံပါဘူး၊ ထိုင္၀မ္လြတ္လပ္ေရးကိုလည္း လက္မခံပါဘူး၊ ၂ ဖက္ သေဘာထား ကဲြျပားမႈေတြကို ၿငိမ္းခ်မ္းတဲ့ နည္းလမ္းနဲ႔ ေျဖရွင္းႏိုင္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္လို႔ ၀န္ႀကီးဘလင္ကန္က ေျပာပါတယ္။

က်ေနာ္တို႔ ယုံၾကည္မႈအျပည့္နဲ႔ ယွဥ္ၿပိဳင္သြားမွာပါ၊ တတ္ႏိုင္သမွ် ပူးေပါင္းေဆာင္ရြက္မွာျဖစ္ၿပီး လိုအပ္ရင္လည္း ယွဥ္ၿပိဳင္သြားမွာပါလို႔လည္း ေျပာပါတယ္။ က်ေနာ္တို႔ မဟာအင္အားႀကီး ႏိုင္ငံႀကီးေတြၾကား ၿငိမ္းခ်မ္းစြာ အတူယွဥ္တဲြေနထိုင္ေရး၊ လူသားထုအတြက္ တိုးတက္ဖြံ႔ၿဖိဳးမႈေတြ ရရွိေရး ပူးေပါင္းေဆာင္ရြက္မႈေတြဟာ မျဖစ္ႏိုင္စရာ အေၾကာင္းမရွိပါဘူးလို႔လည္း အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး ဘလင္ကန္က ေျပာၾကားခဲ့ပါတယ္ခင္ဗ်ာ။

=============

{{ UNICODE }}

တရုတ်ကိုယှဉ်မယ့် အမေရိကန်ရဲ့မဟာဗျူဟာ

အမေရိကန် ပြည်ထောင်စုဟာ နိုင်ငံတကာအတွက် ရေရှည်ကာလ အကြီးမားဆုံး စိန်ခေါ်မှုကြီးတခုဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအပေါ် ဆက်လက် အာရုံစိုက်နေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားထားပါတယ်။

တရုတ်သမ္မတ ရှီ လက်ထက်မှာ အာဏာရ တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်တွင်းမှာ ဖိနှိပ်မှုတွေ ပိုလုပ်လာသလို၊ ပြည်ပမှာလည်း ပိုပြီးရန်လို လာပါတယ်။

အမေရိကန်အနေနဲ့ တရုတ်အစိုးရက လမ်းကြောင်းပြောင်းလာမယ့်အပေါ် အားကိုးနေလို့ မဖြစ်နိုင်တာကြောင့်၊ သမ္မတဘိုင်ဒင် အစိုးရဟာ ရင်းနှီးမြှုပ်နှံမှု၊ မဟာမိတ်ဖွဲ့နဲ့ ယှဉ်ပြိုင်မှု ဆိုတဲ့ စကားလုံး ၃ လုံးနဲ့ အကျဉ်းချုံးပြောရမယ့် မဟာဗျုဟာတရပ် ချမှတ်ခဲ့ရပါတယ်။

အမေရိကန်စီးပွားရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ပိုမိုကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး ယှဉ်ပြိုင်မှု အားကောင်းလာစေဖို့ သမ္မတဘိုင်ဒင် အစိုးရဟာ အမေရိကန်စီးပွားရေးနဲ့ နည်းပညာ သြဇာအရှိန်အဝါတွေကို ဆက်လက်ထိန်းသိမ်း၊ ချဲ့ထွင်နိုင်မယ့် ကုန်ထုတ်လုပ်မှု မဟာဗျုဟာ တရပ်မှာ ရင်းနှီးမြှုပ်နှံ နေပါတယ်။

မဟာဗျုဟာရဲ့ ဒုတိယအပိုင်းကတော့ အမေရိကန်ရဲ့ မဟာမိတ်ကွန်ရက်တွေကို ပြန်လည်အားသစ်လောင်းဖို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြန်လည် ထိတွေ့ဆက်ဆံဖို့ ဖြစ်ပါတယ်။ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့အတူ ပေါင်းစည်းတဲ့ နေရာတခုကတော့ လူ့အခွင့်အရေး ဖြစ်ပါတယ် လို့လည်း ဝန်ကြီးဘလင်ကန်က ပြောပါတယ်။

“ရှန်ကျန်းဒေသမှာ ဖြစ်ပွားနေတဲ့ လူမျိုးတုန်းလုပ်ရပ်တွေနဲ့ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆန့်ကျင်ကြတဲ့ ကမ္ဘာတလွှားက ပြည်သူတွေ၊ နိုင်ငံတွေနဲ့အတူ အမေရိကန် ပြည်ထောင်စုက ရပ်တည်နေပါတယ်။ တိဘက်လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဘာသာရေး အစဉ်အလာတွေအပေါ် အာဏာပိုင်တွေ ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ တိဘက်ဒေသ၊ အမျိုးသားလုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ကွန်မြူနစ်ပါတီက ဒီမိုကရေစီစံတွေကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ကြုံနေရတဲ့ ဟောင်ကောင်တို့နဲ့အတူ ကျနော်တို့ ရပ်တည်ပါတယ်။” လို့ ဝန်ကြီးဘလင်ကန် ပြောသွားတာပါ။

ဒီနေရာမှာ အမေရိကန်မဟာဗျုဟာရဲ့ တတိယပိုင်းကို ရောက်လာပြီး အဓိကကျတဲ့ နေရာတွေမှာ တရုတ်နိုင်ငံကို ယှဉ်ပြိုင်အနိုင်ယူဖို့ ဖြစ်ပါတယ်လို့လည်း ဝန်ကြီးဘလင်ကန်က ပြောပါတယ်။

“ကျနော်တို့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပွင့်လင်းမှုတွေအပေါ် တရုတ်နိုင်ငံက အခွင့်ကောင်းယူပြီး၊ သူလျှိုလုပ်တာ၊ အင်တာနက်ဟက်ကာ တိုက်ခိုက်တာ၊ နည်းပညာတွေကို ခိုးယူတာတွေ၊ စစ်ဖက်ဆိုင်ရာမှာ ဆန်းသစ်တီထွင်မှုတွေ အဆင့်မြင့်အောင် ကြိုးပမ်းတာတွေနဲ့ စောင့်ကြည့်ထောက်လှမ်းနေတဲ့ နိုင်ငံအဖြစ် ခိုင်မာအောင် တည်ဆောက်နေပါတယ်။ ဒါကြောင့်လည်း အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေအနေနဲ့ နောက်ထပ် ဆန်းသစ်တီထွင်မှုသစ်တွေ ထုတ်လုပ်ရာမှာ ကျနော်တို့ရဲ့ တီထွင်ဖန်တီးမှုတွေကို ခိုးယူမခံရအောင်၊ ဒါမှမဟုတ် ကျနော်တို့ရဲ့ လုံခြုံရေးကို မထိခိုက်ရအောင် ကာကွယ်ကြရမှာ ဖြစ်ပါတယ်။” လို့ ဝန်ကြီးဘလင်ကန် ပြောကြားခဲ့တာပါ။

ထိုင်ဝမ်ကျွန်းနဲ့ ပတ်သက်လို့လည်း ထိုင်ဝမ်ဆက်ဆံရေးဆိုင်ရာ အက်ဥပဒေ၊ ပူးတွဲကြေညာချက် ၃ ခု၊ ကတိကဝတ် ၆ ရပ်တို့နဲ့အညီ တရုတ်နိုင်ငံ တပြည်ထောင်စနစ်ကို အမေရိကန်က ဆက်လက် ကိုင်ဆွဲထားပါတယ်။ ဘယ်ဖက်ကပဲဖြစ်ဖြစ် လက်ရှိအခြေအနေကို တဖက်သတ် ပြောင်းလဲဖို့ ကြိုးပမ်းတာတွေကို ကျနော်တို့ လက်မခံပါဘူး၊ ထိုင်ဝမ်လွတ်လပ်ရေးကိုလည်း လက်မခံပါဘူး၊ ၂ ဖက် သဘောထား ကွဲပြားမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့လည်း မျှော်လင့်ပါတယ်လို့ ဝန်ကြီးဘလင်ကန်က ပြောပါတယ်။

ကျနော်တို့ ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမှာပါ၊ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး လိုအပ်ရင်လည်း ယှဉ်ပြိုင်သွားမှာပါလို့လည်း ပြောပါတယ်။ ကျနော်တို့ မဟာအင်အားကြီး နိုင်ငံကြီးတွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ လူသားထုအတွက် တိုးတက်ဖွံ့ဖြိုးမှုတွေ ရရှိရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောကြားခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG