Accessibility links

Breaking News

"ချို့ယွင်းအားနည်းချက် များစွာရှိခဲ့တဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲ"


FILE PHOTO: This combination photo shows Cambodia's Prime Minister Hun Sen and his son Hun Manet during election campaign rallies in Phnom Penh
FILE PHOTO: This combination photo shows Cambodia's Prime Minister Hun Sen and his son Hun Manet during election campaign rallies in Phnom Penh

"ချို့ယွင်းအားနည်းချက် များစွာရှိခဲ့တဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲ"
အမေရိကန်အစိုးရရဲ့ သဘောထား အမြင်အာဘော်ကို တင်ပြပါမယ်။

"ချို့ယွင်းအားနည်းချက် များစွာရှိခဲ့တဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲ"
please wait

No media source currently available

0:00 0:03:34 0:00

“ဇူလိုင် ၂၃ ရက် ကမ္ဘောဒီးယား ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှု မရှိဘူး” လို့ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာ (Matthew Miller) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားမှာ သက်တမ်းရှည် အာဏာရယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပါတီက ပါလီမန် ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရကြောင်း ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် အများယုံကြည်လေးစားမှုရထားတဲ့ အတိုက်အခံပါတီ တခုဖြစ်တဲ့ Candlelight ပါတီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်လိုက်ပြီးနောက် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ ရွေးကောက်ပွဲမှာ အလားအလာရှိတဲ့ ပြိုင်ဘက်တွေနဲ့ မရင်ဆိုင်ခဲ့ရပါဘူး။ အကျိုးဆက်အနေနဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတုန်းက အမတ်နေရာ တနေရာမှ အနိုင် မရခဲ့တဲ့ မထင်မရှား ပါတီ ၁၇ ပါတီနဲ့သာ ယှဥ်ပြိုင်ခဲ့ရပါတယ်။

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ သားအကြီးဆုံး ဖြစ်သူ ဗိုလ်ချုပ်ကြီး ဟွန်မာနက်ကို ရာထူးလွှဲပြောင်းပေးမယ့် အစီအစဉ်ရှိကြောင်းလည်း ကြေညာခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့လက်ဝယ်မှာ အာဏာ ချိန်ခွင်လျှာကို ဆက်လက်ချုပ်ကိုင်ထားမှာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။ “ကျွန်တော်က ၀န်ကြီးချုပ်မဟုတ်တော့ဘူးဆိုရင်တောင် အာဏာရပါတီရဲ့ခေါင်းဆောင်အနေနဲ့ နိုင်ငံရေးကို ဆက်ထိန်းချုပ်ထားမှာပါ” လို့ ဇွန်လအစောပိုင်းတုန်းက ဟွန်ဆန်က ပြောခဲ့ပါတယ်။

“ရွေးကောက်ပွဲ မတိုင်ခင်မှာ ကမ္ဘောဒီးယား အာဏာပိုင်တွေဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကမ္ဘောဒီးယား နိုင်ငံအနေနဲ့ နိုင်ငံတကာမှာ တာဝန်ခံထားတဲ့ အလုပ်ဝတ္တရားတွေကို ထိခိုက်စေတဲ့ နိုင်ငံရေး အတိုက်အခံတွေ၊ မီဒီယာနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ခြိမ်းခြောက် နှောင့်ယှက်တာတွေ လုပ်ခဲ့ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မီလာက ပြောပါတယ်။ “ဒီလုပ်ရပ်တွေက ကမ္ဘောဒီးယားပြည်သူတွေရဲ့ အသံနဲ့ သူတို့နိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်ရာမှာ ရွေးချယ်ခွင့်ကို ငြင်းပယ်ခဲ့ပါတယ်။ တကယ်တမ်းမှာလည်း အတိုက်အခံ နိုင်ငံရေးသမား ၃၉ ဦးထက်မနည်းကို ကမ္ဘောဒီးယား အကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဆိုပါတယ်။

ဒီလိုလုပ်ဆောင်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ကမ္ဘောဒီးယားမှာ ရှိတဲ့ နိုင်ငံခြား အကူအညီပေးရေး အစီအစဉ်တချို့ကို ယာယီရပ်ဆိုင်းဖို့နဲ့ ဒီမိုကရေစီကိုထိပါးနှောင့်ယှက်သူတွေကို တဦးချင်းအလိုက် အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ချက်တွေချမှတ်တဲ့ အရေးယူမှု ခြေလှမ်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိအာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ အစိုးရသစ်ဖွဲ့စည်းချိန်မှာ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြန်လည်တည်ဆောက်ပြီး နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အမှုတွေဆင် တရားရုံတင်တာတွေကို ရပ်တန့်ဖို့ လိုသလို၊ အစိုးရ အပေါ် ဝေဖန်သူတွေကို ပြစ်ဒဏ်ချထားတာတွေကို ပယ်ဖျက်ပေးပြီး လွတ်လပ်တဲ့ မီဒီယာတွေကို အနှောင့်အယှက်ကင်းကင်းနဲ့ ပြန်လည် ရပ်တည်ခွင့်ပေးခြင်းဖြင့် အာဏာပိုင်တွေအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံတကာမှာ ဝင်ဆန့် ရပ်တည်မှု အနေအထားကို မြှင့်တင်နိုင်ဖို့ အခွင့်အလမ်းရှိနေပါသေးတယ်။

“ကမ္ဘောဒီးယားပြည်သူတွေနဲ့ ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားပြီး ပိုမိုသာယာဝပြောကာ ဒီမိုကရက်စီ နည်းလမ်းကျကျ အားလုံးရဲ့ အသံတွေကို ထုတ်ဖော်ကြားသိနိုင်တဲ့ လွတ်လပ် အမှီအခိုကင်းတဲ့နိုင်ငံ အဖြစ် ရပ်တည်နိုင်ရေး သူတို့ရဲ့ ဆန္ဒတွေကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ထားပါတယ်။"

XS
SM
MD
LG