Accessibility links

Breaking News

ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး


Biden_Trump
Biden_Trump

ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး

ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး
please wait

No media source currently available

0:00 0:02:57 0:00


အမေရိကန် ပြည်သူတွေက နိုဝင်ဘာ ၅ ရက် အထွေထွေ ရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို မဲပေးရွေးချယ်ခဲ့တဲ့နောက် ၂၀၂၀ ရွေးကောက်ပွဲတုန်းက သူ့ကို အနိုင်ရခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒန်က ပြည်သူကို ခုလိုပြောကြားခဲ့ပါတယ်။

“အမေရိကန်နိုင်ငံဟာ ကမ္ဘာ့သမိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး ကြီးမြတ်တဲ့ဂုဏ်ကို နှစ်ပေါင်း ၂၀၀ ကျော် သယ်ဆောင်လာတာ ဖြစ်ပြီး ဒါဟာ ပိုပြောတာမျိုး မဟုတ်ပါဘူး။ ဒါကလည်း အမေရိကန်နိုင်ငံက ပြည်သူတွေဟာ ကိုယ့်ကို ဦးဆောင်မယ့် ခေါင်းဆောင်ကို ကိုယ်တိုင်မဲပေး ရွေးချယ်ကြသလို ဒီမိုကရေစီ နည်းကျကျ၊ ငြိမ်းချမ်းစွာနဲ့ ပြည်သူ့ဆန္ဒ အတိုင်း ဖြစ်စေတာကြောင့်ပါ။”

သမ္မတဘိုင်ဒန်က သူဟာ အရွေးကောက်ခံ သမ္မတ ထရမ့်ကို ဖုံးနဲ့ ဆက်သွယ်ပြီး သူ့အောင်မြင်မှုအတွက် ချီးကြူးဂုဏ်ပြု ခဲ့တယ်လို့လည်း ပြောပါတယ်။

“အခုလည်း အာဏာလွှဲပြောင်းမှုကို ငြိမ်းချမ်းစွာနဲ့ စံနစ်တကျ ဖြစ်အောင် စီစဉ်ဖို့ သူ့အစိုးရတဖွဲ့လုံးကို ညွှန်ကြားမှာ ဖြစ်ကြောင်း သူ့ကို အာမခံခဲ့ပါတယ်။ ဒါဟာ အမေရိကန်ပြည်သူတွေ ရသင့်ရထိုက်တဲ့ လုပ်ရပ်ပါ။” [END ACT]

သမ္မတအိမ်ဖြူအတွက် မစ္စတာထရမ့်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင် မဲဆွယ်ခဲ့ရတဲ့ ဒုသမ္မတ ကင်မလာဟဲရစ်ရဲ့ ကြိုးပမ်းမှု အတွက်လည်း သမ္မတဘိုင်ဒန်က ချီးကြူးခဲ့ပါတယ်။

“သူဟာ ယမ်းထောင်းမောင်းတံလို ခိုင်ခိုင်မာမာ ရပ်တည်သူပါ။ ထူးခြားတဲ့ အရည်အချင်းရှိပြီး မှန်ကန်တဲ့ စရိုက်ရှိသူပါ။ စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် ဆောင်ရွက်တတ်သူ ဖြစ်ပြီး မဲဆွယ်ပွဲမှာ သူရော သူ့အဖွဲ့သား အားလုံးပါ ဂုဏ်ယူဖို့ ကောင်းပါတယ်။”

ဒုသမ္မတ ဟဲရစ်ကို မဲပေးခဲ့သူတွေ ကိုလည်း မစ္စတာဘိုင်ဒန်က ယုံကြည်မှုဆက်ထားဖို့နဲ့ အဆက်အသွယ် မပြတ်ဖို့ တောင်းဆို ခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ဆန့်ကျင်ဘက် အမြင်တွေအတွက် ယှဉ်ပြိုင်မှုတွေ ဖြစ်ကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။

“နိုင်ငံက တယောက်မဟုတ် တယောက်ကို ရွေးချယ်တာပါ။ ဒီလို ရွေးချယ်မှု အတွက် ကျနော်တို့က လက်ခံကြရပါမယ်။ ကျနော်ခဏခဏ ပြောဘူးပါတယ်။ ကိုယ်နိုင်မှ ကိုယ့်နိုင်ငံကို ကိုယ်ချစ်လို့ မရသလို၊ ကိုယ်နဲ့ သဘောချင်းတိုက်ဆိုင်မှ ကိုယ်အိမ်နီးချင်းကို ကိုယ်ချစ်တာမျိုး လုပ်လို့ မရနိုင်ပါဘူး။ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုပဲ မဲပေးခဲ့ပေးခဲ့ ကျနော်တို့အားလုံးဟာ အမေရိကန် နိုင်ငံသားတွေ ဖြစ်တဲ့ အတွက် ရန်သူလို့မမြင်ပဲ ဒေါသတွေလျှော့ချရမှာ ဖြစ်ပါတယ်။”

သမ္မတဘိုင်ဒန်က သူဟာ သမ္မတတယောက် လုပ်ရမယ့် အလုပ်ကို လုပ်မှာ ဖြစ်ကြောင်း၊ သူကျမ်းသစ္စာ ကျိန်ဆိုထားတဲ့ အတိုင်းလုပ်ဆောင်မှာ ဖြစ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုလေးစားလိုက်နာမှာ ဖြစ်ကြောင်းနဲ့ လာမယ့်နှစ် ဇန်နဝါရီ ၂၀ မှာ အမေရိကန်နိုင်ငံမှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG