Accessibility links

Breaking News

က်ားမကြဲျပားမႈအေပၚအေျခခံတဲ့ အၾကမ္းဖက္မႈေတြကုိ ဆန္႔က်င္လႈပ္ရွားတဲ့ ၁၆ ရက္


က်ားမကြဲျပားမႈအေပၚအေျခခံတဲ့ အၾကမ္းဖက္မႈေတြကုိ ဆန္႔က်င္လႈပ္ရွားတဲ့ ၁၆ ရက္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရးေန႔က နိုဝင္ဘာလ ၂၅ ရက္ေန႔ျဖစ္ၿပီး လူ႔ အခြင့္အေရးေန႔က ဒီဇင္ဘာလ ၁၀ ရက္ေန႔ ျဖစ္ပါတယ္။ အဲဒီ ေန႔ႏွစ္ေန႔အၾကားက ရက္ေပါင္း ၁၆ ရက္ကိုေတာ့ က်ားမကြဲျပားမႈအေပၚ အေျခခံၿပီး ျဖစ္ပြားတဲ့ အၾကမ္းဖက္မႈေတြကို ကမၻာတစ္ဝွမ္း သတိျပဳမိ လာေစဖို႔နဲ႔ အေျပာင္းအလဲေတြ ျဖစ္ေပၚလာေအာင္ လႈပ္ရွားမႈေတြ လုပ္ဖို႔ ရည္ရြယ္သတ္မွတ္ထားပါတယ္။

“အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္တာက နယ္နိမိတ္နဲ႔ယဥ္ေက်းမႈေဘာင္တစ္ခုတည္းအတြင္းမွာသာရွိေနတာမဟုတ္ေၾကာင္း၊ အမ်ိဳးသမီးသုံးေယာက္ မွာ တစ္ေယာက္ အၾကမ္းဖက္ခံရတာကို ၾကဳံေတြ႕ရေၾကာင္းနဲ႔ ကပ္ေရာဂါ ကာလမွာ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္တဲ့ႏႈန္းကလည္း ပို ျမင့္တက္ လာေၾကာင္း” USAID အေမရိကန္ နိုင္ငံတကာ ဖြံ့ၿဖိဳးေရးေအဂ်င္စီ ဒုတိယ အႀကီးအကဲ အျဖစ္ ေခတၱ တာဝန္ယူထားသူ John Barsa က ေျပာ ပါတယ္။

“Lockdown ေတြေၾကာင့္ ကိုယ္တတ္နိုင္တဲ့ အစားအေသာက္နဲ႔ အသုံးအေဆာင္ ပစၥည္းေတြ ရဖို႔ ခက္ခဲလာလို႔ စားဝတ္ေနေရး အခက္အခဲ ၾကဳံေတြ႕ ရ ခ်ိန္မွာ အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြအေပၚ အၾကမ္းဖက္မႈေတြ မ်ားျပားလာတာကို USAID ရဲ့ မိတ္ဖက္အဖြဲ႕ေတြက ပိုၿပီး ေတြ႕ျမင္လာၾကရ တယ္”လို႔လည္း John Barsa က ေျပာပါတယ္။

အမ်ိဳးသမီးေတြရဲ့ လုပ္နိုင္စြမ္းရည္နဲ႔ ေအာင္ျမင္မႈေတြကို ထိခိုက္ေစမယ့္ အၾကမ္းဖက္ပုံစံ မ်ိဳးစုံကို ေျဖရွင္းဖို႔ အေရးႀကီးတာကို USAID အေနနဲ႔ ကာလ ၾကာရွည္သိျမင္နားလည္ထားၿပီးျဖစ္ပါတယ္။

“အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္တာကို တားဆီးဖို႔ ထိေရာက္တဲ့ အစီအစဥ္ေတြကို အေကာင္အထည္ေဖာ္ဖို႔အတြက္ သမၼတထရမ့္အစိုးရ လက္ထက္ မွာ USAID က အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္း NGO ေတြ၊ အမ်ိဳးသမီး အဖြဲ႕အစည္းေတြ၊ ပုဂၢလိက က႑က လုပ္ငန္းေတြ၊ အစိုးရ ဌာနေတြနဲ႔ ပိုၿပီး လက္တြဲေဆာင္ရြက္ခဲ့ပါတယ္” လို႔လည္း USAID ဒုတိယ အႀကီးအကဲ John Barsa က ေျပာပါတယ္။

သာဓကအားျဖင့္ အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြကို အၾကမ္းဖက္မႈ၊ ေခါင္းပုံျဖတ္မႈနဲ႔ မေတာ္မတရားလုပ္မႈေတြကို USAID ရဲ့ ဖြံ့ၿဖိဳးေရးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရး အစီအစဥ္ေတြက ေနတဆင့္ အကာအကြယ္ေပးဖို႔ လုပ္ေဆာင္ေနပါတယ္။ ၂၀၁၇ ခုႏွစ္ကစလို႔ အမ်ိဳးသမီး ၇၀,၀၀၀ ေလာက္ကို ၿငိမ္းခ်မ္းေရးတည္ေဆာက္ေရးလုပ္ငန္းေတြမွာ ပါဝင္ေစခဲ့ပါတယ္။ အၾကမ္းဖက္မႈေတြကို ၾကဳံေတြ႕ခံစားခဲ့ရသူ အမ်ိဳးသမီးေတြကိုလည္း လိုအပ္တဲ့ ေစာင့္ေရွာက္မႈ၊ စိတ္ပိုင္းဆိုင္ရာ အားေပးမႈ၊ ဥပေဒပိုင္းဆိုင္ရာ အကူအညီေတြနဲ႔ စီးပြားေရး အေထာက္အပံ့ေတြ ေပးခဲ့ပါတယ္။

ဒါေပမဲ့ ဒါဟာ ေရရွည္ၿပီး ခက္ခဲတဲ့ တိုက္ပြဲတစ္ခု ျဖစ္ေနပါတယ္။ တစ္ခ်ိဳ႕ လူမႈ အဖြဲ႕အစည္းေတြမွာက အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္တာက လုပ္ရိုးလုပ္စဥ္လို႔ ျဖစ္ေနတာပါ။ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြမွာလည္း လူ႔တန္ဖိုးနဲ႔ အခြင့္အေရးရွိတယ္ဆိုတာကို အစိုးရနဲ႔ အဲဒီလူမႈအသိုက္အဝိုင္းက အသိအမွတ္မျပဳတာေၾကာင့္လည္း ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အခုလို အေရးႀကီးတဲ့ ရက္ႏွစ္ရက္အၾကားက ၾကားခံရက္ ၁၆ ရက္ဟာ က်ားမကြဲျပားမႈေၾကာင့္ ျဖစ္ေပၚေနတဲ့ အၾကမ္းဖက္မႈေတြ ပေပ်ာက္ေအာင္လုပ္ဖို႔ လႈပ္ရွားမႈေတြအတြက္ သိပ္အေရးႀကီးေနတာပါ။

“အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္တာကို အဆုံးသတ္ဖို႔၊ အဲဒီ အၾကမ္းဖက္မႈေတြေၾကာင့္ လူတစ္ဦးခ်င္းစီ၊ မိသားစုေတြကိုယ္စီနဲ႔ လူမႈ အသိုင္း အဝိုင္းေတြအေပၚ က်ေရာက္ေနတဲ့ ဆိုးက်ိဳးေတြ ေလ်ာ့ပါးသြားေစဖို႔နဲ႔ လူသားတိုင္းရဲ့ အခြင့္အေရးကို ျမႇင့္တင္ေပးဖို႔ ကၽြန္ေတာ္တို႔အားလုံး ကိုယ္စီ တာဝန္ယူရမယ့္ အခန္းက႑ေတြ ရွိပါတယ္”လို႔လည္း USAID ဒုတိယ အႀကီးအကဲ John Barsa က ေျပာပါတယ္။

USAID အေနနဲ႔ ကမၻာတစ္ဝွမ္းက အမ်ိဳးသမီးနဲ႔ မိန္းကေလးငယ္ေတြရဲ့ ဂုဏ္သိကၡာကို ကာကြယ္ေစာင့္ေရွာက္ဖို႔ အတူ ရပ္တည္သြားမယ္လို႔ လည္း John Barsa က ေျပာပါတယ္ ခင္ဗ်ား။

..............

ကျားမကွဲပြားမှုအပေါ်အခြေခံတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်လှုပ်ရှားတဲ့ ၁၆ ရက်
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့က နိုဝင်ဘာလ ၂၅ ရက်နေ့ဖြစ်ပြီး လူ့ အခွင့်အရေးနေ့က ဒီဇင်ဘာလ ၁၀ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီ နေ့နှစ်နေ့အကြားက ရက်ပေါင်း ၁၆ ရက်ကိုတော့ ကျားမကွဲပြားမှုအပေါ် အခြေခံပြီး ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို ကမ္ဘာတစ်ဝှမ်း သတိပြုမိ လာစေဖို့နဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် လှုပ်ရှားမှုတွေ လုပ်ဖို့ ရည်ရွယ်သတ်မှတ်ထားပါတယ်။

“အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာက နယ်နိမိတ်နဲ့ယဉ်ကျေးမှုဘောင်တစ်ခုတည်းအတွင်းမှာသာရှိနေတာမဟုတ်ကြောင်း၊အမျိုးသမီးသုံးယောက် မှာ တစ်ယောက် အကြမ်းဖက်ခံရတာကို ကြုံတွေ့ရကြောင်းနဲ့ ကပ်ရောဂါ ကာလမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့နှုန်းကလည်း ပို မြင့်တက် လာကြောင်း” USAID အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ ဒုတိယ အကြီးအကဲ အဖြစ် ခေတ္တ တာဝန်ယူထားသူ John Barsa က ပြော ပါတယ်။

“Lockdown တွေကြောင့် ကိုယ်တတ်နိုင်တဲ့ အစားအသောက်နဲ့ အသုံးအဆောင် ပစ္စည်းတွေ ရဖို့ ခက်ခဲလာလို့ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့ ရ ချိန်မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ များပြားလာတာကို USAID ရဲ့ မိတ်ဖက်အဖွဲ့တွေက ပိုပြီး တွေ့မြင်လာကြရ တယ်”လို့လည်း John Barsa က ပြောပါတယ်။

အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းရည်နဲ့ အောင်မြင်မှုတွေကို ထိခိုက်စေမယ့် အကြမ်းဖက်ပုံစံ မျိုးစုံကို ဖြေရှင်းဖို့ အရေးကြီးတာကို USAID အနေနဲ့ ကာလ ကြာရှည်သိမြင်နားလည်ထားပြီးဖြစ်ပါတယ်။

“အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာကို တားဆီးဖို့ ထိရောက်တဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့အတွက် သမ္မတထရမ့်အစိုးရ လက်ထက် မှာ USAID က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေ၊ အမျိုးသမီး အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက ကဏ္ဍက လုပ်ငန်းတွေ၊ အစိုးရ ဌာနတွေနဲ့ ပိုပြီး လက်တွဲဆောင်ရွက်ခဲ့ပါတယ်” လို့လည်း USAID ဒုတိယ အကြီးအကဲ John Barsa က ပြောပါတယ်။

သာဓကအားဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှုနဲ့ မတော်မတရားလုပ်မှုတွေကို USAID ရဲ့ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွေက နေတဆင့် အကာအကွယ်ပေးဖို့ လုပ်ဆောင်နေပါတယ်။ ၂၀၁၇ ခုနှစ်ကစလို့ အမျိုးသမီး ၇၀,၀၀၀ လောက်ကို ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်စေခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကို ကြုံတွေ့ခံစားခဲ့ရသူ အမျိုးသမီးတွေကိုလည်း လိုအပ်တဲ့ စောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှု၊ ဥပဒေပိုင်းဆိုင်ရာ အကူအညီတွေနဲ့ စီးပွားရေး အထောက်အပံ့တွေ ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ ရေရှည်ပြီး ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်နေပါတယ်။ တစ်ချို့ လူမှု အဖွဲ့အစည်းတွေမှာက အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာက လုပ်ရိုးလုပ်စဉ်လို့ ဖြစ်နေတာပါ။ အမျိုးသမီးနဲ့ မိန်းကလေးတွေမှာလည်း လူ့တန်ဖိုးနဲ့ အခွင့်အရေးရှိတယ်ဆိုတာကို အစိုးရနဲ့ အဲဒီလူမှုအသိုက်အဝိုင်းက အသိအမှတ်မပြုတာကြောင့်လည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း အခုလို အရေးကြီးတဲ့ ရက်နှစ်ရက်အကြားက ကြားခံရက် ၁၆ ရက်ဟာ ကျားမကွဲပြားမှုကြောင့် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ ပပျောက်အောင်လုပ်ဖို့ လှုပ်ရှားမှုတွေအတွက် သိပ်အရေးကြီးနေတာပါ။

“အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာကို အဆုံးသတ်ဖို့၊ အဲဒီ အကြမ်းဖက်မှုတွေကြောင့် လူတစ်ဦးချင်းစီ၊ မိသားစုတွေကိုယ်စီနဲ့ လူမှု အသိုင်း အဝိုင်းတွေအပေါ် ကျရောက်နေတဲ့ ဆိုးကျိုးတွေ လျော့ပါးသွားစေဖို့နဲ့ လူသားတိုင်းရဲ့ အခွင့်အရေးကို မြှင့်တင်ပေးဖို့ ကျွန်တော်တို့အားလုံး ကိုယ်စီ တာဝန်ယူရမယ့် အခန်းကဏ္ဍတွေ ရှိပါတယ်”လို့လည်း USAID ဒုတိယ အကြီးအကဲ John Barsa က ပြောပါတယ်။

USAID အနေနဲ့ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ဖို့ အတူ ရပ်တည်သွားမယ်လို့ လည်း John Barsa က ပြောပါတယ် ခင်ဗျား။

XS
SM
MD
LG