Accessibility links

Breaking News

ကမ္ဘာ့အခင်းအကျင်းသစ်အပေါ် အမေရိကန်အမြင် (အမေရိကန်အစိုးရအာဘော်)


ဆယ်စုနှစ်တချို့ ပထဝီနိုင်ငံရေးအရတည်ငြိမ်မှုရှိခဲ့တာဟာ အာဏာရှင်နိုင်ငံတွေနဲ့အပြင်းအထန်ပြိုင်ဆိုင်မှုကိုဖြစ်ပေါ်စေခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က Johns Hopkins တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာနမှာစကားပြောစဉ် ထုတ်ဖေါ်ကြေညာခဲ့ပါတယ်။

ရုရှားကယူကရိန်းကိုကျူးကျော်တဲ့စစ်ပွဲနဲ့ တရုတ်ကသူ့ရဲ့စီးပွားရေးတိုးတက်လာမှု၊ သံတမန်နည်းလမ်း၊ စစ်ရေးတည်ဆောက်မှုနဲ့ နည်းပညာတွေရဲ့အစွမ်းကိုအသုံးပြုပြီး နိုင်ငံတကာစည်းမျဉ်းတွေစံတန်ဘိုးတွေကို ပြောင်းလဲဖို့ကြိုးပမ်းတာ တွေကို ထင်ရှားတဲ့သာဓကတွေအဖြစ် ဖေါ်ပြခဲ့ပါတယ်။

"ကျနော်တို့သိခဲ့တဲ့ ကမ္ဘာ့စံတန်ဘိုးတွေဟာ အကုန် ကဗြောင်းကပြန်ဖြစ်ကုန်တယ်" လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ ဒီအရေးကြီးတဲ့ကာလကို အင်အားစိုက်ထုတ်ပြီး ဦးဆောင်ခဲ့ပါတယ်။ အဲဒိအင်အားတွေကတော့ နှိမ့်ချစွာဆက်ဆံခြင်း၊ ယုံကြည်မှုရှိခြင်းဆိုတာတွေပေါ်အခြေခံပါတယ်။ ကျနော်တို့က ကိုယ့်ကိုကိုယ် နှိမ့်ချပြီးဆက် ဆံပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ကျနော်တို့တနိုင်ငံတည်းနဲ့ဖြေရှင်းလို့မရဘူးဆိုတာ သိလို့ပါ။ ယခင်ရှိခဲ့တဲ့ကမ္ဘာစံတန်ဘိုးဟောင်းတွေအရ ထားရှိခဲ့တဲ့ကတိကဝတ်တွေအတိုင်း လုပ်ဆောင်ပေးနိုင်ခြင်းမရှိတဲ့နိုင်ငံတချို့နဲ့ အဲဒိနိုင်ငံတွေကပြည်သူတွေရဲ့ယုံကြည်ကိုစားမှုကို ရယူရလိမ့်မယ်ဆိုတာကို သိလို့ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာ့အနာဂတ်နဲ့ပတ်သက်တဲ့အမြင်ကတော့ ပွင့်လင်းရမယ်၊ လွတ်လပ်ရမယ်၊ ချမ်းသာ ကြွယ်ဝရမယ်၊ လုံခြုံစိတ်ချမှုရှိရမယ်ဆိုတဲ့ကမ္ဘာမျိုးဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုခဲ့ ပါတယ်။

“ဒီအမြင်ဟာ အမေရိကန်တနိုင်ငံတည်းရဲ့အမြင်မဟုတ်ပါဘူး၊ ဒါဟာ ကမ္ဘာ့တိုက်ကြီးအားလုံးမှာရှိတဲ့နိုင်ငံတိုင်းကပြည်သူတွေရဲ့ ကာလကြာမြင့်စွာကတည်းကရှိခဲ့တဲ့ ပြင်းပြတဲ့ဆန္ဒတွေဖြစ်ပါတယ်။ လူတဦးချင်းစီရဲ့နေ့စဉ်ဘဝဟာ လွတ် လပ်ပြီး သူတို့ရဲ့အနာဂတ်၊ သူတို့ရဲ့ရပ်ရွာနဲ့ သူတို့ရဲ့တိုင်းပြည်ကို သူတို့ဆန္ဒရှိတဲ့အတိုင်း ပုံဖေါ်နိုင်တဲ့ကမ္ဘာမျိုးကိုရည် ရွယ်တာဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေ၊ အကြံဉာဏ်တွေ၊ လူပုဂ္ဂိုလ်တွေဟာ ကုန်းမြေတွေ၊ ပင်လယ်တွေ၊ ကောင်းကင် တွေနဲ့ ဆိုက်ဗာဆက်သွယ်ရေးတွေကနေတဆင့် ကမ္ဘာအနှံ့ ဥပဒေနဲ့အညီလွတ်လွတ်လပ်လပ် သွားလာစီးဆင်းနိုင်တဲ့ကမ္ဘာမျိုး ဖြစ်ရပါမယ်။ အဲဒိကမ္ဘာကြီးမှာ နည်းပညာတွေဟာလည်း လူတွေကို စွမ်းအားတွေမြှင့်တင်ပေးနိုင်ဖို့ အသုံးပြုမှာဖြစ်ပြီး လူတွေကိုခွဲခြားဖို့၊ စောင့်ကြည့်ဖို့ ဖိနှိပ်ဖို့အသုံးပြုတာမျိုးမရှိတဲ့ကမ္ဘာကြီးမျိုးဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုကဖြစ်စေ့ချင်တဲ့ ကမ္ဘာ့စီးပွားရေးဟာလည်း ပြိုင်ဆိုင်မှု၊ ပွင့်လင်းမှု၊ မြင်သာမှုဆိုတာတွေတင်မကဘဲ ဒီစီးပွားရေးတိုးတက်မှုမှာ လူတွေဘယ်လောက်များများ ရရှိခံစားရတယ်ဆိုတာလည်း ပါဝင်တယ်လို့ နိုင်ငံခြား ရေးဝန်ကြီး Blinken ကရှင်းပြပါတယ်။

“ဒီကနေ့ကမ္ဘာကြီးမှာ လုပ်သားကဏ္ဍ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့သဘာဝပတ်ဝန်းကျင်ဖြစ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့အခြေခံအဆောက်အဦးတွေ၊ နည်းပညာ၊ အခွင့်အလမ်း၊ လုံခြုံရေးစတာတွေကိုအကောင်းဆုံးဖြစ်အောင် ပြိုင် ဆိုင်လုပ်ဆောင်နေတဲ့ကမ္ဘာကြီး၊ ကုလသမဂ္ဂသဘောတူညီချက်တွေအရ ပြဌာန်းထားတဲ့နိုင်ငံတကာဥပဒေတွေကို လိုက်နာစောင့်ထိန်းကမ္ဘာကြီး၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာတဲ့ကမ္ဘာကြီးဖြစ်ရပါမယ်။ ဒီလိုအမြင်တွေကို တိုးတက် လာအောင် ကျနော်တို့ကလုပ်မှာပါ။ အသိဉာဏ်နဲ့ယှဉ်တဲ့ တဦးချင်းအကျိုးစီးပွားဖြစ်ဖို့ဆိုတဲ့အယူအဆနဲ့ ဒီအမြင်တွေကို တိုးတက်လာအောင်လုပ်မှာပါ။ အမေရိကန်ရဲ့ ဦးဆောင်မှုမှာ ဒီလိုအယူအဆတွေ သက်ဝင်နေတာဖြစ်ပါတယ်။”

အခြားနိုင်ငံတွေမှာ ရင်းနှီးမြှုမ်နှံတယ်ဆိုတာ လူသားတွေရဲ့အကျိုးစီးပွားဆိုတာတင်မကဘဲ ကိုယ့်အတွက်လည်းပါတယ်လို့ အမေရိကန်ပြည်ထောင်စုကတော့ယုံကြည်ထားပါတယ်။

XS
SM
MD
LG