Accessibility links

Breaking News

႐ိုဟင္ဂ်ာ ဒုကၡသည္ျပႆနာအတြက္ အေမရိကန္ရဲ႕ေနာက္ထပ္အကူအညီ


Rohingya refugees walk in market area inside a refugee camp in Ukhia on April 6, 2021 during the second day of weeklong government-imposed lockdown amid an increase of COVID-19 coronavirus cases. (Photo by Miraj KATEB / AFP)
Rohingya refugees walk in market area inside a refugee camp in Ukhia on April 6, 2021 during the second day of weeklong government-imposed lockdown amid an increase of COVID-19 coronavirus cases. (Photo by Miraj KATEB / AFP)

{{Zawgyi/Unicode}}

လူသားခ်င္းစာနာမႈဆိုင္ရာ အက်ပ္အတည္းေတြ ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္တြင္းနဲ႔ ျပည္ပေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ၊ သူတို႔ကိုလက္ခံထားရတဲ့ အိမ္နီးခ်င္းဘဂၤလားဒက္ရွ္ႏိုင္ငံက လူမႈအသိုင္းအဝိုင္းအတြက္ အေမရိကန္ျပည္ေထာင္စုက ေဒၚလာသန္း ၁၈၀ နီးပါး ထပ္ေဆာင္းပံ့ပိုးမွာျဖစ္ပါတယ္။

"ဒီအေထာက္အပံ့ေတြနဲ႔ အသက္ေတြကယ္ဆယ္ေပးဖို႕ အကာအကြယ္ေပးႏိုင္ပါလိမ့္မယ္။ အမိုးအကာ၊ စားနပ္ရိကၡာ၊ သန္႔ရွင္းတဲ့ေသာက္သံုးေရ၊ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ အသံုးျပဳႏိုင္သလို၊ စိတ္က်ဥ္းက်ပ္မႈေျပေပ်ာက္ေအာင္ အထိုက္အေလ်ာက္ အေထာက္အကူျဖစ္ေစပါလိမ့္မယ္။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ သဘာဝေဘးအႏၲရာယ္ႀကိဳတင္ကာကြယ္ေရးနဲ႔ COVID-19 ကပ္ေရာဂါကာကြယ္ေရးအတြက္လည္း အေထာက္အကူျပဳမွာပါ။ ဘဂၤလားေဒ့ရွ္မွာရွိတဲ့ ႐ိုဟင္ဂ်ာေတြအတြက္ ပညာေရးနဲ႔ အသက္ေမြးမႈသင္တန္းေတြအတြက္လည္း အခြင့္အလန္းေတြ တိုးျမွင့္ေပးမွာျဖစ္ပါတယ္။”

သံအမတ္ႀကီး Thomas-Greenfield က ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ဒုကၡသည္ေတြအတြက္ ဧရာမတာဝန္ေတြယူၿပီး လက္ခံထားရတဲ့ ဘဂၤလားေဒရွ္ျပည္သူေတြကို ခ်ီးက်ဴးလိုက္ပါတယ္။၂၀၁၇ ခုႏွစ္ ၾသဂုတ္လကစၿပီး အေမရိကန္ျပည္ေထာင္စုက ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ အခု ထပ္ေဆာင္းေပးတဲ့ အကူအညီအပါအဝင္ စုစုေပါင္း ေဒၚလာ ၁.၅ ဘီလီယံ ပံ့ပိုးထားတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္း လူမ်ိဳးစုအလိုက္ရွင္းလင္းဖယ္ရွားတဲ့ ရက္စက္စြာ အၾကမ္းဖက္ႏွိပ္ကြပ္မႈေတြေၾကာင့္ ႐ိုဟင္ဂ်ာ ၇ သိန္း ၄ ေသာင္း ဘဂၤလားေဒရွ္ႏိုင္ငံဘက္ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကတာျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလက စစ္တပ္ အာဏာသိမ္းမႈကို ဦးေဆာင္ၾကသူေတြဟာ ႐ိုဟင္ဂ်ာေတြကို ရက္စက္စြာအၾကမ္းဖက္ႏွိပ္ကြပ္ခဲ့ရာမွာ အမိန္႔ေပးၫႊန္ၾကားခဲ့သူေတြပဲ ျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ Ned Price က ေထာက္ျပပါတယ္။

စစ္အစိုးရအေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြကို မျဖစ္မေန ခ်က္ခ်င္းရပ္တန္းကရပ္ရပါမယ္။ မတရားထိန္းသိမ္းထားသူအားလံုး ျပန္လႊတ္ေပးပါ။ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီခရီးလမ္း ျပန္လည္တည့္မတ္ေပးပါ။ အာဆီယံသေဘာတူညီခ်က္ ၅ ခ်က္ကိုလည္း အေကာင္အထည္ေဖၚရမွာျဖစ္ပါတယ္။ အေရးႀကီးတဲ့ COVID-19 ကပ္ေရာဂါကာကြယ္ေရးအတြက္ အေထာက္အပ့ံေတြ ျဖန္ျဖဴးတာအပါအဝင္၊ အကူအညီလိုအပ္ေနသူေတြဆီ၊ လူသားခ်င္းစာနာမႈ အကူအညီေတြ အတားအဆီးမရွိ၊ ခ်က္ခ်င္းေပးပို႔ခြင့္ေပးဖို႔ ေတာင္းဆိုပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ Ned Price က ေျပာဆိုလိုက္ပါတယ္။

..........................................................

{{Unicode}}

လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်တွင်းနဲ့ ပြည်ပရောက် ရိုဟင်ဂျာဒုက္ခသည်တွေ၊ သူတို့ကိုလက်ခံထားရတဲ့ အိမ်နီးချင်းဘင်္ဂလားဒက်ရှ်နိုင်ငံက လူမှုအသိုင်းအဝိုင်းအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာသန်း ၁၈၀ နီးပါး ထပ်ဆောင်းပံ့ပိုးမှာဖြစ်ပါတယ်။

"ဒီအထောက်အပံ့တွေနဲ့ အသက်တွေကယ်ဆယ်ပေးဖို့ အကာအကွယ်ပေးနိုင်ပါလိမ့်မယ်။ အမိုးအကာ၊ စားနပ်ရိက္ခာ၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးပြုနိုင်သလို၊ စိတ်ကျဉ်းကျပ်မှုပြေပျောက်အောင် အထိုက်အလျောက် အထောက်အကူဖြစ်စေပါလိမ့်မယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနဲ့ COVID-19 ကပ်ရောဂါကာကွယ်ရေးအတွက်လည်း အထောက်အကူပြုမှာပါ။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် ပညာရေးနဲ့ အသက်မွေးမှုသင်တန်းတွေအတွက်လည်း အခွင့်အလန်းတွေ တိုးမြှင့်ပေးမှာဖြစ်ပါတယ်။”

သံအမတ်ကြီး Thomas-Greenfield က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဒုက္ခသည်တွေအတွက် ဧရာမတာဝန်တွေယူပြီး လက်ခံထားရတဲ့ ဘင်္ဂလားဒေရှ်ပြည်သူတွေကို ချီးကျူးလိုက်ပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး အမေရိကန်ပြည်ထောင်စုက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အခု ထပ်ဆောင်းပေးတဲ့ အကူအညီအပါအဝင် စုစုပေါင်း ဒေါ်လာ ၁.၅ ဘီလီယံ ပံ့ပိုးထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားတဲ့ ရက်စက်စွာ အကြမ်းဖက်နှိပ်ကွပ်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်း ၄ သောင်း ဘင်္ဂလားဒေရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက စစ်တပ် အာဏာသိမ်းမှုကို ဦးဆောင်ကြသူတွေဟာ ရိုဟင်ဂျာတွေကို ရက်စက်စွာအကြမ်းဖက်နှိပ်ကွပ်ခဲ့ရာမှာ အမိန့်ပေးညွှန်ကြားခဲ့သူတွေပဲ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Ned Price က ထောက်ပြပါတယ်။

စစ်အစိုးရအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မဖြစ်မနေ ချက်ချင်းရပ်တန်းကရပ်ရပါမယ်။ မတရားထိန်းသိမ်းထားသူအားလုံး ပြန်လွှတ်ပေးပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးလမ်း ပြန်လည်တည့်မတ်ပေးပါ။ အာဆီယံသဘောတူညီချက် ၅ ချက်ကိုလည်း အကောင်အထည်ဖေါ်ရမှာဖြစ်ပါတယ်။ အရေးကြီးတဲ့ COVID-19 ကပ်ရောဂါကာကွယ်ရေးအတွက် အထောက်အပံ့တွေ ဖြန်ဖြူးတာအပါအဝင်၊ အကူအညီလိုအပ်နေသူတွေဆီ၊ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ၊ ချက်ချင်းပေးပို့ခွင့်ပေးဖို့ တောင်းဆိုပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Ned Price က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG