Accessibility links

Breaking News

အေမရိကန္နဲ႔ ဘာရိန္းႏုိင္ငံအၾကား ဆက္ဆံေရး တုိးျမင့္ေဆာင္ရြက္ျခင္း


Israel-Bahrain US Pompeo
Israel-Bahrain US Pompeo

{{Zawgyi/Unicode}}

အေမရိကန္နဲ႔ ဘာရိန္းနိုင္ငံတို႔ သံတမန္ ဆက္ဆံေရး ခိုင္ခိုင္မာမာ ရွိေနတာ ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ၾကာခဲ့ပါၿပီ။ ဒီဇင္ဘာလ ၁ ရက္ေန႔ကေတာ့ ႏွစ္ နိုင္ငံအၾကား ပထမဆုံးအႀကိမ္ မဟာဗ်ဴဟာေျမာက္ ေဆြးေႏြးပြဲကို စတင္လိုက္ပါတယ္။ ဒီေဆြးေႏြးပြဲကို အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo နဲ႔ ဘာရိန္း နိုင္ငံျခားေရးဝန္ႀကီး Abdullatif bin Rashid Al Zayani တို႔က ဗီဒီယိုကတဆင့္ တက္ေရာက္ အမွာစကား ေျပာခဲ့ၾကပါတယ္။

အစၥေရးလ္နဲ႔ ပုံမွန္ဆက္ဆံမယ့္ သမိုင္းဝင္ Abraham Accords စာခ်ဳပ္ကို ဘာရိန္းနိုင္ငံက လက္မွတ္ေရးထိုးတာကို ဝန္ႀကီး Pompeo က အဲဒီ ေဆြးေႏြးပြဲမွာ ခ်ီးက်ဴးစကားေျပာခဲ့ပါတယ္။

စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့တဲ့ ၄ နိုင္ငံအနက္ ဘာရိန္းက ဒုတိယေျမာက္ လက္မွတ္ေရးထိုးတဲ့နိုင္ငံ ျဖစ္ပါတယ္။ ဒီလို လက္မွတ္ ေရးထိုးလိုက္တာေၾကာင့္ ခရီးသြားလုပ္ငန္း၊ ပညာေရး၊ ကုန္သြယ္ေရးနဲ႔ လုံျခဳံေရးနယ္ပယ္ေတြ အပါအဝင္ က႑ ေတာ္ေတာ္မ်ားမ်ားမွာ အစၥေရးလ္နဲ႔ ပူးေပါင္း ေဆာင္ရြက္နိုင္ဖို႔ လမ္းပြင့္သြားခဲ့တာပါ။

"အတိတ္က ေခတ္မမီေတာ့တဲ့ အေတြးအျမင္ေတြကို ထားရစ္ခဲ့ၿပီ ျဖစ္တာေၾကာင့္ ဒီေဒသတစ္ခုလုံးအတြက္ ေမ်ာ္လင့္ခ်က္ ေရာင္ျခည္ တစ္ခု ျဖစ္ေၾကာင္း၊ ဘာရိန္းရဲ့ ဦးေဆာင္မႈေနာက္ကို တျခားနိုင္ငံေတြလည္း လိုက္လာမယ္လို႔လည္း ယုံၾကည္မိေၾကာင္း၊ ပထဝီနယ္ေၿမ အရြယ္အစားက ကမၻာ့စင္ျမင့္မွာ ဩဇာလႊမ္းမိုးမႈကို မေပးဘူးဆိုတာကို ဘာရိန္းနိုင္ငံက ျပသလိုက္တာ ျဖစ္ေၾကာင္း " ဝန္ႀကီး Pompeo က ေျပာပါတယ္။

ဒါ့အျပင္၊ ဘာရိန္းနိုင္ငံက လုံျခဳံေရးအရ အေမရိကန္တို႔ရဲ့ လက္တြဲေဖာ္နိုင္ငံ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။ ISIS အဖြဲ႕ကို ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တုန္းက ဘာရိန္းတို႔ အကူအညီေပးခဲ့တာကို ဝန္ႀကီး Pompeo က ခ်ီးက်ဴးခဲ့သလို အေမရိကန္ ေရတပ္ ဗဟိုကြပ္ကဲေရးဌာနနဲ႔ အေမ ရိကန္ ေရတပ္ အမွတ္ (၅) ဌာနခ်ဳပ္ ဘာရိန္းမွာ အေျခစိုက္ထားတာကိုလည္း ရည္ညႊန္းေျပာဆိုခဲ့ပါတယ္။

"ဒီအေျခအေနေၾကာင့္ အၾကမ္းဖက္ဝါဒ တိုက္ဖ်က္ေရးက အစ ပင္လယ္ေကြ႕ေဒသထဲ အီရန္တို႔ရဲ့ေရေၾကာင္းက တိုက္ခိုက္မႈ ေဘးရန္ကေန ကင္းေဝး လို႔ ကုန္ပစၥည္းေတြ သယ္ေဆာင္တဲ့ ေရေၾကာင္းလမ္းေတြကို ကာကြယ္ေစာင့္ေရွာက္ေပးနိုင္တာအဆုံး အားလုံးကို ညႇိႏွိုင္း ကြပ္ကဲလို႔ ရနိုင္ခဲ့ပါတယ္"။ လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

ပင္လယ္ေကြ႕ေဒသ လုံျခဳံမႈနဲ႔ ေဒသတြင္း ၿငိမ္းခ်မ္းေရးကို ခ်စ္ျမတ္နိုးသူ အားလုံးကို နံပါတ္တစ္ အႏၲရာယ္ျပဳ ၿခိမ္းေျခာက္ေနသူက အီရန္အစိုးရ ျဖစ္ပါတယ္လို႔လည္း ဝန္ႀကီး Pompeo က ေထာက္ျပခဲ့ပါတယ္။ အီရန္ကို အထီးက်န္ျဖစ္ေစေအာင္နဲ႔ အီရန္ရဲ့ မိစၧာဩဇာလႊမ္းမိုးမႈနဲ႔ အၾကမ္းဖက္မႈကို ေလၽွာ့ခ်ဖို႔ ဘီလီယံနဲ႔ခ်ီတဲ့ ေဒၚလာေတြ အီရန္တို႔မရနိုင္ေအာင္ အျမင့္ဆုံး ဖိအားေပး လုပ္ေဆာင္ရာမွာ မယိမ္းမယိုင္ ေထာက္ခံမႈေပးတဲ့အတြက္ ဘာရိန္းနိုင္ငံနဲ႔ ျပည္သူေတြကို ေက်းဇူးတင္တယ္လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

နိုင္ငံျခားေရးဆိုင္ရာ အေမၽွာ္အျမင္ ရွိမႈ၊ လက္ေတြ႕က်မႈနဲ႔ ကမၻာႀကီးကို အရွိကို အရွိအတိုင္း ျမင္မႈေတြမွာ ဘာရိန္းနဲ႔ အေမရိကန္တို႔ တသေဘာတည္း ရွိတယ္ လို႔လည္း သူက ေျပာပါတယ္။

"အီရန္ ေတာ္လွန္ေရးအစိုးရရဲ့ အၾကမ္းဖက္တဲ့ သေဘာသဘာဝကို သိရွိထားသလို အီရန္ကို ထိန္းခ်ဳပ္ထားနိုင္ဖို႔အေရးမွာ အစၥေရးလ္နိုင္ငံက အဓိကလက္တြဲေဖာ္ျဖစ္တယ္ဆိုတာကို ကၽြန္ေတာ္တို႔ နားလည္ၾကပါတယ္။" လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

လာမယ့္ သီတင္းပတ္ေတြထဲ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ တျခား ဝန္ႀကီးဌာနေတြက လုပ္ငန္းအဖြဲ႕ ၅ ဖြဲ႕ ဘာရိန္းနိုင္ငံကို သြားေရာက္မွာ ျဖစ္ပါတယ္။ စစ္ သင္တန္းေပးတာ၊ အမ်ိဳးသမီးေတြရဲ့ စြမ္းေဆာင္ရည္နဲ႔ လုပ္ပိုင္ခြင့္ကို ျမႇင့္တင္ေပးတာနဲ႔ လူ႔အခြင့္အေရး နယ္ပယ္ေတြမွာ ဘာရိန္းက တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးၾကမွာျဖစ္သလို 5G ကြန္ယက္ထူေထာင္ေရးမွာ တ႐ုတ္ ကြန္ျမဴနစ္ပါတီရဲ့ ၿခိမ္းေျခာက္ေနမႈကိုလည္း ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

ဒီေဆြးေႏြးပြဲေတြက ႏွစ္နိုင္ငံ မဟာမိတ္ ဆက္ဆံေရးကို ပိုမိုခိုင္မာအားေကာင္းေစဖို႔ အုတ္ျမစ္ခ်ေပးနိုင္မယ္လို႔ ယုံၾကည္ ေၾကာင္းလည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

........................................................

{{Unicode}}

အမေရိကန်နဲ့ ဘာရိန်းနိုင်ငံတို့ သံတမန် ဆက်ဆံရေး ခိုင်ခိုင်မာမာ ရှိနေတာ ဆယ်စုနှစ်တွေနဲ့ချီ ကြာခဲ့ပါပြီ။ ဒီဇင်ဘာလ ၁ ရက်နေ့ကတော့ နှစ် နိုင်ငံအကြား ပထမဆုံးအကြိမ် မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို စတင်လိုက်ပါတယ်။ ဒီဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဘာရိန်း နိုင်ငံခြားရေးဝန်ကြီး Abdullatif bin Rashid Al Zayani တို့က ဗီဒီယိုကတဆင့် တက်ရောက် အမှာစကား ပြောခဲ့ကြ ပါတယ်။

အစ္စရေးလ်နဲ့ ပုံမှန်ဆက်ဆံမယ့် သမိုင်းဝင် Abraham Accords စာချုပ်ကို ဘာရိန်းနိုင်ငံက လက်မှတ်ရေးထိုးတာကို ဝန်ကြီး Pompeo က အဲဒီ ဆွေးနွေးပွဲမှာ ချီးကျူးစကားပြောခဲ့ပါတယ်။

စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ၄ နိုင်ငံအနက် ဘာရိန်းက ဒုတိယမြောက် လက်မှတ်ရေးထိုးတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီလို လက်မှတ် ရေးထိုးလိုက်တာကြောင့် ခရီးသွားလုပ်ငန်း၊ ပညာရေး၊ ကုန်သွယ်ရေးနဲ့ လုံခြုံရေးနယ်ပယ်တွေ အပါအဝင် ကဏ္ဍ တော်တော်များများမှာ အစ္စရေးလ်နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ လမ်းပွင့်သွားခဲ့တာပါ။

"အတိတ်က ခေတ်မမီတော့တဲ့ အတွေးအမြင်တွေကို ထားရစ်ခဲ့ပြီ ဖြစ်တာကြောင့် ဒီဒေသတစ်ခုလုံးအတွက် မျော်လင့်ချက် ရောင်ခြည် တစ်ခု ဖြစ်ကြောင်း၊ ဘာရိန်းရဲ့ ဦးဆောင်မှုနောက်ကို တခြားနိုင်ငံတွေလည်း လိုက်လာမယ်လို့လည်း ယုံကြည်မိကြောင်း၊ ပထဝီနယ်မြေ အရွယ်အစားက ကမ္ဘာ့စင်မြင့်မှာ ဩဇာလွှမ်းမိုးမှုကို မပေးဘူးဆိုတာကို ဘာရိန်းနိုင်ငံက ပြသလိုက်တာ ဖြစ်ကြောင်း " ဝန်ကြီး Pompeo က ပြောပါတယ်။

ဒါ့အပြင်၊ ဘာရိန်းနိုင်ငံက လုံခြုံရေးအရ အမေရိကန်တို့ရဲ့ လက်တွဲဖော်နိုင်ငံ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ISIS အဖွဲ့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တုန်းက ဘာရိန်းတို့ အကူအညီပေးခဲ့တာကို ဝန်ကြီး Pompeo က ချီးကျူးခဲ့သလို အမေရိကန် ရေတပ် ဗဟိုကွပ်ကဲရေးဌာနနဲ့ အမေ ရိကန် ရေတပ် အမှတ် (၅) ဌာနချုပ် ဘာရိန်းမှာ အခြေစိုက်ထားတာကိုလည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

"ဒီအခြေအနေကြောင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးက အစ ပင်လယ်ကွေ့ဒေသထဲ အီရန်တို့ရဲ့ရေကြောင်းက တိုက်ခိုက်မှု ဘေးရန်ကနေ ကင်းဝေး လို့ ကုန်ပစ္စည်းတွေ သယ်ဆောင်တဲ့ ရေကြောင်းလမ်းတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်တာအဆုံး အားလုံးကို ညှိနှိုင်း ကွပ်ကဲလို့ ရနိုင်ခဲ့ပါတယ်"။ လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

ပင်လယ်ကွေ့ဒေသ လုံခြုံမှုနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူ အားလုံးကို နံပါတ်တစ် အန္တရာယ်ပြု ခြိမ်းခြောက်နေသူက အီရန်အစိုးရ ဖြစ်ပါတယ်လို့လည်း ဝန်ကြီး Pompeo က ထောက်ပြခဲ့ပါတယ်။ အီရန်ကို အထီးကျန်ဖြစ်စေအောင်နဲ့ အီရန်ရဲ့ မိစ္ဆာဩဇာလွှမ်းမိုးမှုနဲ့ အကြမ်းဖက်မှုကို လျှော့ချဖို့ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေ အီရန်တို့မရနိုင်အောင် အမြင့်ဆုံး ဖိအားပေး လုပ်ဆောင်ရာမှာ မယိမ်းမယိုင် ထောက်ခံမှုပေးတဲ့အတွက် ဘာရိန်းနိုင်ငံနဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

နိုင်ငံခြားရေးဆိုင်ရာ အမျှော်အမြင် ရှိမှု၊ လက်တွေ့ကျမှုနဲ့ ကမ္ဘာကြီးကို အရှိကို အရှိအတိုင်း မြင်မှုတွေမှာ ဘာရိန်းနဲ့ အမေရိကန်တို့ တသဘောတည်း ရှိတယ် လို့လည်း သူက ပြောပါတယ်။

"အီရန် တော်လှန်ရေးအစိုးရရဲ့ အကြမ်းဖက်တဲ့ သဘောသဘာဝကို သိရှိထားသလို အီရန်ကို ထိန်းချုပ်ထားနိုင်ဖို့အရေးမှာ အစ္စရေးလ်နိုင်ငံက အဓိကလက်တွဲဖော်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ကြပါတယ်။" လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

လာမယ့် သီတင်းပတ်တွေထဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တခြား ဝန်ကြီးဌာနတွေက လုပ်ငန်းအဖွဲ့ ၅ ဖွဲ့ ဘာရိန်းနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ စစ် သင်တန်းပေးတာ၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးတာနဲ့ လူ့အခွင့်အရေး နယ်ပယ်တွေမှာ ဘာရိန်းက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြမှာဖြစ်သလို 5G ကွန်ယက်ထူထောင်ရေးမှာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ခြိမ်းခြောက်နေမှုကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေက နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေဖို့ အုတ်မြစ်ချပေးနိုင်မယ်လို့ ယုံကြည် ကြောင်းလည်း ဝန်ကြီး Pompeo က ပြောပါတယ်။


XS
SM
MD
LG