Accessibility links

Breaking News

တရုတ်ရဲ့စိန်ခေါ်မှု ကန် ယှဉ်ပြိုင်မှုအားမြှင့် (အမေရိကန်အစိုးရအာဘော်)


China US Russia Sanctions
China US Russia Sanctions

အမေရိကန်-တရုတ်ဆက်ဆံရေးကို ထိထိရောက်ရောက် ကိုင်တွယ် စီမံခန့်ခွဲနေပုံနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်ရှေ့မှောက်မှာ နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က တင်ပြရာမှာ “ကျွန်တော်တို့ဟာ အပြောင်းအလဲကြီးကြီးမားမား ကြုံတွေ့နေရတဲ့ အလှည့်အပြောင်းတခုမှာ ရောက်ရှိနေတယ်” လို့ ပြောခဲ့ပါတယ်။

"တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ မျက်မှောက်ခေတ်မှာ ကျွန်တော်တို့ရင်ဆိုင်ရတဲ့အကျိုးဆက်အများဆုံး ပထဝီဝင်နိုင်ငံရေးစိန်ခေါ်မှုကို ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ရည်ရွယ်ချက်ရှိတဲ့ နိုင်ငံတခုဖြစ်ပြီး လွတ်လပ်ပွင့်လင်း၊ လုံခြုံပြီး သာယာဝပြောတဲ့ ကမ္ဘာ့သ‌ဘောတရား ပြောင်း လဲမှုဖြစ်စဉ်ကြီးအတွက် ကျွန်တော်တို့ရဲ့အမြင်ကို စိန်ခေါ်နိုင်စွမ်း ပိုများလာနေပါတယ်။"

“‘လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှု’ အကြောင်း ပြောကြတဲ့အခါ ... ကျွန်တော်တို့ ဆိုလိုတာက နိုင်ငံတွေအနေနဲ့ ကိုယ့်လမ်းကြောင်းကို လွတ်လပ်စွာ ရွေးချယ်နိုင်တာ၊ သူတို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်တာ ... ပြဿနာတွေကို ဖြေရှင်းရာမှာ အတင်းအကျပ်မလုပ်ဘဲ ပွင့်လင်းမြင်သာ ရှိရှိ ကိုင်တွယ်ဖြေရှင်းတာကို ဆိုလိုတာပါ။”

"ကျွန်တော်တို့က တခြားနိုင်ငံတွေကို အမေရိကန်နဲ့ တရုတ်ကြားမှာ' ရွေးချယ်' ဖို့ တောင်းဆိုနေ တာမဟုတ်ဘဲ ပိုပြီးဆွဲဆောင်မှုရှိတဲ့ ရွေးချယ်မှုတခုကို ပေးဆောင်ဖို့ ရည်ရွယ်ပါတယ်။"

၂၀၂၄ ဘဏ္ဍာနှစ်အတွက် သမ္မတဂျိုးဘိုင်ဒင်ရဲ့ အဆိုပြုထားတဲ့ ဘတ်ဂျက်ထဲမှာ လွတ်လပ်ပြီး ပွင့်လင်းတဲ့ နိုင်ငံတကာ ဖြစ်စဉ် ဆက်လက်ရှင်သန်စေပြီး ဖွံဖြိုးတိုးတက်ရေး အာမခံနိုင်စေဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို အရင်းအမြစ်တွေနဲ့ လျင်မြန်သွက်လက်စွာ တုံ့ပြန် စဉ်းစားနားလည် နိုင်စွမ်းတွေကို ပေးပါတယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ အင်ဒို-ပစိဖိတ် ဒေသမှာ စီးပွားရေး အားကောင်းလာစေ ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုအသစ် ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့လည်း ဘတ်ဂျက် ခွင့်ပြုထားပါတယ်။

ဒါက ရေကြောင်းလုံခြုံရေး၊ သန့်ရှင်းတဲ့စွမ်းအင်၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ အရေးပါတဲ့ တွင်းထွက်သတ္တုတူးဖော်ခြင်း အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လွှမ်းမိုးထားတဲ့ ကဏ္ဍတွေမှာ အမေရိကန်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို အားဖြည့်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘတ်ဂျက်ထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ သံတမန်ရေးရာ၊ စီးပွားရေးနဲ့ စစ်ဘက်ဆိုင်ရာ ကဏ္ဍတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံဖို့ သဘောတူထားတဲ့ Freely Associated States လို့ ခေါ်တဲ့ လွတ်လပ်စွာ ဆက်ဆံရေး ထူထောင်ထားတဲ့ တိုင်းပြည်တွေနဲ့ စီးပွားရေး တိုးချဲ့ဖို့ ဒေါ်လာ ၇ ဘီလီယံကျော် ပါဝင်ပါတယ်။

ဒီ ဘဏ္ဍာရေးရံပုံငွေ အားလုံးက ကျွန်တော်တို့ မျိုးဆက်ရဲ့ စိန်ခေါ်မှုတရပ်ကို ရင်ဆိုင်နိုင်စေဖို့ အာမခံစေပြီး ဒေသတွင်းက အဓိကနိုင်ငံတွေ အတွက် အရေးအကြီးဆုံး ကိစ္စရပ်တွေမှာ ကျွန်တော်တို့က ရပ်တည်ပေးမယ့် ရေရှည်ကတိကဝတ်ကို ပြသနိုင်စေမှာဖြစ်ပါတယ်။”

“ဒီ အရေးပါတဲ့ ဆယ်စုနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံတကာစနစ်အတွက် ဘုံတူညီပြီး ခိုင်မာတဲ့ မျှော်မှန်းချက်တွေကို မြှင့်တင်ရာမှာ အောင်မြင်မှု ရှိမလား၊ ဒါမှမဟုတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာက ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို အာမခံတဲ့ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းတွေနဲ့ စံနှုန်းတွေကို ဖျက်သွားနိုင်မလားကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။"

XS
SM
MD
LG