Accessibility links

Breaking News

ဇီ၀ေဂဟေဗဒစနစ္ ထိန္းသိမ္းေစာင့္ေရွာက္ႏုိင္မယ့္ အဓိကေျခလွမ္း 


Executive Director of the UNEP, Inger Andersen addresses delegates at the 50th anniversary of the UN Environment Program (UNEP) in Nairobi on March 3, 2022. (မွတ္တမ္းဓါတ္ပုံ)
Executive Director of the UNEP, Inger Andersen addresses delegates at the 50th anniversary of the UN Environment Program (UNEP) in Nairobi on March 3, 2022. (မွတ္တမ္းဓါတ္ပုံ)

ကမၻာေပၚမွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ တည္ရွိလာတဲ့ သဘာ၀ပတ္၀န္က်င္၊ ကမၻာ႔႐ွားပါး တိရိစၱာန္ေတြနဲ႔ ဇီ၀ေဂဟစနစ္ေတြဟာ အေၾကာင္းအခ်က္ေပါင္းစုံေၾကာင့္ တျဖည္းျဖည္းခ်င္း ဆုတ္ယုတ္ပ်က္စီးလာေနပါတယ္။

ဇီ၀ေဂဟေဗဒစနစ္ ထိန္းသိမ္းေစာင့္ေရွာက္ႏုိင္မယ့္ အဓိကေျခလွမ္း

{{Zawgyi/Unicode}}
ကမၻာေပၚမွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ တည္ရွိလာတဲ့ သဘာ၀ပတ္၀န္က်င္၊ ကမၻာ႔႐ွားပါး တိရိစၱာန္ေတြနဲ႔ ဇီ၀ေဂဟစနစ္ေတြဟာ အေၾကာင္းအခ်က္ေပါင္းစုံေၾကာင့္ တျဖည္းျဖည္းခ်င္း ဆုတ္ယုတ္ပ်က္စီးလာေနပါတယ္။ အနီးကပ္ဆုံး မိတ္ေဆြအေပၚ သစၥာတရား ကင္းမဲ့တဲ့တန္ဖိုးကို လူသားေတြ ေပးဆပ္ေနရပါၿပီလို႔ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး ကုလသမဂၢ အစီအစဥ္ UNEP ရဲ ႔အမႈမေဆာင္ညြန္ၾကားေရးမွဴး Inger Andersen ကေျပာပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ António Guterres ကလည္း လူေတြ ကိုယ့္ေသတြင္းကုိယ္တူးေနၾကတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ အေမရိကန္ ႏုိင္ငံျခားေရးဌာန လက္ေအာက္မွာရွိတဲ့ ပင္လယ္သမုဒၵရာနဲ႔ အျပည္ျပည္ဆိုင္ရာ သဘာ၀ပတ္၀န္းက်င္နဲ႔ သိပၸံေရးရာဌာန ဒု၀န္ႀကီး Monica Medina ကလည္း ဇီ၀ေဂဟပ်က္စီးယိုယြင္းမႈ အက်ပ္အတည္းနဲ႔ တကမၻာလံုး ရင္ဆုိင္ေနရတာျဖစ္ၿပီး ကမၻာ့ေဒသစုံက သဘာ၀တရားႀကီးလည္း ၿခိမ္းေျခာက္မႈနဲ႔ ေတြ႔ႀကဳံေနရတယ္လို႔ေျပာပါတယ္။ မ်ိဳးတုန္းေပ်ာက္ကြယ္မယ့္ေဘးနဲ႔ ႀကဳံေနရတဲ့ မ်ိဳးစိတ္ေပါင္း တသန္းေက်ာ္ရွိသလို ဘယ္တုန္းကမွ မႀကဳံခဲ့ဖူးတဲ့ အေျခေအေနမ်ိဳးေရာက္လာေနၿပီး တခ်ိဳ ႔မ်ိဳးစိတ္ေတြကေတာ့ ဆယ္စုႏွစ္ေတြအတြင္းမွာတင္ ေပ်ာက္ကြယ္သြားႏုိင္ေျခရွိတယ္လို႔လည္း ေျပာပါတယ္။ လူသားေတြအပါအ၀င္ ကမၻာေပၚက သက္ရွိသတၱ၀ါအားလုံး မ်ိဳးတုန္းေပ်ာက္ကြယ္မယ့္ေဘးနဲ႔ ႀကဳံေတြ႔ေနရတယ္လို႔လည္း Medina ကေျပာဆိုသြားပါတယ္။

ကမၻာေပၚက သစ္ပင္ပန္းမန္နဲ႔ တိရိစၱာန္မ်ိဳးစိတ္ေတြ ၆ ႀကိမ္ေျမာက္ အႀကီးအက်ယ္ မ်ိဳးတုန္းေပ်ာက္ကြယ္မယ့္ ကာလထဲေရာက္လာ ႏုိင္တယ္ဆိုၿပီး သိပၸံပညာရွင္ေတြက သတိေပးလာတာ ႏွစ္ေတြနဲ႔ခ်ီရွိပါၿပီ။ သစ္ေတာျပဳန္းတီးမႈ၊ ေတာေကာင္ေတြ ဆုံးရႈံးမႈ၊ ရုပ္ၾကြင္းေလာင္စာေလာင္ကြ်မ္းမႈ၊ ငါးအလြန္အကြ်ံဖမ္းဆီးမႈနဲ႔ သမုဒၵရာနဲ႔ ျမစ္ေရထု ညစ္ညမ္းမႈလို လူသားေတြရဲ ႔ ပေယာဂေၾကာင့္ ျဖစ္လာမယ္လို႔ သိပၸံပညာ႐ွင္ေတြက သတိေပးထားတာျဖစ္ပါတယ္။

ဒီလို ႀကဳံေတြ႔ေနရတဲ့ ေဘးအႏၱရယ္ေတြကို ျပဳျပင္ထိန္းသိမ္းဖို႔ ခုိင္မာတဲ့လုပ္ရပ္ေတြေရွ႔ဆက္ႏုိင္ေရး ကေနဒါႏုိင္ငံ Montreal မွာက်င္းပခဲ့တဲ့ ၁၅ ႀကိမ္ေျမာက္ ကုလသမဂၢ သဘာ၀ပတ္၀န္းက်င္ဆုိင္ရာ ညီလာခံမွာ ႏုိင္ငံေပါင္း ၁၉၆ ႏုိင္ငံက ကို္ယ္စားလွယ္ေတြ ၁၂ ရက္ၾကာ အႀကိတ္အနယ္ေဆြးေႏြးခဲ့ၾကပါတယ္။

၂၀၃၀ ျပည့္လြန္ႏွစ္မွ ာကမၻာ့ေျမထုနဲ႔ ေရထု ၃၀%ကို မပ်က္စီးေအာင္ ကာကြယ္ႏုိင္ဖို႔ ရည္ရြယ္ထားတဲ့ မူေဘာင္ကို အဖြဲ႔၀င္ႏုိင္ငံေတြ သေဘာတူညီမႈရေအာင္ ၀ုိင္း၀န္းတြန္းအားေပးဖို႔ ရည္ရြယ္ခ်က္နဲ႔ အေမရိကန္ျပည္ေထာင္စုက ညီလာခံကိုတက္ေရာက္ခဲ့ပါတယ္။ 30-by-30 လို႔ သိထားၾကတဲ့ ဒီရည္မွန္းခ်က္ဟာ ဇီ၀ေဂဟစနစ္မ်ိဳးစုံ မေပ်ာက္ပ်က္ေအာင္၊ ကမၻာတ၀န္း သဘာ၀ပတ္၀န္းက်င္ေတြ အႀကီးအက်ယ္ ယိုယြင္းပ်က္စီးေနတာေတြ ရပ္တန္႔သြားေအာင္က်ိဳပမ္းတဲ့ေနရာမွာ မရွိမျဖစ္ အေရးပါပါတယ္လို႔လည္း Medina ကေျပာပါတယ္။

30-by-30 ရည္မွန္းခ်က္ေတြ အိမ္ကေနစတင္ရမွာပါ။ ဌာေနတုိင္းရင္းသားေတြ အပါအ၀င္ လူ႔အသုိင္းအ၀ုိင္းတရပ္လုံး၊ ေဒသခံ လူမႈအသိုင္းအ၀ုိင္းနဲ႔ လူငယ္လူရြယ္ေတြရဲ ႔ ပါ၀င္မႈနဲ႔ ခုပဲ လက္ေတြ႔ လုပ္ကုိင္ေနပါၿပီလို႔လည္း Medina ကေျပာပါတယ္။ ဇီ၀ေဂဟစနစ္ ထိမ္းသိမ္းေစာင့္ေရွာက္မယ္ဆိုတဲ့ ကတိက၀တ္ေတြအတုိင္း အေမရိကန္ႏုိင္ငံက စတင္လုပ္ကုိင္ေနပါၿပီ။ သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ ႔ ပထမဆုံး သမၼတအမိန္႔နဲ႔ ထုတ္ျပန္ခ်က္ေတြထဲမွာ America the Beautiful ဆိုတဲ့အမိန္႔ကေတာ့ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး လုပ္ငန္းဆုိင္ရာ အမိန္႔ညႊန္ၾကားခ်က္ျဖစ္ပါတယ္။ ဒါဟာ၂၀၃၀ျပည့္လြန္ႏွစ္မွာ အေမရိကန္ရဲ႔ ေျမထုနဲ႔ေရထု ၃၀%ကို ကာကြယ္ေစာင့္ေရွာက္ ထိန္းသိမ္းထားမယ္ဆိုတဲ့ ကတိလည္းျဖစ္ပါတယ္ လို႔ ဒု၀န္ႀကီး Medina ကေျပာဆိုသြားပါတယ္။

Montreal ညီလာခံမွာ သီတင္း ၂ ပတ္နီးပါး အႀကိ္တ္အနယ္ေဆြးေႏြးခဲ့ၾကၿပီး ဒီဇင္ဘာ ၁၉ ရက္ေန႔မွာေတာ့ Kunming-Montreal Global Biodiversity Framework ဆိုတဲ့ သေဘာတူညီမႈကို ႏုိင္ငံစုံ လက္မွတ္ေရးထိုး သေဘာတူညီခဲ့ၾကပါတယ္။ သဘာ၀ပတ္၀န္းက်င္၊ ကမာၻ႔ ရွားပါးတိရိစၧာန္ေတြနဲ႔ ေဂဟစံနစ္အတြက္အေရးႀကီးလွတဲ့ ေျမနဲ႔ေရျပင္နယ္နိမိတ္ ၃၀ % ကို ၂၀၃၀ျပည့္္လြန္ႏွစ္မွာ ေဖာ္ေဆာင္ဖို႔ သေဘာတူညီလိုက္ၾကတာပါ။

လက္ရွိမ်ိဳးဆက္အတြက္ေရာ ေနာင္မ်ိဳးဆက္သစ္ေတြအတြက္ပါ သဘာ၀ပတ္၀န္းက်င္ကို ကာကြယ္ထိန္းသိမ္းဖို႔ အခြင့္အလမ္းေတြရလို္က္ပါၿပီ၊ ဒီအေရးပါတဲ့အခါသမယကို သတၱိရွိရွိဆုပ္ကုိင္ၿပီး လုပ္ငန္းစတင္ဖို႔လိုအပ္ပါတယ္လို႔လည္း အေမရိကန္ ဒု၀န္ႀကီး Medina ကေျပာဆိုသြားပါတယ္။

..............................................

ဇီဝဂေဟဗေဒစနစ် ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် အဓိကခြေလှမ်း

{{Zawgyi/Unicode}}
ကမ္ဘာပေါ်မှာ ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိလာတဲ့ သဘာဝပတ်ဝန်ကျင်၊ ကမ္ဘာ့ရှားပါး တိရိစ္တာန်တွေနဲ့ ဇီဝဂေဟစနစ်တွေဟာ အကြောင်းအချက်ပေါင်းစုံကြောင့် တဖြည်းဖြည်းချင်း ဆုတ်ယုတ်ပျက်စီးလာနေပါတယ်။ အနီးကပ်ဆုံး မိတ်ဆွေအပေါ် သစ္စာတရား ကင်းမဲ့တဲ့တန်ဖိုးကို လူသားတွေ ပေးဆပ်နေရပါပြီလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကုလသမဂ္ဂ အစီအစဉ် UNEP ရဲ့အမှုမဆောင်ညွန်ကြားရေးမှူး Inger Andersen ကပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကလည်း လူတွေ ကိုယ့်သေတွင်းကိုယ်တူးနေကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဌာန လက်အောက်မှာရှိတဲ့ ပင်လယ်သမုဒ္ဒရာနဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နဲ့ သိပ္ပံရေးရာဌာန ဒုဝန်ကြီး Monica Medina ကလည်း ဇီဝဂေဟပျက်စီးယိုယွင်းမှု အကျပ်အတည်းနဲ့ တကမ္ဘာလုံး ရင်ဆိုင်နေရတာဖြစ်ပြီး ကမ္ဘာ့ဒေသစုံက သဘာဝတရားကြီးလည်း ခြိမ်းခြောက်မှုနဲ့ တွေ့ကြုံနေရတယ်လို့ပြောပါတယ်။ မျိုးတုန်းပျောက်ကွယ်မယ့်ဘေးနဲ့ ကြုံနေရတဲ့ မျိုးစိတ်ပေါင်း တသန်းကျော်ရှိသလို ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ အခြေအေနေမျိုးရောက်လာနေပြီး တချို့မျိုးစိတ်တွေကတော့ ဆယ်စုနှစ်တွေအတွင်းမှာတင် ပျောက်ကွယ်သွားနိုင်ခြေရှိတယ်လို့လည်း ပြောပါတယ်။ လူသားတွေအပါအဝင် ကမ္ဘာပေါ်က သက်ရှိသတ္တဝါအားလုံး မျိုးတုန်းပျောက်ကွယ်မယ့်ဘေးနဲ့ ကြုံတွေ့နေရတယ်လို့လည်း Medina ကပြောဆိုသွားပါတယ်။

ကမ္ဘာပေါ်က သစ်ပင်ပန်းမန်နဲ့ တိရိစ္တာန်မျိုးစိတ်တွေ ၆ ကြိမ်မြောက် အကြီးအကျယ် မျိုးတုန်းပျောက်ကွယ်မယ့် ကာလထဲရောက်လာ နိုင်တယ်ဆိုပြီး သိပ္ပံပညာရှင်တွေက သတိပေးလာတာ နှစ်တွေနဲ့ချီရှိပါပြီ။ သစ်တောပြုန်းတီးမှု၊ တောကောင်တွေ ဆုံးရှုံးမှု၊ ရုပ်ကြွင်းလောင်စာလောင်ကျွမ်းမှု၊ ငါးအလွန်အကျွံဖမ်းဆီးမှုနဲ့ သမုဒ္ဒရာနဲ့ မြစ်ရေထု ညစ်ညမ်းမှုလို လူသားတွေရဲ့ ပယောဂကြောင့် ဖြစ်လာမယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားတာဖြစ်ပါတယ်။

ဒီလို ကြုံတွေ့နေရတဲ့ ဘေးအန္တရယ်တွေကို ပြုပြင်ထိန်းသိမ်းဖို့ ခိုင်မာတဲ့လုပ်ရပ်တွေရှေ့ဆက်နိုင်ရေး ကနေဒါနိုင်ငံ Montreal မှာကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံမှာ နိုင်ငံပေါင်း ၁၉၆ နိုင်ငံက ကိုယ်စားလှယ်တွေ ၁၂ ရက်ကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပါတယ်။

၂၀၃၀ ပြည့်လွန်နှစ်မှ ာကမ္ဘာ့မြေထုနဲ့ ရေထု ၃၀%ကို မပျက်စီးအောင် ကာကွယ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ မူဘောင်ကို အဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီမှုရအောင် ဝိုင်းဝန်းတွန်းအားပေးဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်ပြည်ထောင်စုက ညီလာခံကိုတက်ရောက်ခဲ့ပါတယ်။ 30-by-30 လို့ သိထားကြတဲ့ ဒီရည်မှန်းချက်ဟာ ဇီဝဂေဟစနစ်မျိုးစုံ မပျောက်ပျက်အောင်၊ ကမ္ဘာတဝန်း သဘာဝပတ်ဝန်းကျင်တွေ အကြီးအကျယ် ယိုယွင်းပျက်စီးနေတာတွေ ရပ်တန့်သွားအောင်ကျိုပမ်းတဲ့နေရာမှာ မရှိမဖြစ် အရေးပါပါတယ်လို့လည်း Medina ကပြောပါတယ်။

30-by-30 ရည်မှန်းချက်တွေ အိမ်ကနေစတင်ရမှာပါ။ ဌာနေတိုင်းရင်းသားတွေ အပါအဝင် လူ့အသိုင်းအဝိုင်းတရပ်လုံး၊ ဒေသခံ လူမှုအသိုင်းအဝိုင်းနဲ့ လူငယ်လူရွယ်တွေရဲ့ ပါဝင်မှုနဲ့ ခုပဲ လက်တွေ့ လုပ်ကိုင်နေပါပြီလို့လည်း Medina ကပြောပါတယ်။ ဇီဝဂေဟစနစ် ထိမ်းသိမ်းစောင့်ရှောက်မယ်ဆိုတဲ့ ကတိကဝတ်တွေအတိုင်း အမေရိကန်နိုင်ငံက စတင်လုပ်ကိုင်နေပါပြီ။ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ပထမဆုံး သမ္မတအမိန့်နဲ့ ထုတ်ပြန်ချက်တွေထဲမှာ America the Beautiful ဆိုတဲ့အမိန့်ကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာ အမိန့်ညွှန်ကြားချက်ဖြစ်ပါတယ်။ ဒါဟာ၂၀၃၀ပြည့်လွန်နှစ်မှာ အမေရိကန်ရဲ့ မြေထုနဲ့ရေထု ၃၀%ကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းထားမယ်ဆိုတဲ့ ကတိလည်းဖြစ်ပါတယ် လို့ ဒုဝန်ကြီး Medina ကပြောဆိုသွားပါတယ်။

Montreal ညီလာခံမှာ သီတင်း ၂ ပတ်နီးပါး အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ Kunming-Montreal Global Biodiversity Framework ဆိုတဲ့ သဘောတူညီမှုကို နိုင်ငံစုံ လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြပါတယ်။ သဘာဝပတ်ဝန်းကျင်၊ ကမ္ဘာ့ ရှားပါးတိရိစ္ဆာန်တွေနဲ့ ဂေဟစံနစ်အတွက်အရေးကြီးလှတဲ့ မြေနဲ့ရေပြင်နယ်နိမိတ် ၃၀ % ကို ၂၀၃၀ပြည့်လွန်နှစ်မှာ ဖော်ဆောင်ဖို့ သဘောတူညီလိုက်ကြတာပါ။

လက်ရှိမျိုးဆက်အတွက်ရော နောင်မျိုးဆက်သစ်တွေအတွက်ပါ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့ အခွင့်အလမ်းတွေရလိုက်ပါပြီ၊ ဒီအရေးပါတဲ့အခါသမယကို သတ္တိရှိရှိဆုပ်ကိုင်ပြီး လုပ်ငန်းစတင်ဖို့လိုအပ်ပါတယ်လို့လည်း အမေရိကန် ဒုဝန်ကြီး Medina ကပြောဆိုသွားပါတယ်။

XS
SM
MD
LG