"လွန်ခဲ့တဲ့ နှစ်နှစ်ခွဲကျော်အတွင်းမှာ အမေရိကန်ပြည်ထောင်စုဟာ တိုင်းပြည် အားကောင်းလာစေဖို့နဲ့ ကမ္ဘာတဝန်းက ကျွန်တော်တို့ရဲ့ ရပ်တည်မှုကို ခိုင်မာစေဖို့ ပြည်တွင်းရော ပြည်ပမှာပါ ရည်ရွယ်ချက်ရှိရှိနဲ့ မဟာဗျူဟာမြောက် ခြေလှမ်းတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။"
“ဒါက ကမ္ဘာပေါ်မှာ သက်ရောက်မှု အကျိုးဆက် အရှိဆုံးတွေထဲက တခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြား ဆက်ဆံရေးအတွက် နောက်ခံကားချပ်ပါပဲ။”
“အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံစလုံးက ဒီဆက်ဆံရေးကို တာဝန်သိသိနဲ့ စီမံခန့်ခွဲဖို့ တာဝန်ရှိပါတယ်။”
"အမေရိကန်ပြည်ထောင်စုဟာ တခြားနိုင်ငံတွေနဲ့ အတူ မျှဝေခံစားနိုင်မယ့် အနာဂတ်အတွက် မျှော်မှန်းချက် တခုကို မြှင့်တင်ကာ ကမ္ဘာတဝန်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို နှစ်များစွာ ကာကွယ်စောင့်ရှောက်ပေးနိုင်စွမ်းတဲ့ ဥပဒေသ စည်းမျဉ်းတွေကို အခြေခံတဲ့ အစီအစဥ်ကို ဆွဲကိုင် ထားတဲ့ နိုင်ငံတွေ၊ ပိုမိုကောင်းမွန်အောင် မွမ်းမံပြင်ဆင်နေတဲ့ နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ လွတ်လပ် ပွင့်လင်းပြီး တည်ငြိမ် သာယာဝပြောတဲ့ ကမ္ဘာတခုတည်ဆောက်ဖို့ ရည်မှန်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

“အဆင့်မြင့် ဆက်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုမို အားကောင်းအောင်လုပ်ဖို့၊ သဘောထားကွဲလွဲနေတဲ့ နယ်ပယ်တွေမှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းဖို့နဲ့ အလုပ် အတူ တွဲလုပ်နိုင်မယ့် အကျိုးစီးပွားချင်း ထပ်တူကျတဲ့ နိုင်ငံဖြတ်ကျော် စိန်ခေါ်မှုတွေရှိတဲ့ နယ်ပယ်တွေကို စူးစမ်းဖော်ထုတ်နိုင်ဖို့ ကျွန်တော် ဘေဂျင်းကို လာခဲ့ပါတယ်။”
"အကြီးတန်းအဆင့်ချင်း တိုက်ရိုက်ထိတွေ့ဆက်ဆံမှုနဲ့ ရေရှည်တည်တံ့တဲ့ ဆက်သွယ်မှု တည်ဆောက်ခြင်းဖြင့်သာ ကျွန်တော်တို့ ကြားက ကွဲပြားနေမှုတွေကို တာဝန်သိစွာစီမံခန့်ခွဲနိုင်မှာ ဖြစ်ပြီး ပြိုင်ဆိုင်မှုကနေ ပဋိပက္ခ မဖြစ်စေရေး အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။"
"ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်တာကို နှစ်နိုင်ငံစလုံးက သဘောတူကြပါတယ်။"
“ရှေ့ဆက်ရမယ့်လမ်းကို ရှာဖို့က နှစ်နိုင်ငံစလုံးရဲ့ တာဝန်ဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ အကျိုးစီးပွား ဖြစ်သလို ကမ္ဘာကြီး တခုလုံးရဲ့ အကျိုးစီးပွားအတွက်လည်း ဖြစ်ပါတယ်။”