Accessibility links

Breaking News

၂၀၂၄ အမေရိကန်လွတ်လပ်ရေးနေ့ (အမေရိကန်အစိုးရအာဘော်)


၂၀၂၄ အမေရိကန်လွတ်လပ်ရေးနေ့
(အမေရိကန်အစိုးရအာဘော်)
please wait

No media source currently available

0:00 0:03:26 0:00

အမေရိကန်ပြည်ထောင်စုကို စတင်တည်ထောင်တဲ့ ၂၄၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကို အမေရိကန်နိုင်ငံသားတွေ ဒီကနေ့ (ဇူလိုင်လ ၄ ရက်နေ့မှာ) ဆင်နွှဲကြပါတယ်။

အမေရိကန်ပြည်ထောင်စုကို စတင်တည်ထောင်တဲ့ ၂၄၈ နှစ်မြောက် နှစ်ပတ်လည်နေ့ကို အမေရိကန်နိုင်ငံသားတွေ ဒီကနေ့ (ဇူလိုင်လ ၄ ရက်နေ့မှာ) ဆင်နွှဲကြပါတယ်။ မြောက်အမေရိကား ကိုလိုနီ ၁၃ ခုရဲ့ အုပ်ချုပ်ရေးအဖွဲ့က ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ လွတ်လပ်ရေး ကြေညာစာတမ်းကို အပြီးသတ်အတည်ပြုခဲ့ပြီး ဗြိတိန်ကိုလိုနီလက်အောက်ကနေ သီးခြားလွတ်လပ်တဲ့ပြည်နယ်တွေအဖြစ် ကမ္ဘာကသိအောင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ကြေညာစာတမ်းကို အမေရိကန် လွတ်လပ်ရေးစစ်ပွဲကြီးစပြီး ၁ နှစ်ကျော်ကြာမှ ရေးခဲ့တာဖြစ်ပေမဲ့လို့လည်း တော်လှန်ရေးအတွေးအခေါ် နှစ်ခုအပေါ်မှာ အခြေခံ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ပထမ တချက်က − ဗြိတိန် တတိယမြောက် George ဘုရင်အစိုးရဟာ အမေရိကန် ကိုလိုနီတွေရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို အတင်းအဓမ္မ လုယူသိမ်းပိုက်ပြီး ထပ်ခါတလဲလဲ ထိခိုက်နာကျင်အောင်လုပ်နေတာကြောင့် ကိုလိုနီပြည်နယ်တွေ စုပေါင်းပြီး ဗြိတိန်လက်အောက်ကနေ သီးခြား လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ် ခွဲထွက်ဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ − လူတိုင်းကို တန်းတူညီမျှ ဖန်ဆင်းထားတယ် ဆိုတဲ့ အယူအဆပါ။ ဆိုလိုတာကတော့ အားလုံးဟာ မွေးရာပါ အခွင့်အရေးတွေကို တန်းတူ ခံစားခွင့်ရှိပြီး၊ ဒီအထဲမှာ ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ခွင့်၊ တခြားသော နိုင်ငံသားတွေနည်းတူ တန်းတူ ဆက်ဆံ ခံရခွင့်နဲ့ ကိုယ့်အတွက် ကောင်းမွန်တဲ့ ဘဝတခုကို ဖန်တီးနေထိုင်ခွင့် ရှိရမယ် ဆိုတာတွေ ပါ ပါတယ်။ ဒါတွေဟာ အမေရိကန် ပြည်ထောင်စုကို ဖွဲ့စည်း တည်ထောင်ထားတဲ့ အခြေခံမူတွေရဲ့ အဓိကအချက်တွေပဲ ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အမြင့်ဆုံး ဥပဒေ၊ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံရဲ့ အဓိက အခြေခံတွေပါ။
ဒါပေမဲ့ ဒီအခြေခံမူတွေနဲ့အညီ နေထိုင်ဖို့ မကြာခန ပျက်ကွက်တာတွေ ရှိခဲ့သလို၊ ဒီအထဲမှာ အဆိုးဆုံး ကတော့ လွတ်လပ်ရေး ကြေညာစာတမ်း ရေးဆွဲခဲ့ပြီး နောက်ထပ် နှစ်ပေါင်း ၈၀ ကြာတဲ့တိုင်အောင် ကျွန်ပြုမှုတွေ ဆက်ရှိနေခဲ့တာပါ။ နှစ်တွေ ကြာလာနဲ့အမျှ ဒါတွေကို အဆုံးသတ်နိုင်ခဲ့ပြီး နောက်ထပ် ကြုံလာရတဲ့ စိန်ခေါ်မှုသစ်တွေ အတွက်လည်း အပြောင်းအလဲ မျိုးစေ့တွေ ချနိုင်ခဲ့ပါတယ်။

“ဒီကနေ့မှာတော့ ကျနော်တို့အားလုံး လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု ဆင်နွှဲနိုင်ခဲ့ပါပြီ။ ကျနော်တို့ရဲ့ လွတ်လပ်ရေး၊ ကျနော်တို့ရဲ့ လွတ်လပ်ခြင်းတွေကို ဆင်နွှဲနိုင်ကြပါပြီ” − လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

“တခြားသော နိုင်ငံတွေ အားလုံးက နယ်မြေဒေသ၊ လူမျိုးနဲ့ ကိုးကွယ်ယုံကြည်မှုတွေ အပေါ်မှာ အခြေခံ တည်ထောင်ခဲ့ကြပေမဲ့၊ အမေရိကန် ပြည်ထောင်စု ကတော့ အတွေးအခေါ်တခု အပေါမှာ အခြေခံတည်ထောင်ထားတဲ့ တခုတည်းသော သမိုင်းဝင် နိုင်ငံ ဖြစ်ပါတယ်။ အဲ့ဒါကတော့ လူသားအားလုံးကို ဖန်ဆင်းရှင်က တန်းတူ ဖန်ဆင်းထားပြီး အားလုံး တန်းတူ အခွင့်အရေးတွေ ရှိတယ် ဆိုတဲ့ ခိုင်မာတဲ့ အမှန်တရားကို ကျနော်တို့ လက်ကိုင်ထားတာ ဖြစ်ပါတယ်။ ဒီအထဲမှာ ဘဝရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်မှုကို ရှာဖွေခွင့်တွေ ပါပါတယ်။”

“ဒီစကားလုံးတွေအတိုင်း ညီအောင် အမြဲတမ်း မနေနိုင်ကြပေမဲ့လည်း ဒီအချက်တွေကို ဘယ်တော့မှ ပစ်ပယ် သွေဖီသွားမှာ မဟုတ်ဘူး။ ဒီကနေ့ အချိန်မှာရော၊ နေ့ရက်တိုင်းမှာပါ ဒါတွေကို ဘယ်သောအခါမှ၊ ဘယ်တော့မှ မပစ်ပယ်ဘူး ဆိုတာကို ပြတ်ပြတ်သားသား ပြောရပါလိမ့်မယ်” − လို့လည်း သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG