Accessibility links

Breaking News

ေဂဟစနစ္နဲ႔ နည္းပညာလုံျခဳံေရး


Visitors wearing mask to protect from the coronavirus walk past a 5G sign at the China Beijing International High Tech Expo in Beijing, China on Thursday, Sept. 17, 2020. (AP Photo/Ng Han Guan)
Visitors wearing mask to protect from the coronavirus walk past a 5G sign at the China Beijing International High Tech Expo in Beijing, China on Thursday, Sept. 17, 2020. (AP Photo/Ng Han Guan)

{{Zawgyi/Unicode}}

အေမရိကန္အစိုးရအာေဘာ္ကိုတင္ျပပါမယ္။

5 G လို႔ေခၚတဲ့ broadband cellular ကြန္ရက္ရဲ့ ပဥၥမမ်ိဳးဆက္ နည္းပညာကို မႏွစ္ကစလို႔ ကမၻာတစ္ဝွမ္းမွာ စတင္ တပ္ဆင္ အသုံးျပဳေနၿပီ ျဖစ္ပါတယ္။ 5G နည္းပညာက အရင္သုံးစြဲေနတဲ့ 4G နည္းပညာထက္ ပိုက်ယ္ျပန္႔အားေကာင္းတာေၾကာင့္ လက္ကိုင္ ဆဲလ္ဖုန္းေတြနဲ႔ အင္တာနက္ အသုံးျပဳရာမွာ application အသစ္ေတြကို ပိုၿပီး သုံးစြဲလာနိုင္မွာ ျဖစ္ပါတယ္။

ဒါေပမဲ့ 5G ေၾကာင့္ အခ်က္အလက္ေတြ အားေကာင္းေကာင္းနဲ႔ စီးဆင္းေပးပို႔နိုင္တာက ဆိုင္ဘာ လုံျခဳံေရးကိုလည္း ပိုၿပီး အႏၲရာယ္ရွိေစနိုင္ပါတယ္။ 5G လို နည္းပညာမ်ိဳးက တိုးတက္မႈအတြက္ အခြင့္အလမ္းေတြ ပုံေအာေပးေနခ်ိန္မွာ စိတ္မခ်ရတဲ့ နိုင္ငံေတြ၊ ကုမၸဏီေတြနဲ႔ တ႐ုတ္ ကြန္ျမဴနစ္ပါတီလို တစ္ေသြးတစ္သံတစ္မိန္႔ အုပ္ခ်ဳပ္တဲ့ အစိုးရေတြရဲ့ ၿခိမ္းေျခာက္မႈ အႏၲရာယ္နဲ႔လည္း ၾကဳံေတြရဖို႔ အေျခအေန ပိုမ်ားတယ္လို႔ အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီးဌာန စီးပြားေရးတိုးတက္မႈ၊ စြမ္းအင္နဲ႔ ပတ္ဝန္းက်င္ဌာနက အႀကီးတန္း အတြင္းဝန္ Keith Krach က အင္ဒို-ပစိဖိတ္ စီးပြားေရး ဖိုရမ္မွာ ေျပာပါတယ္။

ကၽြန္ေတာ္တို႔ရဲ့ အဖိုးတန္ ပုဂၢိဳလ္ေရး အခ်က္အလက္ေတြ၊ 5G သုံးစြဲသူေတြရဲ့ အေရးႀကီးတဲ့ အခ်က္အလက္ေတြနဲ႔ တန္ဖိုးျမင့္မားတဲ့ ကၽြန္ေတာ္တို႔ရဲ့ ဉာဏပစၥည္းေတြကို မၽွေဝ သုံးစြဲဖို႔ ဘယ္သူ႔ကို ယုံၾကည္ရမလဲဆိုတာက ေမးစရာ ေမးခြန္း ျဖစ္လာပါတယ္လို႔လည္း အႀကီးတန္း အတြင္းဝန္ Krach က ေျပာပါတယ္။ တ႐ုတ္ ကြန္ျမဴနစ္ပါတီရဲ့ ေက်ာရိုးျဖစ္တဲ့ Huawei လို ကုမၸဏီမ်ိဳးေတာ့ မဟုတ္တာ ေသခ်ာပါတယ္။ တ႐ုတ္ ကြန္ျမဴနစ္ပါတီက ေတာင္းဆိုရင္ တ႐ုတ္ကုမၸဏီတိုင္း၊ နိုင္ငံပိုင္ ကုမၸဏီတိုင္း၊ တ႐ုတ္နိုင္ငံသားတိုင္းအေနနဲ႔ သတင္းအခ်က္အလက္ေတြ၊ နည္းပညာပိုင္ဆိုင္မႈေတြ၊ ဉာဏပစၥည္းပိုင္ဆိုင္မႈနဲ႔ အခ်က္အလက္ေတြကို ေပးအပ္ရမယ္ဆိုတဲ့ အမ်ိဳးသား ေထာက္လွမ္းေရး ဥပေဒ ျပဌာန္းထားတဲ့ နိုင္ငံမ်ိဳး မဟုတ္တာလည္း ေသခ်ာပါတယ္လို႔လည္း သူက ေျပာပါတယ္။

ဒါေၾကာင့္လည္း ဩဂုတ္လတုန္းက နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က Clean Network သန္႔စင္တဲ့ ကြန္ရက္ အစီအစဥ္ကို စတင္လိုက္ တာပါ။ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာနရဲ့ Clean Network သန္႔စင္ကြန္ရက္ အစီအစဥ္အရ ပုဂၢိဳလ္ေရး အခ်က္အလက္၊ ဉာဏပစၥည္းပိုင္ဆိုင္မႈနဲ႔ အမ်ိဳးသား လုံျခဳံမႈ အေရးကိစၥေတြကို တ႐ုတ္ ကြန္ျမဴနစ္ပါတီလို အႏၲရာယ္ရွိတဲ့ အဖြဲ႕ေတြရဲ့ ရန္ကေန လုံျခဳံမႈရေစဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

ပုဂၢိဳလ္ေရးအခ်က္အလက္ လုံျခဳံမႈ၊ လုံျခဳံေရး၊ လူ႔အခြင့္အေရးနဲ႔ ယုံၾကည္ရတဲ့ ပူးေပါင္းေဆာင္ရြက္မႈေတြအေပၚ ေရရွည္ က်ေရာက္ေနတဲ့ အႏၲရာယ္ ေတြကို တုန္႔ျပန္ဖို႔ Clean Network သန္႔စင္တဲ့ ကြန္ရက္က ျပည့္စုံတဲ့ နည္းလမ္းတစ္ခု ျဖစ္တယ္လို႔လည္း အႀကီးတန္း အတြင္းဝန္ Keith Krach က

ပါတယ္။ ဒါက နိုင္ငံတကာက လက္ခံထားတဲ့ ဒီဂ်စ္တယ္ ယုံၾကည္မႈဆိုင္ရာစံႏႈန္းေတြေပၚမွာ အေျခတည္ထားတာ ျဖစ္သလို သန္႔စင္တဲ့ နိုင္ငံ ၄၉ နိုင္ငံနဲ႔ ပူးေပါင္း ဖြဲ႕စည္းထားတာလည္း ျဖစ္ပါတယ္။ ကမၻာမွာ ဦးေဆာင္ေနတဲ့ သန္႔စင္တဲ့ ဆက္သြယ္ေရးကုမၸဏီ ၁၇၀ လည္း ပါဝင္တယ္လို႔လည္း သူက ေျပာ ပါတယ္။

နိုင္ငံ့ အစိုးရေတြ၊ စီးပြားေရး လုပ္ငန္းေတြ၊ လူမႈအဖြဲ႕အစည္းေတြနဲ႔ အထူးသျဖင့္ သတင္းဌာနေတြ အပါအဝင္ ကၽြန္ေတာ္တို႔တစ္ေတြအားလုံး လြတ္လပ္မႈနဲ႔ လုံျခဳံမႈေတြကို အေလးေပးၿပီး ႀကီးထြားလာေနတဲ့ တစ္ေသြးတစ္သံတစ္မိန္႔ဝါဒကို ဆက္လက္ တုန္႔ျပန္တိုက္ဖ်က္ၾကရပါမယ္။ လြတ္လပ္မႈ မရွိရင္ အားလုံး ခံစားရတဲ့ ေရရွည္တည္တံ့တဲ့ ႀကီးပြားခ်မ္းသာမႈဆိုတာလည္း မရွိနိုင္ေၾကာင္း နိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္း အတြင္းဝန္ Keith Krach က ေျပာပါတယ္ ခင္ဗ်ား။

...................................................

{{Unicode}}

အမေရိကန်အစိုးရအာဘော်ကိုတင်ပြပါမယ်။

5 G လို့ခေါ်တဲ့ broadband cellular ကွန်ရက်ရဲ့ ပဉ္စမမျိုးဆက် နည်းပညာကို မနှစ်ကစလို့ ကမ္ဘာတစ်ဝှမ်းမှာ စတင် တပ်ဆင် အသုံးပြုနေပြီ ဖြစ်ပါတယ်။ 5G နည်းပညာက အရင်သုံးစွဲနေတဲ့ 4G နည်းပညာထက် ပိုကျယ်ပြန့်အားကောင်းတာကြောင့် လက်ကိုင် ဆဲလ်ဖုန်းတွေနဲ့ အင်တာနက် အသုံးပြုရာမှာ application အသစ်တွေကို ပိုပြီး သုံးစွဲလာနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ 5G ကြောင့် အချက်အလက်တွေ အားကောင်းကောင်းနဲ့ စီးဆင်းပေးပို့နိုင်တာက ဆိုင်ဘာ လုံခြုံရေးကိုလည်း ပိုပြီး အန္တရာယ်ရှိစေနိုင်ပါတယ်။ 5G လို နည်းပညာမျိုးက တိုးတက်မှုအတွက် အခွင့်အလမ်းတွေ ပုံအောပေးနေချိန်မှာ စိတ်မချရတဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေနဲ့ တရုတ် ကွန်မြူနစ်ပါတီလို တစ်သွေးတစ်သံတစ်မိန့် အုပ်ချုပ်တဲ့ အစိုးရတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်နဲ့လည်း ကြုံတွေရဖို့ အခြေအနေ ပိုများတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေးတိုးတက်မှု၊ စွမ်းအင်နဲ့ ပတ်ဝန်းကျင်ဌာနက အကြီးတန်း အတွင်းဝန် Keith Krach က အင်ဒို-ပစိဖိတ် စီးပွားရေး ဖိုရမ်မှာ ပြောပါတယ်။
ကျွန်တော်တို့ရဲ့ အဖိုးတန် ပုဂ္ဂိုလ်ရေး အချက်အလက်တွေ၊ 5G သုံးစွဲသူတွေရဲ့ အရေးကြီးတဲ့ အချက်အလက်တွေနဲ့ တန်ဖိုးမြင့်မားတဲ့ ကျွန်တော်တို့ရဲ့ ဉာဏပစ္စည်းတွေကို မျှဝေ သုံးစွဲဖို့ ဘယ်သူ့ကို ယုံကြည်ရမလဲဆိုတာက မေးစရာ မေးခွန်း ဖြစ်လာပါတယ်လို့လည်း အကြီးတန်း အတွင်းဝန် Krach က ပြောပါတယ်။ တရုတ် ကွန်မြူနစ်ပါတီရဲ့ ကျောရိုးဖြစ်တဲ့ Huawei လို ကုမ္ပဏီမျိုးတော့ မဟုတ်တာ သေချာပါတယ်။ တရုတ် ကွန်မြူနစ်ပါတီက တောင်းဆိုရင် တရုတ်ကုမ္ပဏီတိုင်း၊ နိုင်ငံပိုင် ကုမ္ပဏီတိုင်း၊ တရုတ်နိုင်ငံသားတိုင်းအနေနဲ့ သတင်းအချက်အလက်တွေ၊ နည်းပညာပိုင်ဆိုင်မှုတွေ၊ ဉာဏပစ္စည်းပိုင်ဆိုင်မှုနဲ့ အချက်အလက်တွေကို ပေးအပ်ရမယ်ဆိုတဲ့ အမျိုးသား ထောက်လှမ်းရေး ဥပဒေ ပြဌာန်းထားတဲ့ နိုင်ငံမျိုး မဟုတ်တာလည်း သေချာပါတယ်လို့လည်း သူက ပြောပါတယ်။
ဒါကြောင့်လည်း ဩဂုတ်လတုန်းက နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က Clean Network သန့်စင်တဲ့ ကွန်ရက် အစီအစဉ်ကို စတင်လိုက် တာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Clean Network သန့်စင်ကွန်ရက် အစီအစဉ်အရ ပုဂ္ဂိုလ်ရေး အချက်အလက်၊ ဉာဏပစ္စည်းပိုင်ဆိုင်မှုနဲ့ အမျိုးသား လုံခြုံမှု အရေးကိစ္စတွေကို တရုတ် ကွန်မြူနစ်ပါတီလို အန္တရာယ်ရှိတဲ့ အဖွဲ့တွေရဲ့ ရန်ကနေ လုံခြုံမှုရစေဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှု၊ လုံခြုံရေး၊ လူ့အခွင့်အရေးနဲ့ ယုံကြည်ရတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် ရေရှည် ကျရောက်နေတဲ့ အန္တရာယ် တွေကို တုန့်ပြန်ဖို့ Clean Network သန့်စင်တဲ့ ကွန်ရက်က ပြည့်စုံတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့လည်း အကြီးတန်း အတွင်းဝန် Keith Krach က
ပါတယ်။ ဒါက နိုင်ငံတကာက လက်ခံထားတဲ့ ဒီဂျစ်တယ် ယုံကြည်မှုဆိုင်ရာစံနှုန်းတွေပေါ်မှာ အခြေတည်ထားတာ ဖြစ်သလို သန့်စင်တဲ့ နိုင်ငံ ၄၉ နိုင်ငံနဲ့ ပူးပေါင်း ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ ကမ္ဘာမှာ ဦးဆောင်နေတဲ့ သန့်စင်တဲ့ ဆက်သွယ်ရေးကုမ္ပဏီ ၁၇၀ လည်း ပါဝင်တယ်လို့လည်း သူက ပြော ပါတယ်။
နိုင်ငံ့ အစိုးရတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ အထူးသဖြင့် သတင်းဌာနတွေ အပါအဝင် ကျွန်တော်တို့တစ်တွေအားလုံး လွတ်လပ်မှုနဲ့ လုံခြုံမှုတွေကို အလေးပေးပြီး ကြီးထွားလာနေတဲ့ တစ်သွေးတစ်သံတစ်မိန့်ဝါဒကို ဆက်လက် တုန့်ပြန်တိုက်ဖျက်ကြရပါမယ်။ လွတ်လပ်မှု မရှိရင် အားလုံး ခံစားရတဲ့ ရေရှည်တည်တံ့တဲ့ ကြီးပွားချမ်းသာမှုဆိုတာလည်း မရှိနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အတွင်းဝန် Keith Krach က ပြောပါတယ် ခင်ဗျား။

XS
SM
MD
LG