အေမရိကန္ျပည္ေထာင္စု သမၼတမ်ားေန႔

အေမရိကန္ျပည္ေထာင္စု သမၼတမ်ား George Washington, Thomas Jefferson, Theodore Roosevelt , Abraham Lincoln

အေမရိကန္ျပည္ေထာင္စု သမၼတမ်ား George Washington, Thomas Jefferson, Theodore Roosevelt , Abraham Lincoln

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ျပည္သူေတြက အတိတ္ကသူတို႔ရဲ႕ ေခါင္းေဆာင္ေတြကို ဂုဏ္ျပဳၿပီး ႏွစ္စဥ္ ေဖေဖၚဝါရီလရဲ႕ တတိယေျမာက္ တနလၤာေန႔ကို သမၼတမ်ားေန႔အျဖစ္ သတ္မွတ္ဂါရဝျပဳၾကပါတယ္။ ဒီေန႔မွာ သမၼတအားလံုးအတြက္ ဂုဏ္ျပဳတာျဖစ္ေပမဲ့ မူရင္းကေတာ့ အေမရိကန္ျပည္ေထာင္စုရဲ႕ ပထမဆံုးသမၼတ George Washington ကို ရည္စူးခဲ့တာျဖစ္ပါတယ္။

George Washington ဟာ အေမရိကန္ေတာ္လွန္ေရးစစ္ပြဲကာလမွာ ေခါင္းေဆာင္တေယာက္ျဖစ္ရံုသာမက၊ ႏိုင္ငံရဲ႕ ပထမဆံုး အုပ္ခ်ဳပ္မႈအာဏာ တာဝန္ယူတဲ့ အတြက္ေၾကာင့္ပါ၊ အႀကီးအက်ယ္ လူႀကိဳက္မ်ားတဲ့ သမၼတျဖစ္ပါတယ္။ သူ႔ကို အေမရိကန္ျပည္ေထာင္စုရဲ႕ ဖခင္လို႔ တင္စားခဲ့ၾကတာ အခုအခ်ိန္အထိလည္း မၾကာခဏ ရည္ညႊန္းေနၾကဆဲျဖစ္ပါတယ္။

အဲဒီအခ်ိန္က အင္အားအႀကီးဆံုးစစ္တပ္ကိုပိုင္ဆိုင္ၿပီး၊ အေမရိကန္ေတြအေပၚ ကိုလိုနီခ်ဲ႕ထြင္သူေတြကို ႏိုင္ေအာင္တိုက္ထုတ္၊ ေအာင္ပြဲခံႏိုင္တဲ့ စစ္ေရးေခါင္းေဆာင္တေယာက္ ျဖစ္တာကလည္း လူႀကိဳက္မ်ားရျခင္းရဲ႕ တစိတ္တပိုင္းျဖစ္ပါတယ္။ ဒါေပမဲ့ သူဟာ အနာဂတ္သမၼတေတြအတြက္၊ လုပ္ငန္းေဆာင္တာေတြကို ပံုေဖၚေပးခဲ့ၿပီး၊ သူ႔ေနာက္ပိုင္း တာဝန္ယူသူေတြအတြက္ အေတြ႔အႀကံဳေတြအမ်ားႀကီး လက္ဆင့္ကမ္းေပးခဲ့ပါတယ္။

ႏိုင္ငံတဝန္း ၾသဇာသက္ေရာက္ႏိုင္မယ့္ သမၼတအာဏာအျပည့္အဝ ရွိရမယ္ဆိုေပမဲ့၊ ထီးနန္းစံဘုရင္စံနစ္ ပံုစံမ်ိဳးမဟုတ္ဘဲ၊ ထိန္းညွိေပးဖို႔ လိုအပ္တယ္ဆိုတာကို George Washington က ယံုၾကည္ပါတယ္။

သူတကယ္လို႔ သမၼတတာဝန္ထမ္းေဆာင္ေနစဥ္ ကြယ္လြန္ခဲ့ရင္ ျပည္သူလူထုက သမၼတဆိုတာ တသက္လံုးတာဝန္ယူရမွာျဖစ္တယ္လို႔ ဆံုးျဖတ္ေကာင္း ဆံုးျဖတ္ႏိုင္တဲ့အတြက္၊ စိတ္ပူမိတာေၾကာင့္ သမၼတသက္တမ္း ႏွစ္ႀကိမ္အၿပီးမွာ ႏႈတ္ထြက္လိုက္ပါတယ္။

သမၼတသက္တမ္း ေလးႀကိမ္တာဝန္ယူတဲ့ Franklin Delano Roosevelts ကလြဲလို႔၊ သူ႔ေနာက္ပိုင္း တာဝန္ယူတဲ့ သမၼတတိုင္းဟာ George Washington ရဲ႕ နမူနာအတိုင္း သက္တမ္းႏွစ္ႀကိမ္ဘဲ တာဝန္ ထမ္းေဆာင္ခဲ့ၾကပါတယ္။ အေမရိကန္ကြန္ကရက္လႊတ္ေတာ္က ၁၉၅၁ ခုႏွစ္က်မွ အေျခခံဥပေဒျပင္ဆင္ျဖည့္စြက္ခ်က္ အမွတ္ ၂၂ ကို အတည္ျပဳၿပီး၊ သမၼတတာဝန္ကို သက္တမ္းႏွစ္ႀကိမ္သာ ထမ္းေဆာင္ခြင့္ရွိတယ္လို႔ ကန္႔သတ္လိုက္ပါတယ္။

သမၼတဝါရွင္တန္ဟာ သမၼတလုပ္ငန္းတာဝန္ေတြ ထိေရာက္ေစေရးအတြက္ လမ္းေၾကာင္းခ်မွတ္ရာမွာ သိသိသာသာ ၾသဇာေညာင္းခဲ့ပါတယ္။ ႏိုင္ငံေရးမူဝါဒ၊ စစ္ေရးလုပ္ထံုးလုပ္နည္းနဲ႔ စီးပြားေရးမူဝါဒ အပါအဝင္ က႑ေပါင္းစံုနဲ႔ ပတ္သက္တဲ့ စံထားရမယ့္အခ်က္ေတြကို George Washington က ခ်မွတ္ေပးခဲ့ပါတယ္။

ဒါ့ေၾကာင့္၊ သူကြယ္လြန္ၿပီး တႏွစ္အၾကာ၊ ၁၈၀၀ ျပည့္ ႏွစ္ဆန္းပိုင္းက်ေတာ့၊ George Washington ရဲ႕ ေမြးေန႔၊ ေဖေဖၚဝါရီလ ၂၂ ရက္ေန႔ မွာ၊ သူတည္ေထာင္ခဲ့တဲ့ ႏိုင္ငံတဝန္း သူ႔ေမြးေန႔ကို အလြတ္သေဘာဂုဏ္ျပဳ က်င္းပခဲ့ၾကတာ၊ တကယ္ေတာ့ မဆန္းပါဘူး။ ၁၈၈၅ ခုႏွစ္က်မွ George Washington ရဲ႕ ေမြးေန႔ကို တရားဝင္ အလုပ္အားလပ္ရင္အျဖစ္ ဂုဏ္ျပဳသတ္မွတ္ခဲ့ပါတယ္။

ေနာက္ထပ္ႀကီးျမတ္တဲ့ ေခါင္းေဆာင္တေယာက္ျဖစ္တဲ့ Abraham Lincoln ရဲ႕ ေမြးေန႔ကလည္း George Washington ေမြးေန႔နဲ႔ သိပ္မကြာတဲ့ ေဖေဖၚဝါရီလ ၁၂ ရက္ေန႔ျဖစ္ပါတယ္။ ေနာက္ဆံုးမွာ အေမရိကန္ျပည္သူေတြက ေဖေဖၚဝါရီလရဲ႕ တတိယေျမာက္ တနလၤာေန႔ကို သမၼတေတြအားလံုးကို ဂုဏ္ျပဳတဲ့ အထိမ္းအမွတ္အေနနဲ႔ ႏိုင္ငံတဝန္း အလုပ္အားလပ္ရက္အျဖစ္ သတ္မွတ္လိုက္ၾကပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ ေခတ္ေကာင္းခ်ိန္မွာေရာ၊ ေခတ္မေကာင္းတဲ့ ကာလမွာပါ၊ အခက္ခဲဆံုးအလုပ္ကို သတၱိရွိရွိနဲ႔ စိတ္ပိုင္းျဖတ္ခ်က္ခ်ၿပီး ဦးေဆာင္ခဲ့တဲ့ ေခါင္းေဆာင္ေတြကို ဂါရဝထား အေလးျပဳတဲ့ သမၼတမ်ားအတြက္ အထိမ္းအမွတ္ေန႔ျဖစ္ပါတယ္။

သမၼတ George Washington က အားလံုးရဲ႕ အျမင္မွာေတာ့၊ ႏွစ္လိုဖြယ္ရာ အေကာင္းဆံုး၊ ေတာက္ပတဲ့ အေဆာင္အေယာင္ေတြနဲ႔ အျပင္ကေန ဝန္းရံထားတဲ့ အဆင့္အျမင့္ဆံုးရာထူးပါဘဲ။ ငါ့အတြက္ကေတာ့ ဘာမွ မဟုတ္ပါဘူး။ အေပၚယံေတြရဲ႕ ေနာက္ကြယ္မွာေတာ့ လူေတြေက်နပ္ေအာင္၊ အားျဖည့္ေပးတဲ့ စြမ္းပကားေတြနဲ႔ ဆက္စပ္ၿပီး ထင္ဟပ္တာ၊ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္လို႔ သူ႔ သူငယ္ခ်င္းတေယာက္ဆီကို စာတေစာင္ေရးဘူးပါတယ္ ခင္ဗ်ား။

...........

အမေရိကန်ပြည်ထောင်စု သမ္မတများနေ့
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်ပြည်သူတွေကအတိတ်ကသူတို့ရဲ့ ခေါင်းဆောင်တွေကို ဂုဏ်ပြုပြီး နှစ်စဉ် ဖေဖေါ်ဝါရီလရဲ့ တတိယမြောက် တနင်္လာနေ့ကို သမ္မတများနေ့အဖြစ် သတ်မှတ်ဂါရဝပြုကြပါတယ်။ဒီနေ့မှာ သမ္မတအားလုံးအတွက် ဂုဏ်ပြုတာဖြစ်ပေမဲ့ မူရင်းကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတ George Washington ကို ရည်စူးခဲ့တာဖြစ်ပါတယ်။

George Washington ဟာ အမေရိကန်တော်လှန်ရေးစစ်ပွဲကာလမှာ ခေါင်းဆောင်တယောက်ဖြစ်ရုံသာမက၊ နိုင်ငံရဲ့ ပထမဆုံး အုပ်ချုပ်မှုအာဏာ တာဝန်ယူတဲ့ အတွက်ကြောင့်ပါ၊ အကြီးအကျယ် လူကြိုက်များတဲ့ သမ္မတဖြစ်ပါတယ်။ သူ့ကို အမေရိကန်ပြည်ထောင်စုရဲ့ ဖခင်လို့ တင်စားခဲ့ကြတာ အခုအချိန်အထိလည်း မကြာခဏ ရည်ညွှန်းနေကြဆဲဖြစ်ပါတယ်။

အဲဒီအချိန်က အင်အားအကြီးဆုံးစစ်တပ်ကိုပိုင်ဆိုင်ပြီး၊ အမေရိကန်တွေအပေါ် ကိုလိုနီချဲ့ထွင်သူတွေကို နိုင်အောင်တိုက်ထုတ်၊ အောင်ပွဲခံနိုင်တဲ့ စစ်ရေးခေါင်းဆောင်တယောက် ဖြစ်တာကလည်း လူကြိုက်များရခြင်းရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အနာဂတ်သမ္မတတွေအတွက်၊ လုပ်ငန်းဆောင်တာတွေကို ပုံဖေါ်ပေးခဲ့ပြီး၊ သူ့နောက်ပိုင်း တာဝန်ယူသူတွေအတွက် အတွေ့အကြုံတွေအများကြီး လက်ဆင့်ကမ်းပေးခဲ့ပါတယ်။

နိုင်ငံတဝန်း သြဇာသက်ရောက်နိုင်မယ့် သမ္မတအာဏာအပြည့်အဝ ရှိရမယ်ဆိုပေမဲ့၊ ထီးနန်းစံဘုရင်စံနစ် ပုံစံမျိုးမဟုတ်ဘဲ၊ ထိန်းညှိပေးဖို့ လိုအပ်တယ်ဆိုတာကို George Washington ကယုံကြည်ပါတယ်။

သူတကယ်လို့ သမ္မတတာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်ခဲ့ရင် ပြည်သူလူထုက သမ္မတဆိုတာ တသက်လုံးတာဝန်ယူရမှာဖြစ်တယ်လို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်တဲ့အတွက်၊ စိတ်ပူမိတာကြောင့် သမ္မတသက်တမ်း နှစ်ကြိမ်အပြီးမှာ နှုတ်ထွက်လိုက်ပါတယ်။

သမ္မတသက်တမ်း လေးကြိမ်တာဝန်ယူတဲ့ Franklin Delano Roosevelts ကလွဲလို့၊ သူ့နောက်ပိုင်း တာဝန်ယူတဲ့ သမ္မတတိုင်းဟာ George Washington ရဲ့ နမူနာအတိုင်း သက်တမ်းနှစ်ကြိမ်ဘဲ တာဝန် ထမ်းဆောင်ခဲ့ကြပါတယ်။အမေရိကန်ကွန်ကရက်လွှတ်တော်က ၁၉၅၁ ခုနှစ်ကျမှ အခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက် အမှတ် ၂၂ ကို အတည်ပြုပြီး၊ သမ္မတတာဝန်ကို သက်တမ်းနှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရှိတယ်လို့ ကန့်သတ်လိုက်ပါတယ်။

သမ္မတဝါရှင်တန်ဟာ သမ္မတလုပ်ငန်းတာဝန်တွေ ထိရောက်စေရေးအတွက် လမ်းကြောင်းချမှတ်ရာမှာ သိသိသာသာ သြဇာညောင်းခဲ့ပါတယ်။ နိုင်ငံရေးမူဝါဒ၊ စစ်ရေးလုပ်ထုံးလုပ်နည်းနဲ့ စီးပွားရေးမူဝါဒ အပါအဝင် ကဏ္ဍပေါင်းစုံနဲ့ ပတ်သက်တဲ့ စံထားရမယ့်အချက်တွေကို George Washington က ချမှတ်ပေးခဲ့ပါတယ်။

ဒါ့ကြောင့်၊ သူကွယ်လွန်ပြီး တနှစ်အကြာ၊ ၁၈၀၀ ပြည့် နှစ်ဆန်းပိုင်းကျတော့၊ George Washington ရဲ့ မွေးနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မှာ၊ သူတည်ထောင်ခဲ့တဲ့ နိုင်ငံတဝန်း သူ့မွေးနေ့ကို အလွတ်သဘောဂုဏ်ပြု ကျင်းပခဲ့ကြတာ၊ တကယ်တော့ မဆန်းပါဘူး။ ၁၈၈၅ ခုနှစ်ကျမှ George Washington ရဲ့ မွေးနေ့ကို တရားဝင် အလုပ်အားလပ်ရင်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ပါတယ်။

နောက်ထပ်ကြီးမြတ်တဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ Abraham Lincoln ရဲ့ မွေးနေ့ကလည်း George Washington မွေးနေ့နဲ့ သိပ်မကွာတဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ဖြစ်ပါတယ်။ နောက်ဆုံးမှာ အမေရိကန်ပြည်သူတွေက ဖေဖေါ်ဝါရီလရဲ့ တတိယမြောက် တနင်္လာနေ့ကိုသမ္မတတွေအားလုံးကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်း အလုပ်အားလပ်ရက်အဖြစ် သတ်မှတ်လိုက်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်ကောင်းချိန်မှာရော၊ ခေတ်မကောင်းတဲ့ ကာလမှာပါ၊ အခက်ခဲဆုံးအလုပ်ကို သတ္တိရှိရှိနဲ့ စိတ်ပိုင်းဖြတ်ချက်ချပြီး ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေကို ဂါရဝထား အလေးပြုတဲ့ သမ္မတများအတွက် အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။

သမ္မတ George Washington က အားလုံးရဲ့ အမြင်မှာတော့၊ နှစ်လိုဖွယ်ရာ အကောင်းဆုံး၊တောက်ပတဲ့ အဆောင်အယောင်တွေနဲ့ အပြင်ကနေ ဝန်းရံထားတဲ့ အဆင့်အမြင့်ဆုံးရာထူးပါဘဲ။ ငါ့အတွက်ကတော့ ဘာမှ မဟုတ်ပါဘူး။အပေါ်ယံတွေရဲ့ နောက်ကွယ်မှာတော့ လူတွေကျေနပ်အောင်၊ အားဖြည့်ပေးတဲ့ စွမ်းပကားတွေနဲ့ ဆက်စပ်ပြီး ထင်ဟပ်တာ၊ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ သူ့ သူငယ်ချင်းတယောက်ဆီကို စာတစောင်ရေးဘူးပါတယ် ခင်ဗျား။