ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္ေနတဲ့ အေမရိကန္ျပည္ေထာင္စု 

  • VOA Policy

{{Zawgyi/Unicode}}

ျမန္မာစစ္တပ္ဟာ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့အစိုးရဆီကေန အာဏာသိမ္းယူၿပီး ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ႀကိဳးပမ္းခဲ့ရတဲ့ ဒီမိုကေရစီတိုးတက္မႈကို အၾကမ္းဖက္ အေႏွာင့္အယွက္ျပဳခဲ့တာ ႏွစ္ႏွစ္ျပည့္ခဲ့ပါၿပီ။

အာဏာသိမ္းၿပီးခ်ိန္ကစၿပီး စစ္အာဏာပိုင္ေတြဟာ တိုင္းျပည္ကို ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာေဘးဒုကၡတြင္းထဲကို က်ဆင္းေစၿပီး ျမန္မာလူထုအေပၚ ရက္စက္ၾကမ္းၾကဳတ္တဲ့ဖိႏွိပ္မႈေတြကို ဆက္လုပ္ေဆာင္ေနလို႔ လူ ၃,၀၀၀ ေက်ာ္ေသဆုံးခဲ့ရၿပီး လူ ၁၇,၀၀၀ နီးပါး ဖမ္းဆီးထိန္းသိမ္းခံခဲ့ရကာ ျပည္သူ ၁.၅ သန္းေက်ာ္ဟာလည္း အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရပါတယ္။

ၿပီးခဲတဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔မွာ စစ္အာဏာပိုင္ေတြက ႏိုင္ငံတြင္း အေရးေပၚအေျခအေန ေၾကညာထားခ်က္ကို အနည္းဆုံးေျခာက္လ သက္တမ္းတိုးမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါဟာ အာဏာခ်ဳပ္ကိုင္ထားမႈကိုလက္မလြတ္ဘဲ ထားလိုတာျဖစ္ၿပီး လြတ္လပ္ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲမ်ား က်င္းပႏိုင္ေျခကိုလည္း ေႏွာင့္ေႏွးေစတာ ျဖစ္ပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ နက္ပ႐ိုက္စ္ (Ned Price) က စစ္ေခါင္းေဆာ္ငေတြ ဆုံးျဖတ္ခ်က္ကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ဒီလုပ္ရပ္ေၾကာင့္ “စစ္တပ္ရဲ႕ တရားမဝင္ အုပ္ခ်ဳပ္ေနေနမႈနဲ႔ တိုင္းျပည္အေပၚ ထိခိုက္နစ္နာမႈ‌” က ပိုၿပီး ၾကာျမင့္ေစမယ္လို႔ သူက ေျပာပါတယ္။ “စစ္အာဏာပိုင္ေတြ ျပင္ဆင္ေနတဲ့ ေ႐ြးေကာက္ပြဲ ဆိုတာကလည္း တိုင္းျပည္ရဲ႕ လူထုကို ကိုယ္စားျပဳမွာ မဟုတ္ဘူး” - လို႔ သူက ရႈတ္ခ်ပါတယ္။

စစ္ေခါင္းေဆာင္ေတြဟာ ႏိုင္ငံေရး ၿပိဳင္ဘက္အားလုံးနီးပါးကို ေထာင္သြင္းအက်ဥ္းခ်ထားတာ၊ ဒါမွမဟုတ္ ၿခိမ္းေျခာက္ဖိႏွိပ္တာေတြလုပ္ေနလို႔ သူတို႔ က်င္းပမယ္ဆိုထားတဲ့ ဘယ္ေ႐ြးေကာက္ပြဲကမွ တရားမွ်တမွာမဟုတ္သလို လြတ္လပ္မွာလည္းမဟုတ္ဘူးလို႔ သတင္းစာရွင္းလင္း ပြဲတခုမွာ ႏိုင္ငံျခားေရးဌာနရဲ႕အတိုင္ပင္ခံ ဒဲရစ္ ရႈိေလး (Derek Chollet) ကလည္း မွတ္ခ်က္ျပဳထားပါတယ္။ သူက ႏိုင္ငံတကာမ်က္ႏွာစာမွာ စစ္အစိုးရအေပၚ တရားဝင္မႈ မေပးဖို႔ ဆုံးျဖတ္ထားတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ ခိုင္မာတဲ့သႏၷိ႒ာန္ကို အေလးေပးေျပာၾကားခဲ့ၿပီး မဟာမိတ္ေတြနဲ႔ ညႇိႏႈိင္းကာ ႏိုင္ငံေရးနဲ႔ စီးပြားေရးဆိုင္ရာ အေရးယူဖို႔ကိုလည္း ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြ႕လုပ္ငန္းက ထိပ္ပိုင္း အရာရွိႀကီးေတြ၊ လက္နက္ေရာင္းဝယ္သူေတြ၊ စစ္ေခါင္းေဆာင္ပိုင္းနဲ႔ သူတို႔ရဲ႕ အေပါင္းအပါ စီးပြားေရး လုပ္ငန္းရွင္ ခ႐ိုနီေတြ အပါအဝင္ ျမန္မာႏိုင္ငံသား ၆ ဦးနဲ႔ အဖြဲ႕အစည္း ၃ ခုကိုလည္း ဇန္နဝါရီလ ၃၁ ရက္ေန႔က အေမရိကန္အစိုးရက ပိတ္ဆို႔အေရးယူေၾကာင္း ထပ္မံထုတ္ျပန္ခဲ့ပါတယ္။ မသမာတဲ့ ေ႐ြးေကာက္ပြဲေတြက်င္းပဖို႔ ျပင္ဆင္ေနတဲ့ စစ္အစိုးရရဲ႕ ႀကိဳးကိုင္ ျခယ္လွယ္ခံ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ကိုလည္း ဒဏ္ခတ္အေရးယူခဲ့ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး အန္ထိုနီ ဘလင္ကန္ (Antony Blinken) က ထုတ္ျပန္တဲ့ ေၾကညာခ်က္တခုမွာလည္း “စစ္အာဏာပိုငၤေတြအေနနဲ႔ အၾကမ္းဖက္ လုပ္ရပ္ေတြ ဆက္လက္ က်ဴးလြန္ခြင့္မရေစဖို႔နဲ႔ ျမန္မာျပည္သူလူထုရဲ႕ ဒီမိုကေရစီဆႏၵကိုျမႇင့္တင္ေပးဖို႔ အေမရိကန္ျပည္ေထာင္စုက ကေန႔အခ်ိန္ထိ စစ္အစိုးရနဲ႔ ဆက္စပ္ေနတဲ့လူပုဂၢိဳလ္ ၈၀ နဲ႔ အဖြဲ႕အစည္း ၃၂ ခု အေပၚ ပိတ္ဆို႔အေရးယူထားတယ္လို႔ ေဖာ္ျပထားပါတယ္။

စစ္ေခါင္းေဆာင္ေတြအေပၚ တိုးၿပီး ဖိအားေပးအေရးယူလာတာေတြအျပင္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာျပည္သူေတြအတြက္ အေရးႀကီးတဲ့ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြကို ဆက္လက္ပံ့ပိုးေပးမွာျဖစ္ၿပီး ျမန္မာ့ဒီမိုကေရစီေရး လႈပ္ရွားမႈကို အားတက္သေရာေထာက္ခံသြားမယ္လို႔လည္း ဝန္ႀကီးက အတိအလင္း ထုတ္ေဖာ္ ေျပာၾကားထားပါတယ္။

အတိုင္ပင္ခံ ရႈိေလး (Chollet) က ေျပာရာမွာလည္း အေမရိကန္ျပည္ေထာင္စု အေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ေထာက္ခံအားေပးေနတာကို ေရွာင္လႊဲသြားမွာမဟုတ္ဘူး ဆိုပါတယ္။ ျမန္မာျပည္သူေတြဟာ - “ဒီမိုကေရစီေရး၊ တရားဥပေဒစိုးမိုးေရး၊ တရားမွ်တေရးနဲ႔ လူ႔အခြင့္အေရးကို ေလးစားလိုက္နာဖို႔” သူတို႔ရဲ႕ ဆႏၵေတြကို သတၱိရွိရွိ ထုတ္ေဖာ္ေျပာဆိုေနေၾကာင္းလည္း အေမရိကန္ ႏိုင္ငံျခားေရးဌာနရဲ႕ အတိုင္ပင္ခံက အသိအမွတ္ျပဳ ေျပာၾကားထားပါတယ္။

==================

{{Unicode}}

မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ အမေရိကန်ပြည်ထောင်စု

မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရဆီကနေ အာဏာသိမ်းယူပြီး ဆယ်စုနှစ်များစွာကြာအောင်ကြိုးပမ်းခဲ့ရတဲ့ ဒီမိုကရေစီတိုးတက်မှုကို အကြမ်းဖက် အနှောင့်အယှက်ပြုခဲ့တာ နှစ်နှစ်ပြည့်ခဲ့ပါပြီ။

အာဏာသိမ်းပြီးချိန်ကစပြီး စစ်အာဏာပိုင်တွေဟာ တိုင်းပြည်ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးဒုက္ခတွင်းထဲကို ကျဆင်းစေပြီး မြန်မာလူထုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ဖိနှိပ်မှုတွေကို ဆက်လုပ်ဆောင်နေလို့ လူ ၃,၀၀၀ ကျော်သေဆုံးခဲ့ရပြီး လူ ၁၇,၀၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပြည်သူ ၁.၅ သန်းကျော်ဟာလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

ပြီးခဲတဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာပိုင်တွေက နိုင်ငံတွင်း အရေးပေါ်အခြေအနေ ကြေညာထားချက်ကို အနည်းဆုံးခြောက်လ သက်တမ်းတိုးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ အာဏာချုပ်ကိုင်ထားမှုကိုလက်မလွတ်ဘဲ ထားလိုတာဖြစ်ပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲများ ကျင်းပနိုင်ခြေကိုလည်း နှောင့်နှေးစေတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ် (Ned Price) က စစ်ခေါင်းဆော်ငတွေ ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဒီလုပ်ရပ်ကြောင့် “စစ်တပ်ရဲ့ တရားမဝင် အုပ်ချုပ်နေနေမှုနဲ့ တိုင်းပြည်အပေါ် ထိခိုက်နစ်နာမှု‌” က ပိုပြီး ကြာမြင့်စေမယ်လို့ သူက ပြောပါတယ်။ “စစ်အာဏာပိုင်တွေ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ဆိုတာကလည်း တိုင်းပြည်ရဲ့ လူထုကို ကိုယ်စားပြုမှာ မဟုတ်ဘူး” - လို့ သူက ရှုတ်ချပါတယ်။

စစ်ခေါင်းဆောင်တွေဟာ နိုင်ငံရေး ပြိုင်ဘက်အားလုံးနီးပါးကို ထောင်သွင်းအကျဉ်းချထားတာ၊ ဒါမှမဟုတ် ခြိမ်းခြောက်ဖိနှိပ်တာတွေလုပ်နေလို့ သူတို့ ကျင်းပမယ်ဆိုထားတဲ့ ဘယ်ရွေးကောက်ပွဲကမှ တရားမျှတမှာမဟုတ်သလို လွတ်လပ်မှာလည်းမဟုတ်ဘူးလို့ သတင်းစာရှင်းလင်း ပွဲတခုမှာ နိုင်ငံခြားရေးဌာနရဲ့အတိုင်ပင်ခံ ဒဲရစ် ရှိုလေး (Derek Chollet) ကလည်း မှတ်ချက်ပြုထားပါတယ်။ သူက နိုင်ငံတကာမျက်နှာစာမှာ စစ်အစိုးရအပေါ် တရားဝင်မှု မပေးဖို့ ဆုံးဖြတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကို အလေးပေးပြောကြားခဲ့ပြီး မဟာမိတ်တွေနဲ့ ညှိနှိုင်းကာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အရေးယူဖို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ထိပ်ပိုင်း အရာရှိကြီးတွေ၊ လက်နက်ရောင်းဝယ်သူတွေ၊ စစ်ခေါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့ အပေါင်းအပါ စီးပွားရေး လုပ်ငန်းရှင် ခရိုနီတွေ အပါအဝင် မြန်မာနိုင်ငံသား ၆ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကိုလည်း ဇန်နဝါရီလ ၃၁ ရက်နေ့က အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူကြောင်း ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ မသမာတဲ့ ရွေးကောက်ပွဲတွေကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်အစိုးရရဲ့ ကြိုးကိုင် ခြယ်လှယ်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန် (Antony Blinken) က ထုတ်ပြန်တဲ့ ကြေညာချက်တခုမှာလည်း “စစ်အာဏာပိုင်္ငတွေအနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဆက်လက် ကျူးလွန်ခွင့်မရစေဖို့နဲ့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒကိုမြှင့်တင်ပေးဖို့ အမေရိကန်ပြည်ထောင်စုက ကနေ့အချိန်ထိ စစ်အစိုးရနဲ့ ဆက်စပ်နေတဲ့လူပုဂ္ဂိုလ် ၈၀ နဲ့ အဖွဲ့အစည်း ၃၂ ခု အပေါ် ပိတ်ဆို့အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်တွေအပေါ် တိုးပြီး ဖိအားပေးအရေးယူလာတာတွေအပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေအတွက် အရေးကြီးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆက်လက်ပံ့ပိုးပေးမှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားတက်သရောထောက်ခံသွားမယ်လို့လည်း ဝန်ကြီးက အတိအလင်း ထုတ်ဖော် ပြောကြားထားပါတယ်။

အတိုင်ပင်ခံ ရှိုလေး (Chollet) က ပြောရာမှာလည်း အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးနေတာကို ရှောင်လွှဲသွားမှာမဟုတ်ဘူး ဆိုပါတယ်။ မြန်မာပြည်သူတွေဟာ - “ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့” သူတို့ရဲ့ ဆန္ဒတွေကို သတ္တိရှိရှိ ထုတ်ဖော်ပြောဆိုနေကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံက အသိအမှတ်ပြု ပြောကြားထားပါတယ်။