Accessibility links

Breaking News

ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေရး အေမရိကန္အားေပးမည္


ထိုင္းႏိုင္ငံ မယ္လဒုကၡသည္စခန္းကိုသြားေရာက္ခဲ့တဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအတုိင္ပင္ခံပုဂၢိဳလ္ Derek Chollet နဲ႔အဖြဲ႔ဝင္မ်ား (ဇြန္လ ၉ ရက္၊ ၂၀၂၂/ photo- Thai Government Official)
ထိုင္းႏိုင္ငံ မယ္လဒုကၡသည္စခန္းကိုသြားေရာက္ခဲ့တဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအတုိင္ပင္ခံပုဂၢိဳလ္ Derek Chollet နဲ႔အဖြဲ႔ဝင္မ်ား (ဇြန္လ ၉ ရက္၊ ၂၀၂၂/ photo- Thai Government Official)

ျမန္မာ စစ္အာဏာရွင္ဟာ ေစ႔စပ္ညႇိႏိႈင္းလိုစိတ္ လံုး၀မရွိဘူးဆိုတာကို ျပသေနတာလို႔ အေမရိကန္ ႏိုင္ငံျခားေရး ဌာန အတိုင္ပင္ခံ Derek Chollet က မၾကာခင္တုန္းက ဝါရွင္တန္မွာ လုပ္တဲ႔ အစည္းအေ၀း တခုမွာ ေထာက္ျပပါတယ္။

ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေရး အေမရိကန္အားေပးမည္

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခဲ႔တာ ၁၈ လ ရွိပါၿပီ။ ဒီကာလအတြင္း ျမန္မာစစ္အာဏာပိုင္ေတြဟာ ႏိုင္ငံကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အၾကမ္းဖက္လုပ္ရပ္ေတြကို အရွိန္ျမႇင့္လာရာမွာ လူေပါင္း ၂,၁၀၀ ေက်ာ္ သတ္ျဖတ္ခံရတယ္လို႔လည္း ေျပာဆိုၾကၿပီး ေထာင္ေသာင္းခ်ီ ဖမ္းဆီးခံၾကရသလို၊ ဖမ္းဆီးထိန္းသိမ္းထားသူေတြ အေပၚ အပါအ၀င္ ဆိုးရြားလွတဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကိုလည္း က်ဴးလြန္ေနပါတယ္။ မၾကာေသးခင္ကလည္း ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူ ၄ ဦးကို အာဏာပိုင္ေတြက သတ္ျဖတ္ၿပီး စက္ဆုပ္ဖြယ္ လုပ္ရပ္ကို က်ဴးလြန္ခဲ႔ၿပီး ျမန္မာ လူထု အေပၚမွာ သူ႔ရဲ႕ ရက္စက္ၾကမ္းၾကဳတ္ ဖိႏွိပ္မႈေတြကို ထပ္ၿပီး တိုးလုပ္လာေနပါတယ္။ ျမန္မာ စစ္အာဏာရွင္ဟာ ေစ႔စပ္ညႇိႏိႈင္းလိုစိတ္ လံုး၀မရွိဘူးဆိုတာကို ျပသေနတာလို႔ အေမရိကန္ ႏိုင္ငံျခားေရး ဌာန အတိုင္ပင္ခံ Derek Chollet က မၾကာခင္တုန္းက ဝါရွင္တန္မွာ လုပ္တဲ႔ အစည္းအေ၀း တခုမွာ ေထာက္ျပပါတယ္။

ဒီေၾကာက္မက္ဖြယ္ ရက္စက္မႈေတြရဲ႕ ေအာက္မွာ သိပ္ၿပီး မလံုျခံဳ ျဖစ္ေနတဲ႔ အထီးက်န္ေနတဲ႔ စစ္အာဏာရွင္ကို က်ေနာ္တို႔ ေတြ႕ျမင္ေနရပါတယ္။ အဲဒီစစ္အာဏာရွင္ဟာ လူထုရဲ႕ ၾကံ့ၾကံ့ခံ ခုခံတြန္းလွန္မႈ လႈပ္ရွားမႈ ႀကီးထြားလာတာနဲ႔ ရင္ဆိုင္ေနရတာပါ ။

ႏိုင္ငံကို ထိန္းခ်ဳပ္ႏိုင္တယ္လို႔ စစ္တပ္က ေျပာေနေပမဲ႔လည္း တကယ္တန္းမွာေတာ့ ႏိုင္ငံေရးနဲ႔ စီးပြားေရး ဆိုင္ရာ ထိန္းခ်ဳပ္ႏိုင္ေရး ႀကိဳးပမ္းေနရဆဲ ျဖစ္ၿပီး တည္ၿငိမ္မႈကို ဖန္တီးေပးႏိုင္ေရး အေျခခံက်က် မစြမ္းေဆာင္ႏိုင္ဘူးဆိုတာကို ျပသေနပါတယ္။

စစ္အာဏာပိုင္ေတြရဲ႕ ၾကမ္းၾကဳတ္တဲ႔ ၿဖိဳခြဲမႈေတြေၾကာင့္ ျဖစ္လာရတဲ႔ လူ႔အခြင့္အေရးနဲ႔ လူသားခ်င္း စာနာမႈ ဆိုင္ရာ ျပသနာေတြကို ေျဖရွင္းႏိုင္ေရးအတြက္ မဟာမိတ္ေတြ၊ မိတ္ဖက္ေတြနဲ႔ အတူ ဆက္လက္ ေဆာင္ရြက္ၿပီး ျမန္မာႏိုင္ငံမွာ အားလံုးပါ၀င္တဲ႔ ပါတီစံု ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္လည္ ေရာက္ရွိေစေရး အတြက္ အေမရိကန္ အစိုးရက ပိုင္းျဖတ္ထားဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အၾကမ္းဖက္မႈေတြမွာ တာ၀န္ရွိသူေတြနဲ႔ စစ္တပ္ ကိုယ္စားလွယ္ေတြ အပါအ၀င္ လူ ၇၀ ကို အေမရိကန္က ျပစ္ဒဏ္ခတ္ ပိတ္ဆို႔ထားၿပီး ျဖစ္ပါတယ္။ အာဏာရွင္နဲ႔ ပတ္သက္တဲ႔ လုပ္ငန္းႀကီး ၂၇ ခုကိုလည္း ျပစ္ဒဏ္ခတ္ ထားၿပီး ျဖစ္ပါတယ္လို႔ အတိုင္ပင္ခံအရာရွိ Chollet က ေျပာပါတယ္။

အေမရိကန္ ပို႔ကုန္ေတြကေန အက်ိဳးခံစားခြင့္ မရေစေရး ကုန္သြယ္ေရး ကန္႔သတ္တားျမစ္ စာရင္းထဲမွာ စစ္တပ္ လုပ္ငန္းႀကီး မ်ားစြာကိုလည္း ထည့္ထားပါတယ္။ စစ္အာဏာရွင္ကို စီးပြားေရး အရ ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ထားတာနဲ႔ အတူ ဒီမိုကေရစီေရး လိုလားသူေတြကိုလည္း အရင္းအျမစ္ေတြ ပံ႔ပိုးေပးပါတယ္။ အရပ္ဘက္ လူမႈအဖြဲ႔အစည္း လႈပ္ရွားသူ ၁,၀၀၀ ေက်ာ္ကို အေရးေပၚ ကူညီေထာက္ပံ႔မႈေတြ ေပးအပ္ထားပါတယ္။

ေနာက္ဆံုး အေနနဲ႔ေတာ့ အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ ျမန္မာ လူထုကို လူသားခ်င္း စာနာမႈ အကူအညီေတြ တိုက္႐ိုက္ ေပးအပ္ေနပါတယ္။

ျမန္မာႏိုင္ငံတြင္း အၾကပ္အတည္း ျပႆနာ တုံ႔ျပန္ေရး အတြက္ အေမရိကန္ ျပည္ေထာင္စုက အသက္ကယ္ လူသားခ်င္း စာနာမႈ အကူအညီအျဖစ္ ေဒၚလာ ၄၃၄ သန္းေက်ာ္ ေပးအပ္ခဲ႔ၿပီး Covid-19 နဲ႔ ဆက္စပ္ အကူအညီ အျဖစ္ ျမန္မာ လူထုအတြက္ ေဒၚလာ သန္း ၂၅၀ နီးပါး ေပးအပ္ခဲ႔ၿပီး ျဖစ္ေၾကာင္း အတိုင္ပင္ခံအရာရွိ Chollet က ေျပာပါတယ္။

ႏိုင္ငံကို ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္လည္ ေရာက္ရွိေရး ႀကိဳးစား ႐ုန္းကန္ေနၾကတဲ႔ ျမန္မာ လူထုကို ေထာက္ပံ႔ေရးကို အေမရိကန္ ျပည္ေထာင္စုက ဆက္လက္ ဦးစားေပးမွာ ျဖစ္ပါတယ္။

စစ္တပ္ရဲ႕ ဖိႏွိပ္ညႇဥ္းပန္းမႈေအာက္မွာ ဒုကၡေရာက္ေနတာ ၾကာၿပီ ျဖစ္တဲ႔ ျမန္မာ လူထုဟာ က်ေနာ္တို႔ရဲ႕ အားေပးေထာက္ခံမႈနဲ႔ အျပည့္အ၀ ထိုက္တန္ပါတယ္။

....................................................

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး အမေရိကန်အားပေးမည်

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာ ၁၈ လ ရှိပါပြီ။ ဒီကာလအတွင်း မြန်မာစစ်အာဏာပိုင်တွေဟာ နိုင်ငံကို ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်လုပ်ရပ်တွေကို အရှိန်မြှင့်လာရာမှာ လူပေါင်း ၂,၁၀၀ ကျော် သတ်ဖြတ်ခံရတယ်လို့လည်း ပြောဆိုကြပြီး ထောင်သောင်းချီ ဖမ်းဆီးခံကြရသလို၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေ အပေါ် အပါအဝင် ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ကျူးလွန်နေပါတယ်။ မကြာသေးခင်ကလည်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို အာဏာပိုင်တွေက သတ်ဖြတ်ပြီး စက်ဆုပ်ဖွယ် လုပ်ရပ်ကို ကျူးလွန်ခဲ့ပြီး မြန်မာ လူထု အပေါ်မှာ သူ့ရဲ့ ရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုတွေကို ထပ်ပြီး တိုးလုပ်လာနေပါတယ်။ မြန်မာ စစ်အာဏာရှင်ဟာ စေ့စပ်ညှိနှိုင်းလိုစိတ် လုံးဝမရှိဘူးဆိုတာကို ပြသနေတာလို့ အမေရိကန် နိုင်ငံခြားရေး ဌာန အတိုင်ပင်ခံ Derek Chollet က မကြာခင်တုန်းက ဝါရှင်တန်မှာ လုပ်တဲ့ အစည်းအဝေး တခုမှာ ထောက်ပြပါတယ်။

ဒီကြောက်မက်ဖွယ် ရက်စက်မှုတွေရဲ့ အောက်မှာ သိပ်ပြီး မလုံခြုံ ဖြစ်နေတဲ့ အထီးကျန်နေတဲ့ စစ်အာဏာရှင်ကို ကျနော်တို့ တွေ့မြင်နေရပါတယ်။ အဲဒီစစ်အာဏာရှင်ဟာ လူထုရဲ့ ကြံ့ကြံ့ခံ ခုခံတွန်းလှန်မှု လှုပ်ရှားမှု ကြီးထွားလာတာနဲ့ ရင်ဆိုင်နေရတာပါ ။

နိုင်ငံကို ထိန်းချုပ်နိုင်တယ်လို့ စစ်တပ်က ပြောနေပေမဲ့လည်း တကယ်တန်းမှာတော့ နိုင်ငံရေးနဲ့ စီးပွားရေး ဆိုင်ရာ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရဆဲ ဖြစ်ပြီး တည်ငြိမ်မှုကို ဖန်တီးပေးနိုင်ရေး အခြေခံကျကျ မစွမ်းဆောင်နိုင်ဘူးဆိုတာကို ပြသနေပါတယ်။

စစ်အာဏာပိုင်တွေရဲ့ ကြမ်းကြုတ်တဲ့ ဖြိုခွဲမှုတွေကြောင့် ဖြစ်လာရတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု ဆိုင်ရာ ပြသနာတွေကို ဖြေရှင်းနိုင်ရေးအတွက် မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ အတူ ဆက်လက် ဆောင်ရွက်ပြီး မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိစေရေး အတွက် အမေရိကန် အစိုးရက ပိုင်းဖြတ်ထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေနဲ့ စစ်တပ် ကိုယ်စားလှယ်တွေ အပါအဝင် လူ ၇၀ ကို အမေရိကန်က ပြစ်ဒဏ်ခတ် ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။ အာဏာရှင်နဲ့ ပတ်သက်တဲ့ လုပ်ငန်းကြီး ၂၇ ခုကိုလည်း ပြစ်ဒဏ်ခတ် ထားပြီး ဖြစ်ပါတယ်လို့ အတိုင်ပင်ခံအရာရှိ Chollet က ပြောပါတယ်။

အမေရိကန် ပို့ကုန်တွေကနေ အကျိုးခံစားခွင့် မရစေရေး ကုန်သွယ်ရေး ကန့်သတ်တားမြစ် စာရင်းထဲမှာ စစ်တပ် လုပ်ငန်းကြီး များစွာကိုလည်း ထည့်ထားပါတယ်။ စစ်အာဏာရှင်ကို စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတာနဲ့ အတူ ဒီမိုကရေစီရေး လိုလားသူတွေကိုလည်း အရင်းအမြစ်တွေ ပံ့ပိုးပေးပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်း လှုပ်ရှားသူ ၁,၀၀၀ ကျော်ကို အရေးပေါ် ကူညီထောက်ပံ့မှုတွေ ပေးအပ်ထားပါတယ်။

နောက်ဆုံး အနေနဲ့တော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ လူထုကို လူသားချင်း စာနာမှု အကူအညီတွေ တိုက်ရိုက် ပေးအပ်နေပါတယ်။

မြန်မာနိုင်ငံတွင်း အကြပ်အတည်း ပြဿနာ တုံ့ပြန်ရေး အတွက် အမေရိကန် ပြည်ထောင်စုက အသက်ကယ် လူသားချင်း စာနာမှု အကူအညီအဖြစ် ဒေါ်လာ ၄၃၄ သန်းကျော် ပေးအပ်ခဲ့ပြီး Covid-19 နဲ့ ဆက်စပ် အကူအညီ အဖြစ် မြန်မာ လူထုအတွက် ဒေါ်လာ သန်း ၂၅၀ နီးပါး ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း အတိုင်ပင်ခံအရာရှိ Chollet က ပြောပါတယ်။

နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရေး ကြိုးစား ရုန်းကန်နေကြတဲ့ မြန်မာ လူထုကို ထောက်ပံ့ရေးကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ဦးစားပေးမှာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ ဖိနှိပ်ညှဉ်းပန်းမှုအောက်မှာ ဒုက္ခရောက်နေတာ ကြာပြီ ဖြစ်တဲ့ မြန်မာ လူထုဟာ ကျနော်တို့ရဲ့ အားပေးထောက်ခံမှုနဲ့ အပြည့်အ၀ ထိုက်တန်ပါတယ်။

XS
SM
MD
LG