Accessibility links

Breaking News

ဘာသာေရးလြတ္လပ္ခြင္႔ ခ်ိဳးေဖာက္ႏိုင္ စာရင္းမွာ ျမန္မာ ပါဝင္


US Africa Leaders Summit
US Africa Leaders Summit

မွ်ေ၀ပါ Print ကမာၻတလႊားမွာ အစိုးရပိုင္းကေရာ အစိုးရမဟုတ္သူေတြကပါ သူတို႔ရဲ႕ ယံုၾကည္ခ်က္နဲ႔ မကိုက္ညီသူေတြကို အေႏွာင့္အယွက္ေပးတာအျပင္ သတ္ျဖတ္မႈေတြပါရွိေနပါတယ္။ အေမရိကန္ျပည္ေထာင္စုက လက္ပိုက္ၾကည့္ေနမွာ မဟုတ္ဖူးလို႔ ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken က ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုပါတယ္။

ဘာသာေရးလြတ္လပ္ခြင္႔ ခ်ိဳးေဖာက္ႏိုင္ငံစာရင္းမွာ ျမန္မာ ပါဝင္

{{Zawgyi/Unicode}}

ကမာၻတလႊားမွာ အစိုးရပိုင္းကေရာ အစိုးရမဟုတ္သူေတြကပါ သူတို႔ရဲ႕ ယံုၾကည္ခ်က္နဲ႔ မကိုက္ညီသူေတြကို အေႏွာင့္အယွက္ေပးတာ၊ ၿခိမ္းေျခာက္တာ၊ ဖမ္းဆီးေထာင္ခ်တာ အျပင္ သတ္ျဖတ္မႈေတြပါရွိေနပါတယ္။ ဒီလို မတရားလုပ္ေဆာင္မႈေတြအတြက္ အေမရိကန္ျပည္ေထာင္စုက လက္ပိုက္ၾကည့္ေနမွာ မဟုတ္ဖူးလို႔ ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken က ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ ၁၉၉၈ ခုႏွစ္ ဥပေဒအရ ဘာသာေရးလြတ္လပ္ခြင့္ကို စနစ္တက်နဲ႔ ပံုမွန္ ခ်ိဳးေဖါက္ေနတယ္လို႔ ယံုၾကည္ရတဲ့ ႏိုင္ငံေတြကို အထူးစိုးရိမ္ရတဲ့ႏိုင္ငံမ်ားစာရင္းမွာ ထည့္သြင္းသတ္မွတ္ေပးဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ကို သမၼတက တာဝန္ေပးအပ္ထားတာပါ။

အထူးစိုးရိမ္ရတဲ့ ႏိုင္ငံအျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီး Blinken သတ္မွတ္ခဲ့တဲ့ထဲမွာ အီရန္နဲ႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ၂ ႏိုင္ငံစလံုးကေတာ့ မႏွစ္ကလည္း ပါဝင္ခဲ့ပါတယ္။

အီရန္မွာဆိုရင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို အာဏာပိုင္ေတြက အၾကမ္းဖက္ၿဖိဳခြင္းမႈကေန အီရန္ႏိုင္ငံသား ရာနဲ႔ခ်ီေသဆံုးခဲ့ရတာပါ။ ကုလသမဂၢထုတ္ျပန္ခ်က္အရ အီရန္မွာ စက္တင္ဘာ ၁၆ ရက္က မြတ္စလင္ေခါင္းစည္းပုဝါကို စံနစ္တက် မျခံဳမႈနဲ႔ အဖမ္းဆီးခံရတဲ့ Kurd အမ်ိဳးသမီးငယ္ Mahsa Amini - ရဲလက္ထဲ ေသဆံုးခဲ့ရတဲ့ေနာက္ ျဖစ္ပြါးလာတဲ့ဆႏၵျပမႈေတြေၾကာင့္ အဖမ္းခံရသူက ၁၄ ၀၀၀ ရွိေနပါတယ္။

အီရန္အာဏာရွင္ဟာ Baha’is ေတြ ဆူနီမြတ္စလင္ေတြ၊ ခရစ္ယန္ ဘာသာေျပာင္းထားသူေတြ၊ ဘုရားမဲ့ဝါဒီေတြ အပါအဝင္ အနည္းစုဘာသာဝင္ေတြကို ပစ္မွတ္ထား တိုက္ခိုက္မႈေတြ တိုးလုပ္လာတယ္လို႔လည္း ကုလသမဂၢက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံမွာေတာ့ တ႐ုတ္အာဏာပိုင္ေတြဟာ လူသားမ်ိဳးႏြယ္ေတြ အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ genocide လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြ အျပင္ ရွင္က်န္းမွာ အမ်ားစုျဖစ္ေနတဲ့ ဝွီဂါမြတ္စလင္ေတြနဲ႔ တျခားတိုင္းရင္းသားေတြ၊ လူနည္းစုဘာသာဝင္ေတြအေပၚျပစ္မႈက်ဴးလြန္ေနတာ ေတြအတြက္ အေမရိကန္ျပည္ေထာင္စုက အထူးစိုးရိမ္ေၾကာင္း ဝန္ႀကီး Blinken က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖါက္မႈအတြက္ အထူးစိုးရိမ္ရတဲ့ ေနာက္ႏိုင္ငံေတြကေတာ့ ျမန္မာ၊ က်ဴးဘား၊ Eritrea, Nicaragua ၊ ေျမာက္ကိုရီးယား၊ ပါကစၥတန္၊ ႐ုရွား၊ ေဆာ္ဒီအာေရဗ်၊ တာဂ်ီကစ္စတန္နဲ႔ တပ္ခ္မန္နီစတန္ႏိုင္ငံေတြ ျဖစ္ပါတယ္။

အယ္လ္ဂ်ီးရီးယား၊ ဗဟိုအာဖရိကသမၼတႏိုင္ငံ၊ Comoros နဲ႔ ဗီယက္နမ္ႏိုင္ငံ ေတြကိုေတာ့ ဘာသာေရးလြတ္လပ္ခြင့္ အႀကီးအက်ယ္ခ်ိဳးေဖါက္မႈကို လက္ခံတာ ဒါမွမဟုတ္ လုပ္ေဆာင္ေနတာေၾကာင့္ အထူးေစာင့္ၾကည့္ရမယ့္ ႏိုင္ငံမ်ား စာရင္းမွာ ဝန္ႀကီး Blinken က ထည့္သြင္းခဲ့ပါတယ္။

ဒါ့အျပင္ အထူးစိုးရိမ္ရတဲ့ အဖြဲ႔အစည္းေတြအျဖစ္ al-Shabaab, Boko Haram, Hayat Tahrir al-Sham ၊ ဟူသီေတြနဲ႔ အိုင္အက္စ္ စစ္ေသြးႂကြအဖြဲ႔ရဲ႕ ဆာဟာရေဒသနဲ႔ အေနာက္အာဖရိကေဒသ အဖြဲ႔ခြဲေတြ၊ ဂ်မား ႏူစရတ္ - al-Islam wal-Muslimin ေတြ၊ တာလီဘန္နဲ႔ CAR ႏိုင္ငံထဲ လႈပ္ရွားေနတဲ့ Wagner အဖြဲ႔ အပါအဝင္ အဖြဲ႔အစည္းအမ်ားအျပားကို ထည့္သြင္းသတ္မွတ္ထားတာပါ။

ကမာၻတလႊားက ႏိုင္ငံတိုင္းမွာ ဘာသာေရး ဒါမွမဟုတ္ ယံုၾကည္မႈဆိုင္ရာ လြတ္လပ္မႈရွိ-မရွိ၊ ဘာသာေရးႏွိပ္ကြပ္မႈ ဒါမွမဟုတ္ ခြဲျခားဆက္ဆံမႈနဲ႔ ရင္ဆိုင္ေနရမႈရွိ-မရွိ ဆိုတာကို အေမရိကန္က ဆက္လက္ၿပီး ေသေသခ်ာခ်ာ ေစာင့္ၾကည့္မွာ ျဖစ္ေၾကာင္းလည္း ဝန္ႀကီး Blinken က ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံအစိုးရေတြ အေနနဲ႔ ႏိုင္ငံတကာစံနႈန္းေတြ၊ ေပးထားတဲ့ ကတိကဝတ္ေတြနဲ႔ မကိုက္ညီတဲ့ လုပ္ေဆာင္ခ်က္ေတြ၊ ဥပေဒေတြကို ျပန္လည္သံုးသပ္ေျဖရွင္းဖို႔၊ အခုစိုးရိမ္ရတဲ့ ႏိုင္ငံအျဖစ္ အသတ္မွတ္ခံေနရတဲ့ စာရင္းကေန ပယ္ဖ်က္ႏိုင္မယ့္ ခိုင္မာတဲ့နည္းလမ္းေတြကို ခ်ျပဖို႔ရာ အစိုးရအားလံုးနဲ႔ ေတြ႕ဆံုေရးကို အေမရိကန္ျပည္ေထာင္စုက ႀကိဳဆိုပါတယ္။

....................................................

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်နိုင်ငံစာရင်းမှာ မြန်မာ ပါဝင်

{{Zawgyi/Unicode}}

ကမ္ဘာတလွှားမှာ အစိုးရပိုင်းကရော အစိုးရမဟုတ်သူတွေကပါ သူတို့ရဲ့ ယုံကြည်ချက်နဲ့ မကိုက်ညီသူတွေကို အနှောင့်အယှက်ပေးတာ၊ ခြိမ်းခြောက်တာ၊ ဖမ်းဆီးထောင်ချတာ အပြင် သတ်ဖြတ်မှုတွေပါရှိနေပါတယ်။ ဒီလို မတရားလုပ်ဆောင်မှုတွေအတွက် အမေရိကန်ပြည်ထောင်စုက လက်ပိုက်ကြည့်နေမှာ မဟုတ်ဖူးလို့ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ၁၉၉၈ ခုနှစ် ဥပဒေအရ ဘာသာရေးလွတ်လပ်ခွင့်ကို စနစ်တကျနဲ့ ပုံမှန် ချိုးဖေါက်နေတယ်လို့ ယုံကြည်ရတဲ့ နိုင်ငံတွေကို အထူးစိုးရိမ်ရတဲ့နိုင်ငံများစာရင်းမှာ ထည့်သွင်းသတ်မှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကို သမ္မတက တာဝန်ပေးအပ်ထားတာပါ။

အထူးစိုးရိမ်ရတဲ့ နိုင်ငံအဖြစ် နိုင်ငံခြားရေးဝန်ကြီး Blinken သတ်မှတ်ခဲ့တဲ့ထဲမှာ အီရန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၂ နိုင်ငံစလုံးကတော့ မနှစ်ကလည်း ပါဝင်ခဲ့ပါတယ်။

အီရန်မှာဆိုရင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းမှုကနေ အီရန်နိုင်ငံသား ရာနဲ့ချီသေဆုံးခဲ့ရတာပါ။ ကုလသမဂ္ဂထုတ်ပြန်ချက်အရ အီရန်မှာ စက်တင်ဘာ ၁၆ ရက်က မွတ်စလင်ခေါင်းစည်းပုဝါကို စံနစ်တကျ မခြုံမှုနဲ့ အဖမ်းဆီးခံရတဲ့ Kurd အမျိုးသမီးငယ် Mahsa Amini - ရဲလက်ထဲ သေဆုံးခဲ့ရတဲ့နောက် ဖြစ်ပွါးလာတဲ့ဆန္ဒပြမှုတွေကြောင့် အဖမ်းခံရသူက ၁၄ ၀၀၀ ရှိနေပါတယ်။

အီရန်အာဏာရှင်ဟာ Baha’is တွေ ဆူနီမွတ်စလင်တွေ၊ ခရစ်ယန် ဘာသာပြောင်းထားသူတွေ၊ ဘုရားမဲ့ဝါဒီတွေ အပါအဝင် အနည်းစုဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးလုပ်လာတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

တရုတ်နိုင်ငံမှာတော့ တရုတ်အာဏာပိုင်တွေဟာ လူသားမျိုးနွယ်တွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ genocide လူမျိုးတုန်းသတ်ဖြတ်မှုတွေ အပြင် ရှင်ကျန်းမှာ အများစုဖြစ်နေတဲ့ ဝှီဂါမွတ်စလင်တွေနဲ့ တခြားတိုင်းရင်းသားတွေ၊ လူနည်းစုဘာသာဝင်တွေအပေါ်ပြစ်မှုကျူးလွန်နေတာ တွေအတွက် အမေရိကန်ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း ဝန်ကြီး Blinken က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်မှုအတွက် အထူးစိုးရိမ်ရတဲ့ နောက်နိုင်ငံတွေကတော့ မြန်မာ၊ ကျူးဘား၊ Eritrea, Nicaragua ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျီကစ်စတန်နဲ့ တပ်ခ်မန်နီစတန်နိုင်ငံတွေ ဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယား၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ Comoros နဲ့ ဗီယက်နမ်နိုင်ငံ တွေကိုတော့ ဘာသာရေးလွတ်လပ်ခွင့် အကြီးအကျယ်ချိုးဖေါက်မှုကို လက်ခံတာ ဒါမှမဟုတ် လုပ်ဆောင်နေတာကြောင့် အထူးစောင့်ကြည့်ရမယ့် နိုင်ငံများ စာရင်းမှာ ဝန်ကြီး Blinken က ထည့်သွင်းခဲ့ပါတယ်။

ဒါ့အပြင် အထူးစိုးရိမ်ရတဲ့ အဖွဲ့အစည်းတွေအဖြစ် al-Shabaab, Boko Haram, Hayat Tahrir al-Sham ၊ ဟူသီတွေနဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ရဲ့ ဆာဟာရဒေသနဲ့ အနောက်အာဖရိကဒေသ အဖွဲ့ခွဲတွေ၊ ဂျမား နူစရတ် - al-Islam wal-Muslimin တွေ၊ တာလီဘန်နဲ့ CAR နိုင်ငံထဲ လှုပ်ရှားနေတဲ့ Wagner အဖွဲ့ အပါအဝင် အဖွဲ့အစည်းအများအပြားကို ထည့်သွင်းသတ်မှတ်ထားတာပါ။

ကမ္ဘာတလွှားက နိုင်ငံတိုင်းမှာ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်မှုရှိ-မရှိ၊ ဘာသာရေးနှိပ်ကွပ်မှု ဒါမှမဟုတ် ခွဲခြားဆက်ဆံမှုနဲ့ ရင်ဆိုင်နေရမှုရှိ-မရှိ ဆိုတာကို အမေရိကန်က ဆက်လက်ပြီး သေသေချာချာ စောင့်ကြည့်မှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Blinken က ပြောကြားခဲ့ပါတယ်။

နိုင်ငံအစိုးရတွေ အနေနဲ့ နိုင်ငံတကာစံနှုန်းတွေ၊ ပေးထားတဲ့ ကတိကဝတ်တွေနဲ့ မကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေ၊ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖြေရှင်းဖို့၊ အခုစိုးရိမ်ရတဲ့ နိုင်ငံအဖြစ် အသတ်မှတ်ခံနေရတဲ့ စာရင်းကနေ ပယ်ဖျက်နိုင်မယ့် ခိုင်မာတဲ့နည်းလမ်းတွေကို ချပြဖို့ရာ အစိုးရအားလုံးနဲ့ တွေ့ဆုံရေးကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်။

XS
SM
MD
LG