Accessibility links

Breaking News

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး (အမေရိကန်အစိုးရအာဘော်)


အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin လွိုက်အော်စတင်
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin လွိုက်အော်စတင်

ကာကွယ်ရေးဆိုင်ရာအကြီးအကဲတွေဟာ ဘယ်အချိန်မဆို အချိန်တိုင်းတွေ့ဆုံဆွေးနွေးသင့်ပါတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun ဒုန်ကျန်းနဲ့ စင်္ကာပူနိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့အပြီးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin လွိုက်အော်စတင်ကပြောခဲ့ပါတယ်။

“မှားယွင်းတွက်ချက်မိတာတွေ၊ နားလည်မှုလွဲမှားတာတွေကိုရှောင်ရှားနိုင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားတဲ့ နည်းကလွဲပြီး အခြားနည်းလမ်းမရှိပါဘူး။ ကျနော်အမြဲပြောခဲ့သလိုပါပဲ။ တွေ့ဆုံဆွေးနွေးရေးဟာအရေးကြီးပါတယ်။ ဒါဟာ တကယ်လိုအပ်တဲ့အရာတခုပါ။”

စစ်ဘက်ဆိုင်ရာခေါင်းဆောင်နှစ်ဦးဟာ မေလ ၃၁ ရက်နေ့ စင်္ကာပူနိုင်ငံရှန်ဂရီလာကာကွယ်ရေးညီလာခံပြင်ပမှာ လူခြင်းတွေ့ဆုံဆွေးနွေးခဲ့တာပါ။ ဒါဟာ တရုတ်နဲ့အမေရိကန်ကြား ၁၈ အတောအတွင်း ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ ပထမဆုံးအကြိမ်လူခြင်းတွေ့တာပါ။ ရိုးသွားပွင့်လင်းမှုရှိတဲ့ဆွေးနွေးပွဲလို့ ဝန်ကြီး Austin ကပြောပါတယ်။

အခြားကိစ္စရပ်တွေအပြင် ထိုင်ဝမ်သမ္မတအသစ် ရွေးချယ်ပြီးနောက် တရုတ်ရဲ့ရန်လိုတဲ့အပြုအမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေကိုလည်း ဝန်ကြီး Austin ကဆွေး နွေးပြောဆိုခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ကထုတ်ပြန်ပါတယ်။ အမေရိကန်အနေနဲ့ တရုတ်ပြည်တပြည်တည်းမူကိုသာ ဆက်လက်ကိုင်ဆွဲထားကြောင်းနဲ့ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်းကိုလည်း ဝန်ကြီး Austin ကအလေးထားဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတကာဥပဒေတွေနဲ့အညီ လွတ်လပ်စွာရေကြောင်း သွားလာခွင့်ကိုလေးစားလိုက်နာဖို့လိုအပ်ပြီး အထူးသဖြင့် တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာဥပဒေတွေအရ ခွင့်ပြုထားတဲ့ ဘယ်နေရာကိုမဆို လေယဉ်ပျံသန်းတာ၊ သင်္ဘောခုတ်မောင်းတာတွေကို တာဝန်ယူမှုရှိရှိလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဝန်ကြီး Austin ထပ်မံအတည်ပြုပြောဆိုခဲ့ပါတယ်။

“တောင်တရုတ်ပင်လယ်ပြင်အတွင်း လွတ်လပ်စွာ သွားလာနိုင်ရေးဟာ ကျနော်တို့အားလုံးရဲ့အကျိုးစီးပွားဖြစ်ပါတယ်။ ဒီဒေသငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဟာ တကမ္ဘာလုံးအတွက် အရေးကြီးတဲ့ကိစ္စရပ်ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုက လိုလားတဲ့တရုတ်နဲ့ဆက်ဆံရေးဟာ ပြိုင်ဆိုင်မှုကိုအခြေခံတဲ့ ဆက်ဆံရေးမျိုးဖြစ်ပါတယ်။ ရန်လိုတဲ့ဆက်ဆံရေးမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် မျှော်လင့်တဲ့အနေအထားတွေကို ရှင်းရှင်းလင်းလင်းရှိအောင်တော့ လုပ်ရမှာပါလို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Austin ကပြောဆိုခဲ့ပါတယ်။

“ကျနော်တို့တွေ့မြင်နေရတဲ့ ကိစ္စရပ်တွေကတော့ အတော်ကို ပြဿနာရှိပါတယ်။ ဆက်သွယ်ဆွေးနွေးရေးလမ်းကြောင်းတွေ ဖွင့်ထားတယ်ဆိုရင်တော့ ဒီကိစ္စရပ်တွေကို ဒီလမ်းကြောင်းတွေကနေ ဆွေးနွေးဖြေရှင်းနိုင်ပါတယ်။”

တွက်ချက်မှုလွဲမှားတာတွေနဲ့ နားလည်မှုလွဲမှားတာတွေ မဖြစ်စေဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေအနေနဲ့ အတူတကွ ဆက်လက်လုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဝန်ကြီး Austin ကပြောပါတယ်။ ပြောဆိုဆွေးနွေးမှုတိုင်းကတော့ ပျော်ရွှင်ဝမ်းမြောက်စရာတွေ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့ တဘက်နဲ့တဘက် ဆက်ပြီး ပြောဆိုဆွေးနွေးနေဖို့လိုအပ်ပါတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Llyod Austin ကပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး
(အမေရိကန်အစိုးရအာဘော်)
please wait

No media source currently available

0:00 0:03:48 0:00

XS
SM
MD
LG