က်ဴးဘားမွာ သတင္းစာဆရာေတြအတြက္ အႏၱရာယ္ႀကီးမား

အလြတ္သတင္းေထာက္ Roberto de Jesús Quiñones

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

က်ဴးဘားႏိုင္ငံမွာ ယံုၾကည္ခ်က္ေၾကာင့္ မတရားအက်ဥ္းခ်ခံရတဲ့ အလြတ္သတင္းေထာက္ Roberto de Jesús Quiñones ဟာ တႏွစ္အၾကာမွာ သူ႔မိသားစုနဲ႔ ျပန္လည္ဆံုစည္းႏိုင္ခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုက သူလြတ္ေျမာက္လာလို႔၊ စိတ္သက္သာရာရသလို၊ သူ႔အလုပ္ သူလုပ္တာကို တရားမွ်တမႈမရွိဘဲ အက်ဥ္းခ်ခဲ့တဲ့အတြက္ ျပင္းထန္စြာ အျပစ္တင္ရႈတ္ခ်ေၾကာင္း ထပ္ေလာင္း အသိေပးလိုက္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

သတင္းေထာက္ Quiñones အေပၚ၊ ေတာ္လွန္မႈနဲ႔ အမိန္႔အာဏာ ဖီဆန္မႈစတဲ့ မေရရာတဲ့စြဲခ်က္ေတြနဲ႔ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ (၇) ရက္ေန႔က အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁ ႏွစ္အျပစ္ေပးခဲ့တာျဖစ္ပါတယ္။ သူ႔ကို အခ်ဳပ္ထဲထည့္ၿပီး၊ အမႈစစ္ေဆးၾကားနာခဲ့တာေတြဟာ ဥပေဒမဲ့လုပ္ရပ္ေတြဆိုတာ သိသာထင္ရွားပါတယ္။ က်ဴးဘားအာဏာပိုင္ေတြက သူ႔ကို ဘာအမႈနဲ႔ စြဲခ်က္တင္ထားသလဲဆိုတာကို အမႈရံုးခ်ိန္းမတိုင္မီ မိနစ္ပိုင္းအလိုက်မွ အသိေပးခဲ့ၿပီး၊ တရားခြင္မွာ သူ႔ကိုခုခံဖို႔ ေရွ႕ေနငွားခြင့္လည္း မေပးခဲ့ပါဘူး။ရဲေတြ သူ႔ကို ဖမ္းတဲ့အခ်ိန္မွာ ရခဲ့တဲ့ဒဏ္ရာနဲ႔ ပတ္သက္တဲ့ သက္ေသအေထာက္အထား တင္ျပဖို႔ကိုလည္း အစိုးရေရွ႕ေနေတြက ဟန္႔တားခဲ့ၾကပါတယ္။သူ႔ရဲ႕ အာမခံေလွ်ာက္ထားတာ ကိုလည္း မတ္လထဲမွာ ပယ္ခ်ခဲ့ပါတယ္။

ပိုၿပီးပြင့္လင္းျမင္သာတဲ့ လူ႕ေဘာင္အသိုင္းအဝိုင္းျဖစ္ေအာင္၊ အလုပ္လုပ္ တာကိုျပစ္မႈက်ဴးလြန္တယ္ဆိုၿပီး သတင္းေထာက္တေယာက္ကို ေထာင္ခ်တဲ့ က်ဴးဘားအစိုးရဟာ စိတ္ပ်က္စရာ ေကာင္းသလို၊ အံ့ၾသစရာလည္းမဟုတ္ပါဘူးလို႔ ဝန္ႀကီး Pompeo က ေျပာပါတယ္။မွ်တစြာ တရားစီေရးနဲ႔ လြတ္လပ္စြာထုတ္ေဖၚေျပာခြင့္ အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈေတြကို ေဝဖန္ေထာက္ျပသူေတြကို ႏႈတ္ပိတ္ဖို႔အတြက္ က်ဴးဘားအစိုးရက အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးကို အသံုးခ်ေနတယ္လို႔ ဆိုပါတယ္။

CPJ ေခၚ သတင္းေထာက္မ်ား အကာအကြယ္ေပးေရးေကာ္မတီ မွတ္တမ္းအရ၊ က်ဴးဘားႏိုင္ငံဟာ အေမရိကတိုက္ႏိုင္ငံေတြအနက္ သတင္းမီဒီယာကို ကန္႔သတ္တာ အတင္းက်ပ္ဆံုးႏိုင္ငံျဖစ္ပါတယ္။ သတင္းမီဒီယာေတြကို ဆင္ဆာအျဖတ္ဆံုး ၁၀ ႏိုင္ငံမွာ က်ဴးဘားႏိုင္ငံပါဝင္တယ္လို႔ CPJ ရဲ႕ အစီရင္ခံစာမွာေဖၚျပထားပါတယ္။ ဆိုရွယ္လစ္လူ႔ေဘာင္ရဲ႔ ရည္မွန္းခ်က္ေတြအရ၊ က်ဴးဘားကြန္ျမဴနစ္အစိုးရက စာနယ္ဇင္းနဲ႔ အသံလႊင့္မီဒီယာေတြအားလံုးကို ဥပေဒအရ လံုးဝ ထိန္းခ်ဳပ္ထားပါတယ္။

ကမၻာတဝန္းက ဒီမိုကေရစီေရးအားေပးတဲ့ မိတ္ဖက္ႏိုင္ငံေတြအေနနဲ႔ က်ဴးဘားႏိုင္ငံနဲ႔ ဆက္ဆံရာမွာ သတင္းလြတ္လပ္ခြင့္အပါအဝင္၊ ဘယ္လိုကိစၥမ်ိဳးမွာမဆို၊ ၊ မျဖစ္မေန၊ လူ႔အခြင့္အေရးေလးစားလိုက္နာၾကပါရန္ အေမရိကန္ျပည္ေထာင္စုက ေဆာ္ၾသလိုက္ေၾကာင္းပါခင္ဗ်ား။

................

ကျူးဘားမှာ သတင်းစာဆရာတွေအတွက် အန္တရာယ်ကြီးမား

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ကျူးဘားနိုင်ငံမှာ ယုံကြည်ချက်ကြောင့် မတရားအကျဉ်းချခံရတဲ့ အလွတ်သတင်းထောက် Roberto de Jesús Quiñones ဟာ တနှစ်အကြာမှာ သူ့မိသားစုနဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက သူလွတ်မြောက်လာလို့၊ စိတ်သက်သာရာရသလို၊ သူ့အလုပ် သူလုပ်တာကို တရားမျှတမှုမရှိဘဲ အကျဉ်းချခဲ့တဲ့အတွက် ပြင်းထန်စွာ အပြစ်တင်ရှုတ်ချကြောင်း ထပ်လောင်း အသိပေးလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

သတင်းထောက် Quiñones အပေါ်၊ တော်လှန်မှုနဲ့ အမိန့်အာဏာ ဖီဆန်မှုစတဲ့ မရေရာတဲ့စွဲချက်တွေနဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လ (၇) ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ သူ့ကို အချုပ်ထဲထည့်ပြီး၊ အမှုစစ်ဆေးကြားနာခဲ့တာတွေဟာ ဥပဒေမဲ့လုပ်ရပ်တွေဆိုတာ သိသာထင်ရှားပါတယ်။ ကျူးဘားအာဏာပိုင်တွေက သူ့ကို ဘာအမှုနဲ့ စွဲချက်တင်ထားသလဲဆိုတာကို အမှုရုံးချိန်းမတိုင်မီ မိနစ်ပိုင်းအလိုကျမှ အသိပေးခဲ့ပြီး၊ တရားခွင်မှာ သူ့ကိုခုခံဖို့ ရှေ့နေငှားခွင့်လည်း မပေးခဲ့ပါဘူး။ရဲတွေ သူ့ကို ဖမ်းတဲ့အချိန်မှာ ရခဲ့တဲ့ဒဏ်ရာနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထား တင်ပြဖို့ကိုလည်း အစိုးရရှေ့နေတွေက ဟန့်တားခဲ့ကြပါတယ်။သူ့ရဲ့ အာမခံလျှောက်ထားတာ ကိုလည်း မတ်လထဲမှာ ပယ်ချခဲ့ပါတယ်။

ပိုပြီးပွင့်လင်းမြင်သာတဲ့ လူ့ဘောင်အသိုင်းအဝိုင်းဖြစ်အောင်၊ အလုပ်လုပ် တာကိုပြစ်မှုကျူးလွန်တယ်ဆိုပြီး သတင်းထောက်တယောက်ကို ထောင်ချတဲ့ ကျူးဘားအစိုးရဟာ စိတ်ပျက်စရာ ကောင်းသလို၊ အံ့သြစရာလည်းမဟုတ်ပါဘူးလို့ ဝန်ကြီး Pompeo က ပြောပါတယ်။မျှတစွာ တရားစီရေးနဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောခွင့် အပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဝေဖန်ထောက်ပြသူတွေကို နှုတ်ပိတ်ဖို့အတွက် ကျူးဘားအစိုးရက အကြောင်းပြချက်အမျိုးမျိုးကို အသုံးချနေတယ်လို့ ဆိုပါတယ်။

CPJ ခေါ် သတင်းထောက်များ အကာအကွယ်ပေးရေးကော်မတီ မှတ်တမ်းအရ၊ ကျူးဘားနိုင်ငံဟာ အမေရိကတိုက်နိုင်ငံတွေအနက် သတင်းမီဒီယာကို ကန့်သတ်တာ အတင်းကျပ်ဆုံးနိုင်ငံဖြစ်ပါတယ်။ သတင်းမီဒီယာတွေကို ဆင်ဆာအဖြတ်ဆုံး ၁၀ နိုင်ငံမှာ ကျူးဘားနိုင်ငံပါဝင်တယ်လို့ CPJ ရဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ ဆိုရှယ်လစ်လူ့ဘောင်ရဲ့ ရည်မှန်းချက်တွေအရ၊ ကျူးဘားကွန်မြူနစ်အစိုးရက စာနယ်ဇင်းနဲ့ အသံလွှင့်မီဒီယာတွေအားလုံးကို ဥပဒေအရ လုံးဝ ထိန်းချုပ်ထားပါတယ်။

ကမ္ဘာတဝန်းက ဒီမိုကရေစီရေးအားပေးတဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ ကျူးဘားနိုင်ငံနဲ့ ဆက်ဆံရာမှာ သတင်းလွတ်လပ်ခွင့်အပါအဝင်၊ ဘယ်လိုကိစ္စမျိုးမှာမဆို၊ ၊ မဖြစ်မနေ၊ လူ့အခွင့်အရေးလေးစားလိုက်နာကြပါရန် အမေရိကန်ပြည်ထောင်စုက ဆော်သြလိုက်ကြောင်းပါခင်ဗျား။