တရုတ္ေက်ာင္းသားတခ်ဳိ႕အေပၚ ကန္ ျပည္၀င္ခြင့္ဗီဇာ ပိတ္ပင္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ ပညာေရးဆိုင္ရာ အဖဲြ႔အစည္းေတြအေပၚ တရုတ္ကြန္ျမဴနစ္ပါတီရဲ႕ ၾသဇာလႊမ္းမိုးမႈကို ကာကြယ္ဖို႔၊တရုတ္ ႏိုင္ငံျခားေရး မစ္ရွင္းျဖစ္တဲ့ ၀ါရွင္တန္ ဒီစီက CIUS ကြန္ျဖဴးရွပ္စ္ အင္စတီက်ဴ႕ အေမရိကန္ စင္တာက သတ္မွတ္ထားတဲ့ ပညာေရးလြတ္လပ္ခြင့္ ဆိုတာကို ခုခံတုံ႔ျပန္ဖို႔အေမရိကန္အစိုးရက ၾသဂုတ္လအတြင္း ႀကိဳးပမ္းခဲ့ပါတယ္။

CIUS ဟာ တရုတ္အစိုးရရဲ႕ ကမၻာလံုးဆုိင္ရာ ၀ါဒျဖန္႔မႈထဲက တခုျဖစ္ၿပီး အေမရိကန္ ေကာလိပ္ ေက်ာင္းေတြနဲ႔K-12 စာသင္ခန္းေတြကို ၾသဇာလႊမ္းမိုးဖို႔လႈပ္ရွားခဲ့ေၾကာင္း ႏိုင္ငံျခားေရး၀န္ႀကီး Mike Pompeo ရွင္းရွင္းလင္းလင္းေျပာၾကားခဲ့ပါတယ္။

တရုတ္ရဲ႕ အျမတ္ထုတ္မႈကေန အကာအကြယ္ေပးဖို႔ အေမရိကန္အစိုးရဟာ ေနာက္ထပ္ အေရးယူေဆာင္ရြက္မႈတခုကို စက္တင္ဘာလမွာ ေၾကညာခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံသားေတြကဆီက ဥာဏပစၥည္းခိုးယူမႈ၊ စက္မႈလုပ္ငန္းဆိုင္ရာ ေထာက္လွမ္းမႈနဲ႔ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ စုေဆာင္းမႈအပါအ၀င္ တရုတ္ကြန္ျမဴနစ္ပါတီရဲ႕ ၿခိမ္းေျခာက္မႈေတြကို အမိေျမလံုၿခံဳေရးဌာန ယာယီ၀န္ႀကီး Chad Wolf ရဲ႕မိန္႔ခြန္းမွာ အေလးေပး ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ အေမရိကန္ ပညာရွင္ေတြကို ေပးထားတဲ့ ဗီဇာေတြ ျပန္ၿပီးရုပ္သိမ္းေနတဲ့ တရုတ္ရဲ႕ လုပ္ရပ္ကို တားဆီးတံု႔ျပန္တဲ့ အေနနဲ႔ႏုိင္ငံရဲ႕ လံုၿခံဳေရးကို အႏၱရာယ္ရွိေစတဲ့ အေမရိကန္မွာ ေက်ာင္းတက္ေနတဲ့ တရုတ္ေက်ာင္းသားေတြကို အဓိကထား ပိတ္ဆို႔သြားဖို႔ရွိေၾကာင္း Chad Wolf ကေျပာပါတယ္။

" အေမရိကန္မွာ တရုတ္ စစ္ေရးေပါင္းစည္းမႈ မဟာဗ်ဴဟာနဲ႔ ဆက္စပ္ေနတဲ့ တရုတ္ဘဲြ႔လြန္ ေက်ာင္းသားေတြ၊ သုေတသီေတြကိုက်ေနာ္တို႔ ဗီဇာေတြ ပိတ္ဖို႔ရွိပါတယ္။ ဒါကလည္း အေရးႀကီးတဲ့ သုေတသန လုပ္ငန္းေတြကို ခိုးယူမႈ၊ ေမာင္ပိုင္စီးမႈကေန ကာကြယ္ဖို႔ျဖစ္ပါတယ္။”

အေမရိကန္ရဲ႕ အက်ဳိးစီးပြားကို ထိခိုက္ေအာင ္ပညာလာသင္တဲ့ တရုတ္ေက်ာင္းသားေတြကို တရုတ္အစိုးရက အသံုးခ်ခဲ့တာေၾကာင့္ ေမလ ၂၉ရက္က သမၼတ Donald Trump က အေရးယူတဲ့ အမိန္႔ေၾကညာခ်က္ထုတ္ျပန္ၿပီးတဲ့ေနာက္မွာအခုလို ဗီဇာပိတ္ပင္မႈကိုလုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး ၀ န္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူတဦးက ေျပာပါတယ္။

"ေျပာခြင့္ရရဲ႕ ေၾကညာခ်က္အရ ၂၀၂၀ စက္တင္ဘာ ၈ ရက္ အထိ သမၼတရဲ႕ အမိန္႔ေၾကညာခ်က္ ၁၀၀၄၃ ကို ခ်ဳိးေဖာက္ေနၿပီး ဗီဇာစည္းမ်ဥ္းစည္းကမ္းနဲ႔ မျပည့္မွီတဲ့ တရုတ္ႏိုင္ငံသား ၁၀၀၀ ေက်ာ္ရဲ႕ ဗီဇာေတြကို ပယ္ဖ်က္ခဲ့ေၾကာင္း” ေဖၚျပထားပါတယ္။

အေမရိကန္မွာ တရုတ္ႏိုင္ငံသား၃၆၀,၀၀၀ ေက်ာ္ ပညာသင္ၾကားေနပါတယ္။ ဗီဇာ အပိတ္ခံရတဲ့ အလြန္အႏၱရာယ္မ်ားတဲ့ ဘဲြ႕လြန္ေက်ာင္းသားေတြနဲ႔ သုေတသီ ၁၀၀၀ ေက်ာ္အေရအတြက္ ဒီလို သိန္းနဲ႔ခ်ီေနတဲ့အထဲက အလြန္နည္းတဲ့ ရာခိုင္ႏႈန္းေလာက္သာျဖစ္တယ္လို႔ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ေျပာပါတယ္။ တရုတ္ကြန္ျမဴနစ္ပါတီရဲ႕ စစ္တပ္လႊမ္းမိုးေရး ရည္မွန္းခ်က္ကို ဆန္႔က်င္တဲ့ တရား၀င္ တရုတ္ေက်ာင္းသားေတြ၊ ပညာရွင္ေတြကို အေမရိကန္က ဆက္လက္ႀကိဳဆိုသြား မွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီမိုကေရစီအားနည္းေအာင္ အျပင္ သူတို႔ရဲ႕ ကိုယ္ပိုင္ အာဏာရွင္ဆန္တဲ့ အုပ္ခ်ဳပ္မႈကို ကမၻာအဆင့္ ျပန္လည္ျပဳျပင္ဖို႔ဆိုတဲ့ ကတိက၀တ္ေတြကို အေထာက္အကူျပဳဖို႔အတြက္ တရုတ္ကြန္ျမဴနစ္ပါတီဟာ သူရဲ႕ ၾသဇာအာဏာကို ေနရာတိုင္းမွာ အသံုးခ်ခဲ့ေၾကာင္း အမိေျမလံုၿခံဳေရးဌာန ယာယီ၀န္ႀကီးWolf က ေျပာပါတယ္။ ဒါေပမဲ့လည္း တရုတ္ရဲ႕လုပ္ရပ္ေတြဟာ ထိေရာက္မႈမရွိဘူး၊ အတားအဆီးမရွိဘူးဆိုတာ အေမရိကန္ျပည္ေထာင္စု အေနနဲ႔ဆက္လက္ျပသသြားမွာျဖစ္တယ္လို႔ သူက အေလးအနက္ ေျပာၾကားခဲ့ပါတယ္။

...............

တရုတ်ကျောင်းသားတချို့အပေါ် ကန် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန် ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေအပေါ် တရုတ်ကွန်မြူနစ်ပါတီရဲ့ သြဇာလွှမ်းမိုးမှုကို ကာကွယ်ဖို့၊တရုတ် နိုင်ငံခြားရေး မစ်ရှင်းဖြစ်တဲ့ ဝါရှင်တန် ဒီစီက CIUS ကွန်ဖြူးရှပ်စ် အင်စတီကျူ့ အမေရိကန် စင်တာက သတ်မှတ်ထားတဲ့ ပညာရေးလွတ်လပ်ခွင့် ဆိုတာကို ခုခံတုံ့ပြန်ဖို့အမေရိကန်အစိုးရက သြဂုတ်လအတွင်း ကြိုးပမ်းခဲ့ပါတယ်။

CIUS ဟာ တရုတ်အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝါဒဖြန့်မှုထဲက တခုဖြစ်ပြီး အမေရိကန် ကောလိပ် ကျောင်းတွေနဲ့K-12 စာသင်ခန်းတွေကို သြဇာလွှမ်းမိုးဖို့လှုပ်ရှားခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ အမြတ်ထုတ်မှုကနေ အကာအကွယ်ပေးဖို့ အမေရိကန်အစိုးရဟာ နောက်ထပ် အရေးယူဆောင်ရွက်မှုတခုကို စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားတွေကဆီက ဉာဏပစ္စည်းခိုးယူမှု၊ စက်မှုလုပ်ငန်းဆိုင်ရာ ထောက်လှမ်းမှုနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ စုဆောင်းမှုအပါအဝင် တရုတ်ကွန်မြူနစ်ပါတီရဲ့ ခြိမ်းခြောက်မှုတွေကို အမိမြေလုံခြုံရေးဌာန ယာယီဝန်ကြီး Chad Wolf ရဲ့မိန့်ခွန်းမှာ အလေးပေး ပြောကြားခဲ့ပါတယ်။ ဒါအပြင် အမေရိကန် ပညာရှင်တွေကို ပေးထားတဲ့ ဗီဇာတွေ ပြန်ပြီးရုပ်သိမ်းနေတဲ့ တရုတ်ရဲ့ လုပ်ရပ်ကို တားဆီးတုံ့ပြန်တဲ့ အနေနဲ့နိုင်ငံရဲ့ လုံခြုံရေးကို အန္တရာယ်ရှိစေတဲ့ အမေရိကန်မှာ ကျောင်းတက်နေတဲ့ တရုတ်ကျောင်းသားတွေကို အဓိကထား ပိတ်ဆို့သွားဖို့ရှိကြောင်း Chad Wolf ကပြောပါတယ်။

" အမေရိကန်မှာ တရုတ် စစ်ရေးပေါင်းစည်းမှု မဟာဗျူဟာနဲ့ ဆက်စပ်နေတဲ့ တရုတ်ဘွဲ့လွန် ကျောင်းသားတွေ၊ သုတေသီတွေကိုကျနော်တို့ ဗီဇာတွေ ပိတ်ဖို့ရှိပါတယ်။ ဒါကလည်း အရေးကြီးတဲ့ သုတေသန လုပ်ငန်းတွေကို ခိုးယူမှု၊ မောင်ပိုင်စီးမှုကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။”

အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင ်ပညာလာသင်တဲ့ တရုတ်ကျောင်းသားတွေကို တရုတ်အစိုးရက အသုံးချခဲ့တာကြောင့် မေလ ၂၉ရက်က သမ္မတ Donald Trump က အရေးယူတဲ့ အမိန့်ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်မှာအခုလို ဗီဇာပိတ်ပင်မှုကိုလုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀ န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

"ပြောခွင့်ရရဲ့ ကြေညာချက်အရ ၂၀၂၀ စက်တင်ဘာ ၈ ရက် အထိ သမ္မတရဲ့ အမိန့်ကြေညာချက် ၁၀၀၄၃ ကို ချိုးဖောက်နေပြီး ဗီဇာစည်းမျဉ်းစည်းကမ်းနဲ့ မပြည့်မှီတဲ့ တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ရဲ့ ဗီဇာတွေကို ပယ်ဖျက်ခဲ့ကြောင်း” ဖေါ်ပြထားပါတယ်။

အမေရိကန်မှာ တရုတ်နိုင်ငံသား၃၆၀,၀၀၀ ကျော် ပညာသင်ကြားနေပါတယ်။ ဗီဇာ အပိတ်ခံရတဲ့ အလွန်အန္တရာယ်များတဲ့ ဘွဲ့လွန်ကျောင်းသားတွေနဲ့ သုတေသီ ၁၀၀၀ ကျော်အရေအတွက် ဒီလို သိန်းနဲ့ချီနေတဲ့အထဲက အလွန်နည်းတဲ့ ရာခိုင်နှုန်းလောက်သာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ စစ်တပ်လွှမ်းမိုးရေး ရည်မှန်းချက်ကို ဆန့်ကျင်တဲ့ တရားဝင် တရုတ်ကျောင်းသားတွေ၊ ပညာရှင်တွေကို အမေရိကန်က ဆက်လက်ကြိုဆိုသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအားနည်းအောင် အပြင် သူတို့ရဲ့ ကိုယ်ပိုင် အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုကို ကမ္ဘာအဆင့် ပြန်လည်ပြုပြင်ဖို့ဆိုတဲ့ ကတိကဝတ်တွေကို အထောက်အကူပြုဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီဟာ သူရဲ့ သြဇာအာဏာကို နေရာတိုင်းမှာ အသုံးချခဲ့ကြောင်း အမိမြေလုံခြုံရေးဌာန ယာယီဝန်ကြီးWolf က ပြောပါတယ်။ ဒါပေမဲ့လည်း တရုတ်ရဲ့လုပ်ရပ်တွေဟာ ထိရောက်မှုမရှိဘူး၊ အတားအဆီးမရှိဘူးဆိုတာ အမေရိကန်ပြည်ထောင်စု အနေနဲ့ဆက်လက်ပြသသွားမှာဖြစ်တယ်လို့ သူက အလေးအနက် ပြောကြားခဲ့ပါတယ်။