Accessibility links

Breaking News

လူ႔အခြင့္အေရးေန႔ အေပၚ အေမရိကန္ သေဘာထား


ဒီဇင္ဘာ ၁၀ ရက္ေန႔ဟာ ကမာၻ႔လူ႔အခြင့္အေရးေန႔ျဖစ္ပါတယ္။ ၁၉၄၈ ခုႏွစ္မွာ ကုလသမဂၢ အေထြေထြညီလာခံကေန အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရး ေၾကညာစာတမ္း ျပဌာန္းလိုက္တဲ့ အထိမ္းအမွတ္အေနနဲ႔ ကမာၻ႔လူ႔အခြင့္အေရးေန႔အျဖစ္ သတ္မွတ္ခဲ့တာပါ။ လူသားမ်ိဳးႏြယ္ေတြအတြက္ အေရးအပါဆုံး ေၾကညာခ်က္လည္း ျဖစ္ပါတယ္။

လူ႔အခြင့္အေရးေန႔ အေပၚ အေမရိကန္ သေဘာထား

{{Zawgyi/Unicode}}
ဒီဇင္ဘာ ၁၀ ရက္ေန႔ဟာ ကမာၻ႔လူ႔အခြင့္အေရးေန႔ျဖစ္ပါတယ္။ ၁၉၄၈ ခုႏွစ္မွာ ကုလသမဂၢ အေထြေထြညီလာခံကေန အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရး ေၾကညာစာတမ္း ျပဌာန္းလိုက္တဲ့ အထိမ္းအမွတ္အေနနဲ႔ ကမာၻ႔လူ႔အခြင့္အေရးေန႔အျဖစ္ သတ္မွတ္ခဲ့တာပါ။ လူသားမ်ိဳးႏြယ္ေတြအတြက္ အေရးအပါဆုံး ေၾကညာခ်က္လည္း ျဖစ္ပါတယ္။

ဒုတိယကမာၻစစ္ႀကီးအၿပီး သုံးႏွစ္အၾကာ၊ စစ္ပြဲအတြင္း အရပ္သားေတြအေပၚ ရက္ရက္စက္စက္ က်ဴးလြန္ခဲ့တာေတြကို မွင္သက္မိေနဆဲအခ်ိန္မွာပဲ ကုလသမဂၢက အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးနဲ႔ ပတ္သတ္ၿပီး အခုလို ထိပ္တန္းဦးစားေပး သတ္မွတ္ျပဌာန္းခဲ့တာပါ။

လူသားအားလုံးဟာ ေမြးဖြားလာကတည္းက လြတ္လပ္ၾကသူေတြျဖစ္သလို ဂုဏ္သိကၡာ၊ အခြင့္အေရးေတြ ညီတူညီမွ်လည္း ရွိရမယ္လို႔ ေနာက္ဆုံးအေခ်ာသတ္ ေၾကညာစာတမ္းရဲ႕ ပထမပိုဒ္မွာ အတိအလင္း ေဖၚျပထားပါတယ္။ အဲဒီေနာက္ ႏိုင္ငံတကာ လူ႔အခြင့္အေရး ဉပေဒေတြ ေရးဆြဲၿပီးေနာက္ ၁၉၅၀ အေရာက္မွာေတာ့ လူ႔အခြင့္အေရး ေၾကညာစာတမ္း စတင္ အသက္ဝင္လာပါတယ္။

အဲဒီ ၁၉၅၀ ကစလို႔ ဒီဇင္ဘာ ၁၀ ရက္ေန႔ေရာက္တိုင္း လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္အျဖစ္ ဂုဏ္ျပဳက်င္းပလာတာပါ။ ႏိုဗယ္လ္ၿငိမ္းခ်မ္းေရးဆုကိုလည္း လူ႔အခြင့္အေရးေန႔မွာ ဆုရွင္လက္ေရာက္ ခ်ီးျမႇင့္ပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း လူ႔အခြင့္အေရးေန႔ ေဆာင္ပုဒ္ေတြလည္း သတ္မွတ္ခဲ့သလို ဒီႏွစ္အတြက္ေဆာင္ပုဒ္ကေတာ့

အားလုံးအတြက္ ဂုဏ္သိကၡာ၊ လြတ္လပ္မႈႏွင့္ တရားမွ်တမႈ တို႔ ျဖစ္ပါတယ္။

သမၼတ Joe Biden ကလည္း လူ႔အခြင့္အေရးေၾကညာစာတမ္းနဲ႔ ပတ္သတ္ၿပီး ခုလို အေလးအနက္ ထပ္ေလာင္း ေျပာၾကားပါတယ္။ လူ႔အခြင့္အေရးေၾကညာစာတမ္းဟာ လူ႔အခြင့္အေရးနဲ႔ အေျခခံလြတ္လပ္ခြင့္ေတြ လူတိုင္းရပိုင္ခြင့္ရွိတယ္ဆိုတာကို အတိအလင္း ေျပာထားတာပါ။ ဘယ္သူပဲျဖစ္ျဖစ္၊ ဘယ္ကပဲျဖစ္ျဖစ္၊ ဘာသူ႔အေပၚပဲ ေမတၱာထားထား တူတူပါပဲ။ လူသားတိုင္းဟာ ေမြးလာကတည္းက လြတ္လပ္သူ ျဖစ္သလို၊ ဂုဏ္သိကၡာနဲ႔ အခြင့္အေရး ရွိရမယ္ဆိုတဲ့ အမွန္တရားကို မၾကာခဏဆိုသလို လူေတြ အမႈမဲ့ အမွတ္မဲ့ၾကသလို လစ္လ်ဴရႈေလ့ရွိတယ္ဆိုတာလည္း ဒီေၾကညာစာတမ္းမွာ ေဖၚျပထားပါတယ္။ ဒီေၾကညာစာတမ္းကေန လူ႔အခြင့္အေရးနဲ႔ ပတ္သတ္တဲ့ ေစ့စပ္ညႇိႏႈိင္းမႈေတြ ျပဳလုပ္ႏိုင္ခဲ့သလို ကမာၻတဝွမ္းမွာ ပိုၿပီး ျပည့္စုံတဲ့ လြတ္လပ္မႈ၊ ၿငိမ္းခ်မ္းမႈ၊ တရားမွ်တမႈ အေျခခံအုတ္ျမစ္ေတြကို အားလုံးအတြက္ ခ်မွတ္ႏိုင္ပါတယ္။

ကမာၻႀကီးအေနနဲ႔ အခုလို ရည္မွန္းခ်က္ေတြ ျပည့္မွီေအာင္ မေဆာင္႐ြက္ႏိုင္ေသးေပမယ့္ တရားမွ်တမႈနဲ႔ ေၾကညာစာတမ္းမွာ ဖြင့္ဆိုထားတဲ့ အဓိပၸါယ္ေတြ ျပည့္စုံေအာင္ ေဆာင္ ႐ြက္သြားရပါမယ္လို႔ သမၼတဘိုင္ဒန္က ေျပာပါတယ္။

ဒုတိယကမာၻစစ္ေနာက္ပိုင္း လူ႔အခြင့္အေရးေၾကညာစာတမ္းကို အေလးထားၾကဖို႔ တိုက္တြန္းေနတဲ့ တခ်ိန္တည္းမွာ အေမရိကန္ျပည္ေထာင္စုအေနနနဲ႔ လူသားအားလုံး လူ႔အခြင့္အေရး အျပည့္အဝခံစားရဖို႔ က်ေနာ္တို႔ အာဏာရွိတာကို နမူနာအျဖစ္မယူဘဲနဲ႔ လူ႔အခြင့္အေရးနဲ႔ပတ္သတ္ၿပီး ဘာေတြ ေဆာင္႐ြက္ခဲ့တယ္ဆိုတာကိုသာ နမူနာအျဖစ္ ယူေစခ်င္တာပါ လို႔လည္း ဆိုပါတယ္ခင္ဗ်ာ။

............................................

လူ့အခွင့်အရေးနေ့ အပေါ် အမေရိကန် သဘောထား

{{Zawgyi/Unicode}}
ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း ပြဌာန်းလိုက်တဲ့ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ လူသားမျိုးနွယ်တွေအတွက် အရေးအပါဆုံး ကြေညာချက်လည်း ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး သုံးနှစ်အကြာ၊ စစ်ပွဲအတွင်း အရပ်သားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်ခဲ့တာတွေကို မှင်သက်မိနေဆဲအချိန်မှာပဲ ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီး အခုလို ထိပ်တန်းဦးစားပေး သတ်မှတ်ပြဌာန်းခဲ့တာပါ။

လူသားအားလုံးဟာ မွေးဖွားလာကတည်းက လွတ်လပ်ကြသူတွေဖြစ်သလို ဂုဏ်သိက္ခာ၊ အခွင့်အရေးတွေ ညီတူညီမျှလည်း ရှိရမယ်လို့ နောက်ဆုံးအချောသတ် ကြေညာစာတမ်းရဲ့ ပထမပိုဒ်မှာ အတိအလင်း ဖေါ်ပြထားပါတယ်။ အဲဒီနောက် နိုင်ငံတကာ လူ့အခွင့်အရေး ဉပဒေတွေ ရေးဆွဲပြီးနောက် ၁၉၅၀ အရောက်မှာတော့ လူ့အခွင့်အရေး ကြေညာစာတမ်း စတင် အသက်ဝင်လာပါတယ်။

အဲဒီ ၁၉၅၀ ကစလို့ ဒီဇင်ဘာ ၁၀ ရက်နေ့ရောက်တိုင်း လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုကျင်းပလာတာပါ။ နိုဗယ်လ်ငြိမ်းချမ်းရေးဆုကိုလည်း လူ့အခွင့်အရေးနေ့မှာ ဆုရှင်လက်ရောက် ချီးမြှင့်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်တွေလည်း သတ်မှတ်ခဲ့သလို ဒီနှစ်အတွက်ဆောင်ပုဒ်ကတော့

အားလုံးအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှု တို့ ဖြစ်ပါတယ်။

သမ္မတ Joe Biden ကလည်း လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ ပတ်သတ်ပြီး ခုလို အလေးအနက် ထပ်လောင်း ပြောကြားပါတယ်။ လူ့အခွင့်အရေးကြေညာစာတမ်းဟာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေ လူတိုင်းရပိုင်ခွင့်ရှိတယ်ဆိုတာကို အတိအလင်း ပြောထားတာပါ။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကပဲဖြစ်ဖြစ်၊ ဘာသူ့အပေါ်ပဲ မေတ္တာထားထား တူတူပါပဲ။ လူသားတိုင်းဟာ မွေးလာကတည်းက လွတ်လပ်သူ ဖြစ်သလို၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေး ရှိရမယ်ဆိုတဲ့ အမှန်တရားကို မကြာခဏဆိုသလို လူတွေ အမှုမဲ့ အမှတ်မဲ့ကြသလို လစ်လျူရှုလေ့ရှိတယ်ဆိုတာလည်း ဒီကြေညာစာတမ်းမှာ ဖေါ်ပြထားပါတယ်။ ဒီကြေညာစာတမ်းကနေ လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နိုင်ခဲ့သလို ကမ္ဘာတဝှမ်းမှာ ပိုပြီး ပြည့်စုံတဲ့ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှု အခြေခံအုတ်မြစ်တွေကို အားလုံးအတွက် ချမှတ်နိုင်ပါတယ်။

ကမ္ဘာကြီးအနေနဲ့ အခုလို ရည်မှန်းချက်တွေ ပြည့်မှီအောင် မဆောင်ရွက်နိုင်သေးပေမယ့် တရားမျှတမှုနဲ့ ကြေညာစာတမ်းမှာ ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်တွေ ပြည့်စုံအောင် ဆောင် ရွက်သွားရပါမယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူ့အခွင့်အရေးကြေညာစာတမ်းကို အလေးထားကြဖို့ တိုက်တွန်းနေတဲ့ တချိန်တည်းမှာ အမေရိကန်ပြည်ထောင်စုအနေနနဲ့ လူသားအားလုံး လူ့အခွင့်အရေး အပြည့်အဝခံစားရဖို့ ကျနော်တို့ အာဏာရှိတာကို နမူနာအဖြစ်မယူဘဲနဲ့ လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး ဘာတွေ ဆောင်ရွက်ခဲ့တယ်ဆိုတာကိုသာ နမူနာအဖြစ် ယူစေချင်တာပါ လို့လည်း ဆိုပါတယ်ခင်ဗျာ။

XS
SM
MD
LG