Accessibility links

Breaking News

႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ အေမရိကန္ရဲ႕ အကူအညီ (SW/TKK) Editorial


Cox's Bazar ဒုကၡသည္စခန္းတြင္ ႐ိုဟင္ဂ်ာတဦးေရခ်ိဳးေနစဥ္ (ဓာတ္ပုံ-Courtesy)
Cox's Bazar ဒုကၡသည္စခန္းတြင္ ႐ိုဟင္ဂ်ာတဦးေရခ်ိဳးေနစဥ္ (ဓာတ္ပုံ-Courtesy)

(Zawgyi/Unicode)
အကူအညီေတြ အပူတျပင္းလိုအပ္ေနတဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြ၊ ဘဂၤလားဒက္ရွ္ႏိုင္ငံက ဒုကၡသည္ေတြကို လက္ခံထားတဲ့ အသိုင္းအဝိုင္းနဲ႔ ဆက္လက္ျဖစ္ပြားေနဆဲ၊ အၾကမ္းဖက္မႈေတြေၾကာင့္ ဒုကၡေရာက္ေနၾကတဲ့ ရခိုင္၊ ကခ်င္၊ ရွမ္းနဲ႔ ခ်င္းျပည္နယ္က ျပည္သူေတြအတြက္ အေမရိကန္ျပည္ေထာင္စုက လူမႈေရးစာနာမႈအေထာက္အပံ့အတြက္ ေနာက္ထပ္ ေဒၚလာ ၁၅၅ သန္းပံ့ပိုးမွာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း ရခိုင္ျပည္နယ္မွာ ဆိုးရြားစြာအၾကမ္းဖက္ႏွိပ္ကြပ္မႈေတြေၾကာင့္ ဒုကၡသည္ ၉ သိန္းနီးပါးထြက္ေျပးခဲ့ၾကရၿပီး၊ သူတို႔ကို လက္ခံထားရတဲ့ေဒသခံ၊ ဘဂၤလားဒက္ရွ္ႏိုင္ငံသား ၄ သိန္း ၇ ေသာင္း ၂ ေထာင္ဟာလည္း ဒုကၡေရာက္ၿပီး၊ အကူအညီေတြ လိုအပ္ေနပါတယ္။ျမန္မာႏိုင္ငံမွာ ဒီႏွစ္ ေဖေဖၚဝါရီလဆန္းကစၿပီး၊ ဒီမိုကေရစီနည္းက် ေရြးေကာက္ထားတဲ့အစိုးရဆီကေန စစ္တပ္ကအာဏာသိမ္းယူခဲ့တဲ့ ေနာက္ပိုင္း အၾကမ္းဖက္ႏွိပ္ကြပ္တာေတြ တိုးလာေနပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ျမန္မာျပည္အက်ပ္အတည္းအတြက္ စာနာမႈအေထာက္အပံ့ေတြ ပံ့ပိုးရာမွာ ရန္ပံုေငြအမ်ားဆံုး၊ ဦးေဆာင္ထည့္ဝင္ေနတာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လက ရက္ရက္စက္စက္အၾကမ္းဖက္ ႏွိပ္ကြပ္ၿပီးေနာက္ပိုင္း၊ ဘဂၤလားဒက္ရွ္ျပည္တြင္း အစီအစဥ္ေတြအတြက္ ေဒၚလာ ၁.၁ ဘီလီယံေက်ာ္ အပါအဝင္၊ ျမန္မာျပည္တြင္း ပဋိပကၡျဖစ္ပြားရာေဒသေတြအတြက္ပါ စုစုေပါင္းေဒၚလာ ၁.၃ ဘီလီယံ ပ့ံပိုးခဲ့ၿပီးျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က အခု ထပ္ေဆာင္းကူေငြေၾကညာတဲ့ ထုတ္ျပန္ခ်က္မွာေဖၚျပလိုက္တာပါ။ စာနာမႈရန္ပံုေငြ ထည့္ဝင္ၾကတဲ့ တျခားကုလသမဂၢအဖြဲ႔ဝင္ႏိုင္ငြေတြကို ေလးစားစြာ အသိအမွတ္ျပဳတဲ့တခ်ိန္တည္းမွာဘဲ ႏိုင္ငံတကာအသိုင္းအဝိုင္းကိုလည္း ဒီထက္မက တိုးၿပီးပံ့ပိုးၾကဖို႔ ဝန္ႀကီး Blinken ကတိုက္တြန္းလိုက္ပါတယ္။

အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြကို ကူညီေပးေနတဲ့ ႏိုင္ငံေတြ၊ အထူးသျဖင့္ ဘဂၤလားဒက္ရွ္ႏိုင္ငံရဲ႕ ကုန္က်စားရိတ္နဲ႔ တာဝန္ယူမႈေတြကို သိရွိနားလည္ပါေၾကာင္း၊ ဒုကၡသည္ေတြကို ဦးစားေပး အကာအကြယ္ေပးေနၾကတဲ့ ေဒသတြင္းႏိုင္ငံေတြကိုလည္း ပံ့ပိုးကူညီသြားမယ္လို႔ ဝန္ႀကီး Blinken က ကတိျပဳလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ ၁ ရက္ေန႔က စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္တပ္က ရက္ရက္စက္စက္ ၿဖိဳခြင္းေနေၾကာင္း၊ အေမရိကန္က ရိုဟင္ဂ်ာအက်ပ္အတည္းကို ကူညီဖို႔ တာဝန္ယူေနဆဲျဖစ္ေၾကာင္းနဲ႔ အာဏာသိမ္းေခါင္းေဆာင္ေတြဟာ ရိုဟင္ဂ်ာေတြကို အၾကမ္းဖက္ ႏွိပ္ကြပ္မႈေတြအပါအဝင္၊ အရင္က လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြကို က်ဴးလြန္ခဲ့တဲ့၊ တာဝန္ရွိတဲ့သူအမ်ားစုျဖစ္ၾကတယ္ဆိုတာကိုလည္း သိရွိမွတ္သားထားပါေၾကာင္း ဝန္ႀကီး Blinken ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။ အာဏာသိမ္းမႈနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြအတြက္ တာဝန္ရွိသူအားလံုး တာဝန္ခံမႈရွိေစဖို႔နဲ႔ တရားမွ်တေရး ေဆာင္က်ဥ္းႏိုင္ဖို႔အတြက္ ေထာက္ခံၾကပါရန္၊ ႏိုင္ငံတကာမိတ္ဖက္ေတြနဲ႔အတူ ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ရိုဟင္ဂ်ာေတြရဲ႕ အခြင့္အေရးအတြက္ အသိပညာေပးေရး၊ သူတို႔ရဲ႕ အနာဂတ္ကံၾကမၼာအတြက္ေဆြးေႏြးရာမွာ သူတို႔ပါဝင္ေစေရး ဆက္လက္ တိုက္တြန္းသြားမယ္လို႔ ဝန္ႀကီး Blinken က ဆိုပါတယ္။ ဘဂၤလားဒက္ရွ္ႏိုင္ငံ အေနနဲ႕လည္း၊ ဒုကၡသည္ေတြကို ခြဲျခားဆက္ဆံမႈနဲ႔ အၾကမ္းဖက္ခံရမႈေတြ ရင္ဆိုင္ရမယ့္ ႏိုင္ငံကို အတင္းအက်ပ္ျပန္ပို႔ခံရမယ့္ အေျခအေနမဆိုက္ေအာင္၊ ကာကြယ္ေစာင့္ေရွာက္တာေတြ တိုးၿပီးလုပ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ရိုဟင္ဂ်ာေတြအပါအဝင္ ျမန္မာျပည္သူအားလံုးရဲ႕ လူ႔ဂုဏ္သိကၡာနဲ႔ လူ႔အခြင္းအေရးကိုေလးစားလိုက္နာၿပီး၊ ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးအေျခအေန တိုးတက္ေအာင္ အေမရိကန္ျပည္ေထာင္စုက ေထာက္ခံပံပိုးဖို႔ သံဓိဌာန္ခ်မွတ္ထားပါတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေၾကညာလိုက္ေၾကာင္းပါ ခင္ဗ်ား။

............................................................................................

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန်ရဲ့ အကူအညီ

(Unicode)
အကူအညီတွေ အပူတပြင်းလိုအပ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားတဲ့ အသိုင်းအဝိုင်းနဲ့ ဆက်လက်ဖြစ်ပွားနေဆဲ၊ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ရခိုင်၊ ကချင်၊ ရှမ်းနဲ့ ချင်းပြည်နယ်က ပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုက လူမှုရေးစာနာမှုအထောက်အပံ့အတွက် နောက်ထပ် ဒေါ်လာ ၁၅၅ သန်းပံ့ပိုးမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း ရခိုင်ပြည်နယ်မှာ ဆိုးရွားစွာအကြမ်းဖက်နှိပ်ကွပ်မှုတွေကြောင့် ဒုက္ခသည် ၉ သိန်းနီးပါးထွက်ပြေးခဲ့ကြရပြီး၊ သူတို့ကို လက်ခံထားရတဲ့ဒေသခံ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၄ သိန်း ၇ သောင်း ၂ ထောင်ဟာလည်း ဒုက္ခရောက်ပြီး၊ အကူအညီတွေ လိုအပ်နေပါတယ်။မြန်မာနိုင်ငံမှာ ဒီနှစ် ဖေဖေါ်ဝါရီလဆန်းကစပြီး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့အစိုးရဆီကနေ စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ နောက်ပိုင်း အကြမ်းဖက်နှိပ်ကွပ်တာတွေ တိုးလာနေပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်အကျပ်အတည်းအတွက် စာနာမှုအထောက်အပံ့တွေ ပံ့ပိုးရာမှာ ရန်ပုံငွေအများဆုံး၊ ဦးဆောင်ထည့်ဝင်နေတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက ရက်ရက်စက်စက်အကြမ်းဖက် နှိပ်ကွပ်ပြီးနောက်ပိုင်း၊ ဘင်္ဂလားဒက်ရှ်ပြည်တွင်း အစီအစဉ်တွေအတွက် ဒေါ်လာ ၁.၁ ဘီလီယံကျော် အပါအဝင်၊ မြန်မာပြည်တွင်း ပဋိပက္ခဖြစ်ပွားရာဒေသတွေအတွက်ပါ စုစုပေါင်းဒေါ်လာ ၁.၃ ဘီလီယံ ပံ့ပိုးခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အခု ထပ်ဆောင်းကူငွေကြေညာတဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြလိုက်တာပါ။ စာနာမှုရန်ပုံငွေ ထည့်ဝင်ကြတဲ့ တခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငွတွေကို လေးစားစွာ အသိအမှတ်ပြုတဲ့တချိန်တည်းမှာဘဲ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ဒီထက်မက တိုးပြီးပံ့ပိုးကြဖို့ ဝန်ကြီး Blinken ကတိုက်တွန်းလိုက်ပါတယ်။

အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နိုင်ငံတွေ၊ အထူးသဖြင့် ဘင်္ဂလားဒက်ရှ်နိုင်ငံရဲ့ ကုန်ကျစားရိတ်နဲ့ တာဝန်ယူမှုတွေကို သိရှိနားလည်ပါကြောင်း၊ ဒုက္ခသည်တွေကို ဦးစားပေး အကာအကွယ်ပေးနေကြတဲ့ ဒေသတွင်းနိုင်ငံတွေကိုလည်း ပံ့ပိုးကူညီသွားမယ်လို့ ဝန်ကြီး Blinken က ကတိပြုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းနေကြောင်း၊ အမေရိကန်က ရိုဟင်ဂျာအကျပ်အတည်းကို ကူညီဖို့ တာဝန်ယူနေဆဲဖြစ်ကြောင်းနဲ့ အာဏာသိမ်းခေါင်းဆောင်တွေဟာ ရိုဟင်ဂျာတွေကို အကြမ်းဖက် နှိပ်ကွပ်မှုတွေအပါအဝင်၊ အရင်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ကျူးလွန်ခဲ့တဲ့၊ တာဝန်ရှိတဲ့သူအများစုဖြစ်ကြတယ်ဆိုတာကိုလည်း သိရှိမှတ်သားထားပါကြောင်း ဝန်ကြီး Blinken ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအတွက် တာဝန်ရှိသူအားလုံး တာဝန်ခံမှုရှိစေဖို့နဲ့ တရားမျှတရေး ဆောင်ကျဉ်းနိုင်ဖို့အတွက် ထောက်ခံကြပါရန်၊ နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးအတွက် အသိပညာပေးရေး၊ သူတို့ရဲ့ အနာဂတ်ကံကြမ္မာအတွက်ဆွေးနွေးရာမှာ သူတို့ပါဝင်စေရေး ဆက်လက် တိုက်တွန်းသွားမယ်လို့ ဝန်ကြီး Blinken က ဆိုပါတယ်။ ဘင်္ဂလားဒက်ရှ်နိုင်ငံ အနေနဲ့လည်း၊ ဒုက္ခသည်တွေကို ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်ခံရမှုတွေ ရင်ဆိုင်ရမယ့် နိုင်ငံကို အတင်းအကျပ်ပြန်ပို့ခံရမယ့် အခြေအနေမဆိုက်အောင်၊ ကာကွယ်စောင့်ရှောက်တာတွေ တိုးပြီးလုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူအားလုံးရဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင်းအရေးကိုလေးစားလိုက်နာပြီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအခြေအနေ တိုးတက်အောင် အမေရိကန်ပြည်ထောင်စုက ထောက်ခံပံပိုးဖို့ သံဓိဌာန်ချမှတ်ထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကကြေညာလိုက်ကြောင်းပါ ခင်ဗျား။

XS
SM
MD
LG