(Zawgyi/Unicode)
အေမရိကန္ျပည္ေထာင္စုဟာ ျမန္မာစစ္အစိုးရအေပၚ ေနာက္ထပ္ ဒဏ္ခတ္အေရးယူမႈေတြ ေၾကညာလိုက္ပါတယ္။ ဒီမိုကေရစီေရြးေကာက္ခံ အစိုးရကို ေဖေဖာ္၀ါရီလတုန္းက ဖယ္ရွားၿပီး အာဏာသိမ္းယူလိုက္ကတည္းက စစ္အစိုးရဟာ ဒီမိုကေရစီလိုလားတဲ႔ ဆႏၵျပသမားေတြကို အၾကမ္းဖက္ တံု႔ျပန္ခဲ႔လို႔ ကေလးသူငယ္ေတြအပါအ၀င္ လူေပါင္း ၈၀၀ ေက်ာ္ေသဆံုးၿပီး ေထာင္နဲ႔ခ်ီ ထိန္းသိမ္းခံေနၾကရပါတယ္။
ေမလ ၁၇ ရက္ေန႔က အဖြဲ႔အစည္းတခုနဲ႔ လူပုဂၢိဳလ္ ၁၆ ဦးကို (အေရးယူဒဏ္ခတ္ဖို႔) အေမရိကန္ျပည္ေထာင္စုက ေရြးခ်ယ္ခဲ႔ပါတယ္။ အဖြဲ႔အစည္းကေတာ႔ သူတို႔ရဲ႕ အာဏာသိမ္း လုပ္ရပ္ကိုေထာက္ခံဖို႔ စစ္အုပ္ခ်ဳပ္ေရးအဖြဲ႔က ဖန္တီးလိုက္တဲ႔ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္မႈ ေကာင္စီ (SAC) ျဖစ္ပါတယ္။ လူပုဂၢိဳလ္ ၁၃ ဦးကေတာ႔ စစ္အစိုးရရဲ႕ အဓိကပုဂၢိဳလ္ေတြနဲ႔ ယခင္ ပစ္မွတ္ထားၿပီးသား စစ္အရာရွိႀကီးေတြရဲ႕ အရြယ္ေရာက္ၿပီး သားသမီး ၃ ဦးျဖစ္ပါတယ္။
ဒီလိုပစ္မွတ္ထားလိုက္တယ္ဆိုတာဟာ အေမရိကန္ျပည္ေထာင္စုအတြင္း သူတို႔ပိုင္ပစၥည္းေတြနဲ႔ အက်ိဳးစီးပြါးေတြကို တားဆီးပိတ္ပင္လိုက္ျခင္းပဲ ျဖစ္ပါတယ္။ ဒါ႔အျပင္ အျခားနည္းနဲ႔ ခြင္႔ျပဳခ်က္ ေပးမထားျခင္းမရွိရင္ ပစ္မွတ္ထားခံရသူေတြနဲ႔ပတ္သက္ေနတဲ႔ ဘယ္ပိုင္ဆိုင္မႈမ်ိဳးကိုမဆို အေမရိကန္ႏိုင္ငံသားေတြက လက္လႊဲလက္ေျပာင္းလုပ္ပိုင္ခြင္႔ မရွိေစရပါဘူး။
ပူးတြဲလုပ္ေဆာင္တဲ႔ အေနနဲ႔ ယူႏိုက္တက္ကင္းဒမ္း နဲ႔ ကေနဒါႏိုင္ငံ တို႕ကလဲ ျမန္မာစစ္အာဏာသိမ္းမႈအေပၚ သူတို႔နည္းနဲ႔သူတို႔ ဒဏ္ခတ္အေရးယူထားၾကပါတယ္။
ေၾကညာခ်က္တရပ္ထဲမွာေတာ႔ ၀န္ႀကီး Anthony Blinken က
“ သမၼတ Biden ရဲ႕ေျပာၾကားခ်က္နဲ႔အညီ အာဏာသိမ္းမႈမွာ တာဝန္ရွိသူေတြ တာဝန္ခံမႈရွိေစဖို႔အတြက္ အေမရိကန္ျပည္ေထာင္စုက ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ဒီကေန႔ ကၽြန္ေတာ္တို႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြက စစ္အစိုးရအေနနဲ႔ အၾကမ္းဖက္မႈေတြကို မရပ္ဆိုင္းသမွ်၊ ျပည္သူလူထုရဲ႕ဆႏၵကို ေလးစားလိုက္နာျခင္း မရွိသမွ် ကၽြန္ေတာ္က ဆက္လက္အေရးယူသြားမယ္ ဆိုတာ အေလးထားေဖာ္ျပလိုက္တာပါပဲ။ …” လို႔ေရးသားထားပါတယ္။
ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အာဆီယံေခါင္းေဆာင္ေတြ ဧၿပီလေႏွာင္းပိုင္းက ခ်မွတ္ထားတဲ႔ အခ်က္ ၅ ခ်က္ပါ အစီအစဥ္ကို အေမရိကန္ျပည္ေထာင္စုနဲ႔ G7 မိတ္ေဆြႏိုင္ငံေတြက ႀကိဳဆိုေၾကာင္းလည္း ဝန္ႀကီး Blinken ကဆိုထားပါတယ္။ အဲဒီအစီအစဥ္ကေတာ႔ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ဆိုင္းဖို႔၊ ဘက္ေပါင္းစံု ေဆြးေႏြးဖို႔၊ အထူးကိုယ္စားလွယ္တေယာက္ေစလႊတ္ဖို႔၊ စာနာမႈအေထာက္အပံ႔ေတြ ေပးဖို႔၊ အထူးကိုယ္စားလွယ္ေစလႊတ္ၿပီး ဘက္ေပါင္းစံုနဲ႔ ေဆြးေႏြးဖို႔ ပဲျဖစ္ပါတယ္။
ျမန္မာႏိုင္ငံစစ္အစိုးရအေနနဲ႔ အာဆီယံနဲ႔ ခ်က္ခ်င္း အျပည္႔အဝ ပူးေပါင္းေဆာင္ရြက္ဖို႔၊ ဒီအစီအစဥ္ကို ကုလသမ၈ၢနဲ႔ပူးေပါင္း အေကာင္အထည္ေဖာ္ဖို႔လဲ Mr Blinken ကတိုက္တြန္းပါတယ္။
“ကံမေကာင္းအေၾကာင္းမလွစြာပဲ စစ္အစိုးရဟာ အျပဳသေဘာနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အခုအခ်ိန္ထိ ျငင္းဆန္ေနၿပီး၊ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္း ျပန္လည္တည္႔မတ္ဖို႔ အားထုတ္မႈမရွိပဲ ျပည္သူလူထုအေပၚ ရက္စက္တဲ႔ ႏွိပ္ကြပ္မႈ အၾကမ္းဖတ္မႈေတြကိုဆက္လက္ ျပဳလုပ္ေနတယ္.” လို႔လဲဆိုပါတယ္။
အာဏာသိမ္းမႈနဲ႔ လူ႔အခြင္႔အေရး ခ်ိဳးေဖာက္မႈေတြအတြက္ စစ္အစိုးရက တာ၀န္ယူမႈရွိေစဖို႔အတြက္ ဖိအားေပးလုပ္ေဆာင္ၾကပါလို႔လဲ ကမၻာ႔ႏိုင္ငံအားလံုးကို အေမရိကန္ျပညေထာင္စုက အားေပးတိုက္တြန္းေၾကာင္းပါ။
..............
စစ်အစိုးရအပေါ် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုတွေ တိုးမြှင့်ချမှတ်
(Unicode)
အမေရိကန်ပြည်ထောင်စုဟာ မြန်မာစစ်အစိုးရအပေါ် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ကြေညာလိုက်ပါတယ်။ ဒီမိုကရေစီရွေးကောက်ခံ အစိုးရကို ဖေဖော်ဝါရီလတုန်းက ဖယ်ရှားပြီး အာဏာသိမ်းယူလိုက်ကတည်းက စစ်အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသမားတွေကို အကြမ်းဖက် တုံ့ပြန်ခဲ့လို့ ကလေးသူငယ်တွေအပါအဝင် လူပေါင်း ၈၀၀ ကျော်သေဆုံးပြီး ထောင်နဲ့ချီ ထိန်းသိမ်းခံနေကြရပါတယ်။
မေလ ၁၇ ရက်နေ့က အဖွဲ့အစည်းတခုနဲ့ လူပုဂ္ဂိုလ် ၁၆ ဦးကို (အရေးယူဒဏ်ခတ်ဖို့) အမေရိကန်ပြည်ထောင်စုက ရွေးချယ်ခဲ့ပါတယ်။ အဖွဲ့အစည်းကတော့ သူတို့ရဲ့ အာဏာသိမ်း လုပ်ရပ်ကိုထောက်ခံဖို့ စစ်အုပ်ချုပ်ရေးအဖွဲ့က ဖန်တီးလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီ (SAC) ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် ၁၃ ဦးကတော့ စစ်အစိုးရရဲ့ အဓိကပုဂ္ဂိုလ်တွေနဲ့ ယခင် ပစ်မှတ်ထားပြီးသား စစ်အရာရှိကြီးတွေရဲ့ အရွယ်ရောက်ပြီး သားသမီး ၃ ဦးဖြစ်ပါတယ်။
ဒီလိုပစ်မှတ်ထားလိုက်တယ်ဆိုတာဟာ အမေရိကန်ပြည်ထောင်စုအတွင်း သူတို့ပိုင်ပစ္စည်းတွေနဲ့ အကျိုးစီးပွါးတွေကို တားဆီးပိတ်ပင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားနည်းနဲ့ ခွင့်ပြုချက် ပေးမထားခြင်းမရှိရင် ပစ်မှတ်ထားခံရသူတွေနဲ့ပတ်သက်နေတဲ့ ဘယ်ပိုင်ဆိုင်မှုမျိုးကိုမဆို အမေရိကန်နိုင်ငံသားတွေက လက်လွှဲလက်ပြောင်းလုပ်ပိုင်ခွင့် မရှိစေရပါဘူး။
ပူးတွဲလုပ်ဆောင်တဲ့ အနေနဲ့ ယူနိုက်တက်ကင်းဒမ်း နဲ့ ကနေဒါနိုင်ငံ တို့ကလဲ မြန်မာစစ်အာဏာသိမ်းမှုအပေါ် သူတို့နည်းနဲ့သူတို့ ဒဏ်ခတ်အရေးယူထားကြပါတယ်။
ကြေညာချက်တရပ်ထဲမှာတော့ ဝန်ကြီး Anthony Blinken က
“ သမ္မတ Biden ရဲ့ပြောကြားချက်နဲ့အညီ အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ တာဝန်ခံမှုရှိစေဖို့အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေက စစ်အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေကို မရပ်ဆိုင်းသမျှ၊ ပြည်သူလူထုရဲ့ဆန္ဒကို လေးစားလိုက်နာခြင်း မရှိသမျှ ကျွန်တော်က ဆက်လက်အရေးယူသွားမယ် ဆိုတာ အလေးထားဖော်ပြလိုက်တာပါပဲ။ …” လို့ရေးသားထားပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ ဧပြီလနှောင်းပိုင်းက ချမှတ်ထားတဲ့ အချက် ၅ ချက်ပါ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုနဲ့ G7 မိတ်ဆွေနိုင်ငံတွေက ကြိုဆိုကြောင်းလည်း ဝန်ကြီး Blinken ကဆိုထားပါတယ်။ အဲဒီအစီအစဉ်ကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့၊ ဘက်ပေါင်းစုံ ဆွေးနွေးဖို့၊ အထူးကိုယ်စားလှယ်တယောက်စေလွှတ်ဖို့၊ စာနာမှုအထောက်အပံ့တွေ ပေးဖို့၊ အထူးကိုယ်စားလှယ်စေလွှတ်ပြီး ဘက်ပေါင်းစုံနဲ့ ဆွေးနွေးဖို့ ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံစစ်အစိုးရအနေနဲ့ အာဆီယံနဲ့ ချက်ချင်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒီအစီအစဉ်ကို ကုလသမ၈္ဂနဲ့ပူးပေါင်း အကောင်အထည်ဖော်ဖို့လဲ Mr Blinken ကတိုက်တွန်းပါတယ်။
“ကံမကောင်းအကြောင်းမလှစွာပဲ စစ်အစိုးရဟာ အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခုအချိန်ထိ ငြင်းဆန်နေပြီး၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်တည့်မတ်ဖို့ အားထုတ်မှုမရှိပဲ ပြည်သူလူထုအပေါ် ရက်စက်တဲ့ နှိပ်ကွပ်မှု အကြမ်းဖတ်မှုတွေကိုဆက်လက် ပြုလုပ်နေတယ်.” လို့လဲဆိုပါတယ်။
အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်အစိုးရက တာဝန်ယူမှုရှိစေဖို့အတွက် ဖိအားပေးလုပ်ဆောင်ကြပါလို့လဲ ကမ္ဘာ့နိုင်ငံအားလုံးကို အမေရိကန်ပြညထောင်စုက အားပေးတိုက်တွန်းကြောင်းပါ။