(Zawgyi/Unicode)
ႏိုင္ငံတကာက အမ်ားျပည္သူအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ေၾကညာခ်က္ကို ထုတ္လႊင့္ေပးပါေတာ့မယ္။
အေမရိကန္ႏိုင္ငံသားတေယာက္အေနနဲ႔ ျပည္ပက အၾကမ္းဖက္အဖြဲ႔အစည္းတခုမွာ အဆင့္အျမင့္ဆံုး တာဝန္ရွိသူလို႔ ယူဆရသူ Jehad Serwan Mostafa ကို ဖမ္းမိႏိုင္ဖို႔အတြက္ သူရွိမယ့္ေနရာ သတင္းအခ်က္အလက္ေတြကို အေမရိကန္အစိုးရက အလိုရွိေနပါတယ္။
California ျပည္နယ္၊ San Diego ၿမိဳ႕မွာ ႀကီးျပင္းခဲ့တဲ့ Mostafa ဟာ al-Shabaab အၾကမ္းဖက္အဖြဲ႔နဲ႔ ပူးေပါင္းခဲ့တာ ႏွစ္အေတာ္ၾကာခဲ့ပါၿပီ။ al-Shabaab အဖြဲ႔ဟာ ဆိုမာလီယာနဲ႔ အာဖရိကေျမာက္ဖ်ား တျခားႏိုင္ငံေတြက အျပစ္မဲ့အရပ္သားေတြ ေသဆံုးေစခဲ့တဲ့ စိတ္မခ်မ္းေျမ့စရာေတြ က်ဴးလြန္ေနတာျဖစ္ပါတယ္။ ဒါ့အျပင္ Al-Shabaab အၾကမ္းဖက္အဖြဲ႔ဟာ အေမရိကန္ႏိုင္ငံသားေတြနဲ႔ အက်ိဳးစီးပြားေတြကိုပါ ပစ္မွတ္ထားတာျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ၁၀ နွစ္အတြင္း၊ Mostafa ဟာ Al-Shabaab အဖြဲ႔ရဲ႕ ေခါင္းေဆာင္ပိုင္းရာထူး တာဝန္ယူခဲ့ပါတယ္။ အထူးသျဖင့္၊ အၾကမ္းဖက္လုပ္ရပ္မွာ အမ်ားဆံုး အသံုးျပဳတဲ့ IED လို႔ေခၚတဲ့ ဗံုးေတြထုတ္လုပ္တဲ့ ေဖါက္ခြဲေရးဌာန တာဝန္ခံျဖစ္ပါတယ္။
အေမရိကန္ျပည္ေထာင္စုက Mostafa ကို အၾကမ္းဖက္ဝါဒနဲ႔ ဆက္စပ္တဲ့ အမႈ ၃ ခုနဲ႔ ၂၀၀၉ ခုနွစ္က တရားစြဲဆိုခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္မွာေတာ့ FBI ျပည္ေထာင္စုစံုစမ္းစစ္ေဆးေရဗ်ဴရိုက Mostafa ကို ကမၻာမွာ အလိုရွိဆံုးအၾကမ္းဖက္သမားစာရင္းမွာ ထည့္သြင္းလိုက္ပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ဆုေငြခ်ီးျမွင့္တဲ့ တရားေရးအစီအစဥ္က သူ႔ကိုဖမ္းမိႏိုင္ေရး သတင္းေပးႏိုင္သူကို အေမရိကန္ေဒၚလာ ၅ သန္းအထိ ဆုေငြေပးမယ္လို႔ ၂၀၁၃ ခုႏွစ္မွာေၾကညာလိုက္ပါတယ္။
Mostafa က်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြအေပၚ စြဲဆိုထားတဲ့ အမႈေတြကို လႊမ္းမိုးပယ္ဖ်က္ၿပီး၊ ၂၀၁၇ ခုႏွစ္ ေဖေဖၚဝါရီ ကေနစၿပီး က်ဴးလြန္ခဲ့တဲ့အမႈေတြနဲ႔ ထပ္ၿပီးတရာစြဲလိုက္တာနဲ႔ ပတ္သက္လို႔၊ California ေတာင္ပိုင္းဆိုင္ရာ ေရွ႔ေနခ်ဳပ္ Robert Brewer နဲ႔ San Diego ၿမိဳ႕ က FBI အထူးစံုေထာက္အဖြဲ႔အႀကီးအကဲ Scott Bunner တို႔က ၂၀၁၉ ခုနွစ္ ဒီဇင္ဘာလမွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေၾကညာခဲ့ပါတယ္။ San Diego ၿမိဳ႕ရဲ႕ FBI အႀကီးအကဲ Scott Bunner က အခုလိုေျပာပါတယ္။
“Mostafa ဟာ Al-Shabaab ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြမွာ တက္တက္ၾကြၾကြ ဆက္လက္ပါဝင္ေနဆဲလို႔ က်ေနာ္တို႔ယူဆပါတယ္။ သူ႔ကို မျဖစ္မေန တားဆီးရပါလိမ့္မယ္။ အခု အၾကမ္းဖက္သမားအျဖစ္ စြဲဆိုထားတဲ့အမႈ အပါအဝင္၊ အၾကမ္းဖက္လုပ္ရပ္ေတြ ႀကိဳတင္ကာကြယ္ႏိုင္ဖို႔အတြက္၊ သူ႔ကို မဖမ္းမိသေရြ႔ FBI နဲ႔ မိတ္ဖက္ေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈကို ရပ္ဆိုင္းပစ္မွာ မဟုတ္ပါဘူး။ က်ေနာ္တို႔က လူထုအကူအညီ ေတာင္းခံေနတာပါ။ Al-Shabaab အဖြဲ႔နဲ႔ သူတို႔ရဲ႔ အၾကမ္းဖက္တိုက္ခိုက္တာေတြကို မျဖစ္မေန ဆက္လက္ ဟန္႔တားၾကရမယ္လို႔ ေျပာသြားတာပါ။”
Mostafa ဟာ ဆိုမာလီယာႏိုင္ငံမွာ ေနထိုင္ေနတယ္လို႔ ယူဆရပါတယ္။ သူဟာ အရပ္ရွည္၊ အသားျဖဴၿပီး မ်က္လံုးအျပာေရာင္ရွိသူျဖစ္ပါတယ္။ ညာဘက္လက္မွာ အမာရြတ္ရွိၿပီး၊ အာရပ္၊ ဆိုမာလီနဲ႔ အဂၤလိပ္ဘာသာစကားကၽြမ္းက်င္စြာ ေျပာႏိုင္ပါတယ္။ သူအေနနဲ႔ ယီမင္၊ အီသီယိုပီးယား၊ ကင္ညာနဲ႔ တျခား အာဖရိကႏိုင္ငံေတြကိုပါ သြားေရာက္ႏိုင္ခဲ့ဖြယ္ရွိပါတယ္။
Jehad Serwan Mostafa နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ရွိခဲ့လ်င္၊ တယ္လီဖုန္းနံပါတ္ ၁-၈၀၀-၂၂၅-၅၃၂၄ ကိုဆက္သြယ္ အေၾကာင္းၾကားႏိုင္သလို၊ အင္တာနက္ online website လိပ္စာ tips.fbi.gov ကေနလည္း သတင္းေပး ႏိုင္ပါတယ္။ ဒါမွမဟုတ္ အနီးဆံုး အေမရိကန္သံရံုးနဲ႔ ေကာင္စစ္ဝန္ရံုးကိုလည္း ဆက္သြယ္ႏိုင္ပါတယ္။ သတင္းေပးသူရဲ႕ အခ်က္အလက္ေတြကို အတြင္းေရးအျဖစ္ တင္းၾကပ္စြာ ထိန္းသိမ္းထားပါျဖစ္ပါတယ္။
............
အကြမ်းဖက်သမား Jehad Serwan Mostafa ကို ဖမ်းဆီးနိုင်ရေး အမေရိကန်အစိုးရ ဆုငွေ ကြေညာ
(Unicode)
နိုင်ငံတကာက အများပြည်သူအတွက် အမေရိကန်ပြည်ထောင်စုရဲ့ကြေညာချက်ကို ထုတ်လွှင့်ပေးပါတော့မယ်။
အမေရိကန်နိုင်ငံသားတယောက်အနေနဲ့ ပြည်ပက အကြမ်းဖက်အဖွဲ့အစည်းတခုမှာ အဆင့်အမြင့်ဆုံး တာဝန်ရှိသူလို့ ယူဆရသူ Jehad Serwan Mostafa ကို ဖမ်းမိနိုင်ဖို့အတွက် သူရှိမယ့်နေရာ သတင်းအချက်အလက်တွေကို အမေရိကန်အစိုးရက အလိုရှိနေပါတယ်။
California ပြည်နယ်၊ San Diego မြို့မှာ ကြီးပြင်းခဲ့တဲ့ Mostafa ဟာ al-Shabaab အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ al-Shabaab အဖွဲ့ဟာ ဆိုမာလီယာနဲ့ အာဖရိကမြောက်ဖျား တခြားနိုင်ငံတွေက အပြစ်မဲ့အရပ်သားတွေ သေဆုံးစေခဲ့တဲ့ စိတ်မချမ်းမြေ့စရာတွေ ကျူးလွန်နေတာဖြစ်ပါတယ်။ ဒါ့အပြင် Al-Shabaab အကြမ်းဖက်အဖွဲ့ဟာ အမေရိကန်နိုင်ငံသားတွေနဲ့ အကျိုးစီးပွားတွေကိုပါ ပစ်မှတ်ထားတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း၊ Mostafa ဟာ Al-Shabaab အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းရာထူး တာဝန်ယူခဲ့ပါတယ်။ အထူးသဖြင့်၊ အကြမ်းဖက်လုပ်ရပ်မှာ အများဆုံး အသုံးပြုတဲ့ IED လို့ခေါ်တဲ့ ဗုံးတွေထုတ်လုပ်တဲ့ ဖေါက်ခွဲရေးဌာန တာဝန်ခံဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက Mostafa ကို အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်တဲ့ အမှု ၃ ခုနဲ့ ၂၀၀၉ ခုနှစ်က တရားစွဲဆိုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ FBI ပြည်ထောင်စုစုံစမ်းစစ်ဆေးရေဗျူရိုက Mostafa ကို ကမ္ဘာမှာ အလိုရှိဆုံးအကြမ်းဖက်သမားစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆုငွေချီးမြှင့်တဲ့ တရားရေးအစီအစဉ်က သူ့ကိုဖမ်းမိနိုင်ရေး သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၅ သန်းအထိ ဆုငွေပေးမယ်လို့ ၂၀၁၃ ခုနှစ်မှာကြေညာလိုက်ပါတယ်။
Mostafa ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ် စွဲဆိုထားတဲ့ အမှုတွေကို လွှမ်းမိုးပယ်ဖျက်ပြီး၊ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီ ကနေစပြီး ကျူးလွန်ခဲ့တဲ့အမှုတွေနဲ့ ထပ်ပြီးတရာစွဲလိုက်တာနဲ့ ပတ်သက်လို့၊ California တောင်ပိုင်းဆိုင်ရာ ရှေ့နေချုပ် Robert Brewer နဲ့ San Diego မြို့ က FBI အထူးစုံထောက်အဖွဲ့အကြီးအကဲ Scott Bunner တို့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ San Diego မြို့ရဲ့ FBI အကြီးအကဲ Scott Bunner က အခုလိုပြောပါတယ်။
“Mostafa ဟာ Al-Shabaab ရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ တက်တက်ကြွကြွ ဆက်လက်ပါဝင်နေဆဲလို့ ကျနော်တို့ယူဆပါတယ်။ သူ့ကို မဖြစ်မနေ တားဆီးရပါလိမ့်မယ်။ အခု အကြမ်းဖက်သမားအဖြစ် စွဲဆိုထားတဲ့အမှု အပါအဝင်၊ အကြမ်းဖက်လုပ်ရပ်တွေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက်၊ သူ့ကို မဖမ်းမိသရွေ့ FBI နဲ့ မိတ်ဖက်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းပစ်မှာ မဟုတ်ပါဘူး။ ကျနော်တို့က လူထုအကူအညီ တောင်းခံနေတာပါ။ Al-Shabaab အဖွဲ့နဲ့ သူတို့ရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို မဖြစ်မနေ ဆက်လက် ဟန့်တားကြရမယ်လို့ ပြောသွားတာပါ။”
Mostafa ဟာ ဆိုမာလီယာနိုင်ငံမှာ နေထိုင်နေတယ်လို့ ယူဆရပါတယ်။ သူဟာ အရပ်ရှည်၊ အသားဖြူပြီး မျက်လုံးအပြာရောင်ရှိသူဖြစ်ပါတယ်။ ညာဘက်လက်မှာ အမာရွတ်ရှိပြီး၊ အာရပ်၊ ဆိုမာလီနဲ့ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်စွာ ပြောနိုင်ပါတယ်။ သူအနေနဲ့ ယီမင်၊ အီသီယိုပီးယား၊ ကင်ညာနဲ့ တခြား အာဖရိကနိုင်ငံတွေကိုပါ သွားရောက်နိုင်ခဲ့ဖွယ်ရှိပါတယ်။
Jehad Serwan Mostafa နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ရှိခဲ့လျင်၊ တယ်လီဖုန်းနံပါတ် ၁-၈၀၀-၂၂၅-၅၃၂၄ ကိုဆက်သွယ် အကြောင်းကြားနိုင်သလို၊ အင်တာနက် online website လိပ်စာ tips.fbi.gov ကနေလည်း သတင်းပေး နိုင်ပါတယ်။ ဒါမှမဟုတ် အနီးဆုံး အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးကိုလည်း ဆက်သွယ်နိုင်ပါတယ်။ သတင်းပေးသူရဲ့ အချက်အလက်တွေကို အတွင်းရေးအဖြစ် တင်းကြပ်စွာ ထိန်းသိမ်းထားပါဖြစ်ပါတယ်။